ကြယ် ၉ ပွင့်နတ်သားရဲ သူ့ကိုဆွဲချ
Vol. 27 Ch. 529
သူမ၏သွက်လက်သောပုံရိပ်သည် တစ္ဆေတစ်ကောင်လိုပင်။ သူမ၏ ကြယ်နှင့်တူသော မျက်လုံးများသည် ခက်ထန်သောအလင်းနှင့်အတူ လင်းလက်သွားသည်။ အပြာနုရောင်အလင်းသည် သူမဘေးပတ်ပတ်လည်တွင် လင်းလက်လာကာ နှင်းဖြူရောင်ဓားပျော့သည် သူမဘေးတွင် လည်နေကာ အပြာနုရောင်ဒြပ်စင်စွမ်းအင်နှင့် ပေါင်းစပ်သွားလေသည်။ သူတို့သည် မျဉ်းတစ် ကြောင်းဆွဲကာ ထူထဲခိုင်မာသည့် ကာကွယ်ရေးပိုက်ကွန်ဖန်တီးကာ နှစ်ဘက် လုံးမှ လေဓားသွားကို တားဆီးလေသည်။
ဘုန်း..
လေစိမ်းဓားသွားသည် နှင်းဖြူရောင်ဓားပျော့နှင့် မညှာမတာရိုက်ခွဲလေ သည်။ ဒြပ်စင်မဟုတ်သောစွမ်းအင်တိုက်ခိုက်မှုကြောင့် မီးပွားများထွက်လာခဲ့ သည်။ နှင်းဖြူရောင်ဓားပျော့ပေါ်တွင် အပြာနုရောင်အလင်းတောက်ပကာ ချောမွတ်သော ကောင်းကင်ပိုက်ကွန်သည် ရွှေရောင်ရှေးမျောက်ဝံ၏ ရိုက်ချက် ကို ခုခံနိုင်သည့် အားကောင်းသောစွမ်းအားဖြင့် တားဆီးလေသည်။
“ယွမ်ဟဲ့ လင်အာကိုခေါ်ပြီး နေရာတစ်နေရာရှာပြီးပုန်းလိုက်.. သူမကို ကာကွယ်ပြီး ဒဏ်ရာမရစေနဲ့” ပေထင်းဟွမ်၏အသ့သည် အဆုံးမရှိအေးစက် နေကာ သူမ၏တောက်ပသောမျက်လုံးများသည် ရေခဲကဲ့သို့အေးစက်နေသည်။
ပေထင်းဟွမ်မမြင်သည်မှာ သူမအနောက်မှငါးယောက်၏ ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ နောင်တနှင့် အကြောက်တရားများပါဝင်နေသည့် မျက်လုံးများ ပင်ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် အထူးသဖြင့် နောင်တရမိ ကြသည်။ သူတို့သည် ဤလူငယ်ကို ရန်မစသင့်ပေ။ ဤလူငယ်၏ ခွန်အားသည် ရဲစွမ်းသတ္တိရှိလွန်းကာ ကြယ် ၉ ပွင့်နတ်သားရဲကို အားနည်းချက်မရှိတိုက်ခိုက် နိုင်သည်။
ပေထင်းဟွမ်သည် ကောင်းကင်အဆင့်ဆိုပါက ကြယ်ဓားသခင်၏ ခွန်အားသည် ကောင်းကင်ကို အံတုနိုင်သည်ဟု သူတို့ အစကတွေးထားကြ သည်။ သူမသာ ရွှေရောင်ရှေးမျောက်ဝံ၏တိုက်ခိုက်မှုမှ အသက်ရှင်နိုင်လျှင် အခြေအနေကောင်းနေပြီဖြစ်သည်။ သူမသည် ထိုတိုက်ခိုက်မှုကို တားဆီးလိုက် သည်။
အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
“သူက ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ” ငါးယောက်ထဲမှ တစ် ယောက်သည် ရင်ဘတ်ကိုပုတ်ကာ ခုန်ထွက်လာတော့မည့် နှလုံးကို ငြိမ်အောင် ပုတ်နေသည်။
“ငါတို့ ဒီလိုတော့မလုပ်သင့်ဘူးထင်တယ်” သူ နောင်တရမိသည်။ သူတို့ အခုဘာလုပ်ကြမလဲ။
“ဝူယွဲ့အဖွဲ့ခေါင်းဆောင်ဆိုရင်တောင် ကြယ် ၉ ပွင့်နတ်သားရဲနဲ့ ရင်မဆိုင် နိုင်ဘူး.. သခင်လေး ၉ ကဘယ်လိုလုပ် လုပ်နိုင်ရတာလဲ”
မျက်လုံးငါးစုံသည် ရှေ့သို့သာ တည့်တည့်စိုက်ကြည့်နေသည်။ ဤအချိန် သည် ထွက်ပြေးရန်အကောင်းဆုံးအခိုက်အတန့်ဖြစ်သည်ကို သူတို့ ရှင်းရှင်းလင်းလင်းသိကြသည်။ သို့သော် မည်သူကမှ ခြေတစ်လှမ်းမကြွကြပေ။ ၁၄ နှစ်အရွယ် ကြယ်ဓားသခင်သည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု မည်သူကမျထင်မထားပေ။ ရွှေရောင်ရှေးမျောက်ဝံ၏ လက်ဖဝါးတိုက်ကွက် သည် သန်မာလွန်းသော်လည်း ၁၄ နှစ်အရွယ် လူငယ်သည် ထိုအရာကို တားနိုင် လိုက်သည်။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ရွှေရောင်ရှေးမျောက်ဝံ ထုတ် လွှတ်လိုက်သည့် အားကောင်းသောကြယ်လေကို ခံစားမိသည်။ သူမသည် ဓား ၇ လက် ကြယ်ဝိညာဉ်သခင်ဖြစ်နေသော်လည်း ထိုအရာကို ခံနိုင်ရည်ရှိရန် မလွယ်ကူသည်ကို ဝန်ခံရမည်။ ၎င်းသည် သူမရှေ့တွင် မြင့်မားသော တောင်ကြီးတစ်ခုလုံးရပ်နေသကဲ့သို့ သူမကို အားကောင်းသည့် တိုက်ရိုက် ဖိအားကို ပေးနေသလိုပင်။ ၎င်းသည် သူမစိတ်ထဲရှိ အားကောင်းသော တိုက်ခိုက်ရေးဝိညာဉ်ကို ဖိအားပေးနေသည်။
ရွှေရောင်ရှေးမျောက်ဝံသည် အထူးသဖြင့် ထိတ်လန့်မိသည်။ ငယ်ရွယ်လှ သော ဤလငယ်သည် သူ၏ရိုက်ချက်ကို တောင့်ခံရန် အစွမ်းအစရှိနေလိမ့်မည် ဟု သူထင်မထားပေ။ သူ၏ရိုက်ချက်သည် အားကောင်းသော အဆင့်မြင့် မှော်သားရဲများကို အသားငါးပိအဖြစ် ပြောင်းလဲပေးနိုင်သော်လည်း ဤလူငယ် ကို မသတ်နိုင်ပေ။ ထိုအစား စွမ်းအား အားလုံးကို ဤလူငယ်၏ ထူးဆန်းသည့် ဓားပိုက်ကွန်မှ တားလိုက်နိုင်သည်။
လူသားကောင်းကင်အဆင့် ကျွမ်းကျင်သူက ဘယ်တုန်းက ဒီလောက် အားကောင်းသွားတာလဲ။ မဟုတ်သေးဘူး.. အခုလေးတင် အဲဒီအဖွဲ့ထဲက ကောင်းကင်အဆင့်ကျွမ်းကျင်သူတွေကို လွင့်အောင် လူလုပ်ခဲ့တာမလား။
“လင်းမို ထွက်လာခဲ့”
ဤကဲ့သို့အားကောင်းသောမှော်သားရဲနှင့် ရင်ဆိုင်ရသဖြင့် ပေထင်းဟွမ် သည် နတ်လက်နက်တစ်ခုတည်းနှင့် သတ်နိုင်မည်ဟု မောက်မာစွာမတွေးပေ။ ကြယ် ၉ ပွင့်နတ်သားရဲသည် အထွတ်အမြတ်သားရဲအဖြစ်ရောက်ရန် ခြေတစ် လှမ်းသာကွာဝေးတော့သည်။ ဝူယွဲ့အဖွဲ့သည် ဤမှော်သားရဲကို သူတို့အဖွဲ့ဆီ ရည်ရွယ်ချက်ရှိရှိ ခေါ်လာသည်ဖြစ်စေ သူမ၏ဦးစားပေးသည် ဤအစွမ်းထက် သည့် မှော်သားရဲကို ဖယ်ရှားရန်သာဖြစ်သည်...