← Chapters

ရွှေအဆင်းနှင့်ရှေးမျောက်ဝံ

Vol. 27 Ch. 528

ရွှေအဆင်းနှင့်ရှေးမျောက်ဝံ

Vol. 27 Ch. 528

“ရွှေရောင်ရှေးမျောက်ဝံ” မီးခိုးရောင်ကောင်းကင်အောက်တွင် ရွှေရောင် ထွက်နေသော ထိုအကောင်ကြီးကိုမြင်လိုက်သည်နှင့် ပေထင်းဟွမ်၏မျက်လုံး များသည် ချက်ချင်းပင်အရောင်တောက်လာသည်။ “ကြယ် ၉ ပွင့် နတ်သားရဲ.. ရွှေရောင်ရှေးမျောက်ဝံပဲ.. သူ့ရဲ့သွေးသားက အရမ်းကိုသန့်စင်တာ အရမ်းလည်း ရှားပါးတယ်”

“မြန်မြန် ငါတို့ကိုကယ်ပါဦး”

ထိုသို့ပြောပြီးနောက် သူတို့ငါးယောက်သည် ပေထင်းဟွမ်နှင့် တခြား နှစ် ယောက် အနောက်သို့ဝင်ပုန်းလေသည်။ ချက်ချင်းဆိုသလိုပင် မုချင်းလင်နှင့် ယွမ်ယဲ့တို့သည် ကျိန်ဆဲနေလိုက်သည်။ ဒီလူတွေက ရူးနေကြတာလား။ ဒီမှော်သားရဲက တောင်တစ်တောင်စာလောက်တောင်မြင့်ပြီး ဒီလောက် ကြောက်ဖို့ကောင်းတာ။ သူတို့ကို ကယ်ပါဆိုပြီး ဘယ်လိုလုပ် တောင်းဆိုရဲတာ လဲ။

ပေထင်းဟွမ်သည် သူတို့ငါးယောက်ကို အေးစက်စွာကြည့်နေချိန်တွင် မုချင်းလင်နှင့် ယွမ်ဟဲ့တို့သည် ပေထင်းဟွမ်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေ ကြသည်။ သူမသည် မျက်လုံးများကို ကျဉ်းမြောင်းပြီး သူမ၏အန္တရာယ်များ သော မျက်နှာထားကို မဖုံးကွယ်ပေ “မင်းက ဘယ်သူလဲ.. ဘာလို့ ဒီလောက် အားကောင်းတဲ့မှော်သားရဲကို ဒီထိရောက်အောင် မျှားခေါ်လာတာလဲ”

“ငါတို့ကိုကယ်ပါဦး.. တောင်ကြားထဲမှာ ဝိညာဉ်နက်သစ်သီးရှိတယ်လို့ ကြားလို့ ငါတို့လာတာပါ.. အစောင့်အရှောက်သားရဲက ဒီကောင်ကြီးဖြစ်နေလိမ့် မယ်လို့ ဘယ်သူထင်မှာလဲ”

“ဟုတ်တယ်.. မင်းက ဒီနှစ်ကျောင်းသားသစ်မလား.. ဒီမှော်သားရဲကို အတူခုခံရအောင်.. ငါတို့တွေ အသက်ရှင်လျက်ထွက်သွားနိုင်သရွေ့ မင်းကို ဘာမဆိုကူညီပေးဖို့ ဆန္ဒရှိပါတယ်”

“ဟုတ်တယ်.. မင်းက ကျောင်းသားသစ်တွေထဲမှာ အားအကောင်းဆုံး ပေထင်းဟွမ်မလား.. မင်းက ကောင်းကင်အဆင့် ဓားသခင်ဆိုတာကို ငါ ကြား လိုက်တယ်.. မင်းက ဒီကောင်ကြီးကို ကိုင်တွယ်နိုင်မှာပဲ”

ထိုသို့ပြောပြီးနောက် သူတို့သုံးယောက်သည် ပေထင်းဟွမ်နှင့်တခြား နှစ် ယောက်တို့အနောက်သို့ ဆက်ပြီးပြေးပုန်းလေသည်။ သူတို့သည် တစ်မိုင်ကျော် အောင်ပြေးလာပြီးဖြစ်ရာ မျောက်ဝံသည် ရပ်ပြီး အဝေးမှကြည့်နေလေသည်။

သူတို့အားလုံးသည် အကြီးတန်းများဖြစ်ကြသည်။ သူတို့ မျက်တောင်ခတ် နေသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏ မျက်လုံးထဲတွင် ကြောက်စရာကောင်း သော အကြည့်များ တဖျပ်ဖျပ်လက်သွားသည်။ အရမ်းကောင်းတာပေါ့။ သူမကို ဘယ်သူကမှ အသုံးမချဖူးဘူး။ သူတို့တွေက ဘယ်လိုလုပ် သူမကို စစ်ပွဲထဲ ဆွဲသွင်းနိုင်ရတာလဲ။ လူတွေဒဏ်ရာရတဲ့အချိန် ဘာလို့သွေးထွက်လဲဆိုတာကို သူတို့ကို မကြာခင်သင်ပေးလိုက်မယ်။

ရှေ့သို့တစ်လှမ်းတိုးပြီး ပေထင်းဟွမ်သည် မုချင်းလင်နှင့် ယွမ်ဟဲ့တို့ရှေ့၌ ရပ်လိုက်သည်။ သူမ၏စူးရှသောအကြည့်များသည် ရွှေရောင်ရှေးမျောက်ဝံဆီ သို့ နတ်သားရဲ၏ အားကောင်းသောဖိအားကို ခုခံရင်း မုန်တိုင်းတစ်ခုသဖွယ် ဝေ့ဝဲကြည့်လိုက်သည်။

“ကောင်လေး မင်းက ဒီလူတွေဘက်မှာ ရပ်တည်ပေးချင်တာလား”

ရွှေရောင်ရှေးမျောက်ဝံ၏အသံသည် ခေါင်းလောင်းကြီးကဲ့သို့ သူတို့ ဦးခေါင်းအထက်တွင် မြည်ဟီးသွားလေသည်။ မုချင်းလင်နှင့်တခြားသူများ သည် ချက်ချင်းဆိုသလိုပင် ဦးရေပြားများထုံကျင်လာပြီး နှလုံးကို ဗုံတီးလိုက် သလိုပင်။ သူတို့သည် စိတ်ထဲမှ သက်ပြင်းမချဘဲမနေနိုင်တော့ပေ “အားကောင်းလိုက်တာ”

“မဟုတ်ဘူး” ပေထင်းဟွမ်သည် လက်ပိုက်ပြီးရပ်နေသည်။ သူမသည် ခေါင်းကိုခါယမ်းပြီး သူမအနောက်မှ လူငါးယောက်ကို အေးစက်စွာကြည့်လိုက် သည် “ငါက မင်းနဲ့ တိုက်ခိုက်ချင်ရုံတင်ပဲ.. မင်းရှုံးရင် ငါ့ရဲ့စာချုပ်သားရဲလုပ်ပေး မယ်လို့ ကတိပေးရမယ်”

“ဘာ..” ရွှေရောင်ရှေးမျောက်ဝံသည် ပေထင်းဟွမ်အား အကဲခတ်လိုက် သည်။ ထိုလူသည် ငယ်ရွယ်သေးသည်ကိုကြည့်ပြီး ၎င်း၏မူလကအထင်သေး တတ်သောမျက်လုံးများသည် ပို၍ပင် ရွံရှာသည့်အကြည့်ဖြစ်လာသည်။

“အားနည်းပြီး တုံးအလိုက်တဲ့ လူသားပဲ.. မင်း အခုပြောလိုက်တဲ့စကား ကြောင့် မင်းအသက်ကိုပေးရလိမ့်မယ်”

မူလက သူသည် ထိုလူငါးယောက်ကို သတ်ရန်စိတ်ကူးမရှိပေ။ သူသည် ထိုလူများနောက် အပျော်လိုက်နေရင်း လွတ်မြောက်ရန် မည်မျှကြာသည်ကို ကြည့်ချင်သည်။ သူ့ရှေ့မှလူငယ်သည် သူ့ကိုဒေါသထွက်အောင်လုပ်နိုင်သည် ကို ဝန်ခံသည်။ သူသည် ထန်းရွက်ယပ်တောင်ထက်ကြီးသောလက်ဖြင့် ပေထင်းဟွမ်အား ရို်ကလေသည်။ ပြင်းထန်သောလေသည် ပေထင်းဟွမ်ဆီ သို့ ချွန်ထက်သော ဓားသွားသဖွယ် ဝင်တိုးလေသည်။

အော်သံများထွက်လာသည်။ ကြယ်လေမတိုက်ခင်တွင် မုချင်းလင်နှင့် ယွမ်ဟဲ့တို့သည် သူတို့မျက်နှာအရေခွံတစ်လွှာအခွာခံလိုက်ရသည်ဟု ခံစားရ လေသည်။ သူတို့သည် စူးရှသောနာကျင်မှုကိုခံစားရကာ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံများလည်း လွင့်သွား၏။ သူတို့ဆံပင်များသည် လေကြောင့် ပွသွားကာ မျက်နှာများမှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားလေ၏။

ဓားသွားကဲ့သို့ ထက်သော ကြယ်လေမတိုက်ခင်တွင် လူတိုင်း၏ နှလုံး သည် လည်ချောင်းမှ ခုန်ထွက်နေပြီဖြစ်သည်။ ဒုက္ခကို လွှဲပေးခဲ့သည့် ငါးယောက်ပင်လျှင် အသက်ရှူမဝလောက်အောင် တုန်လှုပ်သွားကြ၏။ ပေထင်းဟွမ်သည် နောက်မဆုတ်ပေ။ထိုအစား သူမသည် ရှေ့သို့တစ်လှမ်းတိုး လိုက်သည်...

All Chapters