အခန်း (၄၇၂)
Vol. 34 Ch. 472
ရှောင်လင်းရှန်၏နာမည်ကို ကြားလိုက်ရသောအခါတွင် ဆိုင်ဖွင့်ပွဲသို့ လာခဲ့သောကြောင့် ကံကောင်းသည်ဟု တာအိုတန်ခိုးရှင်ချန်ယွင်က ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် စစ်သူကြီးရှောင်နှင့်နီးကပ်လာရန် အခွင့်အရးရနိုင်သည်။
“ငါက ကံကောင်းခြင်းအာခီမီစံအိမ်ရဲ့ တာအိုတန်ခိုးရှင်ချန်ယွင်ပါ။ ညီအစ်ကိုက ....”
သူက ပေါင်မင်ချန်ကို လှည့်ကြည့်သည်။
ပေါင်မင်ချန်က လက်သီးဆုပ်လိုက်ပြီး နှုတ်ဆက်သည်။
“ကာကွယ်ရေးဌာနရဲ့ ပေါင်မင်ချန်ပါ”
‘ကာကွယ်ရေးဌာနလား’
ဤနေရာတွင်ရှိသောလူများသည် စစ်တပ်မှမဟုတ်လျှင် အရာရှိများဖြစ်သည်။ အာခီမီကံကြမ္မာစံအိမ်၏နောက်ခံသည် မရိုးရှင်းပေ။
သူက လမ်းတွင် အာခီမီဌနမှလူများကိုလည်း မြင်ခဲ့သည်။
‘သူတို့က ဖရိုဖရဲဖြစ်မှာကိုကာကွယ်ဖို့ ရောက်လာကြတာလား’
လမ်းတစ်ဖက်တွင် လူငယ်များက ပေါင်ကျန်းယွီ၏အနားတွင် စုဝေးနေသည်။
“အစ်ကိုယွီ၊ ဒီဆေးဆိုင်ရဲ့နောက်ခံက မရိုးရှင်းဘူး။ စစ်သူကြီးရှောင်ကိုယ်တိုင် ဧည့်သည်တွေကို ကြိုဆိုနေတယ်”
လူငယ်တစ်ယောက်က တီးတိုးပြောသည်။
“ဦးလေးပေါင်က တကယ့်ကို ပါးနပ်တာပဲ။ သူက စစ်သူကြီးရှောင်နဲ့ အဆက်အသွယ်လုပ်နိုင်ရင် အနာဂတ်မှာ ....”
ပေါင်ကျန်းယွီက သူ့ကိုစိုက်ကြည့်ပြီး ပြောစကားကို ဖြတ်တောက်လိုက်သည်။ သို့သော် သူ့မျက်နှာထားက သက်တောင့်သက်သာရှိနေသည်။
“ငါ့ဦးလေးကို ဘယ်လိုထင်လို့လဲ။ သူက ဖြောင့်မတ်မှုကြောင့် ကျော်ကြားတယ်”
သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သိပ်မဝေးသောနေရာသို့ ကြည့်သည်။
“မြန်မြန်လုပ်ကြ။ တစ်ယောက်ယောက်လာနေတယ်”
“ဧည့်သည့်တွေကိုကြိုဆိုဖို့ ပြင်ထား။ မဟုတ်သေးဘူး။ မြင်းလှည်းတွေကိုကြိုဖို့ ပြင်ထား”
မြင်းလှည်းနှစ်စီးမောင်းလာပြီး လမ်းဘေးတွင် ရပ်လိုက်သည်။
မြင်းလှည်းပေါ်မှဆင်းလာသော ပထမဆုံးလူကြောင့် သိပ်မဝေးသောနေရာတွင်ရှိသည့် အာခီမီဌာန၏အရာရှိများ ကြောင်အသွားသည်။
“အဲ့ဒါက အာခီမီဌာနရဲ့ အာခီမီဆရာသခင် ထောင်ကျူးမဟုတ်လား”
“သူက နန်းမြို့တော်ရဲ့ အာခီမီဈေးကွက်ကို တာဝန်ယူထားတာလေ”
ပေါင်မင်ချန်၏ဘေးတွင်ရှိသော တာအိုတန်ခိုးရှင်ချန်ယွင်က တီးတိုးအော်ဟစ်မိသည်။ အဝတ်များဆွဲဆန့်၍ လမ်းလျှောက်လာသောထောင်ကျူးကို သူက မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
အရေးကြီးပုဂ္ဂိုလ်ဖြစ်သော အာခီမီဆရာသခင်တစ်ဦးကပင် ဤဆေးဆိုင်သို့ လာခဲ့သည်။
တာအိုတန်ခိုးရှင်ချန်ယွင်က စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားသည်။ နောက်ထပ်မြင်းလှည်းတစ်စီးပေါ်မှ ဆင်းလာသောလူနှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် သူက ကြောင်အသွားသည်။
“ဆရာသခင်ချင်စုယန်နဲ့ ဆရာသခင် ချင်ဝူယွမ် ....”
အာခီမီဌာန၏ ဆရာသခင်ချင်စုယန်သည် ယခုလေးတင် အဆင့်တက်သွားခဲ့သော သားဖြစ်သူ ဆရာသခင်ချင်ဝူယွမ်နှင့်အတူ ရောက်လာခဲ့သည်။
အာခီမီလောကတွင် ထိုသို့ဂုဏ်ပြုခံရသောလူမျိုး မရှိနိုင်ပေ။
တာအိုတန်ခိုးရှင်ချန်ယွင်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက လမ်းလျှောက်လာသော အာခီမီဆရာသခင်သုံးယောက်ကို ကြည့်နေမိသည်။
ရှောင်လင်းရှန်ကလည်း သူတို့သုံးယောက်ကို မြင်လိုက်ရပြီး အံ့အားသင့်သွားသည်။ သူက ဟန်မူယဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရှေ့တက်သွားသည်။
ဟန်မူယဲ့နှင့်လုယွီကျိုးတွင် ထူးခြားသောဆက်ဆံရေးရှိသည်။ သို့သော် လုယွီကျိုးက လောကီအရေးကိစ္စများတွင် ပါဝင်လေ့မရှိသောကြောင့် ယနေ့တွင် ရောက်မလာနိုင်ပေ။
သူ့အမြင်တွင် အာခီမီကံကြမ္မာစံအိမ်အတွက် ရှောင်မိသားစု၏ထောက်ပံ့မှုကို ရထားသောကြောင့် ထူးဆန်းနေပြီဖြစ်သည်။ အာခီမီဌာန၏ ဆရာသခင်များ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟန်မူယဲ့ကို အလွန်အမင်း ဂုဏ်ပြုပေးနေခြင်းဖြစ်သည်။
“ဆရာသခင်ချင်၊ ဆရာသခင်ထောင်ကျူး၊ ဆရာသခင်ဝူယွမ်တို့ ....”
ရှောင်လင်းရှန်က အပြုံးတစ်ခုနှင့်အတူ သူတို့ကို နှုတ်ဆက်သည်။ သူ့စကားမဆုံးခင် ချင်ဝူယွမ်က ရှေ့တက်လိုက်ပြီး ဦးညွှတ်သည်။
“နှုတ်ဆက်ပါတယ်ဆရာ”
‘ဆရာ’
‘နှုတ်ဆက်ပါတယ်’
ထိုအရာသည် တပည့်တစ်ဦး၏ အပြုအမူဖြစ်သည်။
အာခီမီဆရာသခင် ချင်ဝူယွမ်သည် ဟန်မူယဲ့ကို တပည့်တစ်ယောက်အနေဖြင့် ဦးညွှတ်သည်။
ရှောင်လင်းရှန်သာမကဘဲ တာအိုတန်ခိုးရှင်ချန်ယွင်ကလည်း ကြောင်အသွားသည်။
‘ဘာဖြစ်သွားတာလဲ’
ပေါင်မင်ချန်က နှလုံးသားထဲတွင်ရှိသောထိတ်လန့်မှုများကို ဖိနှိပ်ထားရသောကြောင့် နှုတ်ခမ်းများ တွန့်နေသည်။
ကံကောင်းစွာဖြင့် သူက ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တည်ငြိမ်သောစိတ်ထားရှိသည်။ သူက ဘေးတွင်ရှိသော အာခီမီကျင့်ကြံသူ တာအိုတန်ခိုးရှင်ချန်ယွင်ကဲ့သို့ ဟန်ပျက်မသွားပေ။
ချင်ဝူယွမ်၏ဦးညွှတ်မှုသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။
သူက အာခီမီလမ်းစဉ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ တခြားလူတစ်ယောက်ကို ပေါ့ပါးစွာ ဦးမညွှတ်သင့်ပေ။
“ဒီလိုလုပ်ဖို့မလိုပါဘူး”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“အကြီးအကဲစုယန်နဲ့ ဆရာသခင်နှစ်ယောက်ရှိနေတဲ့အတွက် ငါက ဂုဏ်ယူရမှာပါ”
ချင်စုယန်က ရှောင်လင်းရှန်ကို ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူသည်။
“ငါက မင်းရဲ့ဆိုင်ဖွင့်ပွဲအတွက် ဝိညာဉ်ဆေးပင်တချို့ ယူလာခဲ့တယ်”
ဘေးတွင်ရှိသောထောင်ကျူးက ပြုံးလိုက်ပြီး ပြောသည်။
“ငါကလည်း ဝိညာဉ်ဆေးပင်တချို့ ယူလာခဲ့တယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျောက်စိမ်းသေတ္တာနှစ်လုံးကို ယူသည်။ သူ့မျက်နှာထား ပြောင်းလဲသွားသည်။
ကျောက်စိမ်းသေတ္တာနှစ်လုံးထဲတွင် ဝိညာဉ်ဆေးပင်အများအပြား ရှိနေသည်။
အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရှစ်သန်းတန်သည်။
ထိုလက်ဆောင်သည် မသေးငယ်ပေ။
“အားလုံးပဲ ဆိုင်ထဲကိုဝင်ပြီး လက်ဖက်ရည်သောက်ပါအုံး။ ဆိုင်က နည်းနည်းသေးတဲ့အတွက် ဆေးလုံးတွေ အများကြီးမရှိဘူး။ အရင်ဆုံး လျှောက်ကြည့်လို့ရပါတယ်”
ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာများကို သိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ချင်စုယန်နှင့် တခြားလူများကို နှုတ်ဆက်သည်။
ချင်စုယန်က ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်သွားသည်။
ချင်စုယန်သည် ကွန်ဖြူးရှပ်တာအိုတွင် သူတော်စင်တစ်ဝက်အဆင့်ဖြစ်ပြီး အာခီမီဆရာသခင်တစ်ဦးလည်း ဖြစ်သည်။ ထောင်ကျူးသည် နန်းမြို့တော်၏ အာခီမီဈေးကွက်ကို တာဝန်ယူထားသည်။
သူတို့၏အဆင့်အတန်းနှင့် တံခါးဝတွင်ရပ်ပြီး မနေသင့်ပေ။
သူတို့၏ဖော်ရွေမှုကို လူတိုင်း မရနိုင်ပေ။
ချင်ဝူယွမ်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး လေးစားသောမျက်နှာထားဖြင့် ဟန်မူယဲ့၏နောက်တွင် ရပ်နေသည်။
သူက ဟန်မူယဲ့၏ လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် ဧည့်သည်များကို ကြိုဆိုနေသည်။
အာခီမီကံကြမ္မာစံအိမ်၏အပြင်ဘက်တွင် လေထုသည် အနည်းငယ်ထူးဆန်းနေသည်။
စောစီးစွာရောက်လာသော အလုပ်သမားများသည် အစီအစဉ်တကျဖြစ်အောင် ကူညီပေးပြီး မြင်းလှည်းများကို စောင့်ကြည့်နေသည်။
သာမန်ဆိုင်ဖွင့်ပွဲနှင့် မခြားပေ။
သို့သော် အာခီမီကံကြမ္မာစံအိမ်၏ရှေ့တွင် စစ်သူကြီးများ၊ အရာရှိများ၊ အာခီမီပညာရှင်များ ရှိနေသည်။
ရှောင်လင်းရှန်ဖိတ်လာသော စစ်သူကြီးများ၏မျက်နှာထားသည် ထူးဆန်းနေသည်။
‘ဟန်မူယဲ့က နန်းမြို့တော်မှာ အဆက်အသွယ်မရှိတဲ့အတွက် ငါတို့က ထောက်ပံ့ပေးရမယ်ဆိုပြီး စစ်သူကြီးရှောင်က ပြောခဲ့တယ်မဟုတ်လား’
‘အာခီမီဌာနကို တာဝန်ယူထားတဲ့ အာခီမီဆရာသခင်တွေတောင် ရောက်လာကြတယ်။ ဆရာသခင်ချင်ဝူယွမ်က သူ့ကို တပည့်တစ်ယောက်အနေနဲ့ အရိုအသေပေးခဲ့တယ်။ ဒါက အဆက်အသွယ်မရှိတာလား’
‘အာခီမီဌာနနဲ့ ဒီလိုမျိုးနီးစပ်နေတဲ့ဆေးဆိုင်ကို ငါတို့က ဘယ်လိုလုပ်ပြီး ထောက်ပံ့ပေးရမှာလဲ’
သို့သော် သေချာတွေးကြည့်လိုက်ပြီး သူတို့က ပြုံးသည်။
နန်းမြို့တော်အစောင့်တပ်များသည် အာခီမီဌာနမှ ဆေးလုံးများပိုရနိုင်ရန် မျှော်လင့်ကြသည်။
ဆေးလုံးများ ပိုလျှံနေသည်ဟူ၍ မရှိပေ။
ရှောင်လင်းရှန်က အသာအယာချောင်းဟန့်လိုက်ပြီး ချင်ဝူယွမ်ကို ကြည့်သည်။ သူစကားမပြောနိုင်ခင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
မြင်းလှည်းနှင့် မြင်းများသည် ဆူညံနေပြီး အလွန်ခမ်းနားသည်။
မြင်းလှည်းတစ်စီးသည် တချွင်ချွင်မြည်သံများနှင့်အတူ ရောက်လာသည်။ ညီညာစွာလမ်းလျှောက်လာသော စစ်သားများလည်း ရှိနေသည်။
‘နန်းမြို့တော်မှာ ချပ်ဝတ်စစ်သားတွေကို အသုံးပြုနိုင်တဲ့လူ ရှိလို့လား’
ထိုစစ်သည်များကို သူတို့ မသိပေ။
“ချီဘုရင်”
အမြင်စူးရှသောလူများက မြင်းလှည်း၏အဆင်တန်ဆာကို မြင်လိုက်ရသောအခါတွင် ထိတ်လန့်စွာ အသံပြုမိသည်။
ရှောင်လင်းရှန်ကလည်း အံ့အားသင့်သွားသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“မင်းက ချီဘုရင်နဲ့ ရင်းနှီးတာလား”
ချီဘုရင် ....
ဟန်မူယဲ့က ချီဘုရင်ကို လူကိုယ်တိုင်မသိသော်လည်း ကြားဖူးသည်။
သူက ရှုရှီဒေသ၏ အနောက်ဘက်မြို့စောင့်တပ်ဘုရင် ဖြစ်သည်။
အနောက်ဘက်မြို့စောင့်တပ်ဘုရင်က ရှုရှီဒေသတွင် ရှိခဲ့သော်လည်း သူနှင့် သူမိသားစုကို နန်းမြို့တော်သို့ ဆင့်ခေါ်၍ ဘုရင်ဘွဲ့ထူး ချီးမြှင့်ခဲ့သည်။ လက်ရှိဘုရင်သည် ချီဘုရင်ကို အလေးထားပြီး ဆက်ခံသူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ချီဘုရင်၏မိသားစုသည် နှိမ့်ချစွာနေထိုင်သော်လည်း အနာဂတ်တွင် အလယ်ပိုင်းကုန်းမြေတိုင်းပြည်၏ အစစ်အမှန်အုပ်ချုပ်သူ ဖြစ်လာနိုင်သည်။
လမ်းမပေါ်တွင် လူများက လမ်းဖယ်ပေးလိုက်ကြသည်။
ထိုပုဂ္ဂိုလ်မျိုးကို လမ်းမပေါ်တွင် ဆယ်နှစ်လျှင်တစ်ကြိမ် မြင်နိုင်ရန် ခက်ခဲသည်။
ပေါင်ကျန်းယွီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လမ်းပျောက်နေသည်။
မြင်းလှည်းသည် အာခီမီကံကြမ္မာစံအိမ်ရှေ့တွင် ရပ်လိုက်သည်။ အစိမ်းရောင်ဝတ်စုံနှင့်လူအချို့သည် လက်ဆောင်သေတ္တာများကို အပေါက်ဝအထိ သယ်လာသည်။
မြင်းလှည်း၏လိုက်ကာစ ပွင့်သွားပြီး နူးညံ့သောမျက်နှာကို ဖော်ပြသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။
ထိုမိန်းကလေးသည် ကြီးပြင်းလာပြီဖြစ်သည်။
ချီဘုရင်၏ဆက်ခံသူ မင်းသမီးယွင်သွမ့် ....
ယွင်သွမ့်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ငါ့အစ်မက လက်ဆောင်ပို့ခိုင်းလိုက်တာ”
ထို့နောက် သူမက လိုက်ကာစကို ပြန်ဆွဲလိုက်ပြီး ထွက်သွားသည်။
ချီဘုရင်၏ အကြီးဆုံးသမီးဖြစ်သူ မင်းသမီးယွင်ကျင်းသည် နန်းမြို့တော်၏အပြင်ဘက်တွင် ရှိနေပြီး
သင်္ဘောပေါ်မှ နတ်မိမယ်ဟု သိကြသည်။
မြင်းလှည်းထွက်သွားသည်အထိ ရှောင်လင်းရှန်က အနည်းငယ်မူးဝေနေသည်။
တခြားလူများက ဟန်မူယဲ့နှင့်မူဝမ်ကို ထူးဆန်းစွာကြည့်သည်။
လူသားလောကတွင် ချီဘုရင်၏မိသားစုသည် အထွတ်အထိပ်တွင် ရှိသည်။
‘အာခီမီကံကြမ္မာဆေးဆိုင်ရဲ့ပိုင်ရှင်က အဲဒီလိုလူမျိုးတွေကို သိနေတာတောင် ဘာဖြစ်လို့ ဆိုင်အသေးလေးပဲ ဖွင့်တာလဲ’
သူတို့ တွေးမိသည်။
ရှောင်လင်းရှန်က တစ်ဖက်သို့ ပြန်လှည့်သည်။ စစ်သူကြီးများက သူကို ထူးဆန်းစွာကြည့်နေသည်။
‘လူအိုကြီးရှောင်က ငါတို့ကို လာကစားနေတာလား’
ဘေးတွင်ရပ်နေသော ပေါင်မင်ချန်က အနီရောင်ပိုးထည်ဖြင့်ကာထားသော နာမည်ပြားကို ကြည့်သည်။
မြို့တော်အစောင့်တပ်၊ အာခီမီဌာန၊ တော်ဝင်မိသားစု ....
လူသားလောကတွင် ထိုအင်အားစုများနှင့် မိတ်ဆွေဖြစ်နိုင်သောလူ သိပ်မရှိပေ။
‘ဆိုင်ရှင်က ဘယ်သူများလဲ’
လေပြေလေညင်းတစ်ခု တိုက်ခတ်လာပြီး အနီရောင်ပိုးထည်၏ထောင့်ကို ပင့်တင်လိုက်သည်။
ပေါင်မင်ချန်က စာလုံးများကို မမြင်လိုက်သော်လည်း လက်မှတ်ကို မြင်လိုက်ရသည်။ သူ့ပခုံးများက တုန်ခါသွားပြီး အော်ဟစ်လုနီးပါး ဖြစ်သွားသည်။
ထိုဆိုင်းဘုတ်ကို ဟွမ်တင်းရှုကိုယ်တိုင် ရေးထားသည်။
ထိုလူသည် လွန်ခဲ့သောနှစ်တစ်ရာခန့်မှစ၍ မည်သည့်အရာကိုမှ မရေးတော့ပေ။
သို့သော် အာခီမီကံကြမ္မာစံအိမ်၏ ပိုင်ရှင်သည် ထိုလူ၏လက်ရေးမူကို ရအောင်ယူနိုင်ခဲ့သည်။
ပေါင်မင်ချန်က ဆိုင်နံရံတွင်ချိတ်ထားသောပန်းချီများကို ပြန်တွေးမိသည်။
ထိုပန်းချီများအားလုံးသည် အစစ်ဖြစ်သည်။
ပန်းချီကားတစ်ချပ်ချင်းစီသည် အဖိုးမဖြတ်နိုင်ပေ။
တချို့အရာများ၏တန်ဖိုးကို ဝိညာဉ်ကျောက်တုံးများဖြင့် မဆုံးဖြတ်နိုင်ပေ။
ဝိညာဉ်ကျောက်တုံးများကပင် ထိုပစ္စည်းများကို မဝယ်နိုင်ပေ။
ဥပမာအနေဖြင့် သခင်နွယ်စိမ်း၏လက်ရာကို ဝိညာဉ်ကျောက်တုံးဖြင့် မဝယ်နိုင်ပေ။
ဟွမ်တင်းရှုက သတ္တုပြားပေါ်တွင် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်ဟု ရေးပေးခဲ့သည်။ ထိုနာမည်ပြားကို ရနိုင်သောလူသည် မည်သည့်လူမျိုး ဖြစ်သနည်း။
“ထင်ထားတဲ့အတိုင်း ဆိုင်က ဒီနေ့ဖွင့်တာပဲ။ ငါနောက်မကျဘူးမဟုတ်လား”
လမ်းတစ်ဖက်မှ အသံတစ်သံထွက်လာသည်။
ဟန်မူယဲ့က လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
ရှောင်လင်းရှန်က မျက်လုံးပြူးသွားသည်။
ပေါင်မင်ချန်က လက်သီးဆုပ်ထားပြီး မျက်လုံးများနီရဲနေသည်။
ဟန်မူယဲ့၏နောက်တွင်ရပ်နေသော ချင်ဝူယွမ်က အသက်ရှူရန် မေ့လျော့သွားသည်။
ဆိုင်ထဲတွင် ဆေးလုံးနှင့်ပန်းချီကားများအား ကြည့်ရှုနေသော ထောင်ကျူးနှင့် ချင်စုယန်က ရှေ့တက်လာပြီး တံခါးဝတွင် ရပ်သည်။
“သခင်နွယ်စိမ်း”
“ရှုဝေ”
ဆိုင်ရှေ့တွင် အာမေဍိတ်သံများကို ကြားနိုင်သည်။
လမ်းတစ်ဖက်တွင်ရပ်နေသော ရှုဝေ၏အငွေ့အသက်များက တည်ငြိမ်နေသည်။ သူက လက်ပွသော အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသည်။ သူက ဆံပင်ကို သပ်ရပ်စွာဖီးထားပြီး မုတ်ဆိတ်များရိတ်ထားသည်။ သူက ခံ့ညားသော သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ဦးဖြစ်သည်။ သူက ကျက်သရေအရှိဆုံးကျောင်းတော်သားမဟုတ်လျှင် တခြားလူများ မဖြစ်နိုင်ပေ။
သခင်နွယ်စိမ်း၊ ရှုဝေသည် ကွန်ဖြူးရှပ်တာအို၏ အသက်အငယ်ဆုံး ဆရာသခင်ဖြစ်ပြီး ကွန်ဖြူးရှပ်တာအို၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အခွင့်အရေးရှိသည်။ သို့သော် သူက အထွတ်အထိပ်သို့ ရောက်နေသောအချိန်တွင် စိတ်ရှုပ်ထွေးသွားခဲ့သည်။