← Chapters

အခန်း (၄၆၃)

Vol. 34 Ch. 463

အခန်း (၄၆၃)

Vol. 34 Ch. 463

သူက ဝိညာဉ်ထိန်းချုပ်နည်းစနစ်ကိုသုံးပြီး နောက်ထပ်ဆေးလုံးများ သန့်စင်နိုင်သည်။

ဟန်မူယဲ့ပြောလိုက်သောအခါ ဆေးစံအိမ်သည် ဆူပွက်သွားခဲ့သည်။

ချင်ဝူယွမ်က တစ်ကိုယ်လုံးတုန်ခါနေပြီး ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။

ချင်စစ်ယွီက မျက်လုံးပြူးသွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်ထားသည်။

အာခီမီဆရာသခင်များက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ချင်စုယန်ကို လှည့်ကြည့်သည်။

အာခီမီက မည်သည့်အရာနည်း။

နှစ်ရာချီ ကျင့်ကြံပြီးသောအခါတွင် တချို့က အာခီမီကို နားလည်ထားပြီး တချို့က နားမလည်နိုင်ခဲ့ပေ။

“ကောင်းပြီ”

ချင်စုယန်၏မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်မြှောက်လိုက်ပြီး ရှေ့တွင်ရှိသောမီးပြင်းဖိုကို သိမ်းသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ချင်ဝူယွမ်ဆေးလုံးသန့်စင်ခဲ့သော သစ်သားစင်ပေါ်၌ ဝိညာဉ်ဆေးပင်များ ပေါ်လာသည်။

ချင်ဝူယွမ်၏မျက်လုံးထဲတွင် အလင်းများ လှုပ်ရှားနေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီး မူလနေရာသို့ပြန်သွား၍ တင်ပျဉ်ခွေထိုင်လိုက်သည်။

“တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ....”

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျက်လုံးမှိတ်သည်။

ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။ သူ့မျက်လုံးထဲမှ ရွှေအလင်းများပေါက်ကွဲထွက်လာပုံရပြီး အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အာခီမီစံအိမ်တစ်ခုလုံးက အကျဉ်းချခံလိုက်ရပုံပေါ်သည်။ ချင်စုယန်မှလွဲ၍ လှုပ်ရှားနိုင်သောလူ မရှိတော့ပေ။

ချင်စုယန်က တောက်ပနေသောမျက်လုံးများဖြင့် တည်ငြိမ်စွာထိုင်နေသည်။

ဝိညာဉ်အချုပ်အနှောင်သည် လျင်မြန်စွာရောက်လာပြီး လျင်မြန်စွာထွက်သွားသည်ဟု ထင်ရသည်။

သူတို့အားလုံး အသိပြန်ဝင်လာသောအခါ တင်ပျဉ်ခွေထိုင်နေသော ချင်ဝူယွမ်က မျက်လုံးဖွင့်ပြီး လက်မြှောက်သည်။

“တကယ့်ကို ဆေးလုံးသန့်စင်နေတာပဲ ....”

မုတ်ဆိတ်ဖြူနှင့်အဘိုးကြီးက စိတ်လှုပ်ရှားနေပြီး ရှေ့တွင်ရှိသောမီးပြင်းဖိုကို ကြည့်သည်။

ပတ်ဝန်းကျင်ရှိသံသယများကို အာရုံခံမိလိုက်သောကြောင့် မုတ်ဆိတ်ဖြူနှင့်အဘိုးကြီးက ရှင်းပြသည်။

“ဒီဝိညာဉ်ထိန်းချုပ်နည်းစနစ်က ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး ကျင့်ကြံခြင်းဖြစ်စဉ်မှာ တခြားကျင့်ကြံသူတစ်ယောက်ကို ထိန်းချုပ်လိုက်တာပဲ”

“ကျင့်ကြံသူက မခုခံရင်တောင် ခန္ဓာကိုယ်ကိုဖိနှိပ်ပြီး ထိန်းချုပ်နိုင်ဖို့ ဝိညာဉ်စွမ်းအား သုံးဆပိုများနေမှ ဖြစ်နိုင်မယ်”

ဝိညာဉ်စွမ်းအား သုံးဆပိုများရမည်။

ဆရာသခင်ချင်ဝူယွမ်သည် ချင်မိသားစုမှ ဒုတိယမျိုးဆက်၏ သူရဲကောင်းတစ်ဦးဖြစ်သည်။ သူက ကောင်းကင်ဘုံဒုတိယအဆင့်သို့ ရောက်နေပြီး ဝိညာဉ်စွမ်းအား သန်မာသည်။

သူ့ဝိညာဉ်ကို ဖိနှိပ်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် အနည်းဆုံး ဝိညာဉ်သူငယ် ဆဌမအဆင့်နှင့် အထက်တွင် ရှိနေရမည်။

‘ငါတို့ရှေ့မှာရှိနေတဲ့လူငယ်က ဝိညာဉ်သူငယ်ဆဌမအဆင့်ကို ရောက်နေပြီလား’

အာခီမီဆရာများက အံ့အားသင့်နေသောအချိန်တွင် မုတ်ဆိတ်ဖြူနှင့်အဘိုးကြီးက ဆက်ပြောသည်။

“အဲ့ဒါက ဝိညာဉ်ထိန်းချုပ်နည်းစနစ်ရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ပဲ”

“တခြားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဆေးလုံးသန့်စင်မယ်ဆိုရင် ဝိညာဉ်စွမ်းအား သန်မာရမဲ့အပြင် ဆေးလုံးတာအိုနဲ့ပတ်သတ်ပြီး နားလည်သဘောပေါက်မှုကလည်း မြင့်မားနေရမယ်”

“အဲ့ဒါကြောင့် ဝိညာဉ်စွမ်းအားသုံးဆပိုများနေရုံနဲ့ မလုံလောက်ဘူး။ ဝိညာဉ်စွမ်းအားကျင့်ကြံခြင်းနဲ့ အာခီမီလမ်းစဉ်မှာ ဆယ်ဆလောက်ပိုပြီး အစွမ်းထက်နေမှရမယ်”

ဝိညာဉ်နှင့် အာခီမီကျင့်ကြံခြင်းသည် ဆယ်ဆ ပိုမိုသန်မာရမည်။

ချင်ဝူယွမ်သည် ကောင်းကင်ဘုံဒုတိယအဆင့်တွင်ရှိသော အာခီမီဆရာသခင်တစ်ယောက် ဖြစ်သည်။

ဟန်မူယဲ့၏ဝိညာဉ်နှင့် အာခီမီကျင့်ကြံခြင်းသည် ချင်ဝူယွမ်ထက် ဆယ်ဆပိုမိုသန်မာရမည်။

‘ဒါက ဖြစ်နိုင်ရဲ့လား’

အားလုံး တိတ်ဆိတ်သွားသည်။

သူတို့က ဆေးလုံးသန့်စင်မှုကို စောင့်ကြည့်မည်။

ဆေးလုံးများ ကျရှုံးသွားလျှင်ပင် ဖြစ်သင့်သည်ဟု လူအများစု တွေးနေကြသည်။

မီးပြင်းဖိုကို အပူပေးပြီး ဝိညာဉ်ဆေးပင်များကို ယခင်လုပ်ငန်းစဉ်အတိုင်း တိကျစွာ ထည့်သွင်းနေသည်။

ဝိညာဉ်ဆေးပင်များကို အချိန်ကိုက် ထည့်သွင်းနေသည်။

ထိုဖြစ်ရပ်မှတစ်ဆင့် ချင်ဝူယွမ်၏ အာခီမီကျွမ်းကျင်မှုသည် အလွန်တိကျမှုရှိကြောင်း မြင်နိုင်သည်။ ထို့အပြင် ဟန်မူယဲ့၏ အာခီမီဉာဏ်အလင်းသည် မြင့်မားနေကြောင်း ဖော်ပြသည်။

ဟန်မူယဲ့က အရိုးချုပ်နှောင်ဆေးလုံးကို အပြည့်အဝ နားလည်ထားသောကြောင့် တခြားလူတစ်ယောက်ကိုထိန်းချုပ်၍ ပြီးပြည့်စုံစွာ သန့်စင်နိုင်သည်။

ချင်စုယန်က နောက်သို့ လှည့်ကြည့်သည်။ ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူ့ကို ကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် အကြည့်လွှဲလိုက်သည်။

“ဝီ”

မီးပြင်းဖိုက တုန်ခါလာသည်။

ပထမအကြိမ်သန့်စင်မှုတွင် ချင်ဝူယွမ်က ချင်မိသားစု၏ လျှို့ဝှက်ပညာရပ်ကိုအသုံးချ၍ ဆေးလုံးကို ဒုတိယအကြိမ် ပြောင်းလဲစေသည်။

‘ဒီမီးပြင်းဖိုကို ဘယ်လိုလုပ်မှာလဲ’

ချင်ဝူယွမ်က ဖြည်းဖြည်းချင်း လက်မြှောက်သည်။

လူတိုင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ယခုအချိန်တွင် ချင်ဝူယွမ်၏ခန္ဓာကိုယ်ကို ဟန်မူယဲ့က ထိန်းချုပ်ထားသောကြောင့် ဆေးလုံးတုန်ခါခြင်းနည်းစနစ်ကို ထုတ်မသုံးနိုင်ပေ။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

သူက ဆေးလုံးတုန်ခါခြင်းနည်းစနစ်ကို နားလည်ထားသော်လည်း ယခုအချိန်တွင် ထုတ်မသုံးနိုင်ပေ။

သူက တခြားလူများဆီမှ ပွင့်လင်းစွာ မခိုးယူနိုင်ပေ။

ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး မျက်လုံးများတောက်ပလာသည်။

လူတိုင်းက မီးပြင်းဖိုအား ဖြည်းဖြည်းချင်းရိုက်ချလိုက်သော ချင်ဝူယွမ်၏လက်ကို ကြည့်နေသည်။

“ဘုန်း”

မီးပြင်းဖိုထဲတွင် ဆေးစွမ်းအားများ ချက်ချင်းပေါက်ကွဲသွားသည်။

အရိုးချုပ်နှောင်ခြင်းဆေးလုံးသည် ခန္ဓာကိုယ်တွင်း၌ရှိနေသော မညီညွတ်သည့်စွမ်းအားများကို ထိန်းချုပ်၍ ဖြည်းဖြည်းချင်း ပေါင်းစပ်ပေးနိုင်သည်။

ထို့ကြောင့် ချင်ဝူယွမ်က ဆေးလုံး၏ဆေးစွမ်းအားကို ပေါင်းစပ်နိုင်ရန် အာရုံစိုက်ခဲ့သည်။

ဟန်မူယဲ့က အရိုးများထဲတွင်ရှိသောစွမ်းအားကို အစွမ်းကုန်လှုံ့ဆော်ရန် ပြောခဲ့သည်။

‘ငါက ဘာဖြစ်လို့ ထိန်းချုပ်နေရမှာလဲ။ နောက်ဆုံးမှာ အရာအားလုံးက စုပ်ယူပြီး ပေါင်းစပ်လိုက်တာပဲမဟုတ်ဘူးလား’

‘ဆေးစွမ်းအားကို အရိုးက တိုက်ရိုက်စုပ်ယူနိုင်ရင် ပိုကောင်းမသွားဘူးလား’

မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများ ပေါက်ကွဲသွားသောအခါ ရှေ့တွင်ထိုင်နေသော ချင်စုယန်က ရုတ်တရက် ထရပ်လိုက်သည်။

ထိုအချိန်၌ မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများနှင့် ဖရိုဖရဲဖြစ်နေသော စွမ်းအင်သုံးစုသည် ဆက်တိုက်လည်ပတ်နေပြီး လက်သီးဆုပ်အရွယ်အစားရှိသော မြူခိုးစုများအဖြစ် ပြောင်းလဲသွားသည်။

မီးပြင်းဖိုပွင့်လာပြီး မြူခိုးစုများ ပျံသန်းထွက်လာသည်။

မြူခိုးစုသုံးခုသည် မီးပြင်းဖို၏အထက်တွင် သွက်လက်မှုအချို့ကိုဖော်ပြ၍ ငြိမ်သက်စွာလွင့်မျောနေသည်။

စောင့်ကြည့်နေသော အာခီမီပညာရှင်များက နားမလည်နိုင်ခဲ့ပေ။

ချင်ဝူယွမ်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးထဲတွင်ရှိသော နတ်ဘုရားအလင်းရောင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မြူခိုးစုသုံးခုကို စိုက်ကြည့်သည်။

ရှေ့တွင် ချင်စုယန်က အကြည့်မလွှဲခဲ့ပေ။

အာခီမီပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ထရပ်သည်။

အာခီမီစံအိမ်၏လေထုသည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်။

“ညီမမူ၊ နားလည်လိုက်လား” ဟန်မူယဲ့က ဖြည်းဖြည်းချင်း ပြောသည်။

သူက တခြားလူများကို ဂရုမစိုက်သော်လည်း ဆေးလုံးသန့်စင်ပြီးမူဝမ်အတွက် အကျိုးအမြတ်များ ပိုရစေချင်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် တိတ်ဆိတ်နေသောမူဝမ်က ခေါင်းညိတ်သည်။

“အစ်ကိုဟန်က ဆေလုံးသန့်စင်တဲ့နေရာမှာ တခြားလူတွေနဲ့ မတူဘူးဆိုတာကို ပထမဆုံးအကြိမ်စမြင်ကတည်းက သတိထားမိပါတယ်”

မူဝမ်က ဓားချီကိုအသုံးပြု၍ ဆေးလုံးသန့်စင်နေသော ဟန်မူယဲ့၏ပုံစံကို ပြန်တွေးလိုက်ပြီး ညင်သာစွာပြောသည်။

သူမက ကိုယ်တိုင်မမြင်ခဲ့လျှင် ထက်မြိသောဓားချီကိုအသုံးပြု၍ ဆေးလုံးသန့်စင်နိုင်ကြောင်း ယုံကြည်နိုင်မည်မဟုတ်ပေ။

‘ငါ့ရဲ့အစ်ကိုဟန်က တကယ့်ကို ဖန်တီးနိုင်စွမ်းကောင်းတာပဲ’

‘အစ်ကိုဟန်က ရိုးရိုးအစ်ကိုဟန် မဟုတ်တော့ဘူး ....’

သူမက အနည်းငယ်ရှက်သွားပြီး မြူခိုးစုသုံးခုကို မော့ကြည့်သည်။

“အမှန်အတိုင်းပြောရရင် ကျွန်မတို့က ဘာဖြစ်လို့ ဆေးလုံးရဲ့ပုံစံကို ဂရုစိုက်နေရမှာလဲ”

မူဝမ်၏စကားလုံးများက တခြားလူများ၏အာရုံစိုက်မှုကို ဆွဲယူသွားသည်။

တချို့အာခီမီပညာရှင်များသည် ယုံကြည်ချက်များ ပြောင်းပြန်လန်သွားသကဲ့သို့ မျက်ခမ်းစပ်များ တွန့်နေသည်။

တချို့လူများသည် နှလုံးသားထဲရှိတွင် တံခါးတစ်ချပ်ပွင့်လာသကဲ့သို့ မျက်လုံးများ တောက်ပသွားသည်။

ချင်စုယန်က အသိအမှတ်ပြုသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“မှန်တယ်။ အာခီမီက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားယူပြီး ကိုယ်ပိုင်လိုအပ်ချက်တွေကို ဖြည့်ဆည်းတာပဲ။ ဆေးလုံးရဲ့ပုံစံက အရေးမကြီးဘူး”

“မင်းက အသက်ငယ်ပေမဲ့ ဒီလိုနားလည်နိုင်စွမ်းမျိုးရှိနေတာ တကယ်ရှားပါးတယ်”

ချင်စုယန်၏စကားများကြောင့် မူဝမ်က စိတ်လှုပ်ရှားသွားသည်။ သူမက လျင်မြန်စွာ ဦးညွှတ်သည်။

တခြားလူများက ထိုမြင်ကွင်းကို အားကျစွာ ကြည့်နေကြသည်။

ချင်စုယန်၏ချီကျူးခြင်းသည် ပါရမီကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

အနာဂတ်တွင် အာခီမီဌာနသည် သူမကို သေချာပေါက် အာရုံစိုက်ထားလိမ့်မည်။

“ဒီမြူခိုးသုံးခုက ဆေးလုံးအဖြစ်ပြောင်းမသွားပေမဲ့ ဆေးစွမ်းအားတွေက အရင်ဆေးလုံးထက် အများကြီးပိုကောင်းတယ်”

“ဆေးလုံးမဖြစ်ပေါ်ခဲ့တဲ့အတွက် မိုးကြိုးကပ်ဘေးကိုလည်း မလှုံ့ဆော်မိတော့ဘူး။ မင်းတို့က ဆေးစွမ်းအားကို အရိုးထဲရောက်အောင် စုပ်ယူလိုက်ရင် အရိုးတွေကို အချိန်အကြာကြီး အားဖြည့်ပေးနိုင်တယ်”

စုချင်ယွမ်က မြူခိုးစုသုံးခုကို ကြည့်လိုက်ပြီး မျက်လုံးများမှေးကျဉ်းသည်။ သူက ညင်သာစွာ ပြောသည်။

“အရေးအကြီးဆုံးအချက်ကတော့ ဒီမြူခိုးတွေရဲ့ဆေးစွမ်းအားက သိမ်မွေ့တယ်။ ကောင်းကင်ဘုံအဆင့်အောက်မှာရှိနေတဲ့ ကျင့်ကြံသူတွေကို ကျောက်စိမ်းအရိုးနဲ့ပေါင်းစပ်အောင် ကူညီပေးနိုင်တယ်”

ချင်စုယန်၏စကားများကြောင့် လူတိုင်း ကြောင်အသွားသည်။ သူတို့က အသက်ရှူရန် မေ့လျော့သွားသည်။

ကောင်းကင်အဆင့်ကျွမ်းကျင်သူများက ကျောက်စိမ်းအရိုးများကို ဖွဲ့စည်းနိုင်သည်။ သို့သော် သူတို့၏ကျင့်ကြံဆင့်နှင့် ရုပ်ခန္ဓာစွမ်းအားသည် ဟန်ချက်မညီသောကြောင့် ကျောက်စိမ်းအရိုးကို သန့်စင်ရန်အတွက် ဆေးလုံးများ လိုအပ်သည်။

သို့သော် ဟန်မူယဲ့သန့်စင်ခဲ့သော အရိုးချုပ်နှောင်ဆေးလုံးများသည် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူကို ကျောက်စိမ်းအရိုးများ ကြိုတင်သန့်စင်နိုင်အောင် ကူညီပေးလိမ့်မည်။

အလယ်ပိုင်းကုန်းမြေနှင့် နန်းမြို့တော်တွင် ကျောက်စိမ်းအရိုးများ ကြိုတင်ရထားသောဂိုဏ်းများ ရှိနေသည်။

ဆေးလုံး၏အကျိုးသက်ရောက်မှုက မှန်ကန်ခဲ့လျှင် နန်းမြို့တော်၏ မျိုးဆက်သစ်လူငယ်များထဲတွင် ကျောက်စိမ်းအရိုးရထားသော ကမ္ဘာမြေအဆင့်လက်ရွေးစင်များ ပေါ်လာလိမ့်မည်။

ထိုဆေးလုံး၏တန်ဖိုးသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများကို ကူညီပေးနိုင်သောဆေးလုံးထက် အဆပေါင်းများစွာ အဖိုးတန်သည်။

မျိုးဆက်သစ်များပေါ်တွင် ဝိညာဉ်ကျောက်တုံးသုံးစွဲရန် ဆန္ဒရှိသောလူများ များပြားစွာရှိနေသည်။

တခြားအကျိုးသက်ရောက်မှုများကို ထည့်မတွက်လျှင်ပင် မျိုးဆက်သစ်များအသုံးပြုနိုင်သော အချက်တစ်ခုတည်းကြောင့် အမြတ်ဆယ်ဆ ပိုရလိမ့်မည်။

“ဝီ”

အားလုံး၏ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့်ချင်ဝူယွမ်က ချီစွမ်းအင်များကို ထုတ်လွှတ်သည်။

ဝိညာဉ်စွမ်းအားများ ဖြာထွက်လာသည်။

ချင်ဝူယွမ်က ပျော်ရွှင်သွားသည်။

“သူ အဆင့်တက်သွားပြီ ....” လူတစ်ယောက်က အသံပြုသည်။

သူက တစ်ခုခုကို နားလည်သွားပုံပေါ်သည်။ သူက အာခီမီကျင့်ကြံခြင်းနှင့်ပတ်သတ်၍ အဆင့်တက်သွားခဲ့သည်။

ချင်ဝူယွမ်က အာခီမီဆရာ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ သူအဆင့်တက်သွားလျှင် အာခီမီဆရာသခင်တစ်ယောက် ဖြစ်လာလိမ့်မည်။

ချင်မိသားစုတွင် အာခီမီဆရာသခင်နှစ်ယောက် ရှိလာမည်။

ယနေ့တွင် အာခီမီဆရာသခင်ဖြစ်သွားသော ချင်ဝူယွမ်ကို စောင့်ကြည့်နေသူများ မြင်ခဲ့ရသည်။

ချင်ဝူယွမ်က အဆင့်တက်ရန်အတွက် အခွင့်အရေးကို ....

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”

ချင်ဝူယွမ်က ဟန်မူယဲ့ကို ဦးညွှတ်လိုက်ပြီး ချင်စုယန်ကို ထပ်မံဦးညွှတ်သည်။

“အဖေ၊ ကျွန်တော်က သီးသန့်ကျင့်ကြံလိုက်ပါအုံးမယ်”

သူက ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသောစွမ်းအင်များကို မထိန်းချုပ်နိုင်တော့ပေ။

ချင်ဝူယွမ်က ဟန်မူယဲ့ကို ဆရာဟု ခေါ်ခဲ့သည်။

တခြားလူများက ထိတ်လန့်သွားသော်လည်း မအံ့ဩတော့ပေ။

သူက ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်ဖြင့် ဆေးလုံးသန့်စင်ပြီး ချင်ဝူယွမ်ကို အဆင့်တက်သွားစေသည်။ သူ့ကို ဆရာဟု ခေါ်သင့်သည်။

ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်သည် အလွန်အဆင့်မြင့်သော အမွေအနှစ်နည်းလမ်းတစ်ခု ဖြစ်သည်။

All Chapters