အာ.. မင်းမှာ အစွမ်းအစရှိရင်မပြေးနဲ့
Vol. 27 Ch. 533
ကျွတ်...
ရွှေရောင်ရှေးမျောက်ဝံ၏ ကျိုးနေသောလက်မောင်းမှ သွေးများ မြစ်တစ် စင်းသဖွယ် စီးကျလာသည်ကိုကြည့်ပြီး အားလုံး ကျွတ်သပ်မိသည်။ ဘယ်လို မီးမျိုးက အဲလောက်တောင် ကြောက်ဖို့ကောင်းတာလဲ။ သူသာ ဖိအားမရှိရင် ရွှေရောင်ရှေးမျောက်ဝံက ဘယ်လိုလုပ် သူ့လက်ကို အဆုံးရှုံးခံမှာလဲ။
ရိုက်ချက်တစ်ချက်သည် ရွှေရောင်ရှေးမျောက်ဝံ၏တိုက်ခိုက်ရေး ခွန်အား ကိုဆုံးရှုံးစေသည်။ ထိုလူငယ်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။
ရွှေရောင်ရှေးမျောက်ဝံ၏ အညိုရောင်မျက်လုံးများသည် ထူးဆန်းသည့် အနီရောင်အဖြစ် ပြောင်းနေပြီဖြစ်သည်။ ၎င်းသည် ကျန်ရှိသည့်လက်နှင့် ရင်ဘတ်ကို အညှာတာမဲ့စွာထုလေသည်။ အစွယ်နှစ်ချောင်းထုတ်ပြကာ ပေထင်းဟွမ်ဆီသို့ ပြေးသွားပြီး သူမကို ရိုက်နှက်ပြန်သည်။ သို့သော် သည် တစ်ကြိမ်တွင် ရိုးရှင်းသောကြယ်တာရာလေတိုက်ခိုက်မှုတင်မဟုတ်ပေ။ နတ်သားရဲတွင်သာရှိသည့် အရည်အချင်းတစ်ခုနှင့်ဖြစ်သည်။
“လူသား.. မင်းက မြင့်မြတ်တဲ့ရွှေရောင်ရှေးမျောက်ဝံကို မီးနဲ့ရှို့ရဲတယ်.. အခု မင်းလုပ်ခဲ့တာအတွက် တန်ရာတန်ကြေးပြန်ပေးရမယ်.. ငါ့ရွှေရောင်ရှေး မျောက်ဝံစွမ်းအား ရွှေရောင်တိုက်ပွဲပုဆိန်ရဲ့အရသာကို ခံစားကြည့်လိုက်”
ကျယ်လောင်သောမာန်ဟိန်းသံသည် ကမ္ဘာကြီးကို လှုပ်ခါသွားစေသည်။ အသံလှိုင်းမှသယ်ဆောင်လာသော စွမ်းအင်သည် ရှေးသစ်ပင်ကြီးများကို ရစ်ပတ်ကာ မုန်တိုင်းတစ်ခုသဖွယ် အမြစ်ပါပြုတ်သွားစေသည်။ ရွှေရောင်ရှေး မျောက်ဝံ၏ လက်ဖဝါးသည် ကြီးမားသောရွှေရောင်တိုက်ပွဲပုဆိန်အဖြစ်ပြောင်း သွားကာ ကောင်းကင်အထက်မှ တိမ်တိုက်များကို ဖြတ်ကာ ပေထင်းဟွမ်၏ ဦးဆောင်းဆီသို့ ခုတ်လေသည်။
“ဟင်း.. နတ်သားရဲအရည်အချင်တးစ်ခုလောက်နဲ့ ငါ့ကိုအနိုင်ယူချင်နေ တာပဲ.. ရူးလိုက်တဲ့ ရွှေရောင်ရှေးမျောက်ဝံ.. မင်းက တုံးကိုတုံးတာ” ရွှေရောင် ရှေးမျောက်ဝံသည် လက်မောင်းဆုံးရှုံးလိုက်ရပြီးနောက် ခွန်အားသည် လျော့ကျသွားပြီဖြစ်၏။ ၎င်း၏ ဝမ်းတွင်းပါအရည်အချင်းကို သုံးပြီးနောက် အရှိန်လည်းလျော့သွားခဲ့သည်။ ပေထင်းဟွမ်သည် လုံးဝမကြောက်ပေ။ သူမ၏ အေးစက်သောအသံနှင့် စကားလုံးများသည် လူအများကို ဒေါသထွက်၍သေစေ နိုင်သည်။
“လူသား လာမမောက်မာနဲ့.. ငါ့ပုဆိန်နဲ့ မင်းကို သေတဲ့အထိ ခုတ်ထစ်ပစ် မယ်” ရွှေရောင်ရှေးမျောက်ဝံ၏ နီရဲသောမျက်လုံးများသည် ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။
“မင်းရဲ့ပုဆိန်က တကယ်ပဲ အားကောင်းပါတယ်.. မင်းငါ့ကို ထိအောင် ခုတ်နိုင်မလား မခုတ်နိုင်ဘူးလားဆိုတာပေါ်မှာပဲ မူတည်တယ်” ပေထင်းဟွမ် သည် အေးစက်စွာ နှာမှုတ်လေသည်။ သူမလက်ထဲမှ ကိုးရောင်ကောင်းကင်ခွဲ လှံတံသည် သူမ၏ခြေထောက်နားတွင်ရှိနေပြီး ကိုးရောင်မီးတောက်နှစ်ခုသည် သူမ၏ခြေသလုံးကို ရစ်ပတ်ထားသည်။ ၎င်းသည် ဝိညာဉ်သခင်၏ တစ်စိတ် တစ်ပိုင်းချပ်ဝတ်တန်ဆာ အသွင်ပြောင်းထားသည့် သက်ရောက်မှုဖြစ်သည်။ အားကောင်းသောစွမ်းအင်သည် သူမ၏ခြေထောက်အောက်တွင် အရှိန်မြန်စေ သည့်ပစ္စည်းတစ်ခုထည့်ထားသကဲ့သို့ သူမ၏အမြန်နှုန်းကို ပိုမိုမြန်စေသည်။
ရွှေရောင်ရှေးမျောက်ဝံသည် သူမ၏ပုံရိပ်ကို မျက်စိရှေ့တွင်မြင်နေရ၏။ ပုံရိပ်များသည် မျဉ်းဖြောင့်တစ်ခုကဲ့သို့ မျက်လုံးများကို ဖြတ်ကျော်သွားခဲ့သည်။ ရွှေရောင်တိုက်ပွဲပုဆိန်သည် ကောင်းကင်မှ ခုတ်ချရာ တောင်လမ်းတစ်ခုလုံးကို ဖုံးသွားသော်လည်း ပေထင်းဟွမ်၏ဆံပင်ကိုပင် မထိနိုင်ပေ။
၎င်းသည် ကိုးရောင်နိဗ္ဗာန်မီးနှင့် နီးစပ်ပြီးနောက် မည်သို့ထိန်းချုပ်ရမည် ကို နားလည်လာခြင်းကြောင့်ဖြစ်သည်။ နေ့ချင်းညချင်းပင် သက်ရောက်မှုရှိ လိမ့််မည်ဟု သူမ ထင်မထားပေ။ ကိုးရောင်နိဗ္ဗာန်မီးတွင် ထိုသက်ရောက်မှုမရှိ လျှင်တောင် သူမသည် ခေါင်းအထက်မှ ထိုရွှေရောင်တိုက်ပွဲပုဆိန်ဆီမှ လွတ် မြောက်ရန် နည်းလမ်းရာချီရှိသေးသည်။
သူမသည် ငတုံးတစ်ယောက်မဟုတ်ပေ။ ကြယ် ၉ ပွင့် နတ်သားရဲတစ် ကောင်မှ သူ၏အရည်အချင်းကို သုံးချိန်တွင် သူမ မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။
“အာ.. ဟေ့ကောင် မင်းဘယ်သွားမလို့လဲ.. မင်းမှာ အစွမ်းအစရှိရင် ထွက်မပြေးနဲ့” ရွှေရောင်ရှေးမျောက်ဝံသည် အားကောင်းသော တိုက်ခိုက်မှု ထုတ်လွှတ်လိုက်သော်လည်း လွဲချော်သွားခဲ့သည်။ သူသည် ဒေါသထွက်လွန်း သဖြင့် မိုးပေါ်မှကျလုမတတ်ပင်။ သူလှည့်ပတ်ကြည့်လိုက်သော်လည်း ပေထင်းဟွမ်အား မမြင်ရဘဲ တစ်ယောက်တည်း တိုက်ခိုက်နေရသည်။
မယုံနိုင်လောက်စရာပင်။ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံသည် ဤကဲ့သို့နစ်နာမှုကို မခံစားရပေ။
ကိုးရောင်နိဗ္ဗာန်မီးသည် ကောင်းကင်ကိုအံတုနိုင်သည့် အရှိန်မြင့်သော အရှိန်ပေးစက်ဖြစ်သည်။ ပေထင်းဟွမ်၏ဇာမဏီအရိပ်နှင့် တွဲဖက်လိုက်သော အခါ ကြယ် ၉ ပွင့်နတ်သားရဲပင်လျှင် ဒဏ်ရာမရဘဲ သူမကို ဖမ်းမရဘဲ ဒဏ်ရာ အပြင်းအထန်ရကြသည်။ သူမကို ဖမ်းချင်တာလား။ ဟင်း.. အရူးတွေလိုမျိုး စောင့်နေလိုက်လေ “တုံးလိုက်တဲ့ မျောက်ဝံ ငါက မင်းနောက်မှာ.. ဘာလို့ ငါ့ကို မရှာနိုင်တာလဲ” ပေထင်းဟွမ်သည် ကိုးရောင်ကောင်းကင်ခွဲလှံတံနှင့် ရွှေရောင် ရှေးမျောက်ဝံ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။ အေးစက်သည့် လူသတ်မည့် ရည်ရွယ်ချက်သည် သူမ၏ မည်းနက်နေသော မျက်လုံးများထဲတွင် ပေါ်လာခဲ့ သည်။
ဒီရွှေရောင်ရှေးမျောက်ဝံက သူမအပိုင်ပဲ။