Chapters

ဒါဘယ်လိုမှော်သားရဲလဲ

Vol. 27 Ch. 527

ဒါဘယ်လိုမှော်သားရဲလဲ

Vol. 27 Ch. 527

မှော်သားရဲ ၁၃ ကောင်ကို သတ်ရန် နေ့တစ်ဝက်အချိန်ယူရသည်။ ယွမ်ဟဲ့ အပြင် မုချင်းလင်ကပါ သူတို့၏ဘဝတွင် ဤကဲ့သို့ ခမ်းနားသည့် မှတ်တမ်းမျိုး မရှိခဲ့ဖူးပေ။ မှော်သားရဲအလောင်းများ မြေပေါ်တွင် လဲနေသည်ကို ကြည့်ပြီး သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားနေကြသည်။ မုချင်းလင်သည် ယွမ်ဟဲ့ အပေါ် မလိုမုန်းတီးမှုများကို ဂရုမစိုက်နိုင်တော့ပေ။ သူမသည် လက်ကို မြင့်မြင့် မြှောက်ကာ ယွမ်ဟဲ့နှင့် လက်ဝါးချင်းရိုက်လိုက်သည်။

သူတို့နှစ်ယောက်သည် လျင်မြန်စွာပင် စစ်နိုင်ပစ္စည်းများကို သိမ်းတော့ သည်။ မှော်သားရဲများကို သူတို့နှစ်ယောက် ပေါင်းပြီး သတ်ခဲ့ကြသည်။ ယွမ်ဟဲ့ တွင် သိုလှောင်လက်စွပ်မရှိသဖြင့် စစ်နိုင်ပစ္စည်းများကို မုချင်းလင်သိမ်းဆည်း သည်။ သူတို့နှစ်ယောက် ထွက်သွားပြီးသည်နှင့် ထိုပစ္စည်းများကို အတူရောင်းရ မည်။

“ငါ သွားမေးလိုက်ဦးမယ်.. ကျောင်းတော်မှာ ပစ္စည်းတွေရောင်းဖို့ နေရာရှိ ရင် ဝိညာဉ်အမှတ် တစ်ရာ နှစ်ရာလောက်နဲ့ ရောင်းရမယ်” ယွမ်ဟဲ့ သည် မုချင်းလင်နှင့် ပေထင်းဟွမ်အားပြောလေသည် “စစ်နိုင်ပစ္စည်းတွေက ငါတို့ရမှာပဲ.. ငါတို့ထွက်သွားတာနဲ့ ဝိညာဉ်အမှတ်တွေနဲ့ လဲလို့ရတယ်”

“ဒီလောက်အများကြီးကို တစ်ရာ နှစ်ရာပဲရမှာလား” မုချင်းလင်သည် ယုံကြည်နိုင်ပေ။ “အပြင်က ဈေးကွက်မှာရောင်းရင် ရွှေဒင်္ဂါးနှစ်ထောင်ကနေ သုံးထောင်ထိရနိုင်တယ်”

“ကျောင်းတော်က ဒီလိုပဲလေ.. မင်းတို့ကျောင်းတော်ကို မရောင်းမှာ လည်း သူတို့ကစိတ်မပူဘူး.. အပြင်က ရွှေဒင်္ဂါးတွေက ကျောင်းတော်မှာ သုံးလို့ မရဘူး” ‌ယွမ်ဟဲ့သည် ဂရုမစိုက်ပေ။ ပြောလရလျှင် သူ၏ခွန်အားနှင့်ဆိုလျှင် အနာဂတ်တွင် မိသားစု၏ဘဝကို တိုးတက်အောင် မှော်သားရဲများ အမဲလိုက် နိုင်တော့မည်ဖြစ်သည်။

သူတို့သုံးယောက်သည် စကားပြောရင်း ရှေ့သို့လျှောက်ကြသည်။ ပေထင်းဟွမ်သည် ထိုဆွေးနွေးချက်တွင် ဝင်မပါပေ။ ထိုအစား သူမသည် မွေးပွ လုံးများမှတစ်ဆင့် ပတ်ဝန်းကျင်ကို လေ့လာသည်။ သူမသည် အလွန်နာမည် ကြီးလာပြီး အားကောင်းသောသုံးဖွဲ့၏ ပစ်မှတ်ဖြစ်လာလိမ့်မည်ဟု ထင်မထား ပေ။

“ဘုန်း ဘုန်း ဘုန်း”

ထူးဆန်းသောတုန်ခါမှုသည် ရှေ့မှထွက်လာပြီး သူမနားထဲတိုးဝင်လာခဲ့ သည်။ မြေကြီးတုန်ခါသွားကာ နားထဲအသံဝင်လာချိန်တွင် သူမ၏ရင်သည် မြင့်တက်ကာ ထိုးကျသွားခဲ့သည်။ သူမသည် မူးဝေမှုကို ခံစားရလေသည်။ ပေထင်းဟွမ်သည် ခြေလှမ်းများကို ရပ်တန့်ပြီး မုချင်းလင်နှင့် ယွမ်ဟဲ့ကို အနောက်တွင်ရပ်စေသည်။

သူတို့သုံးယောက်သည် အလွန်အမင်း အံ့ဩလျက်ရှိသည်။ အားကောင်းသော မှော်သားရဲတစ်ကောင်သည် သူတို့ရှေ့မှ လူငါးယောက် ပါသော အဖွဲ့နောက်သို့ လိုက်နေသည်ကို မွေးပွဖြူလုံးမှတစ်ဆင့် ပေထင်းဟွမ် မြင်ပြီးလေပြီဖြစ်၏။ သို့သော် ထူးဆန်းသည်မှာ ထိုမှော်သားရဲ၏ အားကောင်း မှုသည် ငါးယောက်ပါသောအဖွဲ့ကို တစ်ချက်တည်းနှင့် သတ်နိုင်လေသည်။ သို့သော် ၎င်းသည် ငါးယောက်အဖွဲ့ကို အပျော်လိုက်နေခြင်းဖြစ်သည်။

အကွာအဝေးသည် အနည်းငယ်သာဝေးသည်။ လူသားတို့၏ ပျာပျာသလဲ အော်သံများသည် မှော်သားရဲများ ခြေချသံနှင့်အတူ ဆွဲငင်စွာထွက်လာသည်။ သို့သော် သူတို့သည် မကြာခင်ကြားလိုက်ရ၏ “ကယ်ပါဦး ကယ်ပါဦး”

“မြန်မြန် ပြေးတော့”

“ဟူး ငါ မပြေးနိုင်တော့ဘူး မပြေးနိုင်တော့ဘူး”

ပုံရိပ်ငါးခုသည် မြင်ကွင်းထဲရောက်လာသည်။ ပေထင်းဟွမ်၏အကြည့် သည် မီးခိုရောင်ကောင်းကင်ကိုဖြတ်ပြီး ငါးယောက်အဖွဲ့ကို ခွေးတစ်ကောင် ကဲ့သို့ ဆော့ကစားနေသည့် မှော်သားရဲကိုကြည့်လိုက်သည်။ တစ်ချက်ကြည့် လိုက်သည်နှင့် ပေထင်းဟွမ် ထိတ်လန့်မိသည်။ ကြီးမားသောရွှေရောင်ပုံရိပ် သည် မြေကြီးပေါ်သို့ တစ်လှမ်းချင်း တဖြည်းဖြည်း မနှေးမမြန် နင်းလာလေ သည်။ သူနင်းလိုက်တိုင်းတွင် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။ ၎င်းသည် မြန်မြန်ပြေးနိုင်သော်လည်း သူတို့ငါးယောက်ကို ကြွက်ဖမ်းသည့် အလား နောက်မှလိုက်လာသည်။ သူသည် အလွန်ပင် ကောက်ကျစ်လှသည်။

သူတို့ငါးယောက်မှာလည်း အပြေးမြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပေထင်းဟွမ်တို့ရှေ့ရောက်လာပြီဖြစ်သည်။ လူငါးယောက်နောက်မှ ကြီးမား သော မှော်သားရဲကိုကြည့်ပြီး ပေထင်းဟွမ်ရှိသည့်တိုင်အောင် မုချင်းလင်နှင့် ယွမ်ဟဲ့၏မျက်လုံများသည် ပြူးကျယ်လာသည်။

“ဘာ.. ဘာ.. ဘာလဲ” မုချင်းလင်၏အသံသည် ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။

“ကောင်စုတ်တွေ ဘာလို့ ငါတို့ဘက်ကိုပြေးလာတာလဲ” ယွမ်ဟဲ့သည် ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လေသည်။ သူသည် မသိစိတ်မှထွက်ပြေး ချင်သော်လည်း ပေထင်းဟွမ်သည် တည်ငြိမ်နေသည်ကိုမြင်သောအခါ ရင်ထဲမှ ခုန်ထွက်တော့မည့်နှလုံးကို ဖိနှိပ်ထားရသည်..