ရွှေရောင်ရှေးမျောက်ဝံကင်
Vol. 27 Ch. 534
ဘုရားရေ.. ရွှေရောင်ရှေးမျောက်ဝံက ဘယ်လိုလုပ် သူမပြောတာကို မကြားတာလဲ။ ပေထင်းဟွမ်၏အသံသည် သူ့အနောက်မှထွက်လာသဖြင့် သူ့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ဒီကလေးက ဘာပြောလိုက်တာလဲ။ သူမသည် သူ့အနောက်တွင်ရှိနေသည်။ သူမက ဘယ်တုန်းက သူ့အနောက်ကို ပြေးသွားခဲ့တာလဲ။
သူ့တွင် တောင်တစ်လုံးကဲ့သို့ မြင့်မားသော ခန္ဓာကိုယ်ကြီးရှိသည်။ ပေထင်းဟွမ်သည် ရွှေရောင်ရှေးမျောက်ဝံ၏ အနောက်သို့ အလင်း၏အရှိန်နှုန်း ဖြင့် ပြေးပုန်းခဲ့သည်။ ထိုအချိန်တွင် ရွှေရောင်တိုက်ပွဲပုဆိန်သည် ကောင်းကင်မှ ကျလာပြီး ပစ်မှတ်ကိုလွဲချော်ကာ မြေကြီးအား ခုတ်မိလေသည်။
ချက်ချင်းဆိုသလိုပင် မြေကြီးနှင့် တောင်များ တုန်ခါသွားသည်။ မြေဆီလွှာနှင့် အပျက်အစီးများသည် အဘက်ဘက်သို့ပြန့်ကျဲသွားပြီး မိုးပေါ်သို့ ကြီးမားစွမ်းအားကို သယ်ဆောင်သွားလေသည်။ ထိုအားကောင်းသော စွမ်းအားကြောင့် ကောင်းကင်တွင် အပေါက်တစ်ခုပေါက်သွားပြီး တိမ်တိုက် မည်းများသည် ချက်ချင်းပင် စုဝေးလာသည်။
ထိုအချိန်တွင် ရွှေရောင်ရှေးမျောက်ဝံသည် ရုတ်တရက် သူ့ရင်ဘတ်ကို ရိုက်လေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကြီးမားသောစွမ်းအင် တိုးလာခဲ့သည်။ ထိုကောင်လေးသည် သူ့ကိုဒေါသထွက်ပြီး သေအောင်လုပ်နေသည်။ သူသည် ကြီးမားသောလက်သီးဆုပ်ကို မြှောက်ကာ အနောက်သို့ ထိုးလိုက်သည်။
လွဲချော်သွားပြန်သည်။
ရွှေရောင်ရှေးမျောက်ဝံ၏ ကြီးမားသောခန္ဓာကိုယ်နှင့်ယှဉ်လျှင် ပေထင်းဟွမ်သည် ဆင်ကြီးနှင့်ရင်ဆိုင်နေရသည့် ပုရွက်ဆိတ်တစ်ကောင်နှင့်တူ သည်။ ပေထင်းဟွမ်၏ခြေထောက်အောက်မှ စစ်ဖိနပ်သည် မီးဘီးလုံးနှစ်ခုလို ပင်။ ပေထင်းဟွမ်သည် ရွှေရောင်ရှေးမျောက်ဝံ၏ ခေါင်းအထက်တွင် ပျံသန်း နေသည်။ သူမလက်ထဲမှ ကိုးရောင်ကောင်းကင်ခွဲလှံတံသည် လိမ့်နေသော စွမ်းအင်မီးတောက်ကို သွယ်ဆောင်လာသည်။ သူမလက်ဖဝါးထဲမှ အင်အား တစ်ခုနှင့်အတူ သူမသည် ကိုးရောင်ကောင်းကင်ခွဲလှံတံကို ရွှေရောင်ရှေး မျောက်ဝံ၏ပခုံးဆီသို့ တွန်းလိုက်သည်။
“ဝေါင်း”
ရွှေရောင်ရှေးမျောက်ဝံ၏ လက်သီးဆုပ်သည် တောင်တန်းများရှိရာသို့ အညှာတာမဲ့စွာ ထုခွဲလိုက်သည်။ အကောင်းအတိုင်းတစ်ခုမှ မကျန်ခဲ့ပေ။ ကျောက်များသည် အမှုန့်ဖြစ်သွားကာ နှစ်ပေါင်းထောင်ချီသောသစ်ပင်များ ပြိုလဲသွားပြီး တောင်များကြေသွားသလို မြေကြီးသည်အပေါက်ဖြစ်သွားရာ ငလျင်လှုပ်သွားသည့်အလား မြေကြီးအရောင်ပြောင်းသွားလေသည်။
ကြီးမားသောစွမ်းအားသက်ရောက်မှုသည် လေထုထဲတွင် ပြင်းထန်သော ပွတ်တိုက်မှုကိုဖြစ်စေသည်။ မီးတောက်များသည် အဘက်ဘက်သို့ ပစ်လွှတ်ပြီး အပြင်မှကြည့်နေသောလူများ၏ မျက်နှာများကို ရောင်ပြန်ဟပ်လေသည်။ ထိတ်လန့်နေသော မျက်လုံးများသည် ရွှေရောင်ရှေးမျောက်ဝံ၏ ပခုံးကို ကိုးရောင်ခွဲလှံတံဖြင့် ထိုးလိုက်သော လူငယ်ကို စိုက်ကြည့်နေကြသည်။ အနက်ရောင်စစ်ချပ်ဝတ်တန်ဆာသည် သူမကို ဆင်းသက်လာသည့် သေမင်း ကဲ့သို့ဖြစ်စေသည်။ သူမ၏နှင်းဖြူရောင်လက်များသည် ကောင်းကင်ခွဲလှံတံကို တင်းကြပ်စွာကိုင်ထားကာ သူမ၏တစ်ကိုယ်လုံးကို ချိတ်ဆွဲထားသ်ည။
သူမ၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများသည် ငရဲကိုမြင်နေရသည့် ပြတင်းပေါက်ကဲ့သို့ အဆုံးမရှိမှောင်မိုက်နေသည်။
ထိုအချိန်တွင် နှလုံးခုန်ခြင်းများရပ်တန့်သွားပြီး လူအများသည် အသက် ရှူရန်ပင် မေ့နေကြသည်။ သူတို့၏ထိတ်လန့်သောမျက်လုံးများသည် လူငယ်၏ ပုံရိပ်ကို တန်ပြန်ဟပ်နေပြီး စိတ်ထဲတွင် အကြောက်တရားများ ပျံ့သွားခဲ့သည်။ သူတို့သည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဒါဘယ်လို ကျောင်းသား သစ်မျိုးလဲ။ သူက ဒီလောက် အားကောင်းနေတာ။ တိုက်ခိုက်မှုနည်းနည်းနဲ့တင် နောက်ထပ် ကြယ် ၉ ပွင့်နတ်သားရဲတစ်ကောင်ကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ တာပဲ။
သူမသည် ကောင်းကင်အဆင့်ဓားသခင်နှင့် ကောင်းကင်အဆင့် ကြယ် ဝိညာဉ်သခင်ဖြစ်သည်။ သူမတွင် မွန်မြတ်သောသားရဲတစ်ကောင်ရှိကာ လက်ထဲတွင် ထူးဆန်းသောလက်နက်တစ်မျိုးရှိသည်။ သူမ၏ ခွန်အားနှင့် ကြယ် ၉ ပွင့်နတ်သားရဲကို နှစ်ကြိမ်တိုင်တိုင်ဒဏ်ရာရစေခဲ့သည်။ သူမ သူတို့နှင့် မျက်နှာချင်းဆိုင်လာလျှင် မည်သို့လုပ်မည်နည်း။
သူတို့သည် သူမ၏ လက်ထဲမှ လွတ်မြောက်နိုင်မည်လား။
ထိုမေးခွန်းကို မည်သူကမှ အဖြေမပေးနိုင်ပေ။
ကမ္ဘာပေါ်တွင် ဝမ်းနည်းစွာငိုသံပေါ်ထွက်လာသည်။ ရင်ဖိုစရာပင်မရှိဘဲ ကိုးရောင်မီးတောက်သည် ရွှေရောင်ရှေးမျောက်ဝံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ သည်။ လူငယ်သည် လက်ကိုလွှတ်ကာ ကိုးရောင်ကောင်းကင်ခွဲလှံတံ၏ လက်ကိုင်ကို ခြေဖျားထိတ်ဖြင့် ကန်လိုက်သည်။ ကိုးရောင်နိဗ္ဗာန်မီးမှ အသွင် ပြောင်းထားသည့် အားကောင်းသောလက်နက်သည် ရွှေရောင်ရှေးမျောက်ဝံ၏ ပခုံးမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ လုံးဝဝင်သွားလေသည်။ ကောင်းကင်ခွဲ လှံတံ၏ထိပ်ဖျားသည် ရွှေရောင်ရှေးမျောက်ဝံ၏ ညာဘက်နံရိုးတွင် ပေါ်လာ သည်။
အေးစက်မှုသည် သူတို့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့သွားသည်။ စိတ်ပိုင်း ဆိုင်ရာမသန်မာသော လူငယ်တချို့သည် မေ့လဲလုမတတ်ပင်။ အထူးသဖြင့် ညှော်နံ့များသည် တောင်လေနှင့်အတူ သူတို့၏ နှာခေါင်းထဲသို့ ဝင်လာချိန်တွင် ဖြစ်သည်။ သူတို့သည် ဘေးပတ်ပတ်လည်တွင် လူတချို့အန်နေသံများကို ကြားနေရသည်။ ၎င်းသည် ကိုးရောင်နိဗ္ဗာန်မီးမှ ရွှေရောင်ရှေးမျောက်ဝံ၏ အတွင်းအင်္ဂါများကို လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် အနံ့များဖြစ်သည်။
ထိုလူငယ်သည် အလွန်အားကောင်းလှသည်။ သူ၏ပြတ်သားမှုနှင့် အေးစက်သောအကြည့်၊ မမြင်နိုင်သောပုံရိပ်နှင့် ရဲရင့်သည့်စွမ်းရည်များသည် အားလုံး၏စိတ်ထဲတွင် အနာရွတ်ကဲ့သို့စွဲထင်သွားခဲ့သည်...