← Chapters

အဓိက တပည့်ပြိုင်ပွဲ (၂)

Vol. 1 Ch. 12

အဓိက တပည့်ပြိုင်ပွဲ (၂)

Vol. 1 Ch. 12

 ဟန်ယုသည်လည်း ဝေ့ဝူယင်၏ အဖွဲ့မှပင် ဖြစ်ကာ ဝေ့ဝူယင် အဓိက တပည့်ဖြစ်ပြီး လအနည်းငယ် အတွင်းမှာပင် လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ သူသည် လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ ရှင်းလင်းသည့် ခရီးစဥ်တွင် ချူရန်နှင့် အတူ ဒုတိယ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ချီပျစ်ခဲခြင်း အဆင့်တစ် “ချီဖန်တီးခြင်း” ပင် ဖြစ်၏။

ဟန်ယုသည် ချီစွမ်းအင်ကို ထူးခြားစွာ မွေးဖွားနိုင်သော မြင့်မြတ်သည့် သွေးမျိုးဆက် တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုသွေးမျိုးဆက်ကြောင့်ပင် သူ၏ ချီနှလုံးသားသည် ရေချီနှလုံးသား အဖြစ် အသွင်ပြောင်းခဲ့ပြီး ဖြစ်သည်။

၎င်း၏ စစ်မှန်သော စွမ်းရည်မှာ ဒြပ်စင်မွေးဖွားခြင်း အဆင့်ကို မရောက်မချင်း ပေါ်ထွက် လာဦးမည် မဟုတ်သေးသော်လည်း ဟန်ယုသည် ရေကို အခြေခံသည့် ချီကျင့်စဥ်များကို အပြုံးပြုနိုင်ဆဲ ဖြစ်သည်။ ထိုကျင့်စဥ်များဖြင့် သူသည် ရေထဲ၌ အသက်ရှူနိုင်သလို ရေနေ မွန်းစကား တစ်‌ကောင် ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းအောင်လည်း တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထို့အကြောင်းကြောင့်ပင် ဝေ့ဝူယင်သည် သူ့အား အမြဲတမ်း အလေးအနက်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတစ်ယောက်မှာမူ မိန်းကလေး တစ်ယောက် ဖြစ်၏။ သူမ၏ ဆံနွယ်နှင့် မျက်လုံးများမှာ နက်ညိုရောင် အဆင်း ရှိသည်။ သူမ၏ မျက်လုံးများသည် ဘာမှ မရှိသည့် နေရာအလွတ် တစ်ခုသို့ ငေးကြည့်နေသည့်တိုင် စူးရှကာ တည်ငြိမ်နေသည်။ သူမသည် မည်သူ၏ အဖွဲ့မှ မဟုတ်သော်လည်း ဝေ့ဝူယင်သည် သူမအား မှတ်မိပါသည်။

သူမ၏ နာမည်က ချွီကွေ့ ဖြစ်၏။ ဝေ့ဝူယင် မှန်မိသလောက် ဆိုလျှင် သူမ၏ နောက်ခံသမိုင်းမှာ ဖြောင့်ဖြူးခြင်း မရှိလှချေ။ ဝေ့ဝူယင် ကဲ့သို့ပင် သူမသည် နာမည်ခံ တပည့် တစ်ယောက် အနေဖြင့် ကျင့်ကြံခြင်းကို စတင်ခဲ့ရသည်။ သို့သော်လည်း သူမသည် ထိုကဲ့သို့ ဝင်ရောက်ခွင့် ရရန် အတွက် အပြင်စည်း တပည့် တစ်ယောက်နှင့် ထိန်းမြားခဲ့ရသည်။ မကြာခင်တွင်ပင် ထိုတပည့်မှာ ထူးဆန်းသော အခြေအနေ တစ်ခုဖြင့် သေဆုံးသွားခဲ့ပြီး ဆိုးရွားသော ကောလဟာလများစွာပင် ပျံ့နှံ့ခဲ့သည်။

ထိုကဲ့သို့ ရှုပ်ထွေးမှုများကြောင့် များစွာသော လူများမှာ သူမအား စည်းရုံးသိမ်းသွင်းခြင်းမျိုး မရှိခဲ့ကြချေ။ ထိုအချိန်၌ ဝေ့ဝူယင်သည် အဓိက တပည့်အသစ် တစ်ဦး အနေဖြင့် သူ၏ အဖွဲ့ကို ဘာမျှ မရှိသော အခြေအနေမှ ထူထောင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် သူမအား စည်းရုံးရန် ကြိုးစားခဲ့သည်။

သူမသည် သူ့အား ငြင်းပယ်ခဲ့ပါသည်။

လူတိုင်း၌ ကိုယ်ပိုင် ဇာတ်ကြောင်းများ ရှိကြောင်း ဝေ့ဝူယင် သိထားသည်။ ထို့ကြောင့်ပင် သူမအား ဖိအားပေးခြင်းမျိုး မပြုလုပ်ခဲ့ချေ။ အဖွဲ့တစ်ခုအတွင်းသို့ ပူးပေါင်းမည် ဆိုပါက စိတ်အား ထက်သန်ခြင်းနှင့် တူညီသော ရည်မှန်းချက် ရှိခြင်းတို့ လိုအပ်ပေသည်။

ဝေ့ဝူယင်က ညင်သာစွာပင် သက်ပြင်းချလိုက်၏။

“ကျုပ်တို့နောက်မှပဲ အေးအေးဆေးဆေး ဆက်ပြောကြတာပေါ့ အကြီးအကဲကျိ...”

သူက ပြောကာ ထွက်ခွာသွားသည်။ အကြီးအကဲကျိမှာမူ မည်သို့မျှ ပြန်မပြောပဲ ခေါင်းတစ်ချက်သာလျှင် ညိတ်လိုက်လေ၏။

တိုက်ပွဲကွင်းပြင်ကြီး၏ အလယ်ရှိ စင်မြင့်ကို ရောက်ရှိလာပြီးနောက် ဝေ့ဝူယင်သည် အကြီးအကဲပိုင်နှင့် အခြား ပုံရိပ်အနည်းငယ်ကို တွေ့မြင်လိုက်ရသည်။ အကြီးအကဲပိုင်သည် အိုမင်းကာ ဆံပင်များ ဖြူဆွတ်နေသည့် အဘိုးကြီး တစ်ယောက် ဖြစ်သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အလွှာတွင် ရှိသည်။ သူ၏ မျက်လုံးများသည် အသက်ကင်းမဲ့နေသောလည်း စိတ်ကူးထဲရှိ အရာများကို မွေးထုတ်ပေးနိုင်ဟန် ရသည်။

ဝေ့ဝူယင်သည် ရောက်ရှိနှင့်ပြီးသော အဓိက တပည့်များကို စိတ်ကူးထဲမှ ရေတွက်လိုက်သည်။ စုစုပေါင်း ရှစ်ယောက် ဖြစ်ကာ သူကား နောက်ဆုံး ဖြစ်သည်။

တောက်ကွေ့သည် အရပ် နှစ်မီတာခွဲခန့် မြင့်မားကာ သန်မာ ထွားကြိုင်းသည့် လူ့ဘီလူးကြီး ဖြစ်သည်။ သူ၏ လက်ထဲရှိ စစ်ပွဲသုံးတူကြီးသည် ရွှေဖြင့် ပြုလုပ်ထားကာ သတ္တု ဒြပ်စင် စွမ်းအင်များဖြင့် တုန်ရီယိမ်းထိုးနေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ  ထိုလက်နက်ကို အချိန် အတန်ကြာ စိုက်ကြည့်မည် ဆိုပါက သူ၏ မျက်လုံးများ နာကျင်သွားရပေလိမ့်မည်။

ကျူးလန်မှာမူ တည်ငြိမ်သော အမူအရာဖြင့် ရှိနေသော်လည်း လူတိုင်း၏ အာရုံစိုက်မှုကို ခိုးယူထားသည်။ သူမ၏ လှပသော မျက်နှာနှင့် အချိုးအစား ကျနသော အမျိုးသမီး ပိုင်ဆိုင်မှုများမှာ လူအုပ်ထဲရှိ ယောကျ်ားသား အားလုံး၏ အကြည့်များကို ဆွဲငင်ထားသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ သူမအား ကြည့်ကာ တဒင်္ဂမျှ တောက်ပသွား၏။

“သူက ဒြပ်စင်မွေးဖွားခြင်း အဆင့်ကို ရောက်သွားပြီ... စိတ်ဝင်စားစရာပဲ”

တောက်ကွေ့နှင့် ကျူးလန်တို့ အပြင် ဝေ့ဝူယင်သည် အခြား မိန်းကလေး လေးယောက်နှင့် ယောက်ျား နှစ်ယောက်တို့ကိုပါ တွေ့မြင်ရသည်။

ဟယ်လုံသည် အနက်ရောင် ဆံပင်နှင့် အနက်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ချောမောသော လူငယ် တစ်ယောက် ဖြစ်သည်။ သူသည် ကျောထက်၌ ဓားတစ်ချောင်းကို ထမ်းပိုးထား၏။ တောက်ကွေ့၏ လက်နက် ကဲ့သို့ပင် ဟယ်လုံ၏ ဓားမှာလည်း သဘာဝကို ကျော်လွန်သည့် အရှည် ရှိပေသည်။

အသက် ငါးဆယ်ပြည့်ခါနီး မေ့မေ့မှာမူ ဂိုဏ်း၏ သက်တမ်း အရှည်ကြာဆုံး အဓိက တပည့် ဟု ဆိုနိုင်ပေသည်။ သူမသည် အရွယ်တင် လှပစေသည့် ကျင့်စဥ်များကို ကျင့်ကြံထားသော်လည်း သူမ၏ အသက်မှာ ခန္ဓာ၌ ပေါ်လွင်နေသည်။

သူမသည် သေးသွယ်သော ခန္ဓာကိုယ်နှင့် အညိုရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားကာ အရပ် ငါးပေ ငါးလက်မခန့် ရှိသည်။ သူမ၏ မျက်နှာပေါ်၌ တင်းတိပ် ကဲ့သို့ သဘာဝ အစက်အပျောက် အချို့ ရှိသော်လည်း ထိုအရာကပင် သူမ၏ အလှတရားကို ထပ်မံ ဖြည့်စွက်နေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆွဲဆောင်မှု အရှိဆုံး အရာမှာ နူးညံ့သော ထိတွေ့မှုများ ပါဝင်နေသည့် နှုတ်ခမ်းလွှာအစုံပင် ဖြစ်လေသည်။

သူမက ဝေ့ဝူယင်ကို ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်၏။ သူမသည် ချီပျစ်ခဲခြင်း အဆင့်နှစ်၌သာ ရှိနေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က မေ့မေ့ကို ပြန်လည် ပြုံးပြလိုက်သည်။

ဂိုဏ်း၏ အဓိက တပည့်များထဲ၌ ဝေ့ဝူယင်သည် ရန်သူများ၊ မဟာမိတ်များကို ပိုင်ဆိုင်ထားကာ မေ့မေ့မှာ သူ၏ မဟာမိတ် ဖြစ်သည်။ အပြင်စည်းနှင့် အတွင်းစည်း တပည့် ဘဝ၌ သူသည် သူမ၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့သည်။ ဝေ့ဝူယင်သည် ပထမ၌ မေ့မေ့ကို အမကြီး တစ်ယောက်သဖွယ်သာ ဆက်ဆံခဲ့သည်။ သို့သော်လည်း သူ၏ အိပ်ယာပေါ်သို့ သူမ ရောက်ရှိလာသည့် ညတစ်ညမှ စတင်၍ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ ပိုမို ခိုင်မြဲလာခဲ့သည်။ ဝေ့ဝူယင်သည် ထိုမိန်းမ အပေါ်၌ ကောင်းမွန်သော သဘောထား အမြင်တစ်ခု ရှိပေသည်။

ရှုယန်နှင့် ရှုယင်တို့သည် အမွှာများဖြစ်ကာ အတူတကွ ရပ်နေကြသည်။ သူတို့ နှစ်ယောက်စလုံးမှာ အရပ်အမြင့်၊ မျက်နှာ ဖွဲ့စည်းပုံတို့ တူညီကြကာ ညိုစိမ့်စိမ့် အသားအရောင်၊ အညိုရော် မျက်လုံးတောက်တောက်များဖြင့် ကြည့်ကောင်း ကြပေသည်။

သူတို့နှစ်ယောက်သည် နေသွေးနီနီဂိုဏ်း၏ မဟာမိတ် အဖွဲ့တစ်ခု ဖြစ်သည့် ရှုကလန်မှ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဝေ့ဝူယင်သည် သူတို့ နှစ်ယောက် အပေါ် အမြင်ကောင်းများ ရှိခဲ့သည်။ သို့သော်လည်း တစ်နေ့၌ ရှုယင်နှင့် စကားပြောဆိုနေစဥ် ရှုယန်မှာ သူ့အား ဘာမပြော ညာမပြော ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်။

ရှုယန်မှာ သူနှင့် ရှုယင်တို့ နီးကပ်သွားမည်ကို မနာလိုခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် သိသည်။ ထိုမောင်နှမ နှစ်ယောက် အကြား၌ ထူးဆန်းပြီး အဓိပ္ပာယ် မဖွင့်ဆိုနိုင်သည့် သွေးရင်းချင်း စပ်ယှက်သော ဆက်ဆံရေးမျိုး ရှိပေသည်။ ဂိုဏ်းအတွင်းရှိ လူအများစုကမူ ရှုယန်မှာ ရှုယင်နှင့် ပတ်သက်လာလျှင် အပို လုပ်လွန်းသည်ဟု ယူဆကြသည်။

ရှုယန်က ရှုံ့ချလိုသော မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို စူးစူးရှရှ လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင်က ရှုယန်၏ သူ့အပေါ် သဘောထား အပေါ် ရိပ်မိ‌သော်လည်း ရယ်၍သာ နေလိုက်သည်။ မည်သို့ပင် ဆိုစေ သူတို့ နှစ်ယောက် အကြား၌ ကြီးမားသော ရန်ငြိုးရန်စ မရှိပါချေ။

ရှုယင်နှင့် ရှုယန်တို့ နှစ်ယောက်စလုံးသည် ချီပျစ်ခဲခြင်း အဆင့်နှစ်တွင် ရှိနေကြပေသည်။

လက်ကျန်နှစ်ယောက်မှာ ခွန်အားအရ အဓိက တပည့် စာရင်းတွင် နံပါတ်တစ်နှင့် နံပါတ်နှစ် ချိတ်ကြသူများ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးသည် ဒြပ်စင် မွေးဖွားခြင်း အဆင့်များတွင် ရှိနေကြသည်။

ရန်ကျူးသည် အနက်ရောင် ဆံပင်တိုကို ပိုင်ဆိုင်ထားကာ အလင်းသံချပ်ကာမှာ သူမအား ခပ်ကြပ်ကြပ် ပွေ့ဖက်ထားသည်။ သူမသည်လည်း သြချရလောက်သည့် အမျိုးသမီး အစိတ်အပိုင်း အချို့ကို ပိုင်ဆိုင်ထားသည်။  သူမ၏ လက်တစ်ဖက်ကမူ လှံတစ်စင်းကို ဒေါင်လိုက် ကိုင်ဆောင်ထားသည်။ သူမည် ထိုနေရာ၌ ရပ်နေသည့်တိုင် ကောင်းကင်ဘုံ၏ အစောင့်တစ်ယောက် အလား ထင်မှတ်မှားရသည်။

ထိုမိန်းမကား ဆက်ဆံရ ခက်ခဲသော မိန်းမတစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် သူမနှင့် ဆက်ဆံရေး တစ်ခု ထူထောင်ရန် မကြိုးစားခဲ့ချေ။

အခြားတစ်ယောက်ကား စုန်းမဟု တင်စားကြသည့် လမ့်ရ ဖြစ်သည်။ သူမသည် အနက်ရောင် အသားအရေ၊ အဖြူနှင့် အညိုစပ်သော ဆံပင်ရှည် ပိုင်ဆိုင်ထားပြီး စိတ်ကူး ပုံဖော်၍ ရနိုင်သည် အထိ အလွန် ပါးလျသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လုံးလုံးဝန်းဝန်း ရင်သားကြီးများနှင့် ပြီးပြည့်စုံစွာ ဖွဲ့စည်းထားသော တင်ပါး အစုံမှာ ကြည့်ရှုရန် အလွန် အရသာ ရှိလှသည်။ လိင်ပိုင်းဆိုင်ရာ အမြင်ဖြင့် ကြည့်ပါက ဂိုဏ်းတစ်ခုလုံးတွင် သူမလောက် ပြီးပြည့်စုံသော မိန်းမ မရှိချေ။

ဝေ့ဝူယင်ပင်လျှင် သူမအား မကြည့်ရန် ဆုံးဖြတ်ထား၏။ ထိုမိန်းမသည် ထူးခြားသည့် ချီကျင့်စဥ် တစ်ခုကို ကျင့်ကြံထားကာ ထက်ထန်ကြမ်းတမ်းသည့် ရန်ကျူးထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းပေသည်။ အကယ်၍ သင်သာ သူမအား ချဥ်းကပ်ရန် ကြိုးစားပါက မည်သို့မည်ပုံ မသိရပဲ အသက်ထွက် သွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ရောက်ရှိလာပြီးနောက် အကြီးအကဲပိုင်က ခေါင်းညိတ်လိုက်၏။

“ကဲ... အဓိက တပည့်တွေလည်း စုံပြီဆိုတော့ ပြိုင်ပွဲကို စလိုက်ကြတာပေါ့”

သူ၏ စကားကြောင့် လူအုပ်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။ ဤအချိန်ကား အစုအဖွဲ့များနှင့် အာဏာများ အပြောင်းအလဲ ဖြစ်မည့် အချိန် ဖြစ်ပေသည်။

ပြိုင်ပွဲ စတင်ကြောင်း ကြေညာပြီးနောက်၌...

အဓိကတပည့်အားလုံး၏ အမူအရာများမှာ တည်ငြိမ်သွားကြသည်။ ရန်ကျူးမှာ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ အဓိက တပည့်များ အကြားတွင် ကျင့်ကြံခြင်း အခြေခံနှင့် ပင်ကိုယ် စွမ်းရည် အမြင့်ဆုံး တစ်ယောက် အနေဖြင့် သူမသည် စိန်ခေါ်ခံရမည်ကို စိုးရိမ်စရာ မလိုချေ။

လမ့်ရသည် မျက်လုံးကို ဆွဲဆောင်မှု ရှိစွာ ပင့်တင်ရင်း ဟန်ယုကို လှမ်းကြည့်လိုက်သည်။ ဟန်ယုမှာ စိတ်များ ဂယောက်ဂယက်ဖြစ်သွားကာ သူ၏ မြင့်မြတ် ထည်ဝါသော အမူအရာပင်လျှင် ပျက်စီးလု မတတ် ဖြစ်သွားခဲ့၏။ သူသည် လျှင်မြန်စွာပင် စိတ်များကို ပြန်လည် စုစည်းကာ မျက်မှောင်ကြုတ်လိုက်သည်။

ဝေ့ဝူယင်က လမ့်ရကို လှမ်းကြည့်လိုက်သည်။ သတိထားမိသည့်နှယ် လမ့်ရက ဝေ့ဝူချင်ကို ပြန်ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမက လက်ခလည်ကို နှုတ်ခမ်းထက်သို့ ဖြည်းညင်းစွာပင် တင်လိုက်၏။ ထိုလက်ခလည်သည် သူမ၏ ပါးစပ်ထဲသို့ အမှတ်တမဲ့ သဘောမျိုးဖြင့် တိုးဝင်သွားသည်။

ဝေ့ဝူယင်က စိတ်ထဲမှ သက်ပြင်းချကာ သူမအား လျစ်လျူလိုက်သည်။ လမ့်ရကား အမှန်တကယ်ပင် စုန်းမ ဖြစ်ပြီး သူမ၏ ထူးခြားသော ချီကျင့်စဥ်မှာလည်း သတိထားရမည့် အရာ ဖြစ်သည်။ အကယ်၍ လုံလောက်သော စိတ်စွမ်းအားသာ မရှိပါက သူကား သူမ၏ သားကောင်ဖြစ်နေလောက်ပြီ ဖြစ်သည်။

လမ့်ရသည် တပ်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ထုတ်လွှတ်ထားဆဲ ဖြစ်သော်လည်း စိတ်အတွင်းတွင်မူ တုန်လှုပ်နေခဲ့သည်။ သူမသည် ရန်ကျူးပြီးလျှင် အဓိက တပည့်များထဲ၌ အသန်မာဆုံး ဖြစ်သည်။ သူမ၏ ညှို့ငင်မှု စွမ်းအားသည် ချီပျစ်ခဲခြင်း အဆင့်လေးသို့ ရောက်ရှိနေသည့် ကျင့်ကြံသူများကိုပင် တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နိုင်သည်။ သို့သော်လည်း ဝေ့ဝူယင် အပေါ်တွင်မူ ထိုအရာက အကျိုးသက်ရောက်မှု ရှိဟန် မရချေ။

“သူက တကယ်ပဲ ဒြပ်စင်ချီကို မွေးဖွားပြီးသွားတာလား... အဲဒါသာ တကယ် ဆိုရင်တော့ သူ့မှာ ကျင့်ကြံခြင်း ရတနာတစ်ခု ဒါမှမဟုတ် ရူးသွပ်လောက်စရာ ပါရမီ တစ်မျိုးမျိုး ရှိနေတာပဲ ဖြစ်ရမယ်”

အတွေးများ၊ ကောက်ချက်ချမှုများနှင့် အတူ သူမ၏ စိတ်များက မြောလွင့်သွားသည်။ ထိုအချိန်တွင်ပင် ဟန်ယုသည် ရှေ့သို့ ထွက်လာခဲ့၏။

“ကျုပ်... ဟန်ယု စိန်ခေါ်ဖို့ ဆန္ဒရှိတယ်...”

သူ၏ စကားလုံးက လူတိုင်းကို အံ့အားသင့် သွားစေသည်။ ဟန်ယုသည် ယခုမှ ချီပျစ်ခဲခြင်း ပထမ အဆင့်တွင်သာ ရှိသေးသည်။ သို့သော်လည်း အဓိက တပည့် အားလုံးမှာ အနည်းဆုံး ချီပျစ်ခဲခြင်း ဒုတိယ အဆင့်သို့ ဝင်ရောက် ပြီးကြသူများ ဖြစ်သည်။ လူများသည် ဟန်ယုထက် ချွီကွေ့ကိုသာ မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း လူများစွာမှာ စိတ်လှုပ်ရှားနေကြဆဲ ဖြစ်သည်။ မည်သို့ပင် ဆိုစေ ဟန်ယုသည် စိန်ခေါ်ရန် ဆန္ဒရှိနေရာ သေဆုံးသွားနိုင်သည့် အ‌ရေးကို ပြင်ဆင်ခဲ့ပြီး ဖြစ်ဟန်ရသည်။ ထို့ကြောင့် သူ့တွင် အနိုင်ရရှိရန် ယုံကြည်ချက် ကြီးကြီးမားမား ရှိရမည်။

ဝေ့ဝူယင်က ဟန်ယုအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူက ကျူးလန်ကို လှည့်ကြည့်လိုက်သော်လည်း သူမ၏ အမူအရာက ပုံမှန်ဖြစ်သည်ကိုသာ တွေ့မြင်ရသည်။ ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ လမ့်ရကို လှမ်းကြည့်လိုက်သည်။ သတ်ဖြတ်လိုသော အရိပ်အယောင်သည် သူ၏ မျက်ဝန်းတွင် နေရာယူလာခဲ့၏။

လမ့်ရမှာ ဝေ့ဝူယင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောကြောင့် တုန်လှုပ်သွားသည်။

“သူသိသွားတာလား ဒါမှမဟုတ် ငါ့ရဲ့ သဘောထားကို စမ်းသပ်နေတာလား”

အပြင်ပန်းအားဖြင့် သူမသည် တပ်မက်ဖွယ်ကောင်းသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ ချီစီးဆင်းမှုမှာမူ မတည်မငြိမ်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ဟန်ယု... နောက်ဆုတ်စမ်း”

ဝေ့ဝူယင်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။ သို့သော်လည်း ဟန်ယုက ထိုအရာကို လျစ်လျူကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။

“ကျုပ် အဓိက တပည့် မေ့မေ့ကို စိန်ခေါ်တယ်”

***

All Chapters