← Chapters

အခန်း (၄၆၇)

Vol. 34 Ch. 467

အခန်း (၄၆၇)

Vol. 34 Ch. 467

ထိုပဥ္စမအဆင့်ဆေးလုံးခြောက်လုံးကို ဟန်မူယဲ့က ပြင်ပဘုံတွင်ရခဲ့သော ဆေးညွှန်းတစ်ခုကိုအသုံးပြု၍ ဖော်စပ်ထားသည်။ သူက ထိုဆေးညွှန်းအတွက်လိုအပ်သော ဝိညာဉ်ဆေးပင်များကို မကြာခင်က ရှာတွေ့ခဲ့သည်။

ကျောက်စိမ်းဘုရားကျောင်းဝိညာဉ်ဆေးလုံးများသည် ကျင့်ကြံခြင်းကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်ပြီး ကောင်းကင်အဆင့်ကျွမ်းကျင်သူများအတွက် အလွန်အသုံးဝင်သည်။

ကျန်ဆေးလုံးလေးလုံးကိုလည်း မဟာကျင့်ကြံသူများ သုံးစွဲနိုင်ပြီး ကျင့်ကြံခြင်းလောကတွင် လူသိများသည်။

အံ့ဖွယ်ကျောက်စိမ်းဆေးလုံးသည် ချီစွမ်းအင်များကိုစုစည်း၍ ဝိညာဉ်ကိုယ်ခွဲတစ်ဝက်အဆင့်ကျင့်ကြံသူကို ဝိညာဉ်ကိုယ်ထည် စုစည်းပေးပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ရောက်စေနိုင်သည်။

ထိုဆေးလုံးမျိုးသည် တန်ဖိုးမဖြတ်နိုင်ပေ။

ကျန်ဆေးလုံးသုံးလုံးတွင် နှစ်လုံးသည် စတုတ္ထအဆင့် သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးဖြစ်ပြီး တစ်လုံးသည် တတိယအဆင့်ဆေးလုံး ဖြစ်သည်။

သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးသည် ကျောက်စိမ်းအရိုးတွင် သွေးချီကိုစုစည်း၍ ရုပ်ခန္ဓာစွမ်းအား တိုးပွာလာစေနိုင်သည်။ ဝိညာဉ်ကိုယ်ခွဲအဆင့်ကျွမ်းကျင်သူက ထိုဆေးလုံးကို သုံးစွဲလိုက်လျှင် ရုပ်ခန္ဓာခွန်အားသည် ဝိညာဉ်နှင့် ဟန်ချက်ညီသွားလိမ့်မည်။

ဝိညာဉ်စွမ်းအားသန်မာပြီး ခန္ဓာကိုယ်အားနည်းသော ဝိညာဉ်ကိုယ်ခွဲအဆင့်ကျွမ်းကျင်သူများ အများအပြားရှိသည်။ အဆုံးတွင် သူတို့၏ခန္ဓာကိုယ်သည် ယိုယွင်းလာလိမ့်မည်။

သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးသည် ပြန်လည်မွေးဖွားလာသကဲ့သို့ ရုပ်ခန္ဓာစွမ်းအားကို လှုံ့ဆော်ပေးနိုင်သည်။

နန်းမြို့တော်၏ဂိုဏ်းများတွင် ခန္ဓာကိုယ်ယိုယွင်းသွားသော ကျင့်ကြံသူကြီးများရှိသည်ဟု ပြောကြသည်။ များသောအားဖြင့် သူတို့က ဝိညာဉ်သူငယ်ကို ခန္ဓာကိုယ်ထဲမှ ထွက်မသွားခိုင်းရဲပေ။

တန်ဖိုးအရှိဆုံးတတိယအဆင့်ဆေးလုံးသည် ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးဖြစ်သည်။

ဟန်မူယဲ့က ခွေသားရဲ၏ ကောင်းကင်မိုးကြိုးစွမ်းအားအချို့ကို ထုတ်ယူပြီး ကောင်းကင်တာအိုစွမ်းအားနှင့်ပေါင်းစပ်၍ ထိုဆေးလုံးကို သန့်စင်ခဲ့သည်။

သူက အချိန်ယူစဉ်းစားပြီး ဆေးလုံးကို ကိုယ်တိုင်နာမည်ပေးခဲ့သည်။

ထိုဆေးလုံး၏စွမ်းအားသည် စတုတ္ထအဆင့်ကို ကျော်လွန်နေသည်ဟု ခံစားရသောကြောင့် ထိုဆေးလုံးကို တတိယအဆင့်ဆေးလုံးဟု ပြောခဲ့သည်။

သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို ဖိနှိပ်ချင်သည်။

ထိုသို့ ရိုးရှင်းသည်။

မိုးကြိုးစွမ်းအားနှင့် ကောင်းကင်တာအိုစွမ်းအားသည် ပေါင်းစပ်သွားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို အသက်ဆယ်ခါရှူချိန်အထိ ဖိနှိပ်လိမ့်မည်။

ထိုဆေးလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏စွမ်းအားကို အသက်ဆယ်ခါရှူချိန်သာ ဖိနှိပ်နိုင်သော်လည်း တခြားဆေးလုံးများကို ကျော်ဖြတ်သွားပြီး တတိယအဆင့်ဆေးလုံး ဖြစ်နေသည်။

သို့သော် ဆေးလုံးကို သုံးစွဲရန်အတွက် အလွန်ကြံ့ခိုင်သောခန္ဓာကိုယ်ကို လိုအပ်သည်။

ထိုသို့မဟုတ်လျှင် တခြားလူကို မဖိနှိပ်နိုင်ခင် အရင်ဆုံး သေဆုံးသွားလိမ့်မည်။

နတ်ဘုရားသားရဲများထက် သန်မာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ မရှိနိုင်ပေ။

ဟန်မူယဲ့က ထိုဆေးလုံးကို ဝှက်ဖဲအနေဖြင့် သန့်စင်ခဲ့သည်။

သူက ရုပ်ခန္ဓာစွမ်းအားနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုဖိနှိပ်ရန် ယုံကြည်ချက်ရှိသည်။

“အစ်ကိုဟန်၊ ဒီဆေးလုံးတွေက ဆေးလုံးမဖြစ်ဘဲ မြူခိုးလုံးတွေပဲ ဖြစ်နေတယ်။ သူတို့က မိုးကြိုးကပ်ဘေးကိုလည်း မဆွဲဆောင်မိဘူး။ ဒီဆေးလုံးတွေကို အာခီမီလမ်းစဉ်က အသိအမှတ်ပြုပါ့မလား”

မြူခိုးလုံးများအား ကျောက်စိမ်းပုလင်းထဲသို့ထည့်၍ ဝိညာဉ်အမှတ်အသားဖြင့်ချိပ်ပိတ်လိုက်သော ဟန်မူယဲ့ကိုကြည့်ပြီး မူဝမ်က ပြောသည်။

“အစ်ကိုဟန်၊ ဒီဆေးလုံးတွေက ပုံစံမဖြစ်ပေါ်တဲ့အတွက် တည်ငြိမ်မှုမရှိဘူး။ ဆေးစွမ်းအားတွေ ပျောက်ဆုံးသွားသင့်တယ်။ ဒါပေမဲ့ အစ်ကိုဟန်က သူတို့ကို ပျောက်ကွယ်မသွားဘဲ သန့်စင်နိုင်တဲ့အတွက် ကျွန်မက နားမလည်နိုင် ဖြစ်နေတယ်”

ဆေးစွမ်းအား လုံလောက်စွာမသန့်စင်လျှင် ဆေးလုံးဖြစ်မလာနိုင်ပေ။

ထိုဆေးလုံးမျိုးသည် မီးပြင်းဖိုမှထွက်လာသောအခါတွင် ပြိုကွဲသွားလိမ့်မည်။

“ဆေးလုံးသန့်စင်နေတဲ့အချိန်မှာ ဘယ်လိုခံစားလိုက်ရလဲ”

ဟန်မူယဲ့က မူဝမ်၏ခါးကို ညင်သာစွာဖက်လိုက်သည်။ သူက လက်ကို အထက်သို့ရွေ့ချင်သော်လည်း မလုပ်ရဲပေ။ သူက ခွန်အားကို မထိန်းချုပ်နိုင်သေးပေ။

မူဝမ်က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

“ချီစွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို ဝင်လာတယ်။ အစပိုင်းမှာ နည်းနည်းနာပေမဲ့ နောက်ပိုင်းကျ နွေးထွေးလာတယ်”

“ဝိညာဉ်သွေးကြောတွေက ဖောင်းကြွနေပေမဲ့ လက်ခံထားနိုင်တယ်။ နောက်ပိုင်းမှာ ဆေးလုံးကို သန့်စင်လိုက်တော့ ဝိညာဉ်စွမ်းအားက မြန်မြန်လှုပ်ရှားသွားတဲ့အတွက် ခေါင်းမူသလို ခံစားလိုက်ရတယ်”

မူဝမ်၏မျက်နှာထားက ပြောင်းလဲသွားသည်။

“ကျွန်မ မှတ်မိပြီ။ နောက်ဆုံးအချိန်မှာ မီးပြင်းဖိုရဲ့ဆေးစွမ်းအားတွေ ပေါက်ထွက်လာတယ်။ အဲ့ဒီခံစားချက်က .... ဓားဆွဲထုတ်လိုက်သလိုပဲ”

ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး မူဝမ်၏နားရွက်နားသို့ကပ်၍ တီးတိုးပြောသည်။

“ဟုတ်တယ်။ တိုက်ခိုက်လိုက်တာ။ ငါက ဓားကျင့်ကြံသူပဲ။ တိုက်ခိုက်ရမှာပေါ့”

မူဝမ်၏ ဓားရှည်တစ်ချောင်းနှင့် ထောက်ထားခံရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

“ဆေးလုံးတာအိုနဲ့ ဓားတာအို၊ ကွန်ဖြူးရှပ်တာအိုနဲ့ ဓားတာအို အားလုံးက ဆက်သွယ်နေတယ်”

“ဓားတာအိုရဲ့စွမ်းအားကိုအသုံးပြုပြီး ဆေးလုံးတာအိုရဲ့စည်းမျဉ်းတွေကို ဖြတ်တောက်လိုက်တဲ့အတွက် ဆေးလုံးဖြစ်မလာတော့ဘူး”

“ဓားချီကို ကြိုးမျှင်ဖြစ်လာအောင် အသုံးပြုလိုက်ပြီး ဆေးစွမ်းအားတွေကို စုစည်းထားတယ်”

“ဆေးစွမ်းအားကို ဓားချည်မျှင်နဲ့ ရစ်ပတ်ထားပြီး ဆက်တိုက်လည်ပတ်နေတယ်”

“ဆေးလုံးကို သုံးစွဲတဲ့နေရာမှာ ဆေးစွမ်းအားကို စုပ်ယူဖို့အတွက် ဓားချည်မျှင်ကို သန့်စင်လိုက်ဖို့ပဲ လိုအပ်တယ်”

တိတ်ဆိတ်နေသောအခန်းထဲတွင် ဟန်မူယဲ့က မူဝမ်ကို ဖက်ထားပြီး အာခီမီနှင့်ပတ်သတ်သောအကြောင်းအရာကို တီးတိုးရှင်းပြနေသည်။

ထိုအရာသည် ဟန်မူယဲ့၏ အာခီမီနှင့်ပတ်သတ်သော အဓိကအချက်ဖြစ်သည်။ အာခီမီသည် ဓားတာအိုဖြစ်သည်။

မူဝမ်က နောက်သို့မှီထားပြီး မိန်းမောစွာ နားထောင်နေသည်။

ထိုအချိန်တွင် နန်းမြို့တော်၏အထက်ပိုင်းတွင်ရှိသော နန်းတော်ကြီးတစ်ခုတွင် မြူခိုးလုံးနှစ်ခု လွင့်မျောနေသည်။

အနက်ရောင်ဝတ်စုံနှင့်ချင်ဝူယွမ်၏အငွေ့အသက်သည် တည်ငြိမ်မှုမရှိသေးပေ။ သူ့ရှေ့တွင် မြူခိုးလုံးနှစ်ခု တည်ငြိမ်စွာလွင့်မျောနေသည်။

သိပ်မဝေးသောနေရာတွင် ဝတ်စုံအမျိုးမျိုးနှင့် လူအိုကြီးအချို့က လေးနက်သောမျက်နှာထားဖြင့် မြူခိုးလုံးနှစ်လုံးကို ကြည့်နေသည်။

“အားလုံးပဲ ဘယ်လိုထင်လဲ”

တည်ငြိမ်နေသောချင်စုယန်က ဘေးတွင်ရှိသောလူများကို ကြည့်သည်။

ဤနေရာသည် တိုင်းပြည်၏ အာခီမီနှင့်ပတ်သတ်ပြီး အတိုးတက်ဆုံးနေရာဖြစ်သော အာခီမီဌာနဖြစ်သည်။

ယနေ့တွင် စုဝေးလာသောလူများသည် အာခီမီဆရာသခင်အဆင့်တွင် ရှိနေသည်။ ထို့အပြင် အတွေ့အကြုံပြည့်ဝသော အာခီမီဆရာသခင်များသာ တက်ရောက်ခွင့်ရှိသည်။

ချင်စုယန်၏စကားကို ကြားလိုက်ရသောအခါတွင် ဆံပင်ဖြူနှင့်လူအိုကြီးက မျက်လုံးထဲတွင် အရောင်ငါးမျိုးအလင်းများထွက်ပေါ်လာပြီး မြူခိုးလုံးနှစ်ခုကို စစ်ဆေးကြည့်သည်။

“ဆေးလုံးကိုချိတ်ဆက်ဖို့အတွက် ဒီလိုနည်းလမ်းမျိုး တွေးနိုင်တဲ့အတွက် သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။

လူအိုကြီးက သက်ပြင်းချလိုက်ပြီး တခြားလူများကို ကြည့်သည်။

“ဆေးလုံးမဖြစ်ပေါ်ဘဲ ဆေးလုံးသန့်စင်ခြင်းရဲ့ နောက်ဆုံးအဆင့်က သုံးစွဲလိုက်တဲ့လူရဲ့ခန္ဓာကိုယ်ထဲမှာ ဖြစ်သွားလိမ့်မယ်။ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်စရာ မလိုတော့သလို ကောင်းကင်တာအိုရဲ့စွန်းထင်းမှုကိုလည်း မခံရတော့ဘူး”

ထို့နောက် လူအိုကြီးက ထူးဆန်းသောမျက်နှာထားဖြင့် ပြောသည်။

“ဒီလိုနည်းလမ်းမျိုးကို တခြားကမ္ဘာတွေနဲ့ လဲလှယ်နိုင်ရင် အဆင့်မြင့်ဆေးလုံးတွေကို ရောင်းဝယ်နိုင်မှာလား”

သူ့စကားများကြောင့် လူတိုင်းက ကြောင်အသွားသည်။ ထို့နောက် လူအများစု၏မျက်နှာပေါ်တွင် အပြုံးများပေါ်လာသည်။

“ထောင်ကျူး၊ မင်းက စီးပွားရေးအကြောင်းပြောဖို့ပဲ သိတာလား”

အနက်ရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က စနောက်သလို ဆူပူလိုက်သည်။

အာခီမီဆရာသခင်တစ်ယောက်ဖြစ်သူ ထောင်ကျူးသည် နန်းမြို့တော်တွင်ရှိသော အာခီမီဈေးများအားလုံးကို တာဝန်ယူထားသည်။

ဆရာသခင်ထောင်ကျူးသည် အာခီမီဈေးများကို လည်ပတ်ရန်အတွက် အလွန်စိတ်နှစ်မထားလျှင် အာခီမီသူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေလိမ့်မည်ဟု လူတစ်ယောက်က ပြောခဲ့သည်။

“ဆရာသခင်ထောင်ကျူးရဲ့အကြံက မဆိုးဘူးလို့ ငါထင်တယ်”

ချင်စုယန်၏ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဆရာသခင်ပိုင်လီက ဒီနည်းလမ်းကိုသုံးလိုက်ရင် ကျောက်စိမ်းသက်တံကမ္ဘာနဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အာခီမီဆွေးနွေးပွဲက ပိုပြီးနက်ရှိုင်းလာလိမ့်မယ်လို့ ပြောချင်တာလား”

တစ်ဖက်တွင် ဆံဖြူအဘိုးကြီးတစ်ယောက်က ညင်သာစွာပြောသည်။

ပိုင်လီရှင်းလင်သည် အာခီမီဌာန၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည်။

အပြင်လူများက မသိနိုင်သော်လည်း ပိုင်လီမိသားစုသည် ပြင်ပဘုံမှရောက်လာကြောင်း အာခီမီဌာနတွင်ရှိသောလူတိုင်း သိထားကြသည်။ အာခီမီသည် ပိုင်လီမိသားစု၏ အမွေအနှစ်ဖြစ်သည်။

ပိုင်လီမိသားစုသည် ကမ္ဘာနှစ်ခုကြားတွင် ဆက်သွယ်နိုင်ရန် တာဝန်ယူထားသည်။

သို့သော် ကောင်းကင်တာအိုများ မတူညီသောကြောင့် အဆင့်မြင့်ဆေးလုံးများကို မလဲလှယ်နိုင်ပေ။

ထောင်ကျူးပြောခဲ့သည့်အတိုင်း ကပ်ဘေးဖြတ်ကျော်မထားသော အဆင့်မြင့်ဆေးလုံးများသည် ကောင်းကင်တာအိုနှင့် မသက်ဆိုင်သောကြောင့် ကောင်းကင်တာအို၏အာရုံခံမှုမှ လွတ်မြောက်နိုင်လိမ့်မည်။

ထိုနည်းလမ်းဖြင့် အဆင့်မြင့်ဆေးလုံးများကို ရောင်းဝယ်နိုင်မည်။

“ငါက ကျောက်စိမ်းသက်တံကမ္ဘာကို ရောက်ဖူးတယ်”

ချင်စုယန်၏မျက်လုံးများက တောက်ပနေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“သူတို့ရဲ့ အာခီမီအမွေအနှစ်က ငါတို့ထက် အဆပေါင်းတစ်ရာလောက် ပိုကောင်းတယ်”

အဆတစ်ရာ ....

အားလုံး တိတ်ဆိတ်သွားသည်။

သူတို့အားလုံးက ဤကမ္ဘာတွင် အာခီမီနှင့်ပတ်သတ်ပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ေနေကြသည်။ သူတို့က ဆက်လက်တိုးတက်ချင်သော်လည်း အကူအညီမဲ့နေရသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကွန်ဖြူးရှပ်တာအိုက လွှမ်းမိုးထားသည်။ အာခီမီနှင့် တခြားအမွေအနှစ်များသည် နောက်တွင် ကျန်နေခဲ့သည်။

ကမ္ဘာတစ်ခုတွင် ကိုယ်ပိုင်အားသာချက်ကတော့ ရှိရမည်ဖြစ်သည်။

ကျောက်စိမ်းသက်တံကမ္ဘာတွင် အာခီမီသူတော်စင်များ ရှိနေသည်။

“ဆရာသခင်ပိုင်လီ ဆရာသခင်မူယဲ့နဲ့ ဝူယွမ်သန့်စင်ထားတဲ့ ဆေးလုံးနှစ်လုံးကြားမှာ ကွာခြားချက်ရှိတယ်လို့ ထင်လား”

ချင်စုယန်က ပိုင်လီရှင်းလင်ကိုကြည့်လိုက်ပြီး မေးသည်။

ပိုင်လီုရှင်းလင်၏ အာခီမီဗဟုသုတသည် တခြားလူများထက် ပိုမိုနက်ရှိုင်းသည်။

‘ဆေးလုံးနှစ်လုံးကြားမှာ ကွာခြားချက်ဘာရှိလဲ’

သူတို့အားလုံးက ဆေးလုံးကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

ဆေးစွမ်းအား၊ ဂုဏ်သတ္တိနှင့် စွမ်းအင်လှိုင်းလှုပ်ရှားမှုများကပင် အတူတူဖြစ်သည်။

ကွာခြားချက်တစ်ခုသာရှိသည်။ အသစ်သန့်စင်ထားသောဆေးလုံး၏ ဆေးစွမ်းအားသည် အနည်းငယ်ပိုပြင်းထန်သည်။

ထိုအရာသည် ပုံမှန်ပင်ဖြစ်သည်။ ချင်ဝူယွမ်သည် အာခီမီဆရာသခင် အသစ်တစ်ယောက်ဖြစ်ပြီး အာခီမီနည်းလမ်းများနှင့် မရင်းနှီးသေးပေ။

“ဆရာသခင်မူယဲ့ရဲ့ အာခီမီကျွမ်းကျင်မှုက အရမ်းမြင့်တယ်။ သူ့ဝိညာဉ်ကလည်း သန်မာတယ်။ တကယ့်ကို အသက်ရှူမှားလောက်တယ်”

ပိုင်လီရှင်းလင်က ညင်သာစွာပြောသည်။

ထိုစကားများကြောင့် ကျန်လူများက ခေါင်းညိတ်လိုက်သည်။

ဤနေရာ၌ ရှိနေသောလူများထဲတွင် ချင်ဝူယွမ်ကို အာခီမီနှင့်ပတ်သတ်၍ လမ်းပြပေးနိုင်သောလူများ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။

သို့သော် သူတို့က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာစေရန်အတွက် အချိန်အနည်းငယ်ယူရမည်။

သို့သော် ဆရာသခင်မူယဲ့က စတွေ့ခဲ့သောအချိန်တွင် ဝိညာဉ်ထိန်းချုပ်ခြင်းဖြင့် သင်ပြပေးခဲ့သည်။ သူ့ခွန်အားနှင့် ယုံကြည်မှုကို တခြားလူများ မယှဉ်နိုင်ပေ။

အစစ်အမှန်ကျွမ်းကျင်သူများကသာ ထိုသို့ ယုံကြည်ချက်ရှိနိုင်မည်။

ချင်ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ဆရာမူယဲ့ရဲ့ဝိညာဉ်က ပင်လယ်တစ်စင်းလိုပဲ နက်ရှိုင်းတယ်”

ချင်စုယန်က ခေါင်းညိတ်လိုက်ပြီး စကားမပြောပေ။

သူက ချီးကျူးစကားများကြားချင်သောကြောင့် ပိုင်လီရှင်းလင်ကို မေးခဲ့ခြင်းမဟုတ်ပေ။

ပိုင်လီရှင်းလင်က မြူခိုးလုံးနှစ်ခုဆီမှ အကြည့်လွှဲလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

All Chapters