ဒါတွေအကုန် အဲဒီလူငယ်ကြောင့်ပဲ
Vol. 27 Ch. 521
ငွေရောင်အလင်းတန်းသည် ထူးဆန်းလွန်းကာ သူအရင်ကမမြင်ဖူးခဲ့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူနှင့် နွားရိုင်းတို့သည် ဝိညာဉ်ပင်လယ်ထဲတွင် ဆက်သွယ်ချက်ရှိခဲ့သည်။ ယွမ်ဟဲ့သည် အရူးဖြစ်သည့်တိုင်အောင် ထိုအချိန်၌ ဤမွန်မြတ်သည့်သားရဲသည် သူ၏စာချုပ်သားရဲဖြစ်လာသည်ကို သိလိုက်၏။
သူ၏စိတ်ထဲတွင် တက်ကြွမှုများသည် လှိုင်းလုံးကြီးသဖွယ် တက်လာခဲ့ သည်။ ယွမ်ဟဲ့သည် မုချင်းလင်နှင့်အတူ တောင်လမ်းတစ်ဝက်တွင်ရှိသော ပေထင်းဟွမ်အားကြည့်လိုက်သည်။ သူမ၏အေးစက်သောမျက်နှာကို မြင်နိုင် ရန်အတွက် အလွန်ဝေးကွာလှသည်။ လူငယ်၏ပုံရိပ်သည် သေးငယ်သော အစက်အပျောက်အဖြစ် ပြောင်းသွားသည်။ သို့သော် ယွမ်ဟဲ့၏စိတ်ထဲတွင် လေပေါ်မှ အနက်ရောင်ဝတ်ထားသောလူငယ်သည် သူ့စိတ်ထဲတွင် ဘယ်တော့ မှ ပျောက်မသွားမည့် အမှတ်အသားကြီးတစ်ခုချန်သွားလေပြီ။
“ဒီဘဝမှာ သခင့်နောက်လိုက်တာ ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ”
သူ့နားထဲတွင် ရေရွတ်သံမဆုံးခင်တွင် ငွေရောင်ကြယ်အစီအရင်သည် သူ့ ခြေထောက်အောက်တွင် ပေါ်ထွက်လာပြန်သည်။ မူလတြိဂံကြယ်အစီအရင်ကို ယခုအခါ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းဖြင့် ပုံဖော်ထားသည်။ ငွေရောင် မွန်မြတ်သောကြက်ခြေခတ်ဓားသာ ဘေးသို့သွားဖိနှိပ်နိုင်သည်။ သုံးဖက်ပါ ကြယ်သည် ပြန်စီစဉ်ပြီးသောအခါ ထောင့်လေးထောင့်ကြဘ်အစီအရင်ထွက် ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ လက်ရာများသည် တဖြည်းဖြည်းပုံပေါ်လာသည်။ မွန်မြတ်သောဓားသေးနှစ်လက်သည် စတုဂံ ကြယ်အစီအရင်အလယ်တွင်ပေါ်လာပြီး မျဉ်းပြိုင်ဖြစ်သွားလေသည်။
များပြားလှသော စွမ်းအင်ပမာဏသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။ ဟွမ်ယဲ့သည် သူ့သွေးကြောကို ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ခံစားလိုက်ရပြီး ဟာရီကိန်းကဲ့သို့ လည်ပတ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော စွမ်းအင်အားလုံးကို စုဆောင်းထားလိုက်နိုင်သည်။ သူသည် ကျိုးကြေသည့် အသံကို ကျိန်းသေပေါက်ကြားလိုက်ရသည်။ နဂိုက ဝိညာဉ်သခင်အဆင့် အတားအဆီးသည် ပြိုကွဲသွားပြီး စွမ်းအားသည် ရူးသွပ်စွာ ရှေ့သို့ထွက်လာ သည်။ ၎င်းသည် ကြယ် ၂ ပွင့်ဝိညာဉ်သခင် အတားအဆီးကိုထိမှပင် ရပ်တန့် သွားလေသည်။
သူအဆင့်တက်သွားသည်။ သူသည် တစ်နေ့တွင် ဤတိုက်ကြီးပေါ်တွင် ကျွမ်းကျင်သူအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
အရာအားလုံးသည် ဤလူငယ်၏ အစပြုမှုကြောင့်ဖြစ်သည်။
ယွမ်ဟဲ့၏ဒူးသည် မြေကြီးပေါ်သို့ တဖြည်းဖြည်းကျသွားသည်။ သို့သော် သူ့ဒူးမှာ မြေကြီးနှင့်မထိခင်တွင် နူးညံ့သောအင်အားတစ်ခုသည် သူ့ကိုမ,တင် လိုက်သည်။
ယွမ်ဟဲ့သည် ရုတ်တရက်ခေါင်းမော့ကာ မယုံနိုင်စွာဖြင့် ကြည့်လိုက်၏။ ပေထင်းဟွမ်နှင့်မုချင်းလင်တို့သည် တောင်ဘေးမှ လက်ချင်းတွဲပြီး ဆင်းလာ နေပြီဖြစ်သည်။ လူငဘ်သည် ယွမ်ဟဲ့အား အေးစက်သောမျက်လုံးများဖြင့် အေးစက်စွာအကဲခတ်ပြီး အေးစက်သောအသံဖြင့်ပြောလိုက်၏ “ယွမ်ဟဲ့ ငါ အရင်ကပြောပြီးပါပြီ ငါ့မှာအစေခံမနည်းဘူး.. မင်းသာ ငါ့နောက်လိုက်ချင်ရင် ငါ့ဘေးမှာ သူငယ်ချင်းလိုနေတယ်.. ငါနဲ့ဘေးချင်းယှဉ်တိုက်ဖို့ သူငယ်ချင်းပဲ နားလည်လား”
ယွမ်ဟဲ့၏မျက်လုံးများသည် မီးတောက်လာကာ ငိုချင်စိတ်ကိုအတင်း ဖိနှိပ်ထားရသည်။
သူမ ပြောတဲ့စကားကို သူနားလည်ရဲ့လား။ ဘေးချင်းယှဉ်တိုက်ခိုက်မယ့် သူငယ်ချင်းလား။ သူ ယွမ်ဟဲ့သည် သူ့ဘဝကို ပြောင်းလဲပြီး ကောင်းကောင်းမွန် မွန်နေချင်ရုံသာဖြစ်သည်။ ယခုကစပြီး သူသည် ဤဘဝတွင် သူမအတွက် တိုက်ခိုက်ပေးသွားမည်။ သူသည် ပို၍သန်မာလာပြီး ကြိုးစားသွားမည်။ တစ် နေ့တွင် သူသည် သူမအတွက်တိုက်ခိုက်ရန် အရည်အချင်းရှိရမည်။
သူမ၏ဆိုလိုရင်းကို ယွမ်ဟဲ့နားလည်သွားသည်ကိုကြည့်ပြီး ပေထင်းဟွမ် ၏မျက်လုံးများ အနည်းငယ်နွေးထွေးသွားသည်။ သူမသည် မုချင်းလင်အား ဂရုတစိုက်ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။
“ဟုတ်ပြီ လင်အာလည်း ပိုသန်မာလာပြီး အဆင့်မြင့်ကြယ် ဝိညာဉ်သခင် ကြီးဖြစ်နေပြီ.. ယွမ်ဟဲ့လည်း မဆိုးတော့ဘူး.. ကြယ် ၂ ပွင့်ဝိညာဉ်သခင်ကြီးဖြစ် နေပြီ.. ဟုတ်ပြီ.. အခု မင်းတို့အကုန်လုံး ဝိညာဉ်သခင်ကြီးဖြစ်ပြီး လက်ထဲမှာ မှော်သားရဲတွေလည်းရှိနေတယ်.. နောက်ဆက်တွဲတိုက်ပွဲတွေမှာ မင်းတို့ မကူညီနိုင်ရင်တောင် မင်းတို့ရဲ့လုံခြုံရေးကို စိတ်ပူဖို့မလိုတော့ဘူး”
“ဟုတ်ကဲ့ပါ” ယွမ်ဟဲ့သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး အနည်းငယ် မသင့်တော်သလို ခံစားနေ၇သည်။ သူသည် ပေထင်းဟွမ်နောက် လိုက်ရန် ကျိန်ဆိုထားသဖြင့် မသင့်တော်သည့် စကားလုံးနှင့် အပြုအမူများကို မလုပ်လျှင်ကောင်းမည်။ သူသည် လျင်မြန်စွာထရပ်ပြီး ပေထင်းဟွမ်အား မေးလိုက်သည် “သခင်လေး ၉ နောက်တစ်ခုက ဘာလုပ်ရမှာလဲ”
တောင်ပေါ်လမ်းတွင်ရပ်ပြီး ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုနေရာသည် သူတို့သွားမည့်နေရာဖြစ် သည်။ သို့သော် ထိုမတိုင်ခင်တွင် ပေထင်းဟွမ်သည် အေးစက်စွာပြုံးလိုက် သည်။ သူမတွင် လုပ်စရာရှိသေးသည်...