ကိုးရောင်မီးတောက်ပေါ်ထွက်လာခြင်း၊ သားရဲများအားလုံးအညံ့ခံခြင်း
Vol. 27 Ch. 531
ကိုးရောင်မီးတောက်သည် ရွှေရောင်ရှေးမျောက်ဝံ၏ အညိုရောင်မျက်လုံး ထဲတွင် ရောင်ပြန်ဟပ်လာသည်။ ၎င်းသည် သူ၏ဝိညာဉ်ကို ဆွဲနှုတ်နေသကဲ့သို့ လှုပ်ရှားနေသည်။ ဒီလူက ကောင်းကင်ကိုအံတုနိုင်တာကိုသာ သူသိထားရင် ဘာလို့ ရန်စနေဦးမှာလဲ။ အခုမှ ထွက်ပြေးဖို့ကျ နောက်ကျနေပြီလား.. အာ.. တကယ်ပဲ သူ ဒီနေ့ ထွက်မလာခင် ဗေဒင်မကြည့်ခဲ့ရဘူး။
၁၄ နှစ်အရွယ်ကောင်းကင်အဆင့်ဆိုသည်မှာ ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ သူ့တွင် ကြယ် ၉ ပွင့်မွတ်မြတ်သောသားရဲရှိနေသည်မှာ ပုံမှန်မဟုတ် သည့်အပြင် အသက်လက်နက်ပါရှိနေသေးသည်။ ထို့အပြင် ထိုအသက် လက်နက်သည် ဒဏ္ဍာရီနတ်ဘုရား၏ရောင်ဝါနှင့် အဘယ့်ကြောင့် တူနေသနည်း။ ထိုလူ၏ နတ်မိစ္ဆာအူတိုင်မှ သန့်စင်ထားသည်လား။
ကိုးရောင်နဂါးဇာမဏီ၏ နတ်မိစ္ဆာအူတိုင်ပင်... ထိုသို့ဆိုလျှင် ဤလူသည် ပုံမှန်မဟုတ်သည့်အပြင် အကျိုးအကြောင်းပါ မဆီလျော်ပေ။
ကိုးရောင်ကောင်းကင်ခွဲလှံတံသည် ကိုးရောင်နိဗ္ဗာန်မီးမှ အသွင်ပြောင်း ထားခြင်းဖြစ်သည်။ ၎င်းသည် ရှေးခေတ်များဆီက မှော်သားရဲများ၏ သန့်စင် သောသွေးသားကို သယ်ဆောင်လာခဲ့သည်။ မှော်သားရဲသွေးသားရှိသော ကြယ် ၉ ပွင့်နတ်သားရဲပင် ကိုးရောင်မီးကို အညံ့ခံရမည်ဖြစ်သည်။
ကိုးရောင်ပေါ်ထွက်လာသည်နှင့် သားရဲများအားလုံး အညံ့ခံရသည်။
ထိုအခိုက်အတန့်၌ တောင်တန်းတစ်ခုလုံး အနီးတစ်ဝိုက်ရှိ မှော်သားရဲ များအားလုံးသည် ထိုဦးတည်ရာဘက်သို့ မျက်နှာမူနေသည်ကို မည်သူမှ မမြင်ရ ပေ။ သူတို့သည် မြေကြီးပေါ်တွင်ဝပ်ကာ ခေါင်းများကို ရှေ့လက်များဖြင့်အုပ်ပြီး တုန်ယင်နေကြသည်။
လုံးဝတိတ်ဆိတ်နေသည်။ လုံးဝမီးသေသည့်လေထုသည် ဤနေရာကို လွှမ်းမိုးလိုက်သည်။ ကမ္ဘာကြီးသည် ဖိနှိပ်လွန်းသဖြင့် လေထုသည် အေးခဲသွား မတတ်ပင်။ အားလုံး၏ ပါးစပ်နှင့်နှာခေါင်းများသည် ချိပ်ပိတ်ထားသည့်အလား အသက်ပင်မရှူနိုင်ကြတော့ပေ။
ရွှေရောင်ရှေးမျောက်ဝံ၏ မျက်လုံးထဲတွင် ကိုးရောင်အလင်း ရောင်ပြန် ဟပ်နေသည်။ သူသည် တခြားသောမှော်သားရဲများကဲ့သို့ ဒူးထောက်ပြီး အညံ့ မခံသော်လည်း စိတ်ထဲမှ အကြောက်တရားသည် စီးကောင်းကဲ့သို့ပင်။ ရွှေရောင်ရှေးမျောက်ဝံသည် အလွန်နောင်တရမိသည်။ သူ ဘာလို့ အကြောင်း အရင်းမရှိ ရူးသွပ်မိတာလ။ သူတို့သည် ပိုးမွှားနှင့်တူသော လူများပင်။ သူတို့ကို သေသည်အထိ ရိုက်လျှင်ကိစ္စမရှိပေ။ သို့သော် သူသည် ထိုလူများကို ကြောင် နှင့်ကြွက်ကဲ့သို့ ကစားခဲ့သည်။ ယခု သူလည်း ကစားခံနေရပြီဖြစ်သည်။
ဤလူငယ်သည် ငယ်ရွယ်ကာ ခွန်အားသည် ကြောက်စရာကောင်းလှ သည်။ ယနေ့ သူမကိုဆွဲချရန် အားစိုက်ထုတ်ရမည့်ပုံပင်။
သူသည် သူ့ဘာသာတွေးပြီး စိတ်လှုပ်ရှားမှုများသည် သူ့နှလုံးသားကို ယားယံစေသည်။ တစ်ဖက်တွင် ပေထင်းဟွမ်သည် လက်ထဲမှ ကိုးရောင် ကောင်းကင်ခွဲလှံတံကို မြှောက်နေပြီဖြစ်သည်။ ၎င်းသည် ၁၀ မီတာရှည်လျား ကာ ကိုးရောင်စွမ်းအားမီးတောက်ဖြင့် ပြုလုပ်ထားသည်။ ပေထင်းဟွမ်သည် လှံကို လက်ထဲတွင်ကိုင်ထားသည်။ ရှည်လျားသော စလင်ဒါပုံလက်ကိုင်သည် လှံကဲ့သို့ဖြစ်ပြီး လခြမ်းပုံသဏ္ဍာန်ရှိသောဓားသည် အလွန်လှပသည်။ သို့သော် မီးတောက်များသည် လူတစ်ဦး၏ဝိညာဉ်ကိုတုန်ယင်သွားစေလောက်အောင် အားကောင်းသည့်စွမ်းအားကို ထုတ်ပေးလေသည်။
“ကိုးရောင်ကောင်းကင်ခွဲ”
ကြည်လင်လွှမ်းမိုးနိုင်ပြီး အလွန်မောက်မာသောအော်သံသည် ပေထင်းဟွမ်၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းရဲရဲများမှထွက်လာသည်။ သူမ၏ ခြေထောက်အောက်မှ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် လေနှင့်မီးလုံးကဲ့သို့ ထွက်လာပြီး ပေထင်းဟွမ်အား ရွှေရောင်ရှေးမျောက်ဝံ၏ဦးခေါင်းဆီသို့ လျင်မြန်စွာ သယ်ဆောင်သွားလေသည်။ သူမ၏လက်ထဲမှ ကိုးရောင် ကောင်းကင်ခွဲလှံတံသည် ရွှေရောင်ရှေးမျောက်ဝံ၏ဦးခေါင်းကို ခုတ်ချလိုက် သည်။
သူမ၏ရှည်လျားသောဆံပင်သည် အနောက်တွင် ခပ်မိုက်မိုက်လွင့်နေကာ ကြယ်နှင့်တူသောမျက်လုံးများသည် မီးပွားများကဲ့သို့ ပင်။ သူမ၏ ငွေရောင်ချပ်ဝတ်တန်ဆာသည် မျက်လုံးများကိုပင် ကြိမ်းစေ၏။ အဝေးမှနေ၍ကြည့်လျှင် အဇူရာစစ်နတ်ဘုရား ကမ္ဘာမြေပေါ်သို့ဆင်းသက်လာ သည်နှင့်တူသည်။
ရွှေရောင်ရှေးမျောက်ဝံ၏ ကြီးမားသောခန္ဓာကိုယ်သည် ရှောင်ရှားရန် အချိန်မရှိလိုက်ပေ။ ၎င်းသည် တုတ်ခိုင်သောလက်မောင်းကြီးကိုမြှောက်ကာ ခေါင်းပေါ်သို့တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ပေထင်းဟွမ်၏ လက်ထဲမှ ကိုးရောင်ကောင်းကင်ခွဲလှံတံကို လက်သီးဖြင့် ဝေ့ယမ်းလိုက်သည်။
ဘုန်း...
ကြီးမားသော လေလှိုင်းသည် ရွှေရောင်ရှေးမျောက်ဝံ၏ လက်ဝါး ရိုက်ချက်ထက်ပင် အဆပေါင်းများစွာ သန်မာလေသည်။ ကြယ်လေသည် လေကိုဖြိုခွင်းရာ နားစည်ပေါက်သွားနိုင်သည့် တောရိုင်းအော်သံများနှင့် အူသံ များထွက်ပေါ်လာသည်။
ကြီးမားသောလှိုင်းပုံသဏ္ဍာန် ကြယ်တာရာလေသည် အဘက်ဘက်သို့ မရေမတွက်နိုင်သည့် လည်နေသောဓားသွားများအဖြစ် ပြန့်သွားလေသည်။ တောင်စောင်းတွင်ရှိနေသော ရှေးသစ်ပင်နှင့်ကျောက်တုံးများသည် ကြယ်တာရာလေကြောင့် ပြိုကွဲသွားပြီး တောင်ပေါ်မှကျသွားကြလေသည်။ လူနှင့်သားရဲတို့ရှိနေသည့် ကောင်းကင်မှာ ကြယ်တာရာလေကြောင့် ကွဲသွားခဲ့ သည်။ ခဏအကြာတွင် လေနှင့် တိမ်တိုက်တို့ တိုးဝင်လာခဲ့သည်...