← Chapters

တောင်ခွဲနွားရိုင်းကို ကြွားလုံးထုတ်ခြင်း

Vol. 27 Ch. 523

တောင်ခွဲနွားရိုင်းကို ကြွားလုံးထုတ်ခြင်း

Vol. 27 Ch. 523

ရှန်းလင်းသည် အနည်းငယ် သဘောကျပုံပေါက်နေသည်။ သူ့မျက်လုံးထဲ မှ မသက်မသာ အကြည့်သည် သဘောကျသည့်အကြည့်အဖြစ် ပြောင်းသွား လေသည် “သခင်ထန်းယန်ဦးဆောင်တဲ့ဖွဲ့က ကောင်းကင်အဆင့်မှာ နံပါတ် ၂ ရှိတယ်.. အားလုံးပေါင်း လူ ၅ ယောက်ပဲရှိတယ်.. သူတို့တွေအကုန်လုံးက ကောင်းကင်အဆင့် ထိပ်တန်း ၁၀ ယောက် ကျွမ်းကျင်သူထဲဝင်ကြတယ်.. သခင်ထန်းယန်က နတ်သားရဲတစ်ကောင်ရှိတဲ့ ဓား ၉ လက်ကြယ်ဝိညာဉ်သခင် ပဲ.. အရေးအကြီးဆုံးက သားရဲထိန်းသခင်ကြီးပဲ”

“သားရဲထိန်းသခင်ကြီး” ဆိုသည့်စကားလုံးဆုံးသည်နှင့် တောင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ပေထင်းဟွမ်ပင်လျှင် အသက်ကို ပြင်းပြင်းရှူလိုက်သ်ည။ သူမ၏ နှလုံး သည် အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။ သားရဲထိန်းသခင်ကြီးနှင့် ဓား ၉ လက် ကြယ်ဝိညာဉ်သခင်တို့သည် မောက်မာပိုင်ခွင့်ရှိသည်။ ဤကဲ့သို့လူမျိုးသည် ကောင်းကင်အဆင့် ကျွမ်းကျင်သူ ထိပ်တန်း ၁၀ ယောက်ကို အနိုင်ရသည်မှာ အံ့ဩစရာတော့မရှိပေ။

မှော်သားရဲများ၏ဖြားယောင်းမှုကို မည်သည့်ဝိညာဉ်သခင်ကမှ မခုခံနိုင် ကြပေ။ အဆင့်မြင့်မှော်သားရဲတစ်ကောင်နှင့် အပေါင်းအဖော်အဖြစ် စာချုပ် တည်ထောင်နိုင်သည့် ဝိညာဉ်သခင်ကြီး၏ ခွန်အားကိုသုံးနိုင်ရန်မှာ ဝိညာဉ် သခင်တိုင်း၏အိပ်မက်ဖြစ်သည်။

အလွန်ကောင်းသည်။ အင်ပါယာကျောင်းတော်သည် သူမကို စိတ်မပျက် စေပေ။ ဝိညာဉ်သခင်ကြီးနှစ်ယောက်သာပါသည့် သူမအနောက်မှအဖွဲ့ကို ကြည့်လိုက်သည်။ တိုက်ပွဲအတွေ့အကြုံကို ပြောရလျှင် သူတို့တွင်ဘာမှမရှိပေ။

သို့သော် သူမ ပေထင်းဟွမ်သည် ကြောက်နေမည်လား။

“ကောင်းကင်အဆင့် ဒုတိယဟုတ်လား.. ပထမကရော” ဒုတိယလူနှင့် ယှဉ်လျှင် ပေထင်းဟွမ်သည် ကောင်းကင်အဆင့် ပထမလူကိုစိတ်ဝင်စားသည်။

“မသိဘူး ဘယ်သူမှလည်းမသိကြဘူး” ရှန်းလင်းသည် ခေါင်းခါကာ နောင်တရစွာဖြင့် ပြောလေသည်။

အဖွဲ့ထဲတွင် အဖွဲ့ဝင် သုံးယောက်ရှိသည်။ ဟုတ်သည် ပေထင်းဟွမ်သည် ထိုအရာကိုမှတ်ထားရမည်။

သူမလက်ထဲမှ ဓားပျော့နှင့် ရှန်းလင်း၏မေးစေ့ကို ပင့်လိုက်သည်။ ပေထင်းဟွမ်၏ ပေါ့ပြက်ပြက်နိုင်သော မျက်နှာထားတွင် နတ်ဆိုးဆန်သည့် အရိပ်အယောင်ရှိနေသည်။ ရှန်းလင်းမှင်တက်သွားသည်ကိုကြည့်ပြီး သူမ ရယ်မောမိသည် “ဒါနဲ့.. ငါက ပေထင်းဟွမ်ဆိုတာကို ပြောဖို့မေ့နေတယ်.. ဒီတစ်ခေါက် အန္တရာယ်နေရာကို ဝင်ခဲ့တဲ့အဖွဲ့တွေက မင်းနဲ့ယှဉ်နိုင်ပြီး ငါ့ကို လိုလိုလားလားလက်မခံဘူးလို့မပြောခဲ့ဘူးလား”

ပေထင်းဟွမ်ား။

ထိုစကားလုံးများသည် ရှန်းလင်းအား နှလုံးခုန်မြန်သွားစေ၏။ သူသည် မယုံနိုင်လုနီးပါးပင်။ သူသည် ခေါင်းကိုဖြည်းဖြည်းချင်း မော့ပြီး ပေထင်းဟွမ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ ငွေရောင်မျက်နှာဖုံးသည် သူမ၏မျက်နှာ အများစုကို ဖုံးအုပ်ထားကာ သူမ၏ ချောမွတ်သော နှာခေါင်းနှင့်မေးစေ့ကိုသာ လစ်ဟာပြသထားသည်။ သို့သော် ရှန်းလင်းသည် ပေထင်းဟွမ်၏ စကားများကို လုံးဝသံသယမဝင်ပေ။

သူမသည် ပေထင်းဟွမ်ဟုပြောလျှင် သူမပင်ဖြစ်လိမ့်မည်။ အကြောင်းမှာ ဤကမ္ဘာပေါ်တွင် သူမလောက် မောက်မာသောသူမရှိတော့ပေ။

သို့သော် သူတို့အဖွဲ့ ဆွေးနွေးသည်များကို သူမ မည်သို့ကြားလိုက် သနည်း။ ဖြစ်နိုင်သည်မှာ.. ရှန်းလင်း၏တစ်ကိုယ်လုံးတုန်ယင်သွားကာ သူ့ မျက်လုံးများသည် ကြောက်လန့်မှုဖြင့် ပြည့်နှက်သွားသည်။ သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလေသည် “အဲဒါ အဲဒီ.. အဲဒီကြောက်စရာကောင်း တဲ့ မှော်သားရဲက... မင်း မင်းဟာလား”

ရှန်းလင်းအား အထင်သေးစွာစိုက်ကြည့်ပြီး ပေထင်းဟွမ်သည် ယွမ်ဟဲ့ သည် ခပ်ဖျော့ဖျော့ကြည့်လိုက်သည်။ အမိန့်လက်ခံရရှိသည့် ယွမ်ဟဲ့သည် ချက်ချင်းမတုံ့ပြန်ပေ။ သူ့ဘေးတွင်ရှိသည့် မုချင်းလင်သည် ထိုငတုံး၏ နွေးကွးသော တုံ့ပြန်ချက်ကို စိတ်ပျက်နေပြီဖြစ်သည်။ သူမသည် သူ့ကို တံတောင့်ဖြင့်တွတ်ကာ ပြောလိုက်သည် “အဲဒီတောင်ခွဲနွားရိုင်းကို ထုတ်ကြွားလိုက်တော့”

“အိုး အိုး ဟုတ်ပြီ”

ပျော်ရွှင်စွာဖြင့် ယွမ်ဟဲ့သည် ဝိညာဉ်စွမ်းအင်ကို လည်ပတ်လိုက်ရာ သူ့ ခြေထောက်အောက်တွင် စတုဂံကြယ်အစီအရင်တစ်ခု တောက်ပစွာပေါ်ထွက် လာသည်။ ငွေရောင်ကြက်ခြေခတ်ဓားနှစ်လက်သည် ဂုဏ်ယူစွာတောက်ပပုံ ပေါ်သည်။ ငွေရောင်အစီအရင်ပုံစံ အရောင်လက်လာပြီးနောက် နွားပေါက် အရွယ်အစားရှိသည့် နွားရိုင်းသည် ငွေရောင်အလင်းထဲမှ လျှောက်လာကာ ရှန်းလင်း၏မျက်လုံးထဲတွင်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်လွင့်သွားမတတ် ထိတ်လန့်သွားလေသည်။

၎င်းသည် ပေထင်းဟွမ်ကဲ့သို့ မှော်သားရဲများကို လက်ပတ်နေရာတွင် ထိန်းသိမ်းထားပုံနှင့်မတူပေ။ သူမသည် ဆင့်ခေါ်ရာတွင် သူမ၏ခွန်အားကို ထုတ်ကြွားစရာမလိုပေ။ ယွမ်ဟဲ့သည် ဝိညာဉ်သခင်ကြီးတစ်ယောက်အနေနှင့် သူ၏ခွန်အားကို ထုတ်ပြနိုင်မည့်အခွင့်အရေးရသည့်အတွက် အလွန်ကျေနပ် လျက်ရှိသည်။

သို့သော် ရှန်းလင်းသည် ဝိညာဉ်လွင့်မတတ်ဖြစ်နေသည်ကို မြင်သောအခါ ယွမ်ဟြ့သည် အတန်ကြာသည်အထိ မျက်စိကိုကျယ်ကျယ်ဖွင့် ထားသည်။ သူ၏တစ်ကိုယ်လုံးသည် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်ကာ အချိန်မရွေး မေ့လဲသွားနိုင်သကြ့သို့ သူ၏အသက်ရှူသံသည် အလွန် မတည်မငြိမ်ဖြစ်နေသည်။ ယွမ်ဟဲ့သည် အပြစ်ကို ဝန်ခံလိုက်ရသကဲ့သို့ ခံစား လိုက်ရသည်...

All Chapters