← Chapters

ပြဿနာကိုလမ်းကြောင်းလွှဲခြင်း

Vol. 27 Ch. 530

ပြဿနာကိုလမ်းကြောင်းလွှဲခြင်း

Vol. 27 Ch. 530

ခေါင်းသုံးလုံးငရဲခွေးသည် အားလုံးရှေ့တွင်ပေါ်ပေါက်လာသည်။ ၎င်းသည် ဝိညာဉ်များကို ဝါးမျိုနိုင်လောက်သည်အထိ သန့်စင်သည်။ ၎င်းသည် မသန့်ရှင်းသောရောင်ဝါကို သယ်ဆောင်လာပြီး သက်ရှိများအားလုံးကို အကြည့်တစ်ချက်တည်းနှင့် အသိစိတ်လွင့်အောင်လုပ်နိုင်သည်။

“အားကောင်းလိုက်တဲ့ စိတ်စွမ်းအားတိုက်ခိုက်မှုပါလား”

သို့သော် ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲသာ ကြယ် ၉ ပွင့်နတ်သားရဲကို သတ်နိုင်လျှင် ဤတိုက်ကြီးရှိ သမိုင်းကြောင်းတွင် အအေးစက်ဆုံး ဟာသတစ်ခု အဖြစ်ကျန်ရစ်ခဲ့လိမ့်မည်။

“ဟား ဟား ဟား”

ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ရယ်လေသည်။ ၎င်း၏အသံသည် မိုးကြိုးကဲ့သို့ ခေါင်းအထက်တွင် ထွက်ပေါ်လာသည်။ ပေထင်းဟွမ်သည် ထိုမောက်မာသော အကောင်ကို အေးစက်စွာကြည့်လိုက်သည်။ သူမ၏ခြေဖဝါးအောက်တွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ ငွေရောင်ကြယ်အဖွဲ့အစည်း ပေါ်ပေါက် လာသည်။ ပဉ္စဂံကြယ်အဖွဲ့အစည်းချဉ်နှောင်ပြီးနောက် ငွေရောင်သန့်စင်သော ကြက်ခြေခတ်ဓား ၇ လက်သည် ယပ်တောင်ပုံသဏ္ဍာန် သပ်ရပ်စွာစီစဉ်ပြီးလေ သည်။ သေးငယ်သောငွေရောင်ဓား ၈ လက်မြောက်သည် တောက်ပမှုကို ထင်ရှားစေလေသည်။ ပြောင်မြောက်သည့် ပုံစံသည် မှော်သားရဲများအပါအဝင် အားလုံးကိုမှင်တက်သွားစေသည်။ ရွှေရောင်ရှေးမျောက်ဝံ၏ ရယ်သံသည် ရပ်တန့်သွားလေသည်။

၁၄ နှစ်အရွယ် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ပင်... ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းမှ ဆွဲလိုက်သောပုံစံများသည် အတုမဖြစ်နိုင်ပေ။

မည်သို့ဖြစ်သွားသည်ကို မည်သူပြောနိုင်မည်နည်း။ ဤတိုက်ကြီးတွင် ဤကဲ့သို့ရူးသွပ်မှုများ မည်သို့ရှိနေနိုင်သနည်း။ ကောင်းကင်အဆင့်ဓားသခင် နှင့် ကောင်းကင်အဆင့်ဝိညာဉ်သခင်တို့၏ ခွန်အားပေါင်းစပ်မှုမျိုးကို တစ်ခါမှ မကြားဖူးပေ။

တောင်တန်းပေါ်ရှိ ကြီးမားသောကျောက်တုံးနောက်တွင် ပုန်းနေသော လူခြေယောက်သည် မျက်လုံးပြူးကာ တောင်လမ်းရှိ ငွေရောင်ကြယ်ပုံစံ အစီအရင်ကို စိုက်ကြည့်နေကြသည်။ သူတို့သည်သူတို့၏မျက်လုံးများကိုပင် မယုံနိုင်ကြပေ။

“ကံကောင်းလို့ ငါတို့တွေ ဒီလူနဲ့သွားပြီး အလောတကြီးမဆန့်ကျင်မိလို့” သူတို့ထဲမှတစ်ယောက်ပြောလေသည်။

“ဟုတ်တယ်.. ဒီလူသာရှိရင် ငါတို့ကျောင်းတံခွန်စိုက်ပြိုင်ပွဲမှာ အနိုင်ရနိုင် ခြေရောရှိပါဦးမလား”

“ဟုတ်တယ်.. ဗိုလ်စားငှက်နဲ့ ခုံးကောင်တို့ တိုက်ခိုက်ရင် တံငါသည် က အမြတ်ထွက်တယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိတာပြမလား.. ‌ဗိုလ်စားငှက်နဲ့ ခုံးကောင်တို့ ပြိုင်နေတဲ့အချိန် ငါတို့တံငါသည်တွေက ပေါ်လာမယ်.. ဗိုလ်စားငှက်နဲ့ ခုံးကောင်တို့ ဘာမှမတတ်နိုင်ဘူး”

“ဒီနေရာက အင်ပါယာကျောင်းတော်ကနေ သေသေရှင်ရှင်ဂရုမစိုက်တဲ့ တစ်ခုတည်းသောနေရာပဲ.. အဲကောင်က ဒီနေရာမှာသေသွားရင် ကျောင်းအုပ် နန်လင်းတောင်မှ ငါတို့ကို ဘာမှမလုပ်နိုင်ဘူးမလား”

“ဟား ဟား ကျောင်းအုပ်နန်လင်း ကျိုးကြောင်းဆီလျော်ရမယ်မဟုတ် လား”

သူတို့၏ဆွေးနွေးချက်ပြီးသည့်နောက် သူတို့ငါးယောက်သည် စစ်မြေပြင် ကို အာရုံပြန်ပို့လိုက်သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ခေါင်းသုံးလုံး ငရဲခွေး၏ ဦးခေါင်းပေါ် လက်တင်နေပြီဖြစ်သည်။ အပြာနုရောင် ဒြပ်စင်စွမ်းအင်ထွက်လာပြီး ထိုအလင်းတန်းသည် လင်းမို၏ခန္ဓာကိုယ်ကို လွှမ်းမိုးနေပြီဖြစ်သည်။ လင်းမိုသည် ချက်ချင်းပင် အလင်းစီးကြောင်းအဖြစ် ပြောင်းကာ ပေထင်းဟွမ်အား ခုန်အုပ်လေသည်။

သန့်စင်သော ငွေရောင်သည် ဝိညာဉ်ကို မွှေနှောက်ပြီး ပေထင်းဟွမ်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။ သူမ၏လည်ပင်းမှ ခြေထောက်ထိကို ငွေရောင်ချပ်ဝတ်တန်ဆာနှင့် ရစ်ပတ်ထားသည်။ ရွှေရောင်ရှေးမျောက်ဝံကဲ့သို့ ကြယ် ၉ ပွင့်နတ်သားရဲပင်လျှင် ပေထင်းဟွမ်၏ ချပ်ဝတ်တန်ဆာကို အလွယ်တကူမကြည့်နိုင်ပေ။

လက်ရာမြောက်သော တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာပေါ်တွင် ရှေးစာ များကို ငွေရောင်ပုံစံဖြင့် ထွင်းထုထားသည်။ စွမ်းအင်များသည် ပေထင်းဟွမ်၏ လှုပ်ရှားမှုများနောက်သို့ စီးဆင်းပြီး လူတစ်ဦး၏စိတ်ကိုရှုပ်ထွေးသွားစေနိုင် လောက်သည်။

ပေထင်းဟွမ်သည် သူမလက်များကို ပူးပြီးပြန်ဆွဲခွာလိုက်သည်။ သူမလက်ထဲတွင် ထူးဆန်းသောလက်နက်ပေါ်လာသည်။ ၎င်းသည် ဒဏ္ဍာရီ များထဲမှ ရှေးလှံတံနှင့်တူသည်။ ထိုလှံဆီမှ ကိုးရောင်မီးတောက်များသည် အသက်ရှိနေသည့်အလား ဖြာထွက်နေသည်။ မီးတောက်များသည် ပျော်ရွှင်စွာ ခုန်ပေါက်နေကာ လူသတ်မည့်ပုံစံဖြစ်နေသည်။ ထိုလှံတံမှ ကြီးမားသော ရောင်ဝါထွက်နေပြီး အားလုံး၏စိတ်အတွင်းထဲမှ ကြောက်လန့်မှုများ တဖြည်းဖြည်း မြင့်တက်လာသည်။

အားကောင်းလိုက်တဲ့ လက်နက်ပဲ...

“ဒါ.. ဒါက..”

ပေထင်းဟွမ်သည် ဤလက်နက်ကို ထုတ်ပြလိမ့်မည်ဟု ရွှေရောင် ရှေးမျောက်ဝံ ထင်မထားပေ။ သူ့ဘဝမှတ်ဉာဏ်ထဲတွင် ထိုလက်နက်ကိုသုံးခဲ့ သည့် ဒဏ္ဍာရီလာနတ်ဘုရားသည် လွန်ခဲ့သည့် နှစ်တစ်သောင်းမှ သေသွားခဲ့ သည်မဟုတ်ပါလား။ သူ ပြန်လည်ရှင်သန်ထမြောက်လာသည်လား။

All Chapters