အခန်း (၄၆၄)
Vol. 34 Ch. 464
ချင်စုယန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ချင်ဝူယွမ်က နောက်တွင်ရှိနေသော တိတ်ဆိတ်သည့်အခန်းထဲသို့ ဝင်ရောက်သွားသည်။
“အကြီးအကဲစုယွမ်၊ ကျွန်တော်တို့ သွားပါတော့မယ်” ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး ချင်စုယန်ကို နှုတ်ဆက်သည်။ ထို့နောက် ချင်စစ်ယွီကိုကြည့်၍ ခေါင်းညိတ်ပြသည်။ သူက မူဝမ်၏လက်ကို ကိုင်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။
ချင်စစ်ယွီကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့နှင့်မူဝမ်က အပေါ်ထပ်သို့ တက်ခွင့်ရမည်မဟုတ်ပေ။
ဟန်မူယဲ့တို့ ထွက်သွားသောအခါတွင် တခြားလူများကလည်း လျင်မြန်စွာ အောက်ဆင်းလာကြသည်။
ချင်ဝူယွမ်က တံခါးပိတ်လေ့ကျင့်နေသည်။ သူတို့ဆက်ရှိနေလျှင် မသင့်တော်ပေ။
ထို့အပြင် ယနေ့ကြုံတွေ့ခဲ့ရသောဖြစ်ရပ်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ သူတို့က မသက်မသာ ခံစားနေရသောကြောင့် အိမ်ပြန်ပြီး ဖြည်းဖြည်းချင်းစိတ်ငြိမ်အောင် လုပ်ရမည်။
ချင်မိသားစု၏ ချင်ဝူယွမ်သည် အာခီမီဆရာသခင်တစ်ယောက် ဖြစ်သွားခဲ့သည်။ ဆရာသခင်ချင်စုယန်နှင့် အဆင့်အတန်းချင်းတူညီပုံရသော ဆန်းကြယ်သည့် အာခီမီကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာသည်။
အရေးအကြီးဆုံးအနေဖြင့် ထိုလူသည် အလွန်ငယ်ရွယ်သည်။
ဟန်မူယဲ့သန့်စင်ခဲ့သော မြူခိုးစုသုံးခုသည် လူအများကို စိတ်ရှုပ်သွားစေသည်။
သူတို့က အောက်ထပ်သို့ ဆင်းလာသောအခါတွင် ဆံပင်ဖြူနေသောအာခီမီပညာရှင်များက လှေကားပေါ်မှ ချော်ကျလုနီးပါး ဖြစ်သွားရသည်။
သူတို့က ဘဝတစ်လျှောက်လုံး အာခီမီကို လေ့လာခဲ့ပြီး ဆေးလုံးများကို မဖြစ်မနေဖွဲ့စည်းရန် မလိုအပ်ကြောင်း သိလိုက်ရသည်။
‘အာခီမီရော ဟုတ်သေးရဲ့လား’
သူတို့က တွေးမိသည်။
လူအားလုံး ထွက်သွားသောအခါတွင် ချင်စစ်ယွီက ချင်စုယန်ကို ကြည့်သည်။
“အဘိုး၊ အဲ့ဒီ အမျိုးသားကောင်းက ....”
သူမက မည်သို့ဖော်ရမည် မသိတော့ပေ။
နွေဦးရေလှိုင်းစံအိမ်တွင် ဟန်မူယဲ့ထုတ်ပြခဲ့သော စာပေပါရမီကြောင့် သူမ၏အဘိုးနှင့် မိတ်ဆက်ပေးခဲ့သည်။
သို့သော် ဦးလေးသုံးအတွက် အခွင့်အရေးတစ်ခု ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘သူက ဘယ်သူလဲ’
ချင်စုယန်က လက်ကိုဝှေ့ယမ်းပြီး မြူခိုးသုံးခုကို သိမ်းသည်။ ထို့နောက် သူက တည်ငြိမ်စွာပြောသည်။
“နောက်ကျရင် သမီးရဲ့ဦးလေးသုံးက သူ့ကို ဆရာလို့ခေါ်လိမ့်မယ်။ သမီးက သူ့ကို ဘလေးလို့ ခေါ်သင့်တယ်”
‘ဘလေးတဲ့လား’
‘သူက ငါ့အဘိုးနဲ့ မျိုးဆက်တူတာလား’
ချင်စစ်ယွီက မော့ကြည့်လိုက်သောအခါတွင် တည်ငြိမ်သော အဘိုးဖြစ်သူ၏မျက်နှာကို မြင်ရသည်။
“လုယန်ကတောင် သူ့ကို ဘလေးလို့ခေါ်တယ်။ သမီးကလည်း သူ့ကို ဘလေးလို့ ခေါ်လိုက်ပေါ့”
အောက်ထပ်သို့ဆင်းသွားသော ချင်စုယန်က တည်ငြိမ်စွာပြောသည်။
‘လုယန် .... ဘလေး ....’
ချင်စစ်ယွီက ပင့်သက်ရှိုက်လိုက်သည်။
“သူပဲ”
အမိန့်ပြန်တမ်းတစ်ခုဖြင့် နတ်များကို တရားဝင်ဘွဲ့ထူး ပေးအပ်ခဲ့သောလူ၊ ကွန်ဖြူးရှပ်တာအို၏ ဆရာသခင် မူယဲ့ ....
‘နွေဦးရေလှိုင်းစံအိမ်မှာ ကဗျာတွေကို ပြုပြင်နိုင်တာ မထူးဆန်းတော့ပါဘူး’
‘တော်ဝင်ကျောင်းသားတွေရဲ့ကဗျာကို ပြုပြင်ဖို့ သူ့အတွက် လွယ်နေမှာပဲ’
ချင်စုယန်၏အသံကို ကြားလိုက်ရပြန်သည်။
“သူက နန်းမြို့တော်မှာ နေထိုင်ပြီး ချင်မိသားစုကို မျက်နှာသာပေးချင်တယ်။ ငါက ဒါကို လက်ခံပေးရမှာပေါ့”
“ပြီးတော့ သူက တကယ်ပဲ စွမ်းရည်ရှိတယ်လေ”
ချင်ဝူယွမ်ကို အဆင့်တက်သွားအောင် ကူညီပေးပြီး ချင်မိသားစုကို မျက်နှာသာပေးခဲ့သည်။
ချင်စုယန်၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် ထူးခြားပြီး အာခီမီနှင့်ပတ်သတ်၍ နက်ရှိုင်းစွာနားလည်ထားသော်လည်း အာခီမီသည် တူညီသောရင်းမြစ်မှ ဆင်းသက်လာသောကြောင့် သူက ဝိညာဉ်ထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုလျှင်ပင် ချင်ဝူယွမ်ကို အဆင့်တက်သွားအောင် မကူညီနိုင်ပေ။
တစ်ဖက်တွင် ဟန်မူယဲ့က ဆေးလုံးမဟုတ်သောဆေးလုံးများကို သန့်စင်၍ ချင်ဝူယွမ်ကို ဉာဏ်အလင်းရစေခဲ့သည်။
ထိုသို့ဖြင့် အာခီမီဆရာသခင်တစ်ဦး ဖြစ်လာသည်။
ထိုကျေးဇူးသည် အလွန်ကြီးမားသည်။
“နေမထွက်ပေမဲ့ အချစ်ရှိတယ်ဆိုတာက သူရေးထားတာပဲ”
ချင်စုယန်၏နောက်မှ လိုက်လာသော ချင်စစ်ယွီက ကျောက်စိမ်းပျံလွှားရေကန်တွင်ရှိသော ကဗျာကို တွေးကြည့်လိုက်သည်။ ထို့နောက် လက်တွဲ၍အောက်ဆင်းသွားသော ဟန်မူယဲ့နှင့်မူဝမ်ကို မြင်ယောင်မိသည်။
“ကွာခြားချက်က တကယ်ကြီးတာပဲ ....”
သူတို့က အောက်ထပ်သို့ ရောက်လာသောအခါတွင် ဟယ်ကျင်းက ရှေ့တက်လာပြီး ညင်သာစွာသတင်းပို့သည်။
ချင်စုယန်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“စစ်ယွီ၊ စာကြည့်တိုက်ကို ဝင်ခွင့်အတွက် နှစ်ရက်အတွင်းသွားပြီး အကြောင်းကြားထားလိုက်။ ပြီးတော့ အာခီမီကံကြမ္မာဆေးဆိုင်ဖွင့်မယ့်အချိန်ကို ရောက်လာရင် အဘိုးကို သတိပေးပါ”
ချင်စစ်ယွီက လျင်မြန်စွာခေါင်းညိတ်လိုက်ပြီး ချင်စုယန်နှင့်အတူ ချင်မိသားစုသို့ ပြန်သွားသည်။
အာခီမီဆရာသခင်တစ်ယောက်ဖြစ်လာသော ဦးလေးသုံးသည် ချင်မိသားစုအတွက် အရေးကြီးသည်။
....
လကြည့်မြို့တွင် အာခီမီကံကြမ္မာဆေးဆိုင်ကို မဖွင့်ရသေးပေ။
ရှောက်တထျန်းက တံခါးကိုပိတ်ဆို့ထားပြီး စွေ့စွေ့နှင့်ဇူအော်ယုလုံကို ကာကွယ်ပေးနေသည်။
သူ့ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် အရာရှိအချို့ ရှိနေသည်။
“တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေက ဘယ်အချိန်ကစပြီး နန်းမြို့တော်မှာ ရဲတင်းနေတာလဲ”
ခါးတွင် ဆေဘာဓားတစ်လက်ချိတ်ဆွဲထားသော အရာရှိတစ်ယောက်က နှာမှုတ်လိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်သည်။
ရှောက်တထျန်း၏နောက်တွင်ရှိနေသော ဇူအော်ယုလုံက လက်ထဲတွင်ရှိသောစာရွက်ကို ဖြန့်ပြလိုက်ပြီး အော်ဟစ်သည်။
“ငါတို့က နန်းမြို့တော်ရဲ့စည်းမျဉ်းတွေကို လိုက်နာတယ်။ ငါတို့ရဲ့ အာခီမီကံကြမ္မာဆေးဆိုင်မှာ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ခွင့်ပြုမိန့်ရှိတယ်။ ငါတို့က ဘာဖြစ်လို့ ဆိုင်မဖွင့်နိုင်ရမှာလဲ”
သူက ဆိုင်ကို စောင့်ကြည့်နေပြီး ဈေးကြီးသောစာအုပ်များနှင့် ပန်းချီကားများကို လေ့လာနေသောအချိန်တွင် ရှောက်တထျန်း၏အော်ဟစ်သံကို ကြားလိုက်ရသည်။
သူက တစ်ဖက်ဆိုင်သို့ လျှောက်သွားလိုက်သောအခါတွင် ရှောက်တထျန်း၏ တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်တွင် စားပွဲခုံများ မှောက်ချခံထားရသည်။
အရာရှိများက စွေ့စွေ့နှင့်ရှောက်တထျန်းကို ဆိုင်ထဲမှ မောင်းထုတ်ပြီး အာခီမီကံကြမ္မာဆေးဆိုင်သို့ ရောက်လာသည်။
ရှောက်တထျန်းတို့ စားသောက်ဆိုင်နှင့် အာခီမီကံကြမ္မာဆေးဆိုင်သည် တော်ဝင်ဥယျာဉ်လမ်း၏ အရာရှိရုံးတွင် ခွင့်ပြုချက်ရမထားကြောင်း အရာရှိခေါင်းဆောင်က ပြောခဲ့သည်။
ထို့ကြောင့် ဆိုင်မဖွင့်နိုင်ပေ။
သို့သော် ရှောက်တထျန်းက ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရွက်စာတမ်းများကို ထုတ်ပြလိုက်သောကြောင့် အရာရှိများက ဒေါသထွက်သွားသည်။ သို့သော် သူတို့က မည်သည့်အရာကိုမှ မလုပ်နိုင်တော့ပေ။
ထို့ကြောင့် အရာရှိများက ဆေးဆိုင်ကို ဖျက်ဆီးရန်အတွက် လှည့်သွားသော်လည်း ရှောက်တထျန်းက တားဆီးလိုက်သည်။
ဇူအော်ယုလုံက စိုးရိမ်နေသော်လည်း ရှောက်တထျန်းနှင့်အတူ တံခါးကို ပိတ်ဆို့ထားသည်။
ဆိုင်ထဲတွင်ရှိနေသော ရတနာများအားလုံးသည် အဖိုးမဖြတ်နိုင်ပေ။
အရာရှိများက ဆိုင်ထဲသို့ဝင်လာပြီး ဖျက်ဆီးသွားလျှင် ဆုံးရှုံးမှုကို မည်သူက အလျော်ပေးနိုင်မည်နည်း။
လမ်းသွားလမ်းလာများက ဆိုင်နားတွင် စုဝေးလာသည်။
ရှောက်တထျန်း၏ တောင်ပိုင်းကုန်းမြေသွားရည်စာများသည် ကလေးများကို ဆွဲဆောင်ထားသည်။ ထို့ကြောင့် ပြဿနာဖြစ်လာသောအခါတွင် ကလေးများ၏ မိသားစုများကို ဆွဲဆောင်မိသည်။
မြို့အလယ်ပိုင်းတွင်နေထိုင်သော မိသားစုများသည် မချမ်းသာလျှင်ပင် အဆက်အသွယ်အချို့ ရှိသည်။
လူများ စုဝေးလာသောအခါတွင် အရာရှိများသည် ရှေ့ဆက်မတိုးရဲတော့ပေ။
“တော်ဝင်ဥယျာဉ်လမ်းရဲ့ အရာရှိရုံးကလား။ မင်းတို့က ဘာဖြစ်လို့ ဒီနေ့မှာ ကင်းလှည့်နေရတာလဲ သိခွင့်ရှိမလား။ ငါက ဒီနေ့ အနားယူထားတယ်။ အရေးကြီးကိစ္စရှိရင် အရာရှိရုံးကိုပြန်သွားပြီး တာဝန်ယူပေးရမှာပေါ့”
သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ယောက်က သုံးနှစ်သားအရွယ်ကလေးတစ်ယောက်ကို ချီထားသည်။ ကလေး၏လက်ထဲတွင် တုတ်ထိုးချိုချဉ်တစ်လုံး ရှိနေသည်။
ကျောင်းတော်သားက စကားပြောလိုက်ပြီး ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားအချို့ကို ထုတ်လွှတ်သည်။
သူက အရာရှိတစ်ဦး ဖြစ်ပုံရသည်။
“သခင်ပေါင်လား”
ခေါင်းဆောင်က လျင်မြန်စွာလက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး ခါးသီးသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“သခင်ပေါင်၊ ဒီဆိုင်က တော်ဝင်ဥယျာဉ်လမ်းရဲ့ အရာရှိရုံးကို သတင်းပို့မထားပါဘူး။ သူတို့က ဆေးဆိုင်ဖွင့်မယ်လို့ ကြားတယ်”
“ဆရာလည်းသိမှာပါ။ ဆေးဆိုင်အများစုက အာခီမီဈေးကွက်မှာပဲရှိတယ်။ တော်ဝင်ဥယျာဉ်လမ်းမှာ ဆေးဆိုင်ဖွင့်နေတာက စည်းကမ်းနဲ့မညီပါဘူး”
အရာရှိ၏စကားကို ကြားလိုက်ရသောအခါတွင် သခင်ပေါင်က မျက်မှောင်ကြုတ်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောသည်။
“တော်ဝင်ဥယျာဉ်လမ်းမှာ တခြားဆေးဆိုင်တွေလည်း ရှိနေတာပဲမဟုတ်ဘူးလား”
ကံကြမ္မာအာခီမီဆေးဆိုင်နှင့် မျက်စောင်းထိုးတွင် ဆေးဆိုင်နှစ်ဆိုင် ထပ်ရှိနေသည်။
အရာရှိက မသင့်တော်သောစကားများကို ပြောလိုက်မိကြောင်း သတိထားမိပြီး လျင်မြန်စွာဆက်ပြောသည်။
“သခင်ပေါင်၊ ဒီစည်းကမ်းတွေကို အာခီမီဈေးကွက်က ထုတ်ပြန်ထားတာပါ။ တခြားဆိုင်တွေက အာခီမီဌာနရဲ့ခွင့်ပြုချက်ကို ရထားပါတယ်။ ဒီဆိုင်ကတော့ ခွင့်ပြုချက် မရလောက်သေးပါဘူး”
“သူတို့က အာခီမီဌာနရဲ့ခွင့်ပြုချက်ကို ရမထားဘူးလို့ ဘယ်သူကပြောတာလဲ”
ကလေးတစ်ယောက်ကိုချီထားသော အမျိုးသမီးတစ်ဦးက ပြောသည်။
“ဟုတ်သားပဲ။ သူတို့က အလေးအနက်ထားတဲ့ စီးပွားရေးသမားတွေပါ။ ကျားခေါင်းလူငယ်ကလည်း ရိုးသားတယ်”
ငိုနေသောကလေးတစ်ယောက်၏လက်ကို ကိုင်ထားသော အဘိုးကြီးတစ်ယောက်က မပျော်ရွှင်စွာ ပြောသည်။
အရာရှိများက စားသောက်ဆိုင်ထဲရှိစားပွဲများကို မှောက်ပစ်ခဲ့သောကြောင့် ကလေးများ ထိတ်လန့်သွားရသည်။
ထိုအရာကို ခွင့်မပြုနိုင်ပေ။
တောင်ပိုင်းကုန်းမြေစားသောက်ဆိုင်သည် သူတို့၏ကလေးများကို စောင့်ကြည့်ပေးသည်။ သူတို့က သစ်ပင်ရိပ်အောက်တွင် အနားယူ၍ အိမ်နီးချင်းများနှင့် အတင်းတုပ်နိုင်သည်။
အရာရှိများက လူအုပ်၏ဒေါသကို ခံစားမိသောအခါတွင် အလျော့ပေးလိုက်သည်။
“စားသောက်ဆိုင်လေးကတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဆေးဆိုင်ကတော့ ဖွင့်လို့မရဘူး”
အရာရှိခေါင်းဆောင်က ဆုံးဖြတ်လိုက်ပုံရသည်။
“ငါတို့က ဆေးဆိုင်ဖွင့်ရင် ပြန်လာခဲ့မယ်။ အဲ့ဒီအချိန်ကျရင် အာခီမီဌာနရဲ့ အဆင့်မြင့်အရာရှိတွေ ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကိုရောက်ရင် ဆိုင်ပိတ်ခံရတာလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး”
“အာခီမီပညာရှင်တွေအားလုံးက အာခီမီဌာနရဲ့ ဆုံးဖြတ်မှုအောက်မှာပဲ ရှိရမယ်”
ထိုသို့ဖြင့် အရာရှိများ ထွက်သွားသည်။
အဝေးတစ်နေရာတွင် ဝန်ထမ်းဝတ်စုံနှင့်လူအချို့က ရှေ့တက်လာပြီး အရာရှိများနှင့် စကားပြောနေပုံရသည်။
ဆေးဆိုင်တွင် အမျိုးသမီးအချို့က ရှေ့တက်သွားပြီး စွေ့စွေ့ကို နှစ်သိမ့်ပေးနေသည်။ တချို့က စားပွဲခုံနှင့် ကုလားထိုင်များကို ရှင်းလင်းပေးနေသည်။
သခင်ပေါင်က ရှောက်တထျန်းကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“မင်းတို့တွေ ဆိုင်ဖွင့်ဖို့ပဲ စီစဉ်ထားကြပါ။ ငါက မနက်ဖြန်ကျရင် တော်ဝင်ဥယျာဉ်လမ်းရဲ့ အရာရှိရုံးကို သွားကြည့်လိုက်မယ်”
“သခင်ပေါင်က မြို့လယ်ပိုင်း ခုခံရေးဌာနရဲ့ အဓိကအရာရှိတစ်ယောက်ပဲ။ သူက ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”
လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ရှောက်တထျန်းက လျင်မြန်စွာ ကျေးဇူးတင်လိုက်သည်။
“မင်းတို့ရဲ့ဆေးဆိုင်ကတော့ နည်းနည်းလောက် ပြဿနာရှိတယ်”
သခင်ပေါင်က ဇူအော်ယုလုံကို ကြည့်လိုက်ပြီး ချီထားသောကလေးကို အောက်ချသည်။
“အာခီမီဌာနက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အမတ်ချုပ်ကြီးဝမ်ရဲ့ရုံးတော်က အာခီမီဌာနကို တိုက်ရိုက်စီမံထားတယ်။ တခြားရုံးတော်တွေက ဝင်ပါဖို့ မဖြစ်နိုင်ဘူး”
သခင်ပေါင်က ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့က ဆိုင်ဖွင့်ဖို့အတွက် အာခီမီဌာနနဲ့ အစီအစဉ်တွေ လုပ်ပြီးပြီမဟုတ်လား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဇူအော်ယုလုံက အံ့အားသင့်သွားပြီး ခေါင်းခါလျက် ပြောသည်။
“ကျွန်တော်တို့ဆိုင်ရှင်တွေက အပြင်လူတွေပဲ။ အာခီမီဌာနနဲ့ မဆက်သွယ်ရသေးဘူး”
‘အပြင်လူတွေလား’
သခင်ပေါင်က အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သည်။
“နန်းမြို့တော်မှာ လူတိုင်းက စီးပွားရေးမလုပ်နိုင်ဘူး”
သူက နာမည်ပြားမရှိသေးသော ဆေးဆိုင်ကို ကြည့်သည်။ ထို့နောက် တောင်ပိုင်းကုန်းမြေသွားရည်စာဟု ချိတ်ဆွဲထားသော စားသောက်ဆိုင်ကို ကြည့်သည်။
ထိုစာလုံးများကြောင့် သူက ဝင်ပါခဲ့သည်။
မဟာကျောင်းတော်သားတစ်ယောက်၏လက်ရေးမူကို လူတိုင်း မရနိုင်ပေ။
ရှောက်တထျန်းနှင့်စွေ့စွေ့က သာမန်ဆန်သော်လည်း မဟာကျောင်းတော်သားတစ်ယောက်၏ လက်ရေးစာကို ရထားသည်။ သူတို့ကို သာမန်အဖြစ် မယူဆနိုင်ပေ။
“သခင်ပေါင်က ကျွန်တော်တို့ကို ကူညီပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်။ လက်ဖက်ရည်သောက်ဖို့အတွက် ဆိုင်ထဲကို ကြွပါ။ သူဌေးနဲ့ဆိုင်ရှင်က အာခီမီဈေးကို သွားပါတယ်။ မကြာခင် ပြန်လာတော့မှာပါ”
ဇူအော်ယုလုံက သခင်ပေါင်ကို ဆိုင်ထဲသို့ ဖိတ်လိုက်သည်။
“မင်းရဲ့လေသံနဲ့ ကိုယ်ဟန်က ကျောင်းတော်သားတစ်ယောက်နဲ့တူတယ်။ မင်းက ဘာဖြစ်လို့ ဒီမှာ ဆိုင်ဝန်ထမ်းလုပ်နေတာလဲ”
သခင်ပေါင်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဇူအော်ယုလုံကိုကြည့်၍ ဆိုင်ထဲသို့ ဝင်သွားသည်။
ဇူအော်ယုလုံသည် ကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ သူက ဆိုင်အသေးတစ်ဆိုင်တွင် အလုပ်မလုပ်ဘဲ ဆိုင်ကြီးတစ်ဆိုင်တွင် ရှိနေသင့်သည်။
‘ဒီလိုဆိုင်လေးက ဘယ်လိုလုပ်ပြီး ကျောင်းတော်သားတစ်ယောက်ကို ငှားနိုင်တာလဲ’ သူတွေးမိသည်။