← Chapters

အခန်း (၄၇၃)

Vol. 34 Ch. 473

အခန်း (၄၇၃)

Vol. 34 Ch. 473

ထိုလူပေါ်လာသော နောက်ဆုံးအချိန်သည် လွန်ခဲ့သော နှစ်တစ်ရာတွင်ဖြစ်သည်။

ထိုအချိန်တွင် ရှုဝေသည် မင်ရည်များဖြင့်စွန်းပေနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။ သူက ဆရာသခင်တစ်ဦးနှင့် မတူပေ။

သို့သော် ယခုအချိန်၌ ရှုဝေသည် ဆိုင်ရှေ့တွင် ရပ်နေသော်လည်း သူ့ကို တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

သူက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်များကို ထုတ်ဖော်နေသည်။

“နွယ်စိမ်း၊ မင်းကို မတွေ့ရတာ နှစ်တစ်ရာကျော်နေပြီ”

ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်ဖြစ်သော ချင်စုယန်က ယခင်အတိုင်း ကျက်သရေရှိနေသော ရှုဝေကိုကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“သခင်စုယန်၊ အချိန်အတော်ကြာအောင် စောင့်လိုက်ရတယ်”

ရှုဝေက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာပြောသည်။

အချိန်အတော်ကြာအောင် စောင့်နေခြင်းသည် ဆိုင်ဖွင့်ချိန်ကို ရည်ညွှန်းသည်လား သို့မဟုတ် ပျောက်ဆုံးသွားခဲ့သောနှစ်တစ်ရာကို ရည်ညွှန်းသည်လား မသိနိုင်ပေ။

ရှုဝေက ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ တစ်ဖက်တစ်ချက်တွင်ရှိသော စစ်သူကြီးများက လက်သီးဆုပ်၍ နှုတ်ဆက်သည်။

သခင်နွယ်စိမ်းသည် ကျောင်းတော်သားတစ်ယောက်အနေဖြင့် ဂုဏ်သတင်းရှိသည့်အပြင် တစ်ချိန်က စစ်သည်တစ်သန်းကိုဦးဆောင်၍ ကမ္ဘာတစ်ခုကို သိမ်းပိုက်ခဲ့ဖူးသည်။ သူ၏နည်းဗျူဟာများသည် ထူးချွန်ပြီး တိုက်ပွဲကို အောင်နိုင်ခဲ့သည်။

သူက စစ်တပ်ထဲတွင် ကြာမြင့်စွာမနေခဲ့သော်လည်း သူနှင့်ပတ်သတ်၍ ဒဏ္ဍာရီများရှိနေသည်။

“သခင်ရှု၊ အချိန်အတော်ကြာသွားပြီပဲ ....”

ရှောင်လင်းရှန်က လက်မြှောက်လိုက်ပြီး ညင်သာစွာပြောသည်။

ရှုဝေက ကျယ်လောင်စွာရယ်လိုက်ပြီး ပြောသည်။

“စစ်သူကြီးရှောင်က အရင်တုန်းကအတိုင်း ခံ့ညားနေတုန်းပဲ”

သူက ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်လိုက်ပြီး ပီပြင်စွာပြုံးသည်။

“မင်းက ဆိုင်ရှင်လား”

သူက ဟန်မူယဲ့ကိုကြည်ပြီး မေးသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“မင်းက သူဌေးပေါ့”

ရှုဝေက မူဝမ်ကို ကြည့်သည်။

မူဝမ်က ရှက်ရွံ့သွားပြီး ညင်သာစွာခေါင်းညိတ်သည်။

ရှုဝေက လေးနက်စွာပြောသည်။

“မင်းတို့ထဲမှာ ဘယ်သူက ဆုံးဖြတ်ချက်ချတာလဲ”

ဟန်မူယဲ့က မူဝမ်ကို ကြည့်လိုက်သည်။ မူဝမ်က သူ့ကို ပြန်ကြည့်နေသည်။

“ကျွန်တော်က အပြင်ဘက်မှာ ဆုံးဖြတ်ချက်ချနိုင်တယ်။ သူက အိမ်မှာ ဆုံးဖြတ်ချက်ချတယ်”

ဟန်မူယဲ့က ကျယ်လောင်စွာ ပြောသည်။

ရှုဝေက အားရပါးရ ရယ်သည်။

“အဲဒါက သခင်နွယ်စိမ်းလား”

သိပ်မဝေးသောနေရာတွင် တာအိုတန်ခိုးရှင်ချန်ယွင်က ပေါင်မင်ချန်ကို တီးတိုးမေးသည်။

သူ့ပုံစံသည် ကျက်သရေရှိသော်လည်း သူ့စကားများသည် သိပ်မသင့်တော်ပေ။ ပေါင်မင်ချန်က စိတ်ငြိမ်သွားပြီး ခေါင်းညိတ်သည်။

“သူက သခင်နွယ်စိမ်းပဲ”

သူက ရှုဝေကိုကြည့်လိုက်ပြီး ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်သည်။

“သခင်နွယ်စိမ်းက စိတ်သဘောထားကောင်းပြီး သဘာဝအတိုင်း လေးစားဖို့ကောင်းတယ်”

တာအိုတန်ခိုးရှင်ချန်ယွင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ခေါင်းညိတ်သည်။

‘သဘာဝအတိုင်း လေးစားဖို့ကောင်းတယ်ဆိုတာက ဘာကိုပြောချင်တာလဲ’

သူက နားမလည်သော်လည်း နားလည်ချင်ယောင်ဆောင်ရမည်။

ထိုသို့မဟုတ်လျှင် ပတ်ဝန်းကျင်တွင်ရှိသောလူများက သူ့ကို ပညာမဲ့သည်ဟု ထင်ကြလိမ့်မည်။

“ကြည့်လိုက်။ ဒီမှာ သူတော်စင်တစ်ဝက်အဆင့်၊ အာခီမီဆရာသခင်နဲ့ စစ်သူကြီးတွေ ရှိနေတယ်။ ဒါပေမဲ့ သခင်နွယ်စိမ်းကပဲ ဆိုင်ရှင်နဲ့ ပေါ့ပေါ့ပါးပါး စကားပြောနိုင်နေတယ်”

“သူတော်စင်တွေကလည်း လူသားတွေပဲ။ သူတို့မှာလဲ ခံစားချက်နဲ့ အလိုဆန္ဒတွေ ရှိတယ်”

“သခင်နွယ်စိမ်းက အချစ်စိတ်ကြောင့် စိတ်ရှုပ်ထွေးသွားခဲ့တယ် ....”

ပေါင်မင်ချန်က ညင်သာစွာပြောသည်။ တာအိုတန်ခိုးရှင်ကို ပြောနေသည်လား သူ့ကိုယ်သူ ပြောနေသည်လား မသိနိုင်ပေ။

သိပ်မဝေးသောနေရာတွင် မြင်းလှည်းအချို့ ချဉ်းကပ်လာသည်။

ရှုဝေက လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“မင်းက အဆက်အသွယ်မဆိုးဘူးပဲ။ သူတို့အားလုံး ရောက်လာကြတယ်”

ထိုသို့ဖြင့် သူက နောက်ဆုတ်လိုက်ပြီး ရှောင်လင်းရှန်၏ဘေးတွင် ရပ်သည်။

ရှောင်လင်းရှန်က ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ကြည့်သည်။

လမ်းတစ်ဖက်တွင် မြင်းလှည်းများ ရပ်တန့်သွားသည်။ အရင်ဆုံးဆင်းလာသော လူအိုကြီးသည် ကျောင်းတော်သားဝတ်စုံကို ဝတ်ထားပြီး လက်ထဲတွင် သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားသည်။

“လက်ထောက်ကျောင်းအုပ် ယန်ကျန်းချင်”

ရှောင်လင်းရှန်က အသံပြုမိသည်။

ဟန်မူယဲ့၏ဘေးတွင်ရပ်နေသော ချင်စုယန်က ယန်ကျန်းချင်ကို ကြည့်မိသည်။

ယန်ကျန်းချင်က ပြုံးသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

လူအိုကြီးယန် ....

လုယွီကျိုး၏ခြံဝိုင်းတွင် ပြဿနာရှာရဲသော လူအိုကြီးယန်သည် ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်ဖြစ်ပြီး တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်လည်း ဖြစ်သည်။

သူ့နောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ထားသော လုယွီကျိုးက လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။

သူတို့နောက်တွင် အစိမ်းရောင်ဝတ်စုံဝတ်ထားသော ကျန်းရှုနှင့်အကြီးအကဲအချို့က ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်နှစ်ယောက်နှင့် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်များ ကိုယ်တိုင်ရောက်လာကြသည်။

နန်းမြို့တော်တွင် တော်ဝင်ကျောင်းတော်၏ နာမည်ကြီးဆရာများကို မမြင်ဘူးလျှင်ပင် နာမည်ကို ကြားဖူးလိမ့်မည်။

သူတော်စင်တစ်ဝက်အဆင့် ယန်ကျန်းချင်၏ သက်ဝင်လှုပ်ရှားနေသော လက်ရေးလှပညာရပ်သည် လောကကို ဖိနှိပ်နိုင်သည်။ ထိုအရာသည် သူတော်စင်တစ်ယောက်ဖြစ်လာနိုင်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

သူတော်စင်တစ်ဝက်အဆင့် လုယွီကျိုးသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ကြယ်တစ်စင်းနှင့်အတူပြန်လာပြီး အလယ်ပိုင်းကုန်းမြေတွင် နှစ်ဆယ်ခုမြောက်ဒေသကို ဖန်တီးခဲ့သည်။

ဆရာသခင်ကျန်းရှု၏အရေးအသားသည် လွတ်လပ်ပြီးမဖမ်းဆုပ်နိုင်သောအဆင့်သို့ ရောက်နေသည်။

....

အာခီမီကံကြမ္မာစံအိမ်၏ အပေါက်ဝတွင် ဇူအော်ယုလုံက စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ခါနေပြီး လက်သီးဆုပ်ထားသည်။

တည်ငြိမ်နေသောလူသည် ရှောက်တထျန်းတစ်ယောက်သာဖြစ်လိမ့်မည်။

သူက ထိုလူအိုကြီးများကို လက်သီးတစ်ချက်နှင့်အလဲထိုးနိုင်သည်ဟု ခံစားရသည်။

မြင်းလှည်းများကိုထိန်းသိမ်းနေသော လူငယ်များကြားတွင် လူငယ်တစ်ယောက်က ဆရာသခင်များကိုညွှန်ပြ၍ တီးတိုးပြောနေသည်။

ပေါင်ကျန်းယွီက ပြုံးလိုက်ပြီး ပြောသည်။

“ကံကောင်းလို့ ငါက တော်ဝင်ကျောင်းတော်ကို မသွားခဲ့ဘူး။ မဟုတ်ရင် အခုအချိန်မှာ သေလောက်အောင် အရိုအသေပေးနေရလိမ့်မယ်”

သူက တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ သူ့အားစိုက်ကြည့်နေသော ဦးလေးဖြစ်သူကို မြင်လိုက်ရသည်။

အရိုအသေမဲ့သော သူ့စကားများသည် ဦးလေးကို ဒေါသထွက်သွားစေပုံပေါ်သည်။

“နွယ်စိမ်း”

“ရှုလေး ....”

“လူအိုကြီးရှု၊ မင်းက မသေသေးဘူးပဲ”

မတ်တပ်ရပ်နေသောရှုဝေက ရှောင်လင်းရှန်နှင့်ဟန်မူယဲ့တို့၏ ကျော်ကြားမှုများကို ခိုးယူသွားသည်။

ကွန်ဖြူးရှပ်ကျင့်ကြံသူများအတွက် သူပြန်ပေါ်လာခြင်းသည် ဆိုင်ဖွင့်ပွဲထက် ပိုထိတ်လန့်ဖွယ်ကောင်းသည်။

လုယွီကျိုးက ဟန်မူယဲ့နှင့်ရှုဝေကို ကြည့်နေပြီး ပြုံးလိုက်သည်။ သူက စကားမပြောနိုင်ဘဲ အဆုံးတွင် သစ်သားသေတ္တာကိုသာ ထုတ်ပေးလိုက်သည်။

ကျန်လူများကလည်း လက်ဆောင်ပေးသည်။

ဟန်မူယဲ့က လက်ခံထားလိုက်သည်။

မူဝမ်ကလည်း လက်ဆောင်များကို လက်ခံပေးနေသည်။

သူတို့က ကွန်ဖြူးရှပ်ပညာရှင်များကို အခွင့်ကောင်းယူရန်အတွက် တိုင်ပင်ဖူးသည်။

ဟန်မူယဲ့နှင့်မူဝမ်က တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်သည်။

ယခုအချိန်တွင် အာခီမီကံကြမ္မာစံအိမ်၏ရှေ့၌ တီးတိုးစကားပြောပြီး ရယ်မောနေသော သူတော်စင်တစ်ဝက်အဆင့်နှင့် ဆရာသခင်များမှလွဲ၍ ကျန်လူများက အသက်ပြင်းပြင်း မရှူရဲကြပေ။ ကြည့်ရှုနေသူများကလည်း တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

အာခီမီဌာန၏ အရာရှိအုပ်စုသည် ဆယ်မိုင်အကွာသို့ ပြန်ဆုတ်သွားသည်။

သူတို့က ဆယ်မိုင်အကွာသို့ ပြန်မဆုတ်လျှင် စိတ်ငြိမ်နိုင်မည်မဟုတ်ပေ။

ဧည့်သည်များ ထပ်မလာတော့ကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့နှင့်မူဝမ်က နာမည်ဆိုင်းဘုတ်၏ အနီရောင်ပိုးထည်ကို ဖယ်လိုက်သည်။

“လူအိုကြီးဟွမ်ရဲ့ လက်ရေးလား”

“လူအိုကြီးဟွမ်ကို သူ့မိသားစုက ထိန်းချုပ်ထားတာ။ သူ့ကိုမမြင်ရတာ နှစ်တစ်ရာလောက်ရှိနေပြီမဟုတ်လား”

“သူက အခု အတွင်းစိတ်ကို နေ့တိုင်းကျင့်ကြံနေတာ။ ရှုလေးလိုပဲ စိတ်ရှုပ်ထွေးနေလောက်တယ်”

“လူအိုကြီးဟွမ်ရဲ့အရေးအသားက တိုးတက်လာပြန်ပြီပဲ”

ထိုကွန်ဖြူးရှပ်ပညာရှင်များက အတူတကွရှိနေလျှင် ထိုသို့သာဖြစ်ကြောင်း ဟန်မူယဲ့က နားလည်ထားသည်။ သူက အပြုံးတစ်ခုနှင့်အတူ သူတို့ကို ဆိုင်ထဲသို့ ဖိတ်လိုက်သည်။

“ဘာလဲ။ မင်းက ငါတို့ကို ဆေးလုံးရောင်းချင်လို့လား”

ကျန်းချင်က ခပ်ဟဟရယ်လိုက်ပြီး ချင်စုယန်နှင့်အတူ ဆိုင်ထဲသို့ ဝင်သွားသည်။

“လက်ထောက်ကျောင်းအုပ်ယန်၊ ဒီဆေးလုံးတွေကို ဘယ်လိုထင်လဲ”

ချင်စုယန်က ယန်ကျန်းချင်ကို သစ်သားစင်တစ်ခုဆီသို့ ခေါ်သွားပြီး ထိပ်ဆုံးတွင်ရှိသော ကျောက်စိမ်းပုလင်းများကို ညွှန်ပြသည်။

“သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံး”

ယန်ကျန်းချင်က အံ့အားသင့်သွားပြီး တီးတိုးပြောသည်။

“ဒီဆေးလုံးတွေလည်း ရှိနေတာလား”

အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများအတွက် လိုအပ်သောဆေးလုံးကို ဆိုင်ထဲတွင် ပြထားသည်။

ထိုရတနာမျိုးသည် နှစ်သုံးဆယ်၊ နှစ်ငါးဆယ်ခန့်တွင် တစ်ကြိမ်သာ ပေါ်လာလေ့ရှိသည်။

“ဒီဆေးလုံးကို နောက်ကျရင် ဝယ်လို့ရမလား ကြည့်ရမယ်”

ယန်ကျန်းချင်က ရေရွတ်လိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထပ်ကြည့်သည်။

“တတိယအဆင့်ဆေးလုံး”

သူ့အသံကြောင့် နံရံတွင်ရှိသော ပန်းချီနှင့်လက်ရေးစာများကို လေ့လာနေသည့် ကွန်ဖြူးရှပ်ပညာရှင်များ လှည့်ကြည့်လာကြသည်။

“ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံး၊ မင်းတို့မှာ ဒီဆေးလုံးမျိုးရှိလား”

ယန်ကျန်းချင်က ချင်စုယန်နှင့်ထောင်ကျူးကို လှည့်ကြည့်သည်။

အာခီမီနှင့်ပတ်သတ်လျှင် ထိုနှစ်ယောက်က ကျွမ်းကျင်သည်။

“အာခီမီတာအိုက အတိတ်ကိုပဲ အခြေခံထားတာမဟုတ်ဘူး”

ထောင်ကျူးက ကျောက်စိမ်းပုလင်းကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“ဒီမှာရှိနေရင် လုံလောက်ပြီမဟုတ်လား”

ချင်စုယန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဆရာသခင်ထောင်ကျူးနဲ့ငါက ဒီဆေးလုံးကို စစ်ဆေးကြည့်ခဲ့တယ်။ အနည်းဆုံး တတိယအဆင့်ပဲ”

အနည်းဆုံး ....

ထိုထက် ပိုနိုင်သေးသည်။

လုယွီကျိုးက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ညီအစ်ကို၊ မင်းက ဒီဆေးလုံးကို သန့်စင်ခဲ့တာလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး မူဝမ်ကို ကြည့်သည်။

မူဝမ်က ရှက်သွားသည်။

သူမက စကားမပြောခဲ့ပေ။

သူမ၏အစ်ကိုဟန်နှင့် တူနှစ်ကိုယ်ကျင့်ကြံမှု မလုပ်ခဲ့လျှင် ထိုဆေးလုံးကို သန့်စင်နိုင်မည်မဟုတ်ပေ။

ချင်စုယန်နှင့်ထောင်ကျူးက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာကြည့်သည်။

ဟန်မူယဲ့၏ အာခီမီကျင့်ကြံခြင်းသည် အလွန်နက်နဲကြောင်း သူတို့သိထားသည်။

သို့သော် အမျိုးသမီးကလည်း အာခီမီဆရာသခင်တစ်ယောက် ဖြစ်နေပုံရသည်။

ကျွမ်းကျင်သူများကိုဆွဲဆောင်နိုင်သော တတိယအဆင့်နှင့် စတုတ္ထအဆင့်ဆေးလုံးများအပြင် သတ္တမအဆင့်နှင့် အဌမအဆင့်ဆေးလုံးများလည်း ဆိုင်ထဲတွင် ရှိနေသည်။

စစ်သူကြီးအချို့က ပဥ္စမအဆင့်ဆေးလုံးများကို ဝယ်ယူ၍ သုံးစွဲကြည့်ရန် ပြင်ဆင်နေကြသည်။

ဇူအော်ယုလုံနှင့် ဇူအော်ယုထင်က ဆေးလုံးများကို ထုတ်ပိုးပေးပြီး ဟန်မူယဲ့၏ညွှန်ကြားချက်အတိုင်း ၂၀%လျော့ဈေးယူထားသည်။

တာအိုတန်ခိုးရှင်ချန်ယွင်ကလည်း ဆဌမအဆင့်ဆေးလုံးများကို ဝယ်ယူခဲ့သည်။

“သူဌေးမူ၊ ဒီ သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးက ဘယ်လောက်လဲ”

ထောင်ကျူးက မူဝမ်ကိုကြည့်လိုက်ပြီး မေးသည်။

သူက နန်းမြို့တော်၏ အာခီမီဈေးကွက်ကို တာဝန်ယူထားသောကြောင့် ဈေးကွက်ထဲတွင်ရှိနေသော အဆင့်မြင့်ဆေးလုံးများကို သိထားရမည်။

ထောင်ကျူး၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ငါ့ရဲ့သူငယ်ချင်းလေးက အပြင်ကိစ္စနဲ့ပတ်သတ်ရင် သူဆုံးဖြတ်နိုင်တယ်လို့ ပြောခဲ့တယ်လေ”

ရှုဝေက ရယ်လိုက်ပြီး ထောင်ကျူးကို ညွှန်ပြသည်။

“ဈေးကွက်ထဲမှာ မင်းတန်ဖိုးမသိတဲ့ဆေးလုံးတွေ ရှိသေးလို့လား”

ရှုဝေက ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ပြောသည်။

“သူက ပိုက်ဆံကိုပဲကြည့်တာ။ လူကိုမကြည့်ဘူး။ သူ့ဆီကနေ ပိုက်ဆံညှစ်ထုတ်ဖို့ တုံ့ဆိုင်းမနေနဲ့။ ဈေးသာပြောလိုက်”

ထောင်ကျူးက အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်နေပြီး မငြင်းဆန်ခဲ့ပေ။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။

“အကြီးအကဲ ခြံဝိုင်းထဲမှာ အရင်ထိုင်ပါအုံးလား။ အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာ ဆွေးနွေးလို့ရပါတယ်”

ထိုဆေးလုံးမျိုးသည် ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီ၍ တန်ဖိုးရှိပြီး ချက်ချင်းရောင်းချနိုင်သောအရာမျိုး မဟုတ်ပေ။

ထောင်ကျူးက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက ပတ်ဝန်းကျင်သို့ကြည့်လိုက်ပြီး ဇူအော်ယုထင်၏လမ်းပြမှုအောက်တွင် ခြံဝိုင်းထဲသို့ သွားလိုက်သည်။

သွေးနီရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်ကျန်းချန်က တီးတိုးပြောသည်။

“ငါကလည်း အဲ့ဒီဆေးလုံးကို စိတ်ဝင်စားတယ်”

ထိုသို့ပြောလိုက်ပြီး သူက ခြံဝိုင်းထဲသို့ သွားလိုက်သည်။

တခြားလူများကလည်း စိတ်ဝင်စားသော်လည်း မလှုပ်ရှားခဲ့ပေ။

“ဒီဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးက ....”

ယန်ကျန်းချင်မပြောနိုင်ခင် ထောင်ကျူးနှင့်ကျန်းချန်က ခြံဝိုင်းထဲမှ ထိတ်လန့်စွာပြန်ထွက်လာသည်။

All Chapters