မင်းက ငါတို့နဲ့အပေးအယူလုပ်ဖို့ အရည်အချင်းမရှိဘူး
Vol. 27 Ch. 522
လင်းမို၏ တိုက်ခိုက်မှုသည် လင်ရှန့်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှန်းလင်းကို ထိတ်လန့်စေပြီးသားဖြစ်သည်။ အမှောင်မှော်သားရဲမှ အန်ထုတ် လိုက်သော မြူခိုးမည်းသည် လူများ၏စိတ်ကို သက်ရောက်စေသည်။ တောင်ခွဲ နွားရိုင်း၏တိုက်ခိုက်မှုသည် ကျယ်ရွေ့နှင့် ချောင်ထိုင်တို့ကို တောင်ပေါ်မှ ကျ သွားစေရာ တိုက်ခိုက်ရေးခွန်အားဆုံးရှုံးလိုက်ရသည့် လင်ရှန့်အဖွဲ့ဝင်သုံးဦးကို ထိတ်လန့်စေကာ သတိမေ့သွားစေသည်။
သူတို့သုံးယောက်သည် ရွေးချယ်စရာမရှိတော့ဘဲ ပေထင်းဟွမ်နှင့် တောင်ခွဲနွားရိုင်းတို့ကြားမှ တိုက်ပွဲကို လွတ်သွားတော့လေသည်။
ပေထင်းဟွမ်၏ ညွှန်ကြားမှုအောက်တွင် ယွမ်ဟဲ့သည် လင်ရှန့်၏ ခေါင်းဆောင် ရှန်းလင်းကိုနှိုးလိုက်သည်။ သူ့ရှေ့တွင်ရပ်နေသည့် သက်ရှိလူသုံး ဦးကိုကြည့်ပြီး ဘာဖြစ်သည်ကိုမသိတော့သော ခေါင်းဆောင်ရှန်းလင်းသည် ကောက်ရိုးကို ဆုပ်ကိုင်လိုက်ရသလို ဖြစ်နေပုံပင်။ ပေထင်းဟွမ်အား အပေးအယူလုပ်လေသည် “မင်းက ဒီနှစ်ကျောင်းသားသစ်မလား.. ဒီလိုဆိုရင် ရော.. မင်းသာ ငါ့ကိုခေါ်သွားချင်တယ်ဆိုရင် ဒီအန္တရာယ်များတဲ့နေရာကနေ အတားအဆီးမရှိဘဲ ထွက်သွားနိုင်အောင် ငါ အာမခံပေးနိုင်တယ်.. မင်းက အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားသစ် အောင်အောင်မြင်မြင်ဖြစ်လာနိုင် မယ်... ငါဘယ်သူလဲဆိုတာ မင်းမသိဘူးမလား.. မင်းကိုပြောလိုက်မယ် လင်ရှန့် အဖွဲ့က...”
“ဟူး ငါတို့...”
ပေထင်းဟွမ်သည် ယွမ်ဟဲ့ကို အေးစက်စွာကြည့်ကာ ထိုအရူး သူ့ အကြောင်းသူပြောမည့်အရေးကို တားခိုင်းလိုက်သည် “မင်းမှာ ခွန်အားရှိမှ တော့.. ဒီမှာဘာလို့ သူများဖျက်ဆီးတာခံရတာလဲ”
“ငါတို့တွေက မွန်မြတ်တဲ့သားရဲဖမ်းဖို့လာခဲ့တာ.. သူက ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲပဲ ပြီးတော့ အားအရမ်းကောင်းတယ်.. အစက ငါတို့မှာ အနိုင် ရနိုင်ခြေရှိတယ်.. ဒါပေမဲ့ အဲကောင်မှာ အပေါင်းအဖော်ရှိနေတယ်.. ငါတို့တွေ မတော်တဆ သူ့ထောင်ချောက်ထဲကျသွားခဲ့တယ်” ရှန်းလင်းသည် မုန်းတီးစွာ ဖြင့် အံကြိတ်လိုက်သည်။ သူသည် တုံးလွန်းသည်။ အနည်းဆုံးတော့ ယခုအချိန် တွင် သူ တုံ့ပြန်နိုင်သည်။ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်သူမှာ မှော်သားရဲ ဖြစ်သည်။
“ကဲ.. အခု ငါတို့နဲ့ အပေးအယူလုပ်ဖို့ မင်းမှာ အရည်အချင်းမရှိဘူး.. ငါ မင်းကို မေးခွန်းမေးမယ်.. ဒီအတိုင်းသာဖြေပါ... ငါသာ ကျေနပ်မယ်ဆိုရင် မင်း ကို ကုသဆေးပေးဖို့ စိတ်မရှိဘူး” ပေထင်းဟွမ်သည် အမှုမထားသလို ပြောလေ သည်။ သူမမျက်နှာမှ မျက်နှာဖုံးသည် ကျယ်ပြန့်သောကမ္ဘာပေါ်တွင် ငွေရောင် အလင်းတန်း ထုတ်လွှတ်လေသည် “ဒီအန္တရယ်နေရာကို ကျောင်းက ဘယ်နဖွဲ့ လောက်လာလဲ”
“အားလုံးပေါင်း အဖွဲ့ ၂၀ ရှိတယ်” ရှန်းလင်းသည် မလိုလားစွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ သို့သော် သူသည် ထိုလူငယ်၏ ခွန်အားကိုမပြောနိုင် ပေ။ သူ့ဘေးမှာ အမျိုးသားနှင့် အမျိုးသမီးတို့သည် အားမနည်းပေ။ သို့သော် သူတို့သည် ထိုလူငယ်၏ဦးဆောင်မှုနောက် လိုက်ကြသည်။
“သူတို့ ခွန်အားအကြောင်း ပြောပါဦး” ပေထင်းဟွမ်သည် ထိုတုတ်ခိုင် သန်မာသောလူကို ကြည့်လိုက်သည် “ကောင်းကင်အဆင့်မှာ ဘယ်နဖွဲ့ရှိလဲ”
“ငါ့အဖွဲ့အပါအဝင် အားလုံးပေါင်း ၁၀ ဖွဲ့ရှိတယ်.. ငါ့ထက် ပိုသန်မာတဲ့ အဖွဲ့ ၃ ဖွဲ့ရှိတယ်.. သူတို့ထဲမှာ ကောင်းကင်အဆင့် ၂၂ ရှိတဲ့ သခင်ဝူမင်မှာဆိုရင် ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲရှိပြီး သူက ဓား ၃ လက်ကြယ်ဝိညာဉ်သခင်ပဲ.. ဝူယဲ့အဖွဲ့ကို သူပဲဦးဆောင်ပြီး ဓား ၁ လက်ကြယ်ဝိညာဉ်သခင် တစ်ယောက်နဲ့ အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီး သုံးယောက်ပါတဲ့ အားကောင်းတဲ့အဖွဲ့ပဲ”
ရှန်းလင်းသည် စကားပြောပြီးနောက် ခေတ္တမျှရပ်လေသည်။ သူသည် ကြယ်ကဲ့သို့ တည်ငြိမ်သော ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများကို မြင်သောအခါ ထိုလူငယ်၏အတွေးကို နားမလည်တော့ပေ။ သို့သော် တစ်ဖက် လူ၏ တည်ငြိမ်မှုသည် သူ့ကိုသတိရှိစေသည်။ သူ ဆက်ပြောလေသည် “နောက်တစ်ဖွဲ့က သခင်လျိုရွှီဦးဆောင်တဲ့အဖွဲ့ပဲ.. သခင်လျိုရွှီက ကျောင်းမှာ ကောင်းကင်အဆင့်၊ အဆင့် ၇ ကျွမ်းကျင်သူပဲ.. သူက ၃၂ နှစ်ပဲရှိသေးပြီးတော့ အဆင့်မြင့်ကြယ် မွန်မြတ်တဲ့သားရဲရှိတဲ့ ဓား ၅ လက်ကြယ်ဝိညာဉ်သခင်ပဲ.. အဖွဲ့ထဲမှာ ကောင်းကင်အဆင့်၊ အဆင့် ၁၈ ကျွမ်းကျင်သူနဲ့ ဝိညာဉ်သခင်ကြီး ၇ ယောက်လည်းရှိသေးတယ်.. သူ့ခွန်အားက မှန်းလို့မရဘူး.. ပြီးတော့ နံပါတ် ၁ အဖွဲ့ဖြစ်တဲ့အပြင် စစ်နတ်ဘုရားပဲ.. သူ့ကို ကျောင်းမှာ မကျော်လွှားနိုင်ကြဘူး”
“စစ်နတ်ဘုရားဟုတ်လား” ပေထင်းဟွမ်သည် မျက်လုံးများကို အနည်း ငယ် ကျဉ်းမြောင်းလိုက်သည်။ သူမမျက်လုံးထဲမှ အန္တရာယ်ရှိသောအကြည့်များ သည် လူအများ၏ဆံပင်ကို ထောင်သွားစေသည်။ သူမသည် နှာမှုတ်လိုက်သည “စသ်နတ်ဘုရားလို့ခေါ်တဲ့ အဖွဲ့မှာ ဘယ်လိုခွန်အားမျိုးရှိလဲ ပြောပါဦး”
စစ်နတ်ဘုရားဟုတ်လား.. ဘယ်လောက်တောင် မောက်မာလိုက်လဲ။