← Chapters

သူ့ကိုကင်လိုက်

Vol. 27 Ch. 532

သူ့ကိုကင်လိုက်

Vol. 27 Ch. 532

၎င်းသည် ကြယ် ၉ ပွင့်နတ်သားရဲနှင့် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်တို့ ကြားမှာ သန့်စင်သောရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်သည်။ တိုက်ခိုက်မှုမှ ဖြစ် ပေါ်လာသော စွမ်းအင်လှိုင်းသည် မြက်ခင်းများ၊ သစ်ကိုင်းခြောက်များ၊ သစ်ပင် များနှင့် ကျောက်တုံးများကို ပျံသွားစေသည်။ သို့သော် ဘေးမှကြည့်နေသူများ သည် သားရဲနှင့်လူသားကို မျက်တောင်မခတ် စိုက်ကြည့်နေကြဆဲပင်။

စိတ်မချမ်းမြေ့ဖွယ်ရာ အော်သံများသည် တိမ်တိုက်များကို ထိုးဖောက် ထွက်လာကာ သွေးမိုးများသည် မြားကဲ့သို့ ရွာကျလာသည်။ ရွှေရောင်ရှေး မျောက်ဝံသည် လက်မှ စူးရှသောနာကျင်မှုကိုသာ ခံစားနေရသည်။ သူ့လက် မောင်းမှ အသွေးနှင့်အသားများသည် လွင့်ထွက်သွားကာ ကိုးရောင်မီးတောက် သည် သူ့လက်မောင်းကိုစွဲနေပြီး တစ်ကိုယ်လုံးဆီသို့ လောင်ကျွမ်းနေသည်။

ကိုးရောင်နိဗ္ဗာန်မီး.. အာ.. အာ.. တကယ့်ကို ကိုးရောင်နဂါးဇာမဏီရဲ့ မွေးရာပါမီးပဲ။ ဤကဲ့သို့မီးသည် မယှဉ်နိုင်လောက်အောင် လွှမ်းမိုးနိုင်သည်။ မေ့ပျောက်ခြင်းမြစ်တစ်ခုလုံးပင် ခြောက်ကပ်အောင် လောင်ကျွမ်းနိုင်သည်။ သူသည် ကိုးရောင်နိဗ္ဗာန်မီးကို သူ၏အသက်လက်နက်နှင့် ခုခံနေရသည်။

ရွှေရောင်ရှေးမျောက်ဝံသည် တုံးအလွန်းနေခြင်းမဟုတ်ဘဲ ကိုးရောင်နဂါး ဇာမဏီသေဆုံးသွားသည့် နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ကမ္ဘာပေါ်မှလူ များသည် ကိုးရောင်နိဗ္ဗာန်မီး၏ ဂုဏ်သရေနှင့် လွှမ်းမိုးမှုကို မေ့မေ့ပျောက် ပျောက်ဖြစ်နေသည်မှာ ကြာခြင်းဖြစ်သည်။ သူတို့သည် ရှေးဟောင်းသွေးသား ၏ လွှမ်းမိုးမှုကိုသာ ခံရပြီး ထိုမီးကို ရှောင်ရှားရမည့်ကိစ္စကို မေ့လျော့နေခဲ့၏။

ဤကဲ့သို့ မီးတောက်သည် ကမ္ဘာပေါ်ရှိ တခြားသောမီးများနှင့် ကွာခြား သည်ကို ရွှေရောင်ရှေးမျောက်ဝံ ရှင်းရှင်းလင်းလင်းသိသည်။ မြေကြီးမီး၊ ကောင်းကင်မီးနှင့် တခြားသောထူးဆန်းသည့်မီးအစရှိသည့် သက်ရှိမီးအမျိုး အစားသည် သခင်ဖြစ်သူ၏အမိန့်ကိုသာ နာခံကြသည်။ သို့သော် သူသည် ကြံရာမရဘဲ ရင်ဆိုင်ရသည်။

မီးတောက်များသည် သူ၏အသွေးနှင့်အသားကို လောင်ကျွမ်းရာ ကျွတ်ကျွတ်မြည်သည့်အသံနှင့်အတူ မီးပွားများထွက်နေသည်။ မီးလောင်သည့် အနံ့သည် တောင်လေနှင့်အတူ အဘက်ဘက်သို့ ပျံ့သွားလေသည်။ အားလုံး သည် သူတို့ခန္ဓာကိုယ်ကို မီးလောင်နေသကဲ့သို့ ထင်ယောင်ထင်မှားပင်ဖြစ်ကြ သည်။ သူတို့သည် သူတို့ခန္ဓာကိုယ်ကို တင်းကြပ်စွာပွေ့ဖက်မိရာ ဝိညာဉ် အတွင်းပိုင်းထဲမှ လာသည့်အကြောက်တရားကို ခံစားမိကြသည်။

ကြောက်မက်ဖွယ်ကောင်းလှသည့် ပေထင်းဟွမ်၏လက်ထဲမှ လက်နက် သည် မည်သည့်လက်နက်မျိုးဖြစ်သနည်း။

ပေထင်းဟွမ်သည် ယွိမင်၏အကြံပြုချက်ကိုသာ နားထောင်ကာ သူမ၏ ဝမ်းတွင်းပါမီးတောက် ကိုးရောင်နိဗ္ဗာန်မီးကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ ၎င်းသည် ထိုမျှအားကောင်းလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမသည် ပျော်လွန်သွား၏။ သူမသည် ကိုးရောင်နိဗ္ဗာန်မီးနှင့်ပြုလုပ်ထားသည့် ကိုးရောင် ကောင်းကင်ခွဲလှံတံကို လက်ထဲတွင် လှုပ်ယမ်းကာ မြှောက်လိုက်သည်။ သူမသည် နှုတ်ခမ်းနှင့် နူးညံ့စွာဖိကပ်ကာ ပြောလိုက်သည် “တော်တယ် မင်းက လွှမ်းမိုးနိုင်တာပဲ”

ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မီးတောက်အနည်းငယ်သည် သူမ၏ အသိစိတ် ပင်လယ်မှာ ပျံ့လွင့်လာပြီး ကခုန်နေသကဲ့သို့ ဆက်တိုက်ခုန်နေသည်။ သူမသည် မီးတောက်၏ မြူးတူးမှုကိုခံစားရကာ ထိတ်လန့်သလို ပျော်လည်း ပျော်ရွှင်မိသည်။

သူမသည် ကိုးရောင်နိဗ္ဗာန်မီးကို စတင်ထိန်းချုပ်နိုင်ပြီနှင့်တူသည်။ ထို့အပြင် ထိုမီးတောက်သည် အသိဉာဏ်ရှိသည့်ပုံပင်။ ၎င်း၏သိဉာဏ်သည် အပြည့်အဝမကြီးထွားသေးခြင်းဖြစ်နိုင်သည်။ ၎င်းသည် ကလေးတစ်ယောက် ၏ အကျင့်သဘောထားအတိုင်း နားဝင်ချိုသည့် စကားများကို နားထောင်ရ သည်ကို နှစ်သက်သည်။

“အာ.. မင်းတော့ ငါ မင်းကိုသေတဲ့အထိတိုက်ခိုက်မယ်”

ကိုးရောင်မီးတောက်သည် ရွှေရောင်ရှေးမျောက်ဝံ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို စတင်ဝန်းရံတော့သည်။ နာကျင်မှုမှာ သောင်းချီသောပုရွက်ဆိတ် တို့ သူ့ကိုဝိုင်းကိုက်နေသလိုပင်။ မီးတောက်များသည် ရွှေရောင်ရှေးမျောက်ဝံ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းရုံသာမကဘဲ သူ့ဝိညာဉ်ကိုပါ လောင်ကျွမ်းလေ၏။ သူသည် မီးတောက်နှင့် ကင်ထားသလိုဖြစ်နေသည်။

ရိုက်နှက်ခြင်းသည် မီးတောက်များ ပျံ့သွားသည်ကို မတားနိုင်ပေ။ ထိုသို့ ဆိုလျှင်တောင် ပေထင်းဟွမ်သည် ကိုးရောင်ကောင်းကင်ခွဲလှံတံကို တင်းတင်း ကြပ်ကြပ်ကိုင်ထားကာ ထိုအကောင် ရုတ်တရက် ရူးသွားမလားဟု ရွှေရောင်ရှေးမျောက်ဝံအား ဝမ်းနည်းပက်လက်ကြည့်လေသည်။

သူမသည် လင်းမိုအသွင်ပြောင်းထားသည့် တိုက်ခိုက်ရေးချပ်ဝတ်တန် ဆာကို ဝတ်ဆင်ထားသည်။ လင်းမိုသည် တစ်ဦးတည်းသော ကြယ် ၉ ပွင့် မွန်မြတ်သောသားရဲဖြစ်သည်။ ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံ သည် မူလကပင် လင်းမို၏ ဖိနှိပ်မှုကိုခံရသည့် သွေးသားဖြစ်သည်။ သို့သော် ကိုးရောင်နိဗ္ဗာန်မီးနှင့် ကိုးရောင်နဂါးဇာမဏီတို့၏ ဖမ်းစားမှုနှင့်အတူ ပေထင်းဟွမ်၏ ဝမ်းတွင်းမှော်သားရဲဖြစ်ရသဖြင့် လင်းမိုသည် ရွှေရောင်ရှေး မျောက်ဝံ၏ ဖိအားကို လုံးဝမကြောက်တော့ပေ။

ချွတ်..

ကိုးရောင်နိဗ္ဗာန်မီး တစ်ကိုယ်လုံးပျံ့မသွားရေးအတွက် ရွှေရောင်ရှေး မျောက်ဝံသည် သူ၏လက်ကောက်ဝတ်ကိုဖြတ်ကာ မီးလောင်နေသော လက်မောင်းကို ဖယ်ရှားရန် နောက်လက်တစ်ဖက်ကို အသုံးပြုခဲ့သည်။ ၎င်းသည် လက်မောင်းပြုတ်ကျသည့်နေရာမှ အဝေးသို့ ခုန်လေသည်။ ၎င်းသည် ပေထင်းဟွမ်ကို ကြည့်နေချိန်တွင် သူ့မျက်လုံးထဲမှ ဆူနာမီမုန်တိုင်း သဖွယ် ဒေါသသည် ပေထင်းဟွမ်အား ဆွဲချတော့မတတ်ပင်...

All Chapters