ယွမ်ဟဲ့က တကယ်အရည်အချင်းရှိတာပဲ
Vol. 27 Ch. 524
မှော်သားရဲကို မှော်သားရဲနေရာထဲသို့ အလျင်အမြန်ထည့်လိုက်ပြီးနောက် ယွမ်ဟြ့သည် မုချင်းလင်၏ အင်္ကျီလက်ကို ဂရုတစိုက်ဖြင့် ဆွဲလေသည်။ သူသည် ပေထင်းဟွမ်ကို လက်လွတ်စပယ်မပြောရဲသောကြောင့် မုချင်းလင်ကို သာ မေးရလေသည် “အင်း.. ချင်းလင် ဒီကောင်းကင်အဆင့်နဲ့လူကို သေအောင် ခြောက်လိုက်မိပြီလား”
မုချင်းလင်သည် သူမ၏အင်္ကျီလက်ကိုပြန်ဆွဲပြီး အထင်သေးစွာပြောလေ သည် “သူ လန့်ပြီးသေရင်တောင် သေတဲ့လူက မင်းမဟုတ်ဘူး ဟုတ်ပြီလား”
“ဒါပေမဲ့ ခုနက သူက ငါ့မွန်မြတ်တဲ့သားရဲကို မြင်လိုက်တာရှင်းနေတာပဲ အဲဒါကြောင့် သူ မှင်တက်သွားတာလေ” ယွမ်ဟဲ့သည် နားမလည်နိုင်ဖြစ်နေ တုန်းပင်။
ချက်ချင်းဆိုသလိုပင် မုချင်းလင်သည် ပေထင်းဟွမ်အတွက် ရင်နာမိ၏။ ဒီလိုငတုံးမျိုးကို သူမဘေးထားတာ ရှောင်ကျို့အတွက် တကယ်ကောင်းလို့ လား။ သူမသည် အနာဂတ်တွင် ရှောင်ကျို့ကို သူမဘာသာဂရုစိုက်သည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ရှောင်ကျို့သည် မိန်းကလေး တစ်ဦးဖြစ်သည်။ ယွမ်ဟဲ့ကဲ့သို့ ငတုံးမျိုးကို သူမဘေးတွင်ထားခြင်းသည် နစ်နာ သည်။
“မင်းက တကယ် အရှက်မရှိတာပဲ” မုချင်းလင်သည် နူးညံ့သော မိန်းကလေးဖြစ်ရာ တစ်စုံတစ်ယောက်ကို ဆူငေါက်လောက်အောင်ထိ မတတ် နိုင်ပေ။ ယွမ်ဟဲ့ကို မည်မျှစိတ်ပျက်လက်ပျက်ဖြစ်သွားသည်ကိုပင် မြင်နေရ၏။ “သူ့သားကောင်ကို သခင်လေး ၉ ကဖမ်းသွားတာကိုမြင်လိုက်ရတော့ ထိတ်လန့်သွားတာပဲ”
ယွမ်ဟဲ့သည် မယုံကြည်နိုင်ပေ။ ပြီးနောက် သူသည် ရှန်းလင်း၏ မျက်နှာ မှ အဖြေကိုရှာရန်ကြိုးစားသည့်အလား သံသယဖြင့် ကြည့်လေသည်။
အချိန်ကြာမှပင် ရှန်းလင်းသည် သတိပြန်ဝင်လာလေသည်။ သူသည် ပေထင်းဟွမ်အား နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်ပြီး သူ့ရင်ဘတ်သည် အပြင်းအထန်လေးလံလာလေသည် “ကောင်းတယ် ကောင်းတယ် ကောင်းတယ် ငန်းရိုင်းရဲ့မျက်လုံးမျိုးကို တစ်ခါမှမဖောက်ဖူးဘူး.. ငါ လူသစ် လေ့ကျင့်ရေးမှာ ပါဝင်လာတာ ၁၀ နှစ်ရှိပြီ.. လူသစ်ကို တစ်ခါမှမရှူံးဖူးဘူး.. ပေထင်းဟွမ် ငါ လက်ခံပါတယ်.. ဒါပေမဲ့ မင်းတို့သုံးယောက်မှာ ဘယ်သူက သားရဲထိန်းသခင်ကြီးလဲဆိုတာ ပြောနိုင်မလား”
မွန်မြတ်သောသားရဲတစ်ကောင်ကို ထိန်းကျောင်းရန် သားရဲထိန်းသခင် ကြီးမဟုတ်လျှင် ဘာဖြစ်မည်နည်း။ လူသစ်ထဲတွင် သားရဲထိန်းသခင်ကြီး နောက်တစ်ယောက်ပေါ်လာချေပြီ။ ဤကျောင်းသားသစ်အဖွဲ့သည် အထင်ကြီး လောက်စရာပင်။
“ဟား” ယွမ်ဟဲ့သည် ရယ်မောကာ တုန်ယင်သောလက်ဖြင့် ရှန်းလင်း အားညွှန်ပြလေသည် “အရမ်းတုံးတဲ့သူက ငါပဲဖြစ်လိမ့်မယ်လို့ အမြဲထင်နေတာ ငါ့ထက်တုံးတဲ့သူရှိလိမ့်ဦးမယ်လို့ ထင်မထားဘူး... မှော်သားရဲကို အရင် ထိန်းကျောင်းရမယ်လို့ ဘယ်သူပြောလဲ.. ဒီတောင်ခွဲနွားရိုင်းက ငါနဲ့ စာချုပ် မချုပ်ခင် ထိန်းကျောင်းဖို့တောင်မလိုဘူး”
ဒီကမ္ဘာမှာ အဲလိုကိစ္စမျိုးတကယ်ရှိလို့လား။ ပြီးခဲ့သည့် နှစ်ပေါင်း တစ် သောင်းတွင် မထိန်းကျောင်းရသည့် စာချုပ်မှော်သားရဲမျိုးရှိသည်ဟု သူ မကြား ဖူးပေ။
မဟုတ်ပေ.. မှော်အိမ်မွေးသားရဲသည် ချွင်းချက်ဖြစ်သည်။ သို့သော် တောင်ခွဲနွားရိုင်းသည် မည်သည့်အချိန်က မှော်အိမ်မွေးသားရဲဖြစ်သွားသနည်း။
ရှန်းလင်းသည် ယွမ်ဟဲ့အား အသိဉာဏ်ကင်းမဲ့သည့်လူတစ်ယောက်ကဲ့သို့ ကြည့်လေသည်။ သို့သော် ယွမ်ဟဲ့သည် ရှန်းလင်းအား ငတုံးတစ်ယောက်လို ပြန်ကြည့်လေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ နောက်ဆုံးတွင် ရှန်းလင်းသည် အနည်းငယ် မသေမချာဖြစ်နေသည်။ ထို့အပြင် ယွမ်ဟဲ့သည် သူ၏စာချုပ်မှော်သားရဲဖြစ်နေ သည့် တောင်ခွဲနွားရိုင်းကို အခုလေးတင် ထုတ်ပြခဲ့သည်။
ပေထင်းဟွမ်သည် သူမ၏သရုပ်မှန် ပေယဲ့ကိုမဖုံးကွယ်သလို သားရဲထိန်း သခင်ကြီးဖြစ်သည့် သူမ၏သရုပ်မှန်ကိုလည်း မဖုံးကွယ်ပေ။ ထို့အပြင် သူမသည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ခွန်အားရှိနေပြီဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေးခွန်အားနှင့် သားရဲများနှင့်ဆိုလျှင် အဆင့်မြင့်ဓားကြယ်ဝိညာဉ် သခင်ကြီးနှင့် တိုက်ခိုက်ရန် အနိုင်ရနိုင်ခြေရှိသည်။
ရှန်းလင်းသည် သူမ၏ သားရဲထိန်းသခင် သရုပ်မှန်ကို ဖော်ထုတ်ရန် ပေထင်းဟွမ် မကြောက်ပေ။ သို့သော် ရှန်းလင်း ထုတ်မပြောဘဲနေလိမ့်မည်ဟု ထင်မထားပေ။
ထိုအစား အနာဂတ် အချိန်ကြာပြီးနောက် သူသည် ပြဿနာကြီးတစ်ခုရှာ လိမ့်မည်။ ထိန်းကျောင်းခြင်းမရှိဘဲ တိုက်ရိုက်စာချုပ်တည်ထောင်နိုင်သည့် မှော်သားရဲရှိသည်လား။
ယွမ်ဟဲ့သည် အမှန်တကယ်ပင် အရည်အချင်းရှိသည်ဟု ဆိုနိုင်သည်။
သို့မဟုတ် ဖြစ်နိုင်သည်မှာ အဆိုစကားပုံများအတိုင်း ကိစ္စများ အဆုံးစွန် အခြေအနေရောက်လျှင် နောက်ပြန်လာနိုင်သည်ဟူ၍ ဖြစ်နေမလားပင်။ လူ တစ်ယောက်သည် အလွန်အမင်းတုံးအနေလျှင် ဉာဏ်ကောင်းလာမည် မဟုတ် ပါလား။
သူမသည် ကတိတည်စွာဖြင့် ရှန်းလင်းအား အဆင့် ၁ ကုသဆေးပေး လိုက်သည်။ ထိုဆေးသည် လွန်ခဲ့သည့် သုံးလတွင် ပေထင်းဟွမ် ကြိုးစား ဖော်စပ်ထားသည့်ဆေးဖြစ်သည်။ သူမ၏ ပထမဆုံး လက်ရာမြောက်သော ဆေးပင်ဖြစ်သည်။ ၎င်းသည် အနည်းငယ်အကျည်းတန်ပြီး မျက်နှာပြင်မှာ မချောမွေ့သော်လည်း ကုသခြင်းသက်ရောက်မှုရှိသည့် ဒဏ်ရာမြက် ၇ ပါး အနံ့ ရှိသည်။ သေချာပေါက်ပင် ၎င်းသည် သက်ရောက်မှုရှိသောဆေးဟု ပြောနိုင် သည်...
အပိုင်း (၅၂၅) – သခင်လေး ၉ ကတကယ်ပဲ အဂ္ဂိရတ်ပညာရှင်ပဲ
ရှန်းလင်းသည် အပျော်လွန်သွားသည်။ ဤကဲ့သို့ အကျည်းတန်သည့် ကုသဆေးသည် ဈေးကွက်တွင် ရွှေဒင်္ဂါးရာချီတန်သည်သည်ဟု သိကြသည်။ ဒီတစ်လုံးဝယ်ဖို့ကို သူမ ပိုက်ဆံဘယ်ကနေရှာလတာလဲ။ ၎င်းသည် ရတနာ တစ်ပါးကိုရလိုက်သလိုပင်။ ဤဆေးတွင် ပေထင်းဟွမ် အဆိပ်ခတ်ထားမည်ကို သူ မစိုးရိမ်ပေ။ ပေထင်းဟွမ်၏ ခွန်အားကို သူသိသည်။ သူမသာ သူ့ကို သတ်ချင်လျှင် ထိုထူးဆန်းသည့်မှော်သားရဲကို ဆင့်ခေါ်ရန်သာလိုသည်။ သူမ ဘာမှလုပ်စရာမလိုပေ။ ဤဆေးကို ဘာကြောင့် အချည်းနှီးဖြစ်ခံမည်နည်း။
“သခင်လေး ၉ ပြီးခဲ့တဲ့ရက်တွေမှာ ရှင် ဆေးသန့်စင်တာသင်နေတယ်လို့ အစ်ကိုကြီးကျင်းပြောတာကြားခဲ့တယ်.. ခုနကဆေးကို ရှင် သန့်စင်ထားတာ လား” မုချင်းလင်၏ခွန်အားသည် တိုးတက်လာပြီဖြစ်ကာ သူမတွင် ကြယ် ၇ ပွင့် နတ်သားရဲလည်းပိုင်ဆိုင်နေပြီဖြစ်သည်။ သူမသန်မာလာပြီးနောက် ပို၍ ယုံကြည်ချက်ရှိကာ တက်တက်ကြွကြွလျှောက်လှမ်းနိုင်ခဲ့သည်။ သူမ၏ မျက်နှာသည် ယုံကြည်ချက်ရှိစွာတောက်ပနေပြီး ထူးထူးခြားခြားကြည့်ကောင်း နေသည်။
ပေထင်းဟွမ်သည် ပြုံးပြီး သူမ၏မျက်နှာကို ဆိတ်လိုက်၏။ သူမ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အင်း ဟုတ်တယ်လေ ဒါပေမဲ့ မင်းစားလိုက်တဲ့ အဆိပ်ဖြေဆေးက ငါသန့်စင်ထားတာမဟုတ်ဘူး.. ငါ့မှာ အဲလောက်ခွန်အားမရှိ သေးဘူး.. လင်အာ မင်းခန္ဓာကိုယ်ထဲက အဆိပ်ကိုဖယ်ပြီးသွားတော့ မင်း အသားအရေလည်း ပိုကောင်းလာပြီး မင်းလည်းပိုလှလာတယ်”
ယောက်ျားလေး မိန်းကလေး ထိုသို့ထိတွေ့နေသည်ကို တခြားသူများ မြင်လျှင် သေချာပေါက် နေရခက်သွားမည်ဖြစ်သည်။ ထင်ထားသည့်အတိုင်း ပင် ယွမ်ဟဲ့သည် ခေသူမဟုတ်ပေ။ သူ၏အာရုံသည် တခြားသူများနှင့် ကွာခြား လေသည်။ သူသည် ချက်ချင်းပင် အော်လေသည် “အာ.. သခင်လေး ၉ မင်းက တကယ်ကြီး အဂ္ဂိရတ်ပညာရှင်ပဲ.. ငါ ငါ မင်းကို တကယ်လေးစားတယ်”
မုချင်းလင်သည် ပေထင်းဟွမ်၏မျက်နှာကို သနားသောမျက်လုံးများဖြင့် ကြည့်လေသည်။ မုချင်းလင်၏ အတွေးများကို မြင်သဖြင့် ပေထင်းဟွမ်သည် သူမကို ပြန်ကြည့်ကာ သူတို့နှစ်ယောက်အား ပြုံးပြပြီးခေါင်းယမ်းပြလေသည်။ ပေထင်းဟွမ်သည် သူမ၏လက်ဖဝါးလှန်လိုက်ပြီးနောက် ယွမ်ဟဲ့အား ကျောက်စိမ်းပုလင်း ပစ်ပေးလိုက်သည် “ဟုတ်တယ် မဆိုးဘူး.. မင်းက ငါ့ကို ဘယ်လိုရင် မြှောက်ရမလဲဆိုတာသိတာပဲ.. လာခဲ့ ဒါမင်းအတွက် ဆုပဲ”
ယွမ်ဟဲ့သည် ပုလင်းကို မဖမ်းနိုင်မည်ကို ကြောက်သဖြင့် မျောက် တစ်ကောင်ကဲ့သို့ ခုန်လိုက်၏။ သူသည် လက်ကိုလေထဲမြှောက်ပြီး ကျောက်စိမ်းပုလင်းကို ဖမ်းလိုက်သည်။ သူသည် နှာခေါင်းနားတေ့ပြီး အနံ့ခံ ကြည့်သည်။ အနံ့ခပ်ဖျော့ဖျော့သည် တိုးဝင်လာသည်။ ၎င်းသည် သခင်လေး ၉ မှ ရှန်းလင်းအားပေးသည့် ဆေးနှင့်အနံ့တူသည်။
သူသည် ကျောက်စိမ်းပုလင်း၏ အဆို့ကိုဆွဲထုတ်ရန်မစောင့်နိုင်တော့ဘဲ အထဲကိုကြည့်လိုက်သည်။ ဝိုး.. ပုလင်းထဲတွင် ဆေး ၁၀ လုံးကျော်ရှိနေသေး သည်။ ယွမ်ဟဲ့သည် ရင်ဘတ်ထဲမှ နှလုံးခုန်ကျမတတ်ခံစားရလေသည်။ သူသည် ပေထင်းဟွမ်အား တအံ့တဩကြည့်ရင်း နှလုံးခုန်မြန်လာသည်။ သူသည် အသက်ပင်မရှူနိုင်တော့ပေ “သခင်လေး ၉ ဒါ ငါ့အတွက်လား အကုန် လုံး ငါ့အတွကလား... တကယ်ကြီးလား”
“မင်းအတွက်လို့ပြောရင် မင်းဟာပဲလေ.. ဘာလို့လဲ.. ငါ့ကိုမယုံဘူးလား” သူတို့ ရှေ့သို့လျှောက်နေရင်းနှင့် လုပ်စရာမရှိသဖြင့် ပေထင်းဟွမ်သည် ချစ်စရာကောင်းသော 'အစေခံ' လေးကို စနောက်နေသည်။
မုချင်းလင်သည် ပေထင်းဟွမ်၏လက်ကိုကိုင်ထားပြီး သူမ၏ပါးစပ်ကို အုပ်ပြီး ကြိတ်ရယ်လေသည်။ သူမသည် အထူးတလည် ပျော်ရွှင်နေသည်။ ဤအရာသည် ရှောင်ကျို့၏ ဘဝဖြစ်သင့်သည်။ မဟုတ်ပါလား။ ဤကမ္ဘာပေါ်ရှိ မိသားစုကြီးမှ မည်သည့်မိန်းကလေးသည် ရှောင်ကျို့ကဲ့သို့ ခက်ခဲစွာနေချင် မည်နည်း။
မုချင်းလင်သည် ယွမ်ဟဲ့၏ တုံးအမှုကို အထင်သေးခဲ့သော်လည်း ဤ အခိုက်အတန့်တွင် ရှောင်ကျို့သည် အလွန်ထက်မြက်သည်ဟု သူမ ခံစားရ၏။ သူမဘေးတွင် တုံးအပြီးချစ်စရာကောင်းသည့်လူမျိုး ထားသည်မှာ မဆိုးလှပေ။
“ဒါဆို တစ်လုံး နှစ်လုံးလောက် ရောင်းလို့ရမလား” ယွမ်ဟဲ့သည် ပေထင်းဟွမ်၏ အဖြေကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းလေသည်။ ထိုဆေး များသည် သူ့အပိုင်ဖြစ်သဖြင့် သူ လုပ်ချင်သလိုလုပ်နိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါလား။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်ပြီးနောက် ရှုပ်ထွေးစွာဖြင့် မေးမြန်း လေသည် “ဘာလို့ ရောင်းမှာလဲ.. ဒါက ငါ ဆေးသန့်စင်တာ ပထမဆုံးအကြိမ်ပဲ ကြည့်မကောင်းဘူးလေ.. ဘယ်လောက်တန်မှာမို့လို့လဲ”
မုချင်းလင်လည်း နားမလည်နိုင်ဖြစ်နေသည်။ ဤဆေး၏အရည်အသွေး သည် မကောင်းလှသော်လည်း ရှောင်ကျို့မှ သူ့ကိုပေးခြင်းဖြစ်သည်။ ဤလူသည် လုပ်ဇာတ်ခင်းပြီး စီးပွားရေးလုပ်ရန် စတင်နေသည်။ ဒီလူက ဘာလို့ ဒီလောက်တောင် ပြဿနာရှာရတာလဲ။