← Chapters

အစ်ကိုကြီးက မင်းကို ကာကွယ်ပေးမယ်

Vol. 40 Ch. 562

အစ်ကိုကြီးက မင်းကို ကာကွယ်ပေးမယ်

Vol. 40 Ch. 562

"သေရည်ကောင်းလေးပဲ။ လင်ကလေး မင်းမှာ နောက်ထပ်ရှိသေးလား"

ခြင်္သေ့ကြီးက နှုတ်ခမ်းကို လျှာဖြင့်သပ်၍ လင်ယုကို တစ်ချက်စိုက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"ရှိတာပေါ့ဗျာ"

လင်ယုက ဝမ်းမြောက်ဝမ်းသာနှင့် သိုလှောင်လက်စွပ်အတွင်းမှ သေရည်ခရားများကို ထပ်မံထုတ်ယူလိုက်သည်။

"ဆရာခြင်္သေ့ကြီးကြောင့် မင်းကို အများကြီးကုန်ကျစေမိပြီ"

ယဲ့ချန်သည် လင်ယု၏ ပျာပျာသလဲအမူအရာကြောင့် စိတ်ထဲတွင် ရယ်မောနေခဲ့သည်။

"ဆရာခြင်္သေ့ကြီးကို သေရည်တိုက်ရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါဗျာ။ ဒီသေရည်ခရားအနည်းငယ်လောက်ကို ကျုပ်က ဂရုမစိုက်ပါဘူး။ လာပါ အစ်ကိုယဲ့ ညီလေးနဲ့ တစ်ခွက်လောက် သောက်ကြရအောင်"

လင်ယုက သူ၏ခွက်ကို မြှောက်ပြလိုက်သည်။

"ကမ်းပေ့"

ယဲ့ချန်ကလည်း သူ၏ခွက်ကို မြှောက်ပြကာ ပြိုင်တူသောက်ချလိုက်သည်။ လင်ယုသည် ခြင်္သေ့ကြီးကြောင့် သူ့ထံတွင် နောက်ခံတစ်ခုခုရှိသည်ဟု အထင်လွဲသွားကြောင်း ခန့်မှန်းနိုင်သော်လည်း ရေလိုက်ငါးလိုက်သာ နေလိုက်၏။ သေရည်ခွက်ကို သောက်ပြီးနောက် တစ်ကိုယ်လုံး ကောင်းကင်ချီများ လှိုင်းထန်လာကာ ၎င်း၏အာနိသင်က အဆင့်တစ် နတ်မူလဆေးတစ်လုံးထက် ပို၍သာလွန်နေခဲ့သည်။ သူတို့က နောက်ထပ်သေရည်ခွက်အနည်းငယ် သောက်လိုက်ကြသော်လည်း စကားပြောရာတွင် ယဲ့ချန်၏စိတ်က ကြည်လင်နေသည်။

"အစ်ကိုယဲ့ ခင်ဗျားပြောသလို ကျုပ်က တကယ့်ကိုအမြင်ကျဥ်းပြီး ရေတွင်းအောက်ခြေက ဖားတစ်ကောင်ဖြစ်နေတယ်။ ကျုပ်ရဲ့အကြီးဆုံးအိပ်မက်က ငွေအများကြီးရှာဖွေပြီး လင်မျိုးနွယ်တစ်ခုလုံးထက် ပိုပြီးချမ်းသာချင်တယ်။ လင်အဘိုးကြီးတွေကို ကျုပ် ဘယ်လောက်အစွမ်းအစရှိကြောင်းပြပြီး ပထမသခင်လေးအဖြစ် မရွေးချယ်ခဲ့တာကို နောင်တရစေရမယ်။ ငါက ကျစ်ဟွာဘုရင်ဖြစ်လာရင် မိန်းမတွေအများကြီးယူပြီး ကလေးတွေတစ်ရာလောက် မွေးပစ်မယ်။ သူတို့အားလုံးကို နတ်တိုင်းပြည်တွေရဲ့ ဘုရင်တွေဖြစ်လာအောင် လုပ်ပေးလိုက်မယ်။ ဒီအစီအစဥ်က မိုက်တယ်မလား"

လင်ယုက လျှာလေးအာလေးဖြစ်နေပြီး ရီဝေဝေ ဖြစ်လာပုံပေါ်သည်။

"ညီလေးလင် မင်း မူးနေပြီ"

ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်မိသည်။

"ကျုပ် မမူးပါဘူးဗျာ။ ကျုပ်က ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက် ဟုတ်တယ်မလား"

လင်ယု၏မျက်လုံးများက သေရည်ကြောင့် ရီဝေနေသော်လည်း ခေါင်းမာစွာ မေးနေဆဲပင်ဖြစ်သည်။

"မင်းက တကယ်ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ဖြစ်ပါတယ်"

သေရည်မူးနေသူတစ်ယောက်နှင့် အငြင်းအခုံ မလုပ်လိုသောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုကြီး ကျုပ်ဘဝ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မင်း မသိဘူးနော်။ ငါ့အဖေက ငါ့အသက်ဆယ့်ခြောက်နှစ်မှာ သေဆုံးသွားပြီး အမေက အသက်နှစ်ဆယ်မှာ ကွယ်လွန်သွားခဲ့တယ်။ ဦးလေးကသာ ကာကွယ်မပေးထားရင် လင်အဘိုးကြီးတွေက ငါ့ကို နံပတ်သုံးသခင်လေးအဖြစ် ရွေးချယ်မှာမဟုတ်ဘူး။ သူတို့က ငါ့ကို လင်မျိုးနွယ်က ကန်ထုတ်ချင်နေတယ်။ ငါ့အစ်ကိုနှစ်နဲ့ အစ်ကိုတစ်က ဘယ်လောက်အစွမ်းအစရှိနေလို့လဲ။ သူတို့မှာ အဖေကောင်းတွေရှိနေလို့သာ ဒီနေရာကို ရောက်လာကြတာပဲ။ ငါက တစ်ခါတလေ ငှက်တစ်ကောင်လိုမျိုး လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်။ ကျန်တဲ့သခင်လေးနှစ်ယောက်သာ လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်သွားရင် ငါ့အတွက် နေရာမရှိတော့ဘူး"

လင်ယုက သေရည်မူးမူးနှင့် ယဲ့ချန်ကို ရင်ဖွင့်နေသည်။

"ဒီနေ့ အစ်ကိုကြီးကို မြင်မြင်ချင်း သာမန်လူတစ်ယောက်မဟုတ်ဘူးလို့ ခံစားမိတယ်။ ဘာအကြောင်းအရင်းကြောင့်မှန်းမသိ၊ မင်းကို အရမ်းခင်မင်ချင်မိတယ်။ အခုကစလို့ မင်းက ငါ့အစ်ကိုကြီးဖြစ်သွားပြီ။ တစ်ခုခုလိုအပ်ရင် ငါ လင်ယုကို စိတ်ကြိုက်စေခိုင်းနိုင်တယ်။ ငြင်းဆန်ရင် ငါက လူကြောက်တစ်ယောက် ဖြစ်ပါစေ"

လင်ယုက အရက်မူးကျွဲခိုးပေါ်နေဟန်ဖြင့် အမှန်တရားများကို ရင်ဖွင့်ပြီးနောက် ယဲ့ချန်ကို ပခုံးဖက်ကာ ကတိပေးလိုက်သည်။ ယဲ့ချန်က တစ်ချက်ပြုံး၍ သူ့ကိုတလှည့်၊ ခြင်္သေ့ကြီးကို ဖားယားနေသော တန်းဟိုင်ကိုတလှည့် စိုက်ကြည့်လိုက်သည်။

"ဒီကောင်က တကယ်အရက်မူးနေတာ မဟုတ်ဘူး။ တော်တော်သရုပ်ဆောင်ကောင်းတဲ့ကောင်"

ယဲ့ချန်က အမှန်တရားကို သိသော်လည်း လင်ယုနှင့် ညီအစ်ကိုဖြစ်ရခြင်းအတွက် သူ့၌ ဆုံးရှုံးစရာမရှိပေ။

"ညီလေးလင် မင်းအသက်ရှင်ရတဲ့ဘဝက တကယ်ခက်ခဲတယ်။ အစ်ကိုကြီးက မင်းကို အခုကစလို့ ကာကွယ်ပေးမယ်"

သူကလည်း အစ်ကိုကြီးတစ်ယောက်ဟန်ပန်မျိုးဖြင့် လင်ယု၏ပခုံးကို ပြန်ဖက်လိုက်သည်။

"အစ်ကိုကြီး"

ယဲ့ချန်၏စကားကို ကြားသောအခါ လင်ယု၏မျက်လုံးများ ရုတ်တရက်ဝင်းလက် တောက်ပလာသည်။ သူက အသက်အရွယ်ကို အလေးထားမနေဘဲ ယဲ့ချန်ကို အစ်ကိုကြီးအဖြစ် သတ်မှတ်လိုက်သည်။ စစ်ဧကရာဇ်တစ်ယောက်၏ နောက်ခံရှိသော ယဲ့ချန်ကို အစ်ကိုကြီးအဖြစ် သတ်မှတ်ရခြင်းက အရှုံးမရှိပေ။

"ယဲ့ချန် လင်ယုက မင်းကို ပြန်လည်ဝင်စားထားတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်နေတယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ထံ ဝိညာဥ်ဖြင့် အသံပို့လွှတ်လိုက်ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ရှင်သန်လာသောကြောင့် သူက လင်ယု၏အတွေးကို အလွယ်တကူခန့်မှန်းနိုင်ခဲ့သည်။

"ညီလေးလင် ငါက ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့အဆင့်တစ်ခုကို ရောက်နေလို့ မလွှဲသာမရှောင်သာ ဖိနှိပ်ထားရတယ်။ အချိန်ကျလာရင် ငါ့ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြီး ကျစ်ဟွာဘုရင်တောင် မင်းကို သခင်ခေါ်ရအောင် လုပ်ပေးမယ်။ လင်မျိုးနွယ်လောက်ကို စကားထဲ ထည့်ပြောစရာမလိုဘူး"

ယဲ့ချန်က လီဆယ်၍ ကိုယ့်ကိုကိုယ် ကြီးမြတ်ဟန်ဆောင်လိုက်သည်။ သူ၏စကားကြောင့် လင်ယုမှာ သူ၏အတွေးမှန်ကန်သည်ဟု အထင်ရောက်သွားကာ အပျော်ကြီးပျော်နေခဲ့သည်။

"အစ်ကိုကြီး ဒီညီလေးရဲ့အသက်ကို ခင်ဗျား ပိုင်ပါတယ်။ နောက်ထပ်သောက်လိုက်ကြရအောင် ကမ်းပေ့"

သူက ပြောပြောဆိုဆိုနှင့် သေရည်တစ်ခွက်ငှဲ့ကာ ကမ်းပေးလိုက်သည်။

"အရှင် ကျုပ်ကလည်း အရှင်ရဲ့ညီငယ်လေး ဖြစ်ချင်ပါတယ်။ ခင်ဗျားက အနောက်ကိုသွားဆိုရင် ကျုပ် အရှေ့ကို မသွားရဲပါဘူး"

ယဲ့ချန်နှင့် လင်ယုက သေရည်သောက်နေစဥ် တန်းဟိုင်က ခြင်္သေ့ကြီးကို ဆက်တိုက်မြှောက်ပင့်နေသည်။ ခြင်္သေ့ကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက မြင့်မြတ်အေးချမ်းသော သားရဲမျိုးနွယ်မှဖြစ်သော်လည်း မျိုးဆက်သွေးမသန့်စင်သောကြောင့် စိတ်ထားက ထူးဆန်းနေသည်။

"မင်းက နည်းနည်းတော့ သဘောကျဖို့ကောင်းပါတယ်။ မင်းက မျိုးဆက်သွေးမသန့်စင်တော့ တန်းဟိုင်မျိုးနွယ်ထဲကို ဝင်ခွင့်မရဘူးမလား။ ဒါဆိုရင် အမွေခံကျင့်စဥ်တွေကို ဘယ်လိုလုပ်ကျင့်ကြံနိုင်မလဲ။ ငါက မင်းကို တန်းဟိုင်မျိုးနွယ်ရဲ့ ထိပ်တန်းကျင့်စဥ်တွေထဲက တစ်ခု ချီးမြှင့်လိုက်မယ်။ ကောင်းကောင်းကျင့်ကြံပေတော့"

ခြင်္သေ့ကြီး၏ စကားအဆုံးတွင် အလင်းတန်းတစ်ခုက တန်းဟိုင်၏စိတ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ဆက်တိုက်ထွက်ပေါ်လာသော ပုံရိပ်များကို မြင်သောအခါ သူက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤကား တန်းဟိုင်မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်များအနက်မှ တစ်ခု အမှန်တကယ်ဖြစ်နေခဲ့သည်။

"အရှင်က ဒါကို ဘယ်လိုရထားတာလဲ"

သူက ဤအကြောင်း တွေးလိုက်မိသော်လည်း သမိုင်းကြောင်းရှည်လျားသော ခြင်္သေ့ကြီး၏မျိုးနွယ်ကြောင့် အဓိပ္ပါယ်ရှိကြောင်း လက်ခံလိုက်သည်။ နတ်သားရဲမျိုးနွယ်တိုင်းက အခြားမျိုးနွယ်များအကြောင်း လေ့လာမှုများ ပြုလုပ်ထားနိုင်ချေရှိသည်။

"အရှင် ကျင့်စဥ်က ဘာကြောင့် မပြည့်စုံရတာလဲ"

ပုံရိပ်များကို လေ့လာပြီးနောက် တန်းဟိုင်က ခါးသက်သက်မျက်နှာထားဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူ၏မျိုးဆက်သွေးကြောင့် တန်းဟိုင်မျိုးနွယ်မှ ပစ်ပယ်ခြင်းခံထားရသဖြင့် မည်သည့်ကျင့်စဥ်မှ အမွေမရခဲ့ပေ။ သို့သော်လည်း ယနေ့တွင် ခြင်္သေ့ကြီးက တန်းဟိုင်မျိုးနွယ်၏ ကျင့်စဥ်တစ်ခုကို ချီးမြှင့်လာသောအခါ ပျော်လွန်းသဖြင့် မျက်ရည်များ စီးကျလာခဲ့သည်။ သို့သော် ကျင့်စဥ်က မပြည့်စုံဘဲ ပထမအဆင့်သာပါဝင်ကြောင်း သူက ရုတ်တရက်သိလိုက်ရသည်။

"မင်းကို ပထမအဆင့်ပဲ သင်ပေးနိုင်ဦးမယ်"

"ဘာကြောင့်လဲ အရှင်"

တန်းဟိုင်က ကျင့်စဥ်တစ်ခုလုံး မရလိုက်မည်ကို အလွန်စိုးရိမ်နေခဲ့သည်။

"ဒီကျင့်စဥ်က ခက်ခဲနက်နဲလွန်းတယ်။ မင်းက ပထမအဆင့်ကို မအောင်မြင်ခင် အဆင့်ကျော်ပြီး ကျင့်ကြံမိရင် ရူးသွားနိုင်တယ်။ ဒါကြောင့် ပထမအဆင့်ကို အောင်မြင်ရင် နောက်ထပ်အဆင့်တွေ ပေးမယ်"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"ကျွန်တော်က အဆင့်ကျော်ပြီး မကျင့်ကြံဘူးလို့ ကတိပေးပါတယ်"

တန်းဟိုင်က ခြင်္သေ့ကြီးရှေ့မှောက်တွင် ဒူးထောက်၍ တောင်းပန်ခယနေသည်။

"လူငယ်တွေဆိုတာက စိတ်ရှည်တတ်ရတယ်။ မြန်မြန်ကျင့်ကြံစမ်း။ ငါက နောက်ထပ်ကျင့်စဥ်အဆင့်တွေ မပေးမှာကို မစိုးရိမ်ဘူးထင်တယ်"

ခြင်္သေ့ကြီးက အေးစက်စက် စိုက်ကြည့်လိုက်သည်။

"မဟုတ်... မဟုတ်ပါဘူးခင်ဗျာ"

တန်းဟိုင်က အလျင်အမြန် ငြင်းဆန်လိုက်သည်။ အကယ်၍ သူကသာ အတောင်းအရမ်းထူနေပြီး ခြင်္သေ့ကြီးမှ နောက်အဆင့်များမပေးလျှင် သေသည်အထိ ငိုနေလျှင်ပင် အကျိုးရှိမည်မဟုတ်တော့ပေ။ သူ့အတွက် ဤပထမအဆင့်လေးကပင် အချိန်အကြာကြီး ပျော်ရွှင်စေရန် လုံလောက်နေသည်။ သူက တန်းဟိုင်မျိုးနွယ်၏ မျိုးဆက်သွေးကိုအခြေခံ၍ တာအိုနတ်အဆင့်သုံးအထိ ကျင့်ကြံနိုင်ခဲ့သော်လည်း နောက်ထပ်အဆင့်တက်ရန် ခက်ခဲနေခဲ့သည်။ သူ၏ကိုယ်တွင်း၌ မြောက်ပိုင်းကောင်းကင်မိစ္ဆာ သွေးအချို့ပါဝင်နေသောကြောင့် အဆင့်ထပ်တက်လိုလျှင် တန်းဟိုင်မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်များကို လိုအပ်သည်။ ထို့ကြောင့် ယနေ့တွင် ပျော်စရာကောင်းသော အံ့သြစရာတစ်ခုကို ရလိုက်သဖြင့် တန်းဟိုင်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

"မင်းတို့ကို ငါက ပစ္စည်းလေးနည်းနည်းလောက် ထုတ်ပြလိုက်တာနဲ့ အပျော်လွန်သွားပြီမလား။ မင်းကို ကျင့်စဥ်တစ်ခုလုံး သင်ပေးဖို့ ဒီလောက်မလွယ်ဘူး။ မင်းကို ကစားဖို့ဆို ငါ့လက်ဖဝါးကို လှန်တာထက်တောင် ပိုလွယ်နေသေးတယ်"

ခြင်္သေ့ကြီးက တန်းဟိုင်ကို တစ်ချက်စိုက်ကြည့်ရင်း ခပ်ညစ်ညစ်ပြုံးလိုက်သည်။ ဤကျင့်စဥ်ဖြင့် အနာဂတ်တွင် တန်းဟိုင်က သူ၏အမိန့်ကို နာခံပေလိမ့်မည်။ လင်ယုက ယဲ့ချန်ကို အစ်ကိုကြီးဟုခေါ်ခြင်းမှာ တစ်ယောက်၏တန်ဖိုးကို တစ်ယောက်သိသောကြောင့်ဖြစ်သည်။ သို့သော် ခြင်္သေ့ကြီးကမူ တန်းဟိုင်ကို သူ၏နောက်လိုက်အဖြစ် သွတ်သွင်းလိုက်လေသည်။

"အရှင်ရဲ့ ကျင့်ကြံဆင့်ကို ပြောပြပါဦး"

လင်ယုက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"စစ်ဧကရာဇ်အဆင့်သုံး"

ယဲ့ချန်က အမှန်အတိုင်း ပြောလိုက်သည်။ အနာဂတ်တွင် သူ၏အလိမ်အညာများ ထွက်ပေါ်လာလျှင် ရှင်းရခက်နိုင်သောကြောင့် အချို့ကိစ္စများကို ဖုံးကွယ်မနေတော့ပေ။ သူ၏စကားကြောင့် လင်ယု၏မျက်လုံးများ ပို၍တောက်ပလာခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးရှိ စစ်ဧကရာဇ်တစ်ရာကျော်တွင် တစ်ဝက်ခန့်က အဆင့်တစ်သာဖြစ်သောကြောင့် အဆင့်သုံးဆိုလျှင် ထိပ်တန်းအဆင့် စစ်ဧကရာဇ်ခြောက်ဆယ်အတွင်း ပါဝင်နေသည်။

"ဆရာခြင်္သေ့အပြင် ပိုသန်မာတဲ့ နောက်ထပ်ကာကွယ်ရေး နတ်သားရဲတစ်ကောင် ရှိသေးတယ်။ သူ့ကို ငါအရင်ဘဝတုန်းက တံဆိပ်တစ်ခုတည်းမှာ ချုပ်နှောင်ထားခဲ့တယ်"

"အရှင်ခြင်္သေ့ထက် ပိုသန်မာတာလား"

လင်ယုက ယဲ့ချန်၏စကားကြောင့် မင်သက်သွားခဲ့သည်။

"စစ်ဧကရာဇ်အဆင့်တစ်ဆယ်"

ယဲ့ချန်က တစ်လုံးချင်း ပြောလိုက်သည်။ သူက ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်အတွင်းရှိနေသော သားရဲအကြောင်း မသိသော်လည်း ခြင်္သေ့ကြီး၏ခန့်မှန်းမှုအရ ၎င်းသည် စစ်ဧကရာဇ်အဆင့်ထက် ကျော်လွန်သော နတ်သားရဲတစ်ကောင်ဖြစ်နိုင်သည်။ လင်ယု၏စိတ်ထဲရှိ သူ၏အဆင့်အတန်း ပို၍မြင့်တက်လာစေရန် ယဲ့ချန်က အနည်းငယ် ဆန်းကျယ်ချင်ယောင်ဆောင်လိုက်သည်။

"စစ်ဧကရာဇ်အဆင့်တစ်ဆယ်။ ယဲ့ချန်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပြန်လည်ဝင်စားတာများလား"

လင်ယုက အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်နေသည်။ ကောင်းကင်မူလကြယ်တွင် နတ်အစေခံဆယ်ယောက်ရှိသော်လည်း သူတို့ကိုမြင်ဖူးနိုင်ရန် မလွယ်ကူပေ။ အကယ်၍ ယဲ့ချန်က ထိုဆယ်ယောက်အတွင်းမှ တစ်ယောက်ဖြစ်နေနိုင်သည်ဟု သူက ခံစားလိုက်ရသည်။ လူသားသိုင်းဒေသကြီးခြောက်ခုပင်လျှင် စစ်ဧကရာဇ်အဆင့် နတ်သားရဲတစ်ကောင်ကို ယဥ်ပါးနိုင်ရန် မလွယ်သောကြောင့် ချီပင်လယ်အဆင့်ကျင့်ကြံသူ ယဲ့ချန်တွင် စစ်ဧကရာဇ်အဆင့် ကာကွယ်ရေးသားရဲရှိနေခြင်းက ထူးဆန်းလွန်းသည်။

"သူက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ပါး ပြန်လည်ဝင်စားတာလား။ မဟုတ်ရင် အစွမ်းထက်နတ်ဘုရားတစ်ယောက်ရဲ့ ဆက်ခံသူများလား"

ဤဖြစ်နိုင်ချေနှစ်ခုမှလွဲ၍ ယဲ့ချန်၏သရုပ်မှန်ကို လင်ယုက မစဥ်းစားတတ်တော့ပေ။

All Chapters