← Chapters

အစွမ်းထက်မျိုးနွယ်တစ်ခု

Vol. 41 Ch. 564

အစွမ်းထက်မျိုးနွယ်တစ်ခု

Vol. 41 Ch. 564

"ညီလေးလင် ဒီကိစ္စကို စိတ်ထဲထားမနေပါနဲ့။ ငါက သူတို့ကို လောလောဆယ်ဖြေရှင်းဖို့ အဆင်မပြေသေးပေမယ့် ပြဿနာတစ်ခု မဟုတ်ပါဘူး"

ယဲ့ချန်သည် လင်ယု၏စကားများက သူ့ကိုရည်ညွှန်းကြောင်း နားလည်လိုက်သဖြင့် ခေါင်းယမ်းပြလိုက်သည်။

"အစ်ကိုကြီးက ဒီကိစ္စလောက်လေးကို ခေါင်းထဲထည့်စရာ မလိုပါဘူး။ မစိုးရိမ်ပါနဲ့ ကျုပ် တာဝန်ထားလိုက်ပါ။ တကယ်လို့ ဦးလေးယဲ့တို့ တစ်ခုခုထိခိုက်ရင် ကျုပ် တာဝန်ယူပါ့မယ်"

"ငါက ညီလေးလင်ကို ဒုက္ခပေးမိပြီ"

ယဲ့ချန်က တွန့်ဆုတ်ချင်ယောင်ဆောင်လိုက်သည်။

"အစ်ကိုကြီး ကျုပ်တို့က ညီအစ်ကိုတွေပါဗျာ။ ဒီလောက်အားနာမနေပါနဲ့။ ယိရန်နဲ့ ရှုချင်းကို ကျုပ်လည်း ကြည့်မရတာ ကြာပါပြီ"

လင်ယုသည် ထိုအထက်တန်းစားနှစ်ယောက်က သူ့ကို သေရည်သောက်ရန် ဖိတ်ခေါ်ထားကြောင်းကို ဖုံးကွယ်ကာ ယဲ့ချန်ကို ထုတ်မပြောရဲခဲ့ပေ။

"စိတ်မကောင်းဘူး ယိရန်ရေ။ မင်းက စော်ကားစရာလူတွေအများကြီးထဲမှာ အစ်ကိုကြီးကိုမှ လာထိတာကို"

လင်ယု၏စိတ်ထဲတွင် ယိရန်ကို ဖြေရှင်းမည်ဟု ဆုံးဖြတ်ပြီးဖြစ်သည်။ သူက အနီးရှိတန်းဟိုင်ကို စိတ်ချင်းဆက်သွယ်၍ အမိန့်တစ်ခုပေးလိုက်သောအခါ ၎င်းက လှစ်ခနဲ ထွက်ခွာသွားခဲ့သည်။

"ဒါဆိုရင် ညီလေးလင်ကို စိတ်ချလိုက်တော့မယ်"

ယဲ့ချန်က ခေါင်းညိတ်ပြသည်။ လင်ယု၏နောက်ခံကို သိထားသော လင်းနန်နှင့် ရှောင်ယွဲ့က ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့က ခေါင်းပေါက်မတတ်စဥ်းစားနေသော်လည်း လင်ယု ဤမျှယဥ်ကျေးနေသော အကြောင်းအရင်းကို နားမလည်ပေ။

"ဒီညီလေး ညီမလေးတွေက ကောင်းကင်မူလတိုက်ကြီးကို အခုမှရောက်တာဆိုတော့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကိုရော စမ်းသပ်ပြီးပြီလား"

လင်ယု၏အကြည့်က ယဲ့မုန့်တို့ခြောက်ယောက်ထံ ကျရောက်သွားခဲ့သည်။

"မလုပ်ရသေးဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်ပြီး သူကိုယ်တိုင်လည်း ယဲ့မျိုးနွယ်ဝင်များ၏ပါရမီကို သိချင်နေခဲ့သည်။

"ဒါဆိုရင် မြို့တော်ဝန်ဆီကနေ ကြယ်ဝိညာဥ်ပုလဲ သွားငှားလိုက်မယ်"

လင်ယုက တစ်ချက်ပြုံး၍ ပြောလိုက်သည်။ ယဲ့ချန်နှင့်မျိုးနွယ်တူဖြစ်သော ဤလူစု၏ပါရမီကို သူကလည်း သိချင်နေမိသည်။

"ကောင်းပြီ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သောအခါ သူက အလျင်စလို ထွက်ခွာသွားခဲ့သည်။

"ခေါင်းဆောင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ဘာကြီးလဲ"

ယဲ့မုန့်တို့လူစုက စပ်စုလိုက်ကြသည်။

"ဒါက လူတစ်ယောက်ရဲ့ပါရမီကို စစ်ဆေးတာဖြစ်တယ်။ ကောင်းကင်မူလတိုက်ကြီးပေါ်မှာ ပေါင်းစပ်နှုန်းမြင့်ရင် လူတိုင်းက တန်ဖိုးထားဆက်ဆံကြလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီး စိတ်မပူပါနဲ့။ ဒါက မင်းတို့နဲ့ ကြယ်ဝိညာဥ်အကြားက ဆက်နွယ်မှုလေးတစ်ခုပါပဲ။ အဆင့်နိမ့်နေရင်တောင် တစ်ဘဝလုံး ပါရမီနိမ့်ကျနေမယ်လို့ မဆိုနိုင်ဘူး"

ယဲ့ချန်က ရှင်းပြလိုက်ပြီး ယဲ့မုန့်တို့လူစုတွင် ပေါင်းစပ်နှုန်းနိမ့်ကျနေလျှင် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် ကြိုတင်နှစ်သိမ့်လိုက်သည်။ ချီပင်လယ်အဆင့်သို့ပင် မရောက်သေးသော သူ၏မျိုးနွယ်ဝင်များအတွက် မျှော်လင့်ချက်ကို မြင့်မြင့်မထားရဲပေ။ ယဲ့မုန့်တို့လူစုက ကောင်းကင်မူလတိုက်ကြီးအကြောင်း စပ်စုလိုက်ကြပြီး ယဲ့ချန်က စိတ်ရှည်စွာရှင်းပြနေသဖြင့် တရားဥပဒေစိုးမိုးပြီး အထက်တန်းစားများပင် လူသတ်မရသောကြောင့် အရှေ့ပိုင်းတိုက်ကြီးထက် ပို၍လုံခြုံကြောင်း နားလည်သွားကြသည်။ အချိန်ခဏအတွင်း သူတို့က ကုဖေးတို့အဖွဲ့နှင့် ရင်းနှီးသွားကြပြီး ဆန်းကျယ်သော ကောင်းကင်ဘုံငယ်များအကြောင်း စိတ်ဝင်တစား မေးမြန်းနေကြသည်။

"ငါတို့က ချီပင်လယ်အဆင့်ကို မရောက်သေးတာ နှမြောစရာပဲ"

ယဲ့မုန့်တို့ခြောက်ယောက်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ကြသည်။

"စိတ်မပူပါနဲ့ ချီပင်လယ်အဆင့်ကိုရောက်ဖို့က အရမ်းလွယ်တယ်။ မင်းတို့ရဲ့ပေါင်းစပ်နှုန်းက ၃အထိရောက်ရင် ဆေးလုံးအချို့သုံးလိုက်တာနဲ့ ချီပင်လယ်အဆင့်တစ်ကို ရောက်သွားလိမ့်မယ်"

ကုဖေးက ရှင်းပြလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည်လည်း သူ၏သိုလှောင်အိတ်အတွင်းရှိ နတ်မူလဆေးများကို တစ်ချက်စစ်ဆေးလိုက်သည်။ ယဲ့ချန်သည် ဖြစ်နိုင်လျှင် ယဲ့မုန့်တို့အားလုံးကို အမှီအခိုကင်းကင်းရှင်သန်စေလိုပြီး ချီပင်လယ်အဆင့်သို့ရောက်လျှင် အလုပ်ရှာဖွေပေးပြီး အနာဂတ်တွင် မျိုးနွယ်၏တာဝန်များကို ထမ်းဆောင်ပေးနိုင်ရန် မျှော်လင့်ထားသည်။ အချိန်ခဏအကြာတွင် လင်ယုပြန်ရောက်လာပြီး ညာလက်ကိုဖြန့်လိုက်သောအခါ ကိုးရောင်ခြယ်ပုလဲတစ်လုံးက လေပေါ်သို့ မြောက်တက်လာခဲ့သည်။ ၎င်းက မြို့တော်ဝန်ရီရန်၏ ကြယ်ဝိညာဥ်ပုလဲဖြစ်သည်။

"မင်းက ဒီပုလဲနဲ့ ဆက်သွယ်နိုင်တာလား"

"ဟုတ်ပါတယ် အစ်ကိုကြီး။ လင်မျိုးနွယ်လို မျိုးနွယ်တစ်ခုရဲ့ဆက်ခံသူတွေက ကြယ်ဝိညာဥ်ဘာသာစကားကို သင်ကြားထားရတယ်။ အသက်ငယ်တုန်းမှာ ဒါကိုသင်ယူထားပြီး ကြယ်ဝိညာဥ်နဲ့ပေါင်းစပ်နိုင်ရင် ရုပ်ခန္ဓာအတွက်ရော ဝိညာဥ်အတွက်ပါ အကျိုးရှိတယ်။ ဒါပေမယ့် ပင်ကိုယ်ပါရမီက အရေးအကြီးဆုံးပါပဲ"

လင်ယုက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"ဘယ်သူအရင်စမလဲ"

ယဲ့ချန်က စိုးရိမ်နေသော်လည်း ယဲ့မုန့်တို့ကို တစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်သည်။

"ကျုပ် အရင်စမ်းသပ်မယ်"

ယဲ့မုန့်က သတ္တိမွေး၍ ခြေတစ်လှမ်းရှေ့တက်လာသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသည် သူ၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့် သူက အနည်းငယ်အစိုးရိမ်ကြီးနေခဲ့သည်။ အကယ်၍ ပေါင်းစပ်နှုန်းက သုံးအထိသာရောက်လျှင်ပင် ချီပင်လယ်အဆင့်သို့တက်ရောက်ပြီး ယဲ့ချန်အတွက် ကူညီပေးနိုင်သောကြောင့် သူက ကျေနပ်ရပေလိမ့်မည်။ သူ၏စိတ်ထဲတွင် မျိုးနွယ်အန္တရာယ်ကျရောက်တိုင်း ရှေ့ဆုံးမှ နတ်ဘုရားတစ်ပါးပမာ မားမားမတ်မတ်ရပ်၍ လေနှင့်မိုးကိုအံတုပေးခဲ့သော ယဲ့ချန်က အကြီးမြတ်ဆုံးသူရဲကောင်းဖြစ်သည်။ သူက တစ်နေ့တွင် ယဲ့ချန်နှင့် ရင်ဘောင်တန်းရပ်ကာ မျိုးနွယ်ကိုကာကွယ်လိုသော ရည်မှန်းချက်ပန်းတိုင် ရှိသည်။ ကျန်ငါးယောက်မှာလည်း ယဲ့မုန့်ကိုကြည့်နေရင်း စိုးရိမ်စိတ်ကြောင့် ချွေးစို့နေကြသည်။ အရှေ့ပိုင်းတိုက်ကြီးနှင့် အရာရာကွဲပြားသော ကောင်းကင်မူလတိုက်ကြီးတွင် ဤပေါင်းစပ်နှုန်းက သူတို့၏အနာဂတ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။ နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်ပါစေ၊ သူတို့က လက်ခံရန်မှလွဲပြီး ရွေးချယ်စရာ မရှိချေ။

"ဒါဆိုရင် စလိုက်ကြတာပေါ့"

လင်ယုက ယဲ့ချန်ကို တစ်ချက်ကြည့်၍ ညာလက်ကိုယမ်းလိုက်သောအခါ ပုလဲသည် ယဲ့မုန့်အနီးသို့ လွင့်မျောသွားခဲ့သည်။ ၎င်းက လှည့်ပတ်ပျံသန်းနေပြီး ယဲ့မုန့်မှာ ခေါ်သံတစ်ခုကို မသဲမကွဲကြားနေရပြီး သူ၏စိတ်အတွင်းရှိ လေးလံမှုများ ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံးပေါ့ပါးလာကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ၎င်းက တုန်ခါလာပြီး အလင်းရောင်များ တဖိတ်ဖိတ်တောက်ပလာသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ကြိတ်၍ဝမ်းသာသွားခဲ့သည်။ ကြယ်ဝိညာဥ်ပုလဲ၏တုံ့ပြန်မှုအရ ယဲ့မုန့်၏ပေါင်းစပ်နှုန်းက နိမ့်ကျခြင်းမရှိဘဲ အနိမ့်ဆုံး ချန်းယွမ်ထက်ကျော်လွန်မည်ဟု ခန့်မှန်းလိုက်သည်။ ထိုအချိန်တွင် လင်ယုက ပါးစပ်အဟောင်းသားဖြစ်နေပြီး အချိန်ခဏအကြာတွင် သတိပြန်ဝင်လာကာ လက်သီးနှစ်ဖက်ဆုပ်၍ ယဲ့ချန်ဘက်လှည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဂုဏ်ပြုပါတယ် အစ်ကိုကြီး"

"ပေါင်းစပ်နှုန်းက ဘယ်လောက်များလဲ"

ယဲ့မုန့်၏ပေါင်းစပ်နှုန်းက ၂၀ဆိုလျှင်ပင် များစွာအကူအညီရနိုင်သောကြောင့် ယဲ့ချန်မှာ စိတ်လှုပ်ရှားနေခဲ့သည်။

"ဒီညီလေးရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ၅၂ဖြစ်ပါတယ်။ အနာဂတ်မှာ သူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပါ"

လင်ယုက တစ်လုံးချင်းဖြေလိုက်သည်။ ကောင်းကင်မူလတိုက်ကြီးတွင် စစ်ဧကရာဇ်အရေအတွက်က တစ်ရာကျော်သာဖြစ်ပြီး ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်က တစ်ထောင်ကျော်မျှသာရှိသည်။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူများက နှစ်ပေါင်းရာချီကျင့်ကြံရပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို လိုအပ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာရန် အခွင့်အလမ်းမြင့်မားသည်။ နှစ်စဥ်နှစ်တိုင်း စစ်ဧကရာဇ်အချို့က နယ်ခြားမိစ္ဆာများနှင့်တိုက်ပွဲတွင် ကျဆုံးသွားပြီး ဧကရာဇ်အသစ်များ အစားထိုးဝင်ရောက်လာသည်။ ထို့ကြောင့် ကောင်းကင်မူလတိုက်ကြီး၏ စစ်ဧကရာဇ်အရေအတွက်က တည်ငြိမ်သော အနေအထားတစ်ခုတွင်ရှိသည်။ မည်သည့်ကျင့်ကြံဆင့်ဖြစ်ပါစေ၊ ဤသို့သောပါရမီရှင်တစ်ယောက်အတွက် သိုင်းဒေသကြီးများက အချင်းချင်းတိုက်ခိုက်ပေလိမ့်မည်။ ယဲ့မျိုးနွယ်ဝင်တစ်ယောက်၏ပါရမီက ဤမျှမြင့်မားနေမည်ဟု ယဲ့ချန်ကိုကြည်ညိုသော လင်ယုပင် ထင်မထားချေ။

"၅၂"

ယဲ့မုန့်ကိုယ်တိုင်လည်း အလွန်တရာအံ့သြနေပြီး ကြယ်ဝိညာဥ်ပုလဲနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနိုင်သည်ဟု ခံစားနေရသည်။ သူက ပေါင်းစပ်နှုန်းငါးဆယ်ကျော်ရှိသောကြောင့် ကောင်းကင်မူလတိုက်ကြီးတွင် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံရသူထောင်ချီတွင် ပါဝင်နေပြီဖြစ်သည်။

"ကောင်းတယ်။ ကောင်းတယ်"

လူတိုင်းက ယဲ့မုန့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေပြီး ယဲ့မျိုးနွယ်တွင် အစွမ်းထက်ကျင့်ကြံသူများ ထွက်ပေါ်လာလျှင် ကောင်းကင်မူလတိုက်ကြီးတွင် မျိုးနွယ်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။ ယဲ့ချန်ကိုမဆိုထားနှင့်၊ လင်ယုတစ်ယောက်တည်းကပင် ယဲ့မျိုးနွယ်ကို စွမ်းအားကြီးမားလာစေရန် လုံလောက်သောကြောင့် လင်ယုလည်း အံသြနေခဲ့သည်။ ကျစ်ဟွာနတ်တိုင်းပြည်၏ မျိုးနွယ်ကြီးတစ်ခုဖြစ်သော လင်မျိုးနွယ်၌ပင် သူ၏ဦးလေးလင်ယွမ် တစ်ယောက်တည်းသာ စစ်ဧကရာဇ်ဖြစ်ပြီး ကျန်လူများက တာအိုနတ်အဆင့်များဖြစ်ကြသည်။ အတိတ်တွင် လင်ယွမ်၏ပေါင်းစပ်နှုန်းက ၅၅ဖြစ်သောကြောင့် ကျစ်ဟွာနတ်တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေပြီး လင်မျိုးနွယ်လည်း ကြီးပွားတိုးတက်လာခဲ့သည်။ သူကိုယ်တိုင်ပင် လင်ယွမ်၏ကာကွယ်ပေးမှုကြောင့် မျိုးနွယ်အတွင်းမှ ကန်ထုတ်မခံခဲ့ရခြင်းဖြစ်သည်။ လင်ယွမ်က သူ့ကို ဂရုစိုက်သော်လည်း အခြားသခင်လေးများသည်လည်း သူ၏တူများဖြစ်သောကြောင့် များစွာဘက်လိုက်၍ မရပေ။ ထို့အပြင် လင်ယွမ်သည် လင်မျိုးနွယ်၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း ရှားပါးလှသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်တစ်ယောက်က သူ၏မျိုးနွယ်ကို နေ့ချင်းညချင်း ကြီးမားလာစေနိုင်စွမ်း ရှိသည်။

ကျစ်ဟွာတိုင်းပြည်၏ဘုရင်ပင် သူ၏ထီးနန်း ဆက်လက်တည်မြဲရေးအတွက် စစ်ဧကရာဇ်ငါးယောက်၏ ထောက်ခံမှုလိုအပ်သောကြောင့် စစ်ဧကရာဇ်အလောင်းအလျာတစ်ယောက် မွေးထုတ်ပေးနိုင်သော မျိုးနွယ်တိုင်းကို ပစားပေးလေသည်။ ယဲ့မုန့်၏ရလဒ်ကြောင့် ယဲ့ချန်က စိတ်ထဲတွင် အပျော်လွန်နေသော်လည်း အပြင်ပန်း၌ တည်ငြိမ်နေခဲ့သည်။ ထို့ကြောင့် လင်ယု၏အမြင်တွင် ယဲ့ချန်သည် ဤအဖြစ်ကို ကြိုတင်မှန်းဆထားပြီးဖြစ်သည်ဟု အထင်မှားသွားခဲ့သည်။

"နောက်ထပ်တစ်ယောက် စမ်းသပ်လိုက်ရအောင်"

လင်ယု၏စကားအဆုံးတွင် ပုလဲက ယဲ့ရွှမ်ထံ ပျံသန်းသွားကာ သူမကို လှည့်ပတ်နေသည်။ သူမ၏ချစ်စဖွယ်မျက်နှာလေးတွင် စိုးရိမ်စိတ်တို့ထင်ဟပ်နေပြီး ပေါင်းစပ်နှုန်းနိမ့်ကျနေမည်ကို ကြောက်လန့်နေသည်။ သို့သော် ၎င်းက အလင်းရောင်များထွန်းလင်းလာ၍ ယဲ့မုန့်ကို စမ်းသပ်စဥ်ထက်ပင် ပို၍တောက်ပနေသောကြောင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။

"နောက်ထပ်ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ တစ်ယောက်ပါလား။ ဒီညီမလေးရဲ့ပေါင်းစပ်နှုန်းက ၅၆"

လင်ယုမှာ မယုံကြည်နိုင်စရာအဖြစ်ကြောင့် ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။ ယဲ့မျိုးနွယ်တွင် ယဲ့ချန်အပါအဝင် ပါရမီရှင်သုံးယောက်ထွက်ပေါ်လာပြီး ကောင်းကင်မူလတိုက်ကြီးရှိ မျိုးနွယ်ကြီးအချို့ပင် လူငယ်မျိုးဆက်၌ ထူးချွန်သူများစွာကို ဆက်တိုက်မွေးထုတ်မပေးနိုင်ချေ။

"နှစ်ယောက်ကို စမ်းသပ်ပြီး ပေါင်းစပ်နှုန်းက ငါးဆယ်ကျော်တယ်။ ဘယ်လိုတောင်အစွမ်းထက်တဲ့ မျိုးဆက်သွေးလဲ"

လင်ယုသည် ယဲ့ချန်ကို ထိတ်လန့်စွာ ငေးကြည့်နေမိသည်။ ယဲ့မျိုးနွယ်၏မျိုးဆက်သွေးက ထိပ်တန်းလူသားမျိုးနွယ်အချို့ထက်ပင် သာလွန်ခဲ့သည်။ ကုဖေးတို့အဖွဲ့မှာလည်း ယဲ့မျိုးနွယ်ဝင်များ၏ ထူးချွန်မှုကြောင့် ကိုယ့်ကိုကိုယ်အရှက်ရနေမိသည်။ စစ်ဧကရာဇ်တစ်ယောက်ချင်းစီက ကောင်းကင်မူလတိုက်ကြီးတွင် အုပ်စိုးသူများဖြစ်ကာ ငါးယောက်ဆိုလျှင် နတ်တိုင်းပြည်တစ်ခု၏ဖွဲ့စည်းပုံကို ပြောင်းလဲပစ်နိုင်သောကြောင့် အစွမ်းထက်မျိုးနွယ်တစ်ခု ထွက်ပေါ်လာတော့မည်ဟု သူတို့က ခံစားနေရသည်။ ဤဖြစ်စဥ်က နှစ်ပေါင်းရာချီကြာမြင့်နိုင်သော်လည်း ကောင်းကင်မူလတိုက်ကြီးတွင် ဤအချိန်လောက်ကို ကြာသည်ဟု မဆိုနိုင်ပေ။

"ဂုဏ်ပြုပါတယ် အစ်ကိုကြီး"

လင်ယုက နောက်တစ်ကြိမ် မြှောက်ပင့်လိုက်ပြန်သည်။ ဤမျှပါရမီရှင်များ ပိုင်ဆိုင်ထားသော ယဲ့မျိုးနွယ်ရှေ့မှောက်တွင် လင်မျိုးနွယ်ပင် ဒူးထောက်ဦးညွှတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ယဲ့ရွှမ်သည် နောက်ဆုံးတွင် ယဲ့မျိုးနွယ်၏ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်လာသောကြောင့် အလွန်ဝမ်းမြောက်နေသည်။

"ကျန်တဲ့လူတွေကို စမ်းသပ်ကြည့်ပါဦး"

ယဲ့ချန်က လင်ယုကို ညွှန်ကြားလိုက်သည်။ လင်ယုက ခေါင်းညိတ်၍ ကြယ်ဝိညာဥ်ပုလဲကို ယဲ့ဖန်းထံ ပျံသန်းသွားစေသည်။ ထို့နောက် ၎င်းက အလင်းရောင်းများထွန်းလင်းလာပြီး ယဲ့မုန့်နှင့် ယဲ့ရွှမ်အောက် အနည်းငယ်သာ မှိန်ဖျော့နေသည်။

"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၅၁"

နောက်ထပ်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသောကြောင့် ယဲ့မျိုးနွယ်မှာ အလွန်ထူးဆန်းကြောင်း လင်ယုက ခံစားနေရသည်။

"ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၅၀"

ယဲ့မူသည်လည်း စစ်ဧကရာဇ်အလောင်းအလျာတစ်ယောက် ဖြစ်နေသောကြောင့် လင်ယုမှာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက ယဲ့မျိုးနွယ်ဝင်လေးယောက်ကို စမ်းသပ်ခဲ့ပြီး အားလုံး၏ပေါင်းစပ်နှုန်းက ငါးဆယ်နှင့်အထက်ဖြစ်နေသည်။

"ဘုရားရေ ဒီမျိုးနွယ်က ကြောက်စရာကောင်းလိုက်တာ။ ဘယ်လိုလုပ် ပါရမီရှင်တွေ ဒီလောက်အများကြီးရှိနေရတာလဲ"

"ဆက်ပြီးစမ်းသပ်လိုက်ဦး"

လင်ယုမှာ အံ့သြလွန်းသဖြင့် ကြက်သေသေနေသောအခါ ယဲ့ချန်က သတိပေးလိုက်သည်။ သူက ယဲ့မျိုးနွယ်ဝင်လေးယောက်၏ပါရမီကြောင့် အလွန်ဝမ်းသာနေပြီး စိုးရိမ်စိတ်များပျောက်ကွယ်သွားကာ တစ်ကိုယ်လုံးလန်းဆန်း ပေါ့ပါးနေသည်။ လင်ယုက တစ်ခုခုပြောချင်သော်လည်း ယဲ့ချန်၏တည်ငြိမ်လွန်းသော အမူအရာကြောင့် မည်သည့်စကားပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ အနာဂတ်တွင် မည်သို့ဖြစ်ပါစေ၊ ယဲ့ချန်၏ခြေထောက်ကို မလွတ်တမ်းဆွဲဖက်ထားရမည်ဟု သူက စိတ်ပိုင်းဖြတ်လိုက်သည်။ ဤလေးယောက်က စစ်ဧကရာဇ်များဖြစ်လာလျှင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးအပါအဝင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်ခြောက်ယောက်အထိ ရှိလာပေလိမ့်မည်။

အချိန်ကျလျှင် ယဲ့ချန်၏စကားတစ်ခွန်းတည်းဖြင့် လင်မျိုးနွယ်ကို စိတ်ကြိုက်စီမံနိုင်ပြီး ကျစ်ဟွာနတ်တိုင်းပြည်၏ဖွဲ့စည်းပုံကိုပင် ဝင်ရောက်စွမ်ဖက်နိုင်ပေလိမ့်မည်။ လင်ယု၏အကြည့်က နောက်ဆုံးနှစ်ယောက်ထံ ကျရောက်သွားကာ ယဲ့ပင်းနှင့် ကျိလေ့မှာလည်း ပါရမီရှင်များဖြစ်နိုင်မဖြစ်နိုင် စိတ်လှုပ်ရှားနေခဲ့လေသည်။

All Chapters