← Chapters

အခန်း (၄၇၁)

Vol. 34 Ch. 471

အခန်း (၄၇၁)

Vol. 34 Ch. 471

ဇူအော်ယုလုံက လက်မြှောက်လိုက်ပြီး အလေးပြုသည်။

ရှောင်လင်းရှန်က ခေါင်းညိတ်လိုက်ပြီး အနီရောင်ပိုးထည်ဖြင့်ခြုံထားသော ဆိုင်းဘုတ်ကို မော့ကြည့်သည်။ သူက တံခါးဝတွင် စောင့်နေသည်။

အစိမ်းရောင်ဝတ်စုံကိုဝတ်ထားသော ဟန်မူယဲ့နှင့် အဖြူရောင်ဝတ်စုံကိုဝတ်ထားသော မူဝမ်က ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

မူဝမ်၏မျက်နှာထားက တည်ငြိမ်နေပြီး ပျော်ရွှင်နေပုံရသည်။

သူမ၏ဘေးတွင်ရပ်နေသော ဟန်မူယဲ့က လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“နှုတ်ဆက်ပါတယ် စစ်သူကြီးရှောင်”

မူဝမ်ကလည်း အနည်းငယ်ဦးညွှတ်လိုက်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားစံအိမ်၏ဆက်သွယ်မှုနှင့်ဆိုလျှင် ကောင်းချန်ကုန်းသည် ဟန်မူယဲ့ကိုသင်ကြားပြသနိုင်ပြီး ဆရာတစ်ယောက်အဖြစ် ယူဆနိုင်သည်။

ကောင်းချန်ကုန်းနှင့် ရှောင်ယွဲ့လီသည် လက်တွဲဖော်များဖြစ်ကြသည်။

ထို့ကြောင့် စစ်သူကြီးရှောင်ကို ဟန်မူယဲ့က သဘာဝကျစွာ ဦးညွှတ်လိုက်သည်။

ရှောင်လင်းရှန်က အရပ်ရှည်ပြီး အဖြူရောင်မုတ်ဆိတ်များရှိသည်။ သူ့မျက်လုံးများသည် နက်ရှိုင်းနေသည်။

ဦးညွှတ်လိုက်သောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ရှောင်လင်းရှန်က ခဏတာတုံ့ဆိုင်သွားပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့၏လက်ကို ကိုင်သည်။

“မင်းနဲ့ငါက တန်းတူညီတူတွေပါပဲ”

ရှောင်လင်းရှန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မူဝမ်ကိုကြည့်၍ ခေါင်းညိတ်ပြသည်။

ဟန်မူယဲ့က ကွမ်မြစ်ဝတွင် အမိန့်အာကာတစ်ခုဖြင့် နတ်များကို ဘွဲ့ထူးချီးမြှင့်ခဲ့သည်။ ထိုခွန်အားမျိုးသည် ရှောင်လင်းရှန်နှင့် တန်းတူရှိရန် အဆင့်မီသည်။

နန်းမြို့တော်တွင် ကျောင်းတော်သားများနှင့် စစ်သူကြီးများသည် ကွဲပြားသော်လည်း အဆုံးတွင် ကျင့်ကြံခြင်း၏ခွန်အားပင် ဖြစ်သည်။

“မင်းက ငါ့တို့ရှောင်မိသားစုနဲ့ အရမ်းနီးစပ်တယ်လို့ ယွဲ့လီက စာပို့ခဲ့တယ်။ ဒီနေ့မှာ ငါက အကြီးအကဲတစ်ယောက်အနေနဲ့ ရောက်လာခဲ့တယ်”

ရှောင်လင်းရှန်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“နန်းမြို့တော်မှာနေထိုင်ဖို့ မလွယ်ဘူး။ စီးပွားရေးလုပ်ဖို့ဆိုရင် ပိုခက်တယ်”

“နောက်ခံမရှိရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီးပွားရေးမလုပ်နိုင်ဘူး”

ဟန်မူယဲ့၏နောက်ခံက မည်သို့ပင်ဖြစ်စေ သူက မည်သို့ပင် သန်မာပါစေ စီးပွားရေးကို တည်ငြိမ်စွာလုပ်ချင်လျှင် နန်းမြို့တော်၏စည်းမျဉ်းများကို လိုက်နာရန်လိုအပ်သည်။

ရှောင်မိသားစုတွင် ခွန်အား၊ အဆက်အသွယ်နှင့် အာဏာရှိသည်။

ရှောင်လင်းရှန်က ယနေ့တွင် ဟန်မူယဲ့ကို ထောက်ပံ့ပေးရန်အတွက် ရောက်လာခဲ့သည်။

“ကျေးဇူးပါအကြီးအကဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြန်သည်။

သူက လက်ပြလိုက်ပြီး ပြောသည်။

“အကြီးအကဲ၊ ကျေးဇူးပြုပြီး အထဲကိုကြွပါ”

မူဝမ်ကလည်း နောက်သို့ ခြေတစ်လှမ်းဆုတ်၍ သူ့ကို ကြိုဆိုလိုက်သည်။

ရှောင်လင်းရှန်က အကြီးအကဲတစ်ယောက်အနေဖြင့် ရောက်လာပြီး စိတ်ရင်းကို ပြသခဲ့သည်။

ရှောင်လင်းရှန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆိုင်ရှေ့တွင် ရပ်နေသည်။

“မင်းက နန်းမြို့တော်ကို ပထမဆုံးအကြိမ်ရောက်လာတာဆိုတော့ လူတွေအများကြီးနဲ့ သိမှာမဟုတ်ဘူး။ မင်းကိုထောက်ပံ့ပေးဖို့အတွက် လုပ်ဖော်ကိုင်ဖက်တချို့ ခေါ်လာခဲ့တယ်”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

ဆိုင်၏တစ်ဖက်တစ်ချက်တွင် ရပ်နေသော စစ်သူကြီးများက လေးနက်သောမျက်နှာထားဖြင့် ဓားရိုးပေါ်တွင် လက်တင်သည်။

ချက်ချင်းဆိုသလိုပင် လေထုသည် ကွဲပြားသွားခဲ့သည်။

ဘေးဆိုင်တွင် ပေါက်စီဝယ်နေသောလူများက ဂရုတစိုက် နောက်ဆုတ်သွားသည်။

ထိုမြင်ကွင်းသည် ဆေးဆိုင်ကို စစ်သူကြီးများက ကာကွယ်ပေးနေကြောင်း ဖော်ပြသည်။

သိပ်မဝေးသောနေရာတွင် ပေါင်ကျန်းယွီက ခေါင်းကုတ်လိုက်ပြီး လမ်းဘေး၏သစ်ပင်ရိပ်တွင်ရပ်နေသော ပေါင်မင်ချန်ကို လှည့်ကြည့်သည်။

“ဦးလေး၊ ကျွန်တော်က သူတို့ကို တားရအုံးမှာလား”

အာခီမီဌာန၏အရာရှိများသည် မတုံးအပေ။ သူတို့က လမ်းဘေးတွင်ရပ်ပြီး အာခီမီကံကြမ္မာစံအိမ်ကို သေချာလေ့လာနေသည်။

ပေါင်မင်ချန်က စဉ်းစားလိုက်ပြီး လက်မြှောက်၍ လက်ဝါးအရွယ်အစားကျောက်စိမ်းသေတ္တာကို ထုတ်ယူသည်။ သူက ကျောက်စိမ်းသေတ္တာကို ကိုင်ထားပြီး ရှေ့တက်သွားသည်။

ပေါင်ကျန်းယွီက ပြုံးလိုက်ပြီး ပေါင်မင်ချန်၏နောက်သို့ လိုက်လာသည်။

စစ်သူကြီးရှောင်လင်းရှန်သည် ရာထူးအမြင့်ဆုံးအရာရှိဖြစ်သည်။ ကာကွယ်ရေးဌာနသည်လည်း နန်းမြို့တော်၏အစောင့်တပ်များအောက်တွင် တည်ရှိသည်။

သူတို့နှင့် ဆက်သွယ်ရေးတစ်ခု တည်ဆောက်နိုင်လျှင် အခွင့်အရေးတစ်ခုဖြစ်လိမ့်မည်။

‘ငါ့ဦးလေးစောင့်နေတာ မထူးဆန်းတော့ပါဘူး’

“ခွပ် ခွပ် ခွပ် ....”

ပေါင်မင်ချန်တို့ လမ်းလယ်သို့ရောက်သွားသောအချိန်တွင် မြင်းများ ပြေးလာပြန်သည်။ အနီရောင်နှင့်အနက်ရောင်ဝတ်ထားသော စစ်သားများ ရောက်လာခဲ့သည်။

“ငါက နန်းမြို့တော်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ကျန်းချန်ပါ”

“ငါက နန်းမြို့တော်ရဲ့ ဘယ်တောင်ပံဝိညာဉ်စစ်တပ်ခေါင်းဆောင် ထောင်ဝူစန်းပါ”

“ငါက အမှတ်ဆယ်သုံး တော်ဝင်အစောင့်တပ်ခေါင်းဆောင် လီခယ့်ရွှင်းပါ”

ပေါင်ကျန်းယွီနှင့်လူငယ်များက အာမေဍိတ်သံပြုမိသည်။

စစ်သူကြီးရှောင်လင်းရှန်က ကိုယ်တိုင်ရောက်လာရုံတင်မကဘဲ နန်မြို့တော်၏ အစောင့်တပ်ခေါင်းဆောင်များလည်း ရောက်လာကြသည်။

‘အဲ့ဒီဆိုင်ကို နန်းမြို့တော်တပ်ဖွဲ့က ဖွင့်ထားတာလား’

“ကင်းလှည့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်သမ်းရှောင်”

ပေါင်ကျန်းယွီက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ခေါင်းငုံ့ထားသည်။ သူ့နောက်တွင်ရှိသော လူငယ်များကလည်း လျင်မြန်စွာခေါင်းငုံ့သည်။

သူတို့က ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဤနေရာသို့ ရောက်လာကြသည်။ ယခုအချိန်တွင် အထက်လူကြီးများနှင့် ဆုံတွေ့ခဲ့လျှင် ရှင်းပြရန် မလွယ်ပေ။

သို့သော် နောက်ကျသွားပြီဖြစ်သည်။

မြင်းစီး၍ရောက်လာသောသမ်းရှောင်က လက်သီးဆုပ်၍ ပေါင်မင်ချန်ကို နှုတ်ဆက်သည်။ ထို့နောက် သူက ပေါင်ကျန်းယွီတို့ကို ကြည့်သည်။

“သခင်ပေါင်၊ ဒါက ....”

ပေါင်မင်ချန်၏လက်ထဲတွင်ရှိသော ကျောက်စိမ်းသေတ္တာကိုကြည့်လိုက်ပြီး သမ်းရှောင်က နားလည်သွားပုံပေါ်သည်။ သူက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“သခင်ပေါင်က တကယ့်ကို သတင်းစုံတာပဲ”

ပေါင်မင်ချန်က မျက်နှာထားပြောင်းလဲမသွားဘဲ ညင်သာစွာပြောသည်။

“ကျွန်တော်တို့အားလုံးက လကြည့်မြို့ရဲ့ နေထိုင်သူတွေပဲ။ လက်ဆောင်တစ်ခု ပေးရမှာပေါ့”

သူက ရှင်းလင်းစွာ ဆက်ပြောသည်။

“တစ်ခုခုမှားသွားမှာစိုးလို့ ကျန်းယွီတို့ကို ခေါ်ထားတဲ့အကြောင်း အစ်ကိုသမ်းဆီ သတင်းမပို့လိုက်ရဘူး”

ပေါင်မင်ချန်က သူတို့ကို ထုတ်ပြောလိုက်သောကြောင့် ပေါင်ကျန်းယွီတို့က လေးနက်သောမျက်နှာထားဖြင့် ခေါင်းမော့သည်။

မြင်းပေါ်မှဆင်းလာသောသမ်းရျောင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီလေ”

ထိုသို့ဖြင့် သူက ဇက်ကြိုးကို ဘေးသို့ပစ်လိုက်သည်။

ပေါင်ကျန်းယွီက ပါးနပ်ပြီး လျင်မြန်စွာရှေ့တက်၍ မြင်းကို ထိန်းလိုက်သည်။ ကျန်လူငယ်များကလည်း နောက်မှလိုက်လာပြီး အစောင့်တပ်သားများ၏မြင်းကို ထိန်းသိမ်းလိုက်သည်။

“သမ်းရှောင်၊ မင်းက စစ်သားကောင်းတစ်ယောက်ပဲ”

လူတစ်ယောက်က တီးတိုးပြောသည်။

စကားပြောလိုက်သောလူက မည်သူပင်ဖြစ်ပါစေ သမ်းရှောင်ထက်ရာထူးနိမ့်သောလူ မရှိပေ။

သမ်းရှောင်က ပြုံးလိုက်ပြီး နောက်သို့လှည့်ကြည့်သည်။

“ညီအစ်ကိုပေါင်၊ ကျေးဇူးပြုပြီး”

သခင်ပေါင်ကို ညီအစ်ကိုပေါင်ဟု ပြောင်းခေါ်ခဲ့သည်။

ပေါင်မင်ချန်က ပြုံးလိုက်ပြီး နောက်မှလိုက်သွားသည်။

လှေကားထစ်တွင်ရပ်နေသော ရှောင်လင်းရှန်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“နန်းမြို့တော်အစောင့်တပ်မှာရှိတဲ့ ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးမယ်။ နောက်ကျရင် ငါတို့ရဲ့ရင်းနှီးမှုကို အသုံးပြုလို့ရတာပေါ့”

ဟန်မူယဲ့နှင့်မူဝမ်က မငြင်းဆန်ဘဲ ပူးပေါင်းပေးလိုက်သည်။

“ညီအစ်ကိုတို့၊ လူအိုကြီးရှောင်ကို ထောက်ပံ့ပေးကြပါအုံး။ ဘာမှပြောနေစရာမလိုဘူး။ ဒီနေ့ည ငါက နွေဦးနှင်းစက်အပျော်အိမ်မှာ ဧည့်ခံပေးမယ်”

ရှောင်လင်းရှန်က အော်ပြောသည်။ ထို့နောက် ဟန်မူယဲ့နှင့်မူဝမ်ကို ညွှန်ပြလိုက်သည်။

“ငါ့ရဲ့ မျိုးဆက်သစ်နှစ်ယောက်က စီးပွားရေးလုပ်ဖို့အတွက် နန်းမြို့တော်ကို ရောက်လာခဲ့တယ်။ နောက်ကျရင် သူတို့ကိုဂရုစိုက်ပေးဖို့ မင်းတို့ကိုပဲ တောင်းဆိုရမယ်”

ဟန်မူယဲ့နှင့်မူဝမ်က ပြုံးလိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။

ရှောင်လင်းရှန်က ရှေ့ဆုံးတွင်ရှိနေသော အနီရောင်ချပ်ဝတ်စစ်သူကြီးကို ညွှန်ပြသည်။

“သူက နန်းမြို့တော်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ကျန်းချန်ပဲ။ မြို့အထက်ပိုင်းရဲ့ ကင်းလှည့်တပ်ဖွဲ့တွေကို တာဝန်ယူထားတယ်”

ကျန်းချန်က အသက်ခြောက်ဆယ်အရွယ်ခန့် ဖြစ်သည်။ သူ့မျက်နှာက သွေးရောင်လွှမ်းနေပြီး အဖြူရောင်မုတ်ဆိတ်များရှိသည်။ သူက အပြုံးတစ်ခုနှင့်အတူ ဆေဘာဓားတစ်လက်ကို ထုတ်ယူသည်။

“ငါက ဘာမှကြွားဝါစရာမရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ပါပဲ။ ဒီဆေဘာဓားက နည်းနည်းတော့လေးတယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဆေဘာဓားကို ယူသည်။ သူ့နောက်တွင်ရှိနေသော ရှောက်တထျန်းက ပါးနပ်ပြီး လျင်မြန်စွာရှေ့တက်၍ ဓားကို သိမ်းလိုက်သည်။

ဆေဘာဓားသည် အမှန်တကယ်ပင် လေးသည်။ ရှောက်တထျန်း၏လက်မောင်းများက အနည်းငယ်အောက်ကျသွားသည်။

ကျန်းချန်က ရယ်လိုက်ပြီး ဘေးဖယ်သည်။

အာခီမီကံကြမ္မာဆေးဆိုင်သည် မဖွင့်သေးသောကြောင့် ရောက်လာသောလူများသည် ဖွင့်ပွဲအခမ်းအနားကို စောင့်ကြည့်နေရမည်။

“သူက နန်းမြို့တော်ရဲ့ ဘယ်တောင်ပံဝိညာဉ်တပ်ခေါင်းဆောင် ထောင်ဝူစန်းပါ။ သူက အမှတ်ဆယ်သုံး တော်ဝင်အစောင့်တပ်ခေါင်းဆောင် လီခယ့်ရွှင်းပါ။ သူကတော့ ကင်းလှည့်အဖွဲ့ ....”

ရှောင်လင်းရှန် မိတ်ဆက်ပေးလိုက်သောအခါတွင် သူတို့က လက်ဆောင်များ ပေးလိုက်သည်။

လက်ဆောင်များသည် လှံ၊ ဓားမြှောင်၊ ချပ်ဝတ် စသည်ဖြင့် ဖြစ်သည်။

ထိုအရာများအားလုံးသည် ပစ္စည်းကောင်းများဖြစ်ပြီး အနည်းဆုံး ဝိညာဉ်ကျောက်တုံးသိန်းချီတန်သော ဝိညာဉ်လက်နက်များဖြစ်သည်။

ဟန်မူယဲ့အတွက် ထိုပစ္စည်းများသည် အသုံးမဝင်ပေ။

သို့သော် ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူတို့ကို တစ်ယောက်ချင်းစီ ကျေးဇူးတင်လိုက်သည်။

“သူက ....”

ရှောင်လင်းရှန်က အနည်းငယ်အံ့အားသင့်သွားပြီး ပေါင်မင်ချန်ကို ညွှန်ပြသည်။

“ကျွန်တော်က ကာကွယ်ရေးဌာနရဲ့ ပေါင်မင်ချန်ပါ။ ကျွန်တော်က ဒီနားမှာနေတာမလို့ အာခီမီကံကြမ္မာစံအိမ်ဖွင့်ပွဲကို ဂုဏ်ပြုရအောင် ရောက်လာတာပါ”

ပေါင်မင်ချန်က ကျောက်စိမ်းသေတ္တာကိုပေးလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ကာကွယ်ရေးဌာနရဲ့ ပေါင်မင်ချန်”

ရှောင်လင်းရှန်က ရေရွတ်လိုက်ပြီး ခေါင်းညိတ်သည်။

ပေါင်မင်ချန်၏မျက်နှာက တောက်ပသွားသည်။

ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာကို လှမ်းမယူလိုက်ဘဲ ပြောသည်။

“စောနတုန်းက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်သခင်ပေါင်”

ပေါင်မင်ချန်သည် လမ်းတစ်ဖက်တွင် လူတစ်အုပ်ကို ဦးဆောင်ထားသည်။ သူက ကူညီပေးရန်အတွက် ရည်ရွယ်ထားပုံပေါ်သည်။

ဟန်မူယဲ့က ပေါင်မင်ချန်၏ကူညီမှုအကြောင်းကို ပြောလိုက်သောအခါတွင် ရှောင်လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ပေါင်မင်ချန်ကိုကြည့်၍ ညင်သာစွာခေါင်းညိတ်သည်။

“အိမ်နီးချင်းတွေဖြစ်နေတော့ ကူညီပေးရမှာ ကျွန်တော့်တာဝန်ပါပဲ”

ပေါင်မင်ချန်က ကျောက်စိမ်းသေတ္တာလေးကို ရှောက်တထျန်းဆီသို့ ပေးသည်။

“ညီအစ်ကိုတထျန်း၊ ဒါကို သိမ်းထားလိုက်ပါ။ ဂုဏ်ပြုလက်ဆောင်လေးတစ်ခုပါပဲ”

ရှောက်တထျန်းက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ကျောက်စိမ်းသေတ္တာလေးကို ယူသည်။ သူက ဓားမြှောင်၊ ဓား၊ ဆေဘာဓား၊ လှံနှင့် ကျောက်စိမ်းသေတ္တာကို ပွေ့ထားပြီး နောက်ဆုတ်သည်။

ပေါင်မင်ချန်ကလည်း ပြုံးလိုက်ပြီး နောက်ဆုတ်သည်။

ကံကောင်းစွာဖြင့် ဆိုင်ရှေ့မျက်နှာစာသည် ကျယ်ဝန်းသည်။ ထို့သို့မဟုတ်လျှင် လူများ မတ်တပ်ရပ်နိုင်မည်မဟုတ်ပေ။

ရှောင်လင်းရှန်က အဝတ်စဖုံးထားသောဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“တခြားလူတွေ လာအုံးမှာလား”

‘ဘယ်သူမှမလာလောက်တော့ဘူးထင်တယ်’

ဟန်မူယဲ့က တွေးသည်။

သူနှင့်မူဝမ်ကလည်း မြို့ထဲတွင်ရှိသောလူများကို သိပ်မသိပေ။

လုယွီကျိုးက ယနေ့တွင် လာရမည်ဖြစ်သော်လည်း သူက သူ့ခြံဝိုင်းကို အပြောင်ရှင်းခဲ့သောကြောင့် တမင်သက်သက် ရောက်မလာခြင်းလည်း ဖြစ်နိုင်သည်။

ဟန်မူယဲ့အတွက် ဆိုင်ဖွင့်ပွဲကို မည်သူမှမလာလျှင်လည်း ပြဿနာမရှိပေ။

ပြဿနာလာမရှာလျှင် အဆင်ပြေသည်။

သူက တွေးလိုက်ပြီး ခေါင်းခါသည်။ သူစကားပြောတော့မည့်အချိန်တွင် လူတစ်ယောက်ရောက်လာခဲ့သည်။

ထိုလူက တာအိုဝတ်စုံကို ဝတ်ထားပြီး သူ့နောက်တွင် တပည့်နှစ်ယောက် ပါလာသည်။

“ကံကောင်းခြင်းအာခီမီစံအိမ်က အာခီမီကံကြမ္မာစံအိမ်ရဲ့ဖွင့်ပွဲအတွက် ဂုဏ်ပြုပါတယ်”

ခရမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ချန်ယွင်က အပြုံးတစ်ခုနှင့်အတူ ရှေ့တက်လာသည်။ သူ့နောက်တွင်ရှိသော တပည့်နှစ်ယောက်က ဝိညာဉ်ဆေးပင်အချို့ကို သယ်လာခဲ့သည်။

သူရောက်လာလိမ့်မည်ဟု ဟန်မူယဲ့က မျှော်လင့်မထားပေ။

သူတို့နှစ်ယောက်လုံးက အာခီမီကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် မူဝမ်က ရှေ့တက်လိုက်သည်။ ဇူအော်ယုထင်က ဝိညာဉ်ဆေးပင်များကို လျင်မြန်စွာယူလိုက်ပြီး တာအိုတန်ခိုးရှင်ချန်ယွင်ကို ဦးညွှတ်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်က ခပ်ဟဟရယ်လိုက်ပြီး အာခီမီကံကြမ္မာစံအိမ်တွင် အလုပ်ကြိုးစားရန်အတွက် ဇူအော်ယုထင်ကို ပြောလိုက်သည်။

သူက စစ်သားများအကြောင်း ဆွေးနွေးနေသော စကားသံများကို ကြားခဲ့သည်။ ထို့ကြောင့် မနေနိုင်တော့ဘဲ အံ့အားသင့်ခဲ့ရသည်။

‘အာခီမီကံကြမ္မာစံအိမ်က တကယ်ပဲ နန်းမြို့တော်အစောင့်တပ်နဲ့ ပတ်သတ်နေတာလား’

သူတွေးမိသည်။

မီးတောက်နီစစ်တပ်သည် ဆေးလုံးအများအပြားကို သုံးစွဲသည်။

All Chapters