← Chapters

အခန်း (၄၇၆)

Vol. 34 Ch. 476

အခန်း (၄၇၆)

Vol. 34 Ch. 476

လွန်ခဲ့သောလဝက်ခန့်တွင် ဟန်မူယဲ့က သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံး သုံးလုံးကို သန့်စင်ပေးရန်အတွက် လက်ခံခဲ့သည်။

ဆေးလုံးလိုအပ်သောလူက ဝိညာဉ်ဆေးပင်များကို စုဆောင်းပြီးသောအခါတွင် ဝိညာဉ်ကျောက်တုံးတစ်သန်း သို့မဟုတ် နှစ်သန်းကို ပေးလိမ့်မည်။ ဆေးလုံးသန့်စင်ပြီးလျှင် ဝိညာဉ်ကျောက်တုံးနှစ်သန်း ထပ်ပေးရသည်။

ထိုဈေးနှုန်းသည် နန်းမြို့တော်တစ်ခုလုံးတွင် အနိမ့်ဆုံးဖြစ်လိမ့်မည်။

ထို့အပြင် အာခီမီကံကြမ္မာစံအိမ်တွင် သန့်စင်ထားသောဆေးလုံးများသည် နာမည်အကြီးဆုံး တိမ်တိုက်ဆေးလုံးနည်းစနစ်ကို သုံးထားသည်။

တိမ်တိုက်ဆေးလုံးသည် ဆေးလုံးဖြစ်မလာသော စုစည်းနေသည့်တိမ်တိုက်ဆေးလုံးကို ရည်ညွှန်းသည်။ ထိုဆေးလုံးသည် အသုံးပြုရလွယ်ကူပြီး ခန္ဓာကိုယ်ထဲတွင် သန့်စင်နိုင်သည်။

ထိုအာခီမီနည်းစနစ်ကြောင့် ဆရာသခင်ချင်ဝူယွမ်သည် နန်းမြို့တော်တွင် ကျော်ကြားလာသည်။

ထိုအာခီမီနည်းစနစ်ကို ဖန်တီးခဲ့သောလူသည် အာခီမီကံကြမ္မာစံအိမ်၏ ပိုင်ရှင်ဖြစ်ကြောင်း လူအများ သိထားကြသည်။

သို့သော် ထိုအကြောင်းကို သိထားသောလူများသည် အာခီမီကံကြမ္မာစံအိမ်သို့ လာမည်မဟုတ်ပေ။

အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနေ့တွင် အမတ်ချုပ်ကြီးဝမ်အား မြင်ခဲ့ရသောအကြောင်းကို ပြောရဲသောလူ မရှိပေ။

ထိုနေ့တွင် မဟာကျောင်းတော်သားကြီးသည် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပုံရသည်။

ထိုအကြောင်းကို မည်သူမှ မပြောရဲပေ။

အမှာစာလက်ခံထားသောဆေးလုံးများကို သန့်စင်ရန်မလွယ်ကူပေ။ ဝိညာဉ်ဆေးပင်များကို စုဆောင်းနိုင်ရန်အတွက် အခွင့်အရေးလိုအပ်သည်။ နှစ်လ၊ သုံးလအတွင်း၌ ဆေးပင်အားလုံးကို စုဆောင်းနိုင်လျှင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

မူဝမ်က ဆေးလုံးသန့်စင်နိုင်ရန် မျှော်လင့်နေသည်။ သူမ၏အစ်ကိုဟန်နှင့် နောက်တစ်ကြိမ် ပူးပေါင်းနိုင်မည်ဖြစ်သည်။

သာမန်နေ့ရက်များတွင် မူဝမ်က ဆေးလုံးများကို သန့်စင်နေသည်။

ဟန်မူယဲ့က ဆိုင်ထဲရှိစားပွဲခုံတွင်ထိုင်ပြီး ဇူအော်ယုလုံနှင့် ဇူအော်ယုထင်က တံခါးဝတွင် ဧည့်သည်များကို ကြိုဆိုနေလိမ့်မည်။

ဟန်မူယဲ့က ဇူအော်မောင်နှမကို တစ်ရက်ခြားတစ်ခါ နားခွင့်ပြုသည်။

စီးပွားရေးသည် အကန့်အသတ်ရှိပြီး သူတို့က ဆိုင်တွင် အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

သူတို့မောင်နှမက လုပ်စရာရှိသည်များကို သွားလုပ်ကြသည်။

ဇူအော်ယုလုံက တော်ဝင်ကျောင်းတော်တွင် သင်ခန်းစာများကို သွားနားထောင်သည်။ ဇူအော်ယုထင်က တိမ်တိုက်အာခီမီဈေး၏ ကံကောင်းခြင်းအာခီမီစံအိမ်တွင် ပညာသင်တစ်ယောက်အနေဖြင့် သွားခဲ့သည်။

အာခီမီကံကြမ္မာစံအိမ်၏ ပန်းချီကားများကြောင့် ဇူအောယုလုံ၏သမာဓိစွမ်းအားကို သာမန်မျက်လုံးဖြင့်မြင်နိုင်သည်။

ဇူအော်ယုထင်က ကံကောင်းခြင်းအာခီမီစံအိမ်၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာသည်။ သူမက တာအိုတန်ခိုးရှင်ချန်ယွင်၏ သင်ကြားမှုကို လက်ခံနိုင်သည်။

တပည့်လက်ခံလိုက်သောအကြောင်းအရင်းကို ထင်ရှားစွာ မြင်နိုင်သည်။ အာခီမီကံကြမ္မာစံအိမ်ကြောင့် ဖြစ်သည်။

“ဆရာ၊ ဆေးလုံးဝယ်ချင်လို့ပါလား”

ဇူအော်လင်း၏အသံကို တံခါးဝတွင် ကြားနိုင်သည်။

ယနေ့တွင် ဇူအော်ယုထင်က ဆေးလုံးသန့်စင်ရန်အတွက် မူဝမ်ကို ကူညီပေးနေသည်။ ဇူအော်ယုလုံက တော်ဝင်ကျောင်းသို့ သွားသည်။ ဇူအော်လင်းက တံခါးဝတွင် ဧည့်သည်များကို လက်ခံပေးနေသည်။

မူဝမ်က မော့ကြည့်လိုက်ပြီး ပြုံးသည်။

တံခါးဝတွင် လေ့ကျင့်ရေးမှူးလင်းက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ရှိနေသည်။

ဟန်မူယဲ့က လင်းရှန်ကို အလယ်ပိုင်းကုန်းမြေသို့သွားရန် တောင်းဆိုထားခဲ့သည်။

“လေ့ကျင့်ရေးမှူးလင်းရဲ့ကျင့်ကြံခြင်းက ပိုပြီးနက်ရှိုင်းလာပြီပဲ”

ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး ပြုံးသည်။

လင်းရှန်က ဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။

“လင်းရှန်က ဂိုဏ်းတူအစ်ကိုဟန်ကို နှုတ်ဆက်ပါတယ်”

ဇူအော်လင်းက တံခါးဝတွင် ရှိနေသော်လည်း နောက်သို့နည်းနည်းဆုတ်ပြီး နားစွင့်ထားသည်။

သခင်လေးကို ဂိုဏ်းတူအစ်ကိုဟု ခေါ်နိုင်သောလူများသည် သူရန်စနိုင်သောလူများ မဟုတ်ပေ။

သူက တံခါးဝကို စောင့်ကြပ်ရန်အတွက်သာ တာဝန်ယူရမည်။

သူက တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါတွင် ငါးကြီးနှစ်ကောင်နှင့် ပျော်ရွှင်စွာပြန်လာသော ရှောက်တထျန်းကို မြင်လိုက်သည်။

သူက လကြည့်ရေကန်တွင် ငါးသွားဖမ်းပြန်သည်။

စွေ့စွေ့က ငါးနှစ်ကောင်ကို ပျော်ရွှင်စွာယူလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

မူဝမ်က လင်းရှန်ကို မြင်လိုက်ရသောကြောင့် ပျော်ရွှင်နေသည်။

နေ့လယ်ပိုင်းတွင် စွေ့စွေ့နှင့်ရှောက်တထျန်းက ငါးဟင်းနှင့်ငါးစွပ်ပြုတ်များကို ယူလာခဲ့သည်။

လူတိုင်းက ထိုင်စားလိုက်ကြပြီး စွေ့စွေ့၏ငါးဟင်းကို ချီးကျူးလိုက်သည်။

နေ့လယ်စာ စားပြီးသောအခါတွင် လင်းရှန်က ဟန်မူယဲ့ဆီသို့လျှောက်လာပြီး တီးတိုးပြောသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ကျွန်တော်က စစ်တပ်ထဲကို ဝင်ရောက်ချင်ပါတယ်”

ဟန်မူယဲ့က သူ့ကိုမော့ကြည့်သည်။

“အခု မူလမီးတောက်ကမ္ဘာမှာ စစ်ပွဲမရှိတော့ဘူး။ အနောက်ဘက်နယ်စပ်ကုန်းမြေက အတော်လေး ငြိမ်းချမ်းနေတယ်။ တောင်ပိုင်းကုန်းမြေက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီ”

လင်းရှန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဓားရိုးကို ကိုင်သည်။ သူက ညင်သာစွာ ပြောသည်။

“ကျွန်တော်က မတိုက်ခိုက်ဘူးဆိုရင် အတားအဆီးနဲ့ကြုံရမယ်လို့ ခံစားနေရတယ်”

ကျင့်ကြံခြင်းနှင့် ဓားရေးသည် ညတွင်းချင်းနားလည်နိုင်သောအရာမျိုး မဟုတ်ပေ။

အပြင်လူများသည် ဓားကျင့်ကြံသူများ၏ ကျွမ်းကျင်သောဓားနည်းစနစ်ကိုသာ မြင်ကြသည်။ သို့သော် နေရာညပါ မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သောအချိန်များကို မမြင်နိုင်ကြပေ။

လင်းရှန်က ပါရမီကောင်းသောလူတစ်ယောက် မဟုတ်ပေ။ သူ့တွင် ကြိုးစားအားထုတ်မှုသာ ရှိသည်။

ဓားကို အကြိမ်ရေတစ်သန်းဆွဲထုတ်ပြီး တောင်တန်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးမည်။

ယခုအချိန်တွင် သူ့ကျင့်ကြံခြင်းသည် ကမ္ဘာမြေ ရွှေအမြုတေအဆင့်တွင် ရှိသော်လည်း ကျောက်စိမ်းအရိုးများနှင့် ပေါင်းစပ်ထားသည်။ သူက ဓားတာအို၏တိုက်ခိုက်နိုင်စွမ်းဖြင့် ဝိညာဉ်သူငယ် တတိယအဆင့်အောက် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။

“ကောင်းပြီလေ”

လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာရှိသည်။

လေ့ကျင့်ရေးမှုးလင်းနှင့် လုကောတို့သည် ဓားစံအိမ်မှဖြစ်သော်လည်း ကိုယ်ပိုင်လမ်းစဉ်ရှိလိမ့်မည်။

လေ့ကျင့်ရေးမှူးလင်းက စစ်တပ်သို့ ဝင်ရောက်မည်ဟု ကြားလိုက်ရသောအခါတွင် မူဝမ်က ဆဌမအဆင့်နှင့် သတ္တမအဆင့်ဆေးလုံးများကို လျင်မြန်စွာထုတ်ပေးသည်။

လင်းရှန်က မငြင်းပေ။

မူဝမ်က ဂိုဏ်းတူအစ်ကိုဟန်ဆီသို့ ပေးခဲ့သည်။

ဂိုဏ်းတူအစ်ကိုဟန်၏ လက်ဆောင်များကို ဓားစံအိမ်တွင်ရှိသောလူများက မငြင်းဆန်ရပေ။

သူက ဂိုဏ်းတူအစ်ကိုဟန်၏လက်ထဲတွင် အသက်ကိုပါ အပ်ထားနိုင်သည်။ ဂိုဏ်းတူအစ်ကိုဟန်က သူ့ကို ဆုချီးမြှင့်ပြီး လက်ခံထားလိမ့်မည်။

လင်းရှန် ထွက်သွားသောအခါ မူဝမ်က ဆိုင်အပေါက်ဝတွင် ရှုပ်ထွေးသောမျက်နှာထားဖြင့် ရပ်နေသည်။

“ဘာဖြစ်လို့လဲ”

ဟန်မူယဲ့က ရှေ့တက်လာပြီး ညင်သာစွာမေးသည်။

“အစ်ကိုဟန်၊ ကျွန်မ စာကြည့်တိုက်ကို သွားကြည့်ချင်တယ်”

မူဝမ်က တီးတိုးပြောသည်။

အာခီမီဌာနသည် အာခီမီကျင့်ကြံသူများအတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။ ထိုနေရာသည် အလယ်ပိုင်းကုန်းမြေ၏ အာခီမီကျင့်ကြံသူများ စုဝေးရာဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေမှ မူမိသားစု၏ အာခီမီစံအိမ်အသေးသည် ရှေးခေတ်မှတ်တမ်းများအတိုင်း တည်ဆောက်ထားသည်။

သို့သော် အာခီမီဌာန၏ စာကြည့်တိုက်နှင့် မယှဉ်နိုင်ပေ။

ဟန်မူယဲ့က မူဝမ်ကို ကျောက်စိမ်းပြားပေးထားသောကြောင့် စာကြည့်တိုက်သို့ သွားနိုင်သည်။

“ကောင်းပြီလေ။ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဇူအော်ယုထင်ကို အနားပေးလိုက်သည်။ သူက ဆိုင်ပိတ်ပြီး ဆိုင်ရှင်အပြင်ထွက်သွားကြောင်း ဧည့်သည်များကိုပြောရန်အတွက် ရှောက်တထျန်းနှင့်စွေ့စွေ့ကို မှာကြားခဲ့သည်။

ဟန်မူယဲ့နှင့်မူဝမ်က နန်းမြို့တော်တွင် ဆေးဆိုင်ဖွင့်ရန်အတွက် ရောက်လာခြင်းဖြစ်သည်။

မူဝမ်နှင့်ဟန်မူယဲ့က မြင်းလှည်းပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်နေသည်။ ဇူအော်လင်းက ကြာပွတ်ကိုလှုပ်ရှားလိုက်ပြီး မြင်းလှည်းကို မြို့အထက်ပိုင်းသို့ မောင်းသည်။

မူဝမ်က ရှုပ်ထွေးသောမျက်နှာထားဖြင့် အပြင်ဘက်တွင်ရှိသော ပြောင်းလဲနေသည့်မြင်ကွင်းများကို ကြည့်နေသည်။

မျက်နှာချင်းဆိုင်တွင်ရှိနေသော ဟန်မူယဲ့က ညင်သာစွာပြောသည်။

“ညီမမူ၊ ဒီနေ့ဆေးလုံးသန့်စင်တဲ့အချိန်မှာ အဆင်မပြေလို့ စိတ်မကောင်းဖြစ်နေတာလား”

ယနေ့တွင် သူမက နောက်ဆုံးဆေးလုံးများကို သန့်စင်ခဲ့ပြီး ဝိညာဉ်မီးတောက်က မတည်ငြိမ်သောကြောင့် ဆေးလုံးများကို အတင်းအကျပ် စုဆောင်းခဲ့ရသည်။ နောက်ဆုံးထွက်လာသော ဆေးလုံးနှစ်လုံးသည် အရည်အသွေးအလွန်ညံ့သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က သူ့ကိုလှည့်ကြည့်ပြီး ပြုံးသည်။

“အာခီမီမှာ အမြဲတမ်း အမှားအယွင်းတွေ ရှိနေတာပဲ။ ဒီလောကမှာ ပြီးပြည့်စုံတဲ့အရာမျိုး မရှိဘူးလေ”

သူမက ထိုသို့ပြောလိုက်သော်လည်း မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်။

‘ဒီလောကမှာ တကယ်ပဲ ပြီးပြည့်စုံနေတာမျိုး မရှိဘူးလား’

သူမက ပြုံးပြနေသော အစ်ကိုဟန်ကို မော့ကြည့်သည်။

‘အစ်ကိုဟန်ကရော’

‘ဓားတာအို၊ အာခီမီတာအို၊ ကွန်ဖြူးရှပ်တာအို၊ ဝိညာဉ်စွမ်းအာ၊ ကျင့်ကြံခြင်း အရာအားလုံးမှာ ငါ့ထက်ပိုပြီး ကျွမ်းကျင်တယ်’

‘ဒီလိုလူမျိုးက ပြီးပြည့်စုံတာလား’

‘ဒီလိုလူမျိုးနဲ့ဆိုရင် ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကို ရနိုင်မှာလား’

မူဝမ်က ဤနေ့ရက်များတွင် အိပ်မက် မက်နေသည်ဟု ခံစားရသည်။

အိမ်မက်မှ နိုးလာသောအခါတွင် အစ်ကိုဟန်ပျောက်ဆုံးသွားမည်ကို သူမ ကြောက်နေသည်။

နာရီဝက်အကြာတွင် မြင်းလှည်းသည် ရင်ပြင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။

ရင်ပြင်တွင် လူများနှင့်ပြည့်နေသည်။

သူတို့အားလုံးသည် ဆေးလုံးနှင့် မီးခိုးနံ့များထွက်နေသော အာခီမီကျင့်ကြံသူများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

လူတချို့သည် ရင်ပြင်တွင်ထိုင်၍ ဆေးလုံးသန့်စင်နေသည်။ လေ့လာနေသောလူများရှိလျှင်လည်း ဂရုမစိုက်ပေ။

လူတချို့၏ရှေ့တွင် မီးပြင်းဖိုများ၊ စာအုပ်များ၊ ဝိညာဉ်ဆေးပင်များ ရှိနေသည်။

လူနှစ်ယောက်၊ သုံးယောက်စု၍ ဆွေးနွေးနေသောလူများလည်း ရှိသည်။

အာခီမီဌာနတွင် ရှေးခေတ်မှတ်တမ်းများ သိမ်းဆည်းထားပြီး အာခီမီကျင့်ကြံသူများ၏အဆင့်ကို ဆုံးဖြတ်ပေးသည်။ ဤနေရာတွင် ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များကိုလည်း ဝယ်ယူနိုင်သည်။ ထို့ကြောင့် လူများနှင့်ပြည့်နေသည်။

ဇူအော်လင်းက ရင်ပြင်၏အပြင်ဘက်တွင် မြင်းလှည်းကို ရပ်လိုက်သည်။ ဟန်မူယဲ့က မြင်းလှည်းပေါ်မှဆင်းလာပြီး မူဝမ်ကိုအဖော်ပြု၍ စာကြည့်တိုက်သို့ သွားလိုက်သည်။

ရင်ပြင်တွင် လူအများအပြားရှိနေပြီး သူတို့က လမ်းမသိပေ။

“မင်းတို့က အာခီမီဌာနကို ပထမဆုံးရောက်လာတာလား”

သူတို့နောက်မှ အသံတစ်သံထွက်လာသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရင်ဘတ်တွင် အာခီမီတံဆိပ်ပြားရှိသော အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ကို မြင်ရသည်။

လူငယ်က ပိန်ပါးပြီး ပြုံးနေသည်။ သူက မူဝမ်ကိုကြည့်လိုက်ပြီး ဘေးတွင်ရှိသော ဟန်မူယဲ့ကို တစ်ချက်ကြည့်သည်။ သူက ဟန်မူယဲ့ကို ဂရုမစိုက်ခဲ့ပေ။

သူတို့နှစ်ယောက်က ကျောင်းတော်သားဝတ်စုံ၊ အာခီမီပညာရှင်ဝတ်စုံများကို ဝတ်မထားပေ။ သူတို့က သာမန်ပင် ဖြစ်လိမ့်မည်။

သူတို့နှစ်ယောက်ထဲတွင် မူဝမ်ဆီမှ အားပြင်းသောမီးခိုးချီများ ထွက်ပေါ်နေသည်။ သူမက အာခီမီကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဤနေရာသည် အာခီမီကျင့်ကြံသူများ စုစည်းရာဖြစ်သည်။

“အသိအမှတ်ပြုတံဆိပ်ရ အာခီမီပညာရှင်တွေရဲ့ခန်းဆောင်က ဘယ်ဘက် ငါးမိုင်အကွာမှာ ရှိတယ်။ မင်းတို့က ဝိညာဉ်ကျောက်တုံးသုံးထောင်ကို အရင်ပေးရလိမ့်မယ်”

“ဝိညာဉ်ဆေးပင်ရောင်းဝယ်ခြင်းဌာနက ညာဘက် သုံးမိုင်အကွာမှာရှိတယ်။ အဲ့ဒီမှာ ဆိုင်ဖွင့်ချင်ရင် ဝိညာဉ်ကျောက်တုံးတစ်ထောင် ကုန်လိမ့်မယ်။ အခုအချိန်မှာတော့ နေရာလွတ်တွေ မရှိလောက်တော့ဘူး။ ဒါပေမဲ့ မင်းတို့ အဲဒီကို သွားကြည့်လို့ရတယ်”

လူငယ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။

မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“စာကြည့်တိုက်က ဘယ်မှာလဲ”

ဟန်မူယဲ့က မေးသည်။

“စာကြည့်တိုက်လား”

လူငယ်က အံ့အားင့်သွားပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။

All Chapters