← Chapters

ပေထင်းဟွမ်က အထွတ်အမြတ်သားရဲလား

Vol. 27 Ch. 535

ပေထင်းဟွမ်က အထွတ်အမြတ်သားရဲလား

Vol. 27 Ch. 535

“အာ အာ.. အာ.. ဟေ့ကောင် မင်းက အားကောင်းတဲ့ ကြယ် ၉ ပွင့် နတ်သားရဲကို ပြစ်မှားလိုက်တာပဲ သောက်ကောင်လေး” ရွှေရောင်ရှေးမျောက်ဝံ သည် ယနေ့ သေခြင်းတရားမှ မလွတ်မြောက်နိုင်တော့သည်ကို သိသည်။ ဤ လူငယ်၏ အရည်အချင်းသည် အလွန်ထူးဆန်းသည်။ သူသည် သူမ၏ ပေါ့ပါး သွက်လက်သောပုံရိပ်နှင့် ခြေလှမ်းများကြောင့် သူမကိုစောင့်မကြည့်နိုင်ပေ။ ပို၍ဒေါသထွက်စရာကောင်းသည်မှာ သူမသည် သူ့ကိုအနိုင်ကျင့်ရန် အသက် လက်နက်ကို သုံးခဲ့သည်။

ဒါလွန်လွန်းသွားချေပြီ။

လွင့်သွားသောမြေမှုန့်များသည် တဖန်မြေပေါ်သို့ ပျံ့နှံ့သွားပြီး ကမ္ဘာကြီး သည် ပြန်လည်ငြိမ်သက်သွားလေသည်။ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွား၏။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန်ခက်နေသော လူငယ်များ ပင် စိတ်ထဲမှ မနှစ်မြို့ခြင်းကြောင့် အန်ချင်စိတ်ကိုပင် အတင်းမြိုသိပ်ထားရ၏။ ထိုအချိန်တွင် မည်သူကမှ အသံတစ်ချက်မထွက်ရဲကြပေ။

“မိုးနတ်မင်းရေ.. ဒါက ကျောင်းသားအသစ်အဖွဲ့မလား.. ဒါဆို ငါက ဘာလို့ အသက်ရှင်နေဦးမှာလဲ” တောင်တန်းပေါ်တွင် ပုန်းပြီးတိုက်ပွဲကိုကြည့် နေကြသော အကြီးတန်းကျောင်းသားများသည် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် ကိုးရောင်နိဗ္ဗာန်မီးမှ ရွှေရောင်ရှေးမျောက်ဝံကို နည်းနည်းချင်းဝါးမျိုသွားသည်ကို ကြည့်နေကြသည်။ မီးတောက်သည် သူတို့ ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားသလိုပင်။

အကြောက်တရားသည် ကပ်ဆိုးကဲ့သို့ ပျံ့သွားခဲ့သည်။ မည်သူမှ သူ့ကို ပြန်မဖြေကြပေ။ အဖြေကိုလည်း ရှာမတွေ့ကြပေ။ ၁၄ နှစ်သာရှိသေးသည်။ ထိုလူငယ်သည် ၁၄ နှစ်အရွယ်သာဖြစ်သည်။ သူမသည် ကြယ် ၉ ပွင့်နတ်သားရဲ ကို အနိုင်ယူခဲ့သည်။ သူတို့သည် ကိုယ်တိုင်မျက်လုံးနှင့် မြင်ခဲ့ရသော်ငြား သူတို့ မြင်ခဲ့သည်မှာ အမှန်အကန်ဖြစ်သည်ကို မည်သူကမှ မယုံကြည်ကြပေ။

၎င်းသည် ထင်ယောင်ထင်မှားသာဖြစ်သည်။ အစစ်အမှန်မဟုတ်နိုင်ပေ။ ကြယ ၉ ပွင့်နတ်သားရဲသည် အဆင့်မြင့်ဓားကြယ်သခင်မှမယှဉ်နိုင်သော တည်ရှိမှုမျိုးဖြစ်သည်။ ဤလူငယ် မည်သို့လုပ်နိုင်ခဲ့သနည်း။

“ကြောက်ဖို့ကောင်းလိုက်တာ.. ဒါကလူသားတွေလုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ”

“ဒါ ဒါ ဒါက မယုံနိုင်စရာပဲ.. ဒီပေထင်းဟွမ်က ထူးဆန်းတယ်လို့ထင် တယ်.. သူက လူသားမဟုတ်ဘဲ အထွတ်အမြတ်သားရဲလား”

“အင်း ဟတု်တယ်.. အထွတ်အမြတ်သားရဲကသာ ကြယ် ၉ ပွင့်နတ် သားရဲကို ဒီလိုမျိုးအနိုင်ယူနိုင်တာ.. ပေထင်းဟွမ်က လူသားဆိုတာကို ဘယ်တော့မှမယုံတော့ဘူး”

“သဘောတူတယ် သူက သေချာပေါက် အထွတ်အမြတ်သားရဲပဲ”

ပေထင်းဟွမ်သည် လေ့ကျင့်ရေးကွင်းမှထွက်သွားပြီးနောက် ရာယာအင်ပါယာတစ်ခုလုံးသာမကဘဲ သူမသွားသည့်နေရာတိုင်းတွင် သူမကို အထွတ်အမြတ်သားရဲဟု ခေါ်ဝေါ်ကြလိမ့်မည်ဟု ထင်မထားပေ။ ထိုအချိန်မှစ ပြီး သူမကို လူသားတစ်ယောက်ကဲ့သို့ မည်သူကမှ မဆက်ဆံဘဲနေကြလိမ့်မည် ဟု ထင်မထားပေ။

ဘုန်း..

ရွှေရောင်ရှေးမျောက်ဝံ၏ ကြီးမားသောခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ လဲကျလေသည်။ ၎င်း၏တောင်နှင့်တူသော ခန္ဓာကိုယ်သည် မြေကြီးနှင့် ပြင်းထန်စွာရိုက်မိရာ တောင်တစ်ခုလုံး တုန်ခါသွားလေသည်။ ရွှေရောင်ရှေး မျောက်ဝံ၏ ဒွါရခုနှစ်ပေါက်မှ မီးခိုးများထွက်လာသည်။ ၎င်း၏ ဝိညာဉ်သည် ခပ်ဖျော့ဖျော့သာရှိတော့သည်။ ၎င်းသည် ခေါင်းမော့ကာ ခေါင်းပေါ်တွင် ရှိနေ သောလူငယ်ကို သနားစဖွယ်ကြည့်လေသည်။

အမှောင်ဒြပ်စင်မွန်မြတ်သောသားရဲ အသွင်ပြောင်းထားသော လက်ရာ မြောက်သည်အနက်ရောင်ချပ်ဝတ်တန်ဆာသည် သူမ၏ပိန်ပါးသောခန္ဓာကိုယ် ကို ကပ်ကပ်ရပ်ရပ် ရစ်ပတ်ထားသည်။ သူမ၏ အနက်ရောင်ဆံနွယ်ရှည်များ သည် တောင်လေအဝေ့တွင်လွင့်ပါနေကာ ကြယ်ကဲ့သို့ နက်မှောင်သည့် သူမ၏ မျက်လုံးများသည် တောက်ပနေသည်။ သူမသည် တွင်းထဲမှ ရွှေရောင်ရှေး မျောက်ဝံကို အမှုမထားသည့်အကြည့်ဖြင့် ကြည့်လေသည်။

“ငါရှုံးပြီ ငါ့ကိုသတ်ချင်ရင်လည်း မင်းသဘောပဲ.. ဒါပေမဲ့ ငါ မသေခင် နောက်ဆုံးဆန္ဒတစ်ခု တောင်းလို့ရမလား.. ငါ့အရိုးနဲ့အမွေးတွေကို လက်နက် သန့်စင်တဲ့နေရာမှာ မသုံးပါနဲ့.. မဟုတ်ဘူး ငါ့ရဲ့အမြုတေရှိသေးတယ်.. ဟူး ဒါတွေ ပြောနေလို့ ဘာအသုံးဝင်မှာလဲ.. မင်းသဘောပါပဲ”

ပေထင်းဟွမ်၏ အကြည့်သည် သာလွန်ကောင်းမွန်နေသော်လည်း ပြင်းထန်သည့် လူသတ်အသွင်ကိုပေါ်လွင်စေသည်။ သူမလက်ထဲတွင် ဓားပျော့ တစ်ချောင်းပေါ်လာကာ ချိန်ရွယ်လိုက်သည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင်ကို ဓားထဲထည့်ကာ ဓားပျော့ဖြင့် ရွှေရောင်ရှေးမျောက်ဝံကို တည့်တည့်ချိန်ထား လိုက်၏ “အညံ့ခံမှာလား အသေခံမှာလား”

“ဘာ...” ရွှေရောင်ရှေးမျောက်ဝံသည် နားကြားမမှားသည်ကို အတည်ပြု ပြီးနောက် သူ၏စိတ်သည် ပြန်လန်းဆန်းလာသည် “မင်း ဘာပြောလိုက်တာလဲ ငါသာ အရှုံးကိုဝန်ခံရင် မသေတော့ဘူးလား”

ဒီလူငယ့်မှာ တခြားသရုပ်မှန်ရှိနေတာလား။ အမြင့်ဆုံးသားရဲထိန်းကသာ နတ်သားရဲကိုထိန်းကျောင်းနိုင်သည်။ အထူးသဖြင့် သူကဲ့သို့ ထိပ်ဆုံးနတ်သားရဲ အဆင့်သို့ ရောက်နေသူဖြစ်သည်။ သူက တကယ်ကြီး အမြင့်ဆုံးသားရဲထိန်း များလား။ ဒီလူက ဒီလောက်အားကောင်းတာ.. ပြီးတော့ အမြင့်ဆုံးသားရဲထိန်း ဖြစ်နေသေးတယ်.. ဒါဆို ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲက ဘာလို့ သူ့ရဲ့ စာချုပ် သားရဲဖြစ်နေတာလဲ...

All Chapters