← Chapters

ပေထင်းဟွမ်က သူ့ဂုဏ်သိက္ခာကိုကာကွယ်နေတယ်

Vol. 27 Ch. 526

ပေထင်းဟွမ်က သူ့ဂုဏ်သိက္ခာကိုကာကွယ်နေတယ်

Vol. 27 Ch. 526

မုချင်းလင်သည် အနည်းငယ် ဒေါသထွက်သွားသည်။ သူမသည် သူ့ကို အပြစ်တင်တော့မည့်အချိန်တွင် သူပြောလိုက်သည့်စကားကို ကြားလိုက်ရ၏ “ရှောင်ကျို့ ငါ ဒီအတိုင်းပဲ.. ငါ ပိုက်ဆံရဖို့ ရောင်းချင်ရုံပါ.. ငါ့အဖေက ချီးကောက်ရတာ အရမ်းခက်ခဲတယ်.. သူက တစ်လကို ငွေဒင်္ဂါး ၅၀ ပဲရှာနိုင်တာ ပါ.. ငါက သူ့အခြေအနေကို တိုးတက်အောင် လုပ်ပေးချင်လို့ပါ”

ယွမ်ဟဲ့ ပြောလိုက်သည်နှင့် သူ့အသံသည် ပိုတိုးဝင်သွားလေသည်။ မုချင်းလင်သည် ခံနိုင်ရည်မရှိတော့ပေ။ သူမသည် မခံနိုင်တော့ပေ။ သူမ၏ ဘဝ သည် အလွန်ခက်ခဲလှသည်ဟု အမြဲတမ်းတွေးထင်ခဲ့သည်။ သို့သော် ယွမ်ဟဲ့၏ ဘဝသည် ဤမျှဆင်းရဲလိမ့်မည်ဟု သူမ ထင်မထားပေ။ ငွေဒင်္ဂါး ၅၀ လောက်နဲ့ ဘာလုပ်လို့ရမှာလဲ။ လစဉ် ငှားရမ်းခနှင့် အညံ့ဆုံးပေါင်မုန့်ဝယ်ရန်သာ လုံလောက်လေသည်။

“သိပြီ” ပေထင်းဟွမ်သည် လှည့်ပြီး လက်ကို သာမန်ကာလျှံကာပင် ဝေ့ယမ်းလိုက်သည် “ဒါဆို ‌ဒါရောင်းလိုက်... ငါ အရင်ကပြောဖူးပါတယ်.. မင်း ဟာဆိုမှတော့ ဒါကို ဘယ်လိုလုပ်မလဲဆိုတာ မင်းအပေါ်မှာ မူတည်တယ်”

ပေထင်းဟွမ်၏ ဂရုမစိုက်တတ်သော လုပ်ရပ်ကိုမြင်နေရသော်လည်း ယွမ်ဟဲ့သည် သူ့အား မလေးမစား ဆက်ဆံခံနေရသည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေနှင့် ပေထင်းဟွမ်သည် သူ၏ယောက်ျားဂုဏ်သိက္ခာကို ကာကွယ်ပေးနေသည်ကို သူ ကောင်းကောင်းသိသည်။

သူမသည် အမြဲတမ်း စဉ်းစားပေးတတ်သည်။ သူမနှင့် အချိန်ကြာကြာ ပိုရှိလေ သူမ၏ အေးစက်သောမျက်နှာအောက်တွင် သူမ၏အပေါင်းအဖော်နှင့် အဖွဲ့ဝင်များသည် သူမအတွက် မည်မျှအရေးကြီးပြီး စိတ်အားထက်သန်နေ ကြောင်းကို နားလည်လာသည်။

ခြေလှမ်းနှစ်လှမ်းမျှပြေးပြီးနောက် ယွမ်ဟဲ့သည် ပေထင်းဟွမ်နှင့် မုချင်းလင်တို့အား အမှီလိုက်လျှောက်လိုက်သည်။ သူသည် အထူးသဖြင့် ခံစားချက်ကောင်းနေကာ ပေထင်းဟွမ်အား ကျေးဇူးတင်ကြောင်းဖော်ပြနိုင် မည့်နည်းလမ်းကို တွေးတောနေချိန်တွင် မှော်သားရဲအုပ်ကြီးသည် သူတို့ရှေ့ရှိ တောင်လမ်းပေါ်တွင် ရုတ်တရက်ပေါ်လာပြီး မတည်မငြိမ်လျှောက်လာလေ ၏။

ရန်သူများသည် အမြဲတမ်း လမ်းကျဉ်းလေးတွင် တွေ့တတ်သည်။ ယွမ်ဟဲ့၏ ဝိညာဉ်သည် တစ်နေရာသို့ လွင့်သွားသည့်ပြီး ချက်ချင်းပင် မူလ နေရာသို့ ပြန်ရောက်လာသည်။ သူသည် နောက်ကျောမှ သံဓားရှည်ကို အလျင်စလိုဆွဲထုတ်ပြီး သူ့ရှေ့တွင် ကာကွယ်သည့် အမူအရာဖြင့် နေရာချထား လိုက်သည်။

“အဆင့် ၇ လူသားစားပုရွက်ဆိတ်.. သူတို့ရှေ့က ညှပ်ကြီးနှစ်ခုကို ကြည့် လိုက်”

သူတို့သည် လူသားခန္ဓာကိုယ်နှင့် ပေါင်းစစပ်လိုက်သည်နှင့် အလိုအလျောက်ပင် အဆိပ်ထုတ်လေသည်။

ကောင်းကင်အဆင့်အောက်ရှိသောလူများသည် အကြောဆွဲနိုင်သည်။ ၎င်းတို့သည် အားလုံးပေါင်း ၁၃ ကေင်ဖြစ်သည်။ အရေအတွက်မှာမများလှပေ။ “မင်းတို့နှစ်ယောက် အဆင့်တက်တာမကြာသေးတော့ နယ်ပယ်တွေလည်း မငြိမ်သေးဘူး.. တိုက်တိုက်ဆိုင်ဆိုင် အဲကောင်တွေကလည်း လေ့ကျင့်တဲ့နေရာ မှာကောင်းတယ် သွားတော့” ပေထင်းဟွမ်သည် မုချင်းလင်၏ လက်ကိုလွှတ် ပြီး သူမကိုရှေ့သို့ ညင်သာစွာတွန်းလိုက်သည်။

“ဟုတ်ပြီ ရှောင်ကျို့ ငါ့ကိုကြည့်ထား” အဆင့်တက်ပြီးနောက် သူမသည် တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။ သူမစိတ်ထဲမှ တိုက်ခိုက်လိုသည့်စိတ်သည် ဖုံးဖိမရဘဲ အသည်းယားနေသည်။ သူမသည်လှံတံထုတ်ပြီး ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ တွေဝေမှုမရှိဘဲ သူမသည် လူသားစားပုရွက်ဆိတ်ဆီသို့ ပြေးသွားလိုက်သည်။

“အာ.. သခင်လေး ၉ ငါတို့နှစ်ယောက်တည်းလား.. မင်း မင်းရော တိုက်ပွဲ မှာဝင်မပါဘူးလား” ယွမ်ဟဲ့သည် ထိတ်လန့်သွားကာ နောက်သို့ခြေတစ်လှမ်း ဆုတ်လေသည်။

ပေထင်းဟွမ် မည်မျှပင် အေးစက်စေကာမူ သူမသည် ထိုကောင်လေးကို ဒေါသထွက်မိတုန်းပင်။ သူ နှာမှုတ်လိုက်သည် “ယွမ်ဟဲ့ ဒီတိုက်ကြီးမှာ ဂုဏ်ရှိ တဲ့အဆင့်က ၃ ပဲရှိတယ်..”

“အာ..” ပေထင်းဟွမ် စကားမဆုံးခင်မှာပင် ယွမ်ဟဲ့သည် ခုန်ထွက်သွား လေသည်။

သို့သော် ဤတစ်ကြိမ်တွင် သူသည် ဓားနှင့်အတူ လူသားစားပုရွက်ဆိတ် ဆီသို့ ပြေးသွားပြီး ပြောလေသည် “ငါက အဆင့် ၃ ကျွမ်းကျင်သူဆိုတာကို မေ့သွားတယ်.. ”

ပေထင်းဟွမ်သည် လက်ပိုက်ကာရပ်နေသည်။ သူမသည် ဘာမှမခံစားရ တော့ပေ။ သူမတွင် ရွေးချယ်စရာရှိလျှင် ဤလူငယ်ကို သူမနောက်လိုက်ခိုင်း မည်မဟုတ်ပေ။ သို့သော် သူမ ယခုမည်သို့လုပ်ရတော့မည်နည်း။

ပေထင်းဟွမ်၏ နေရာထဲတွင် သားရဲများသည် မြေပေါ်တွင်လူးလှိမ့်ပြီး ရယ်မောနေကြသည်။ အဂူးပင် အခြေအနေကို အံ့ဩနေသည်။ ကိုယ့်ခွန်အား ကိုယ်မေ့နေသည့် လူမျိုးကို သူ မကြားဖူးပေ။ အကယ်၍ သူ့သခင်သည် ကောင်းကင်ကိုအံတုလောက်အောင် အားကောင်းလျှင် ယွမ်ဟဲ့သည် ကမ္ဘာကြီး ကို အံ့ဩလောက်အောင် တုံးအပြီး ချစ်စရာကောင်းနေလိမ့်မည်။

အဆင့် ၇ မှော်သားရဲ ၁၃ ကောင်.. အရင်ကလိုသာဆိုလျှင် လူနှစ်ယောက် ၏ ခွန်အားနှင့် မှော်သားရဲတစ်ကောင်ကိုသာ ယှဉ်နိုင်မည်။ သို့သော် မှော်သားရဲ များနှင့် စာချုပ်တည်ထောင်ပြီးနောက် သူတို့၏ခွန်အား တိုးတက်လာခဲ့သည်။ သူတို့နှစ်ယောက် ခွန်အားပေါင်လိုက်သောအခါ သူတို့သည် အစက ထိုအဆင့် ၇ မှော်သားရဲများနှင့် တိုက်မိခြင်းကြောင့် မူးဝေသွားမိသည်။ သို့သော် လျင်မြန်စွာ ပင် မှော်သားရဲနှစ်ကောင်ကို သတ်ပြီးနောက် သူတို့နှစ်ယောက်ပေါင်းသည် ပို၍ ကောင်းလာသည်...

All Chapters