သူ သူမရဲ့မှော်သားရဲဖြစ်ရမှဖြစ်မယ်
Vol. 27 Ch. 536
“ဟုတ်တယ် မင်းကို နောက်ဆုံးတစ်ကြိမ်မေးမယ် အညံ့ခံမှာလား အသေခံမှာလား” ပေထင်းဟွမ်၏ ကြည်လင်သောအသံသည် အေးစက်ပြီး ဂရုမစိုက်သလိုပင်။ ၎င်းသည် အက်ကွဲကြောင်းမှထွက်လာပြီး လူတိုင်း၏ စိတ်ဝိညာဉ်ကို ပြင်းထန်သော လူသတ်မည့်ရည်ရွယ်ချက်ဖြင့် ထိုးဖောက် ဝင်ရောက်သည့်လေနှင့်တူသည်။ သူမ၏စကားများကို မည်သူမှ နားမလည် သော်လည်း ဆိုလိုရင်းကို မခန့်မှန်းရဲကြပေ။
အကြောင်းမှာ မည်သူကမှ ခံနိုင်ရည်မရှိခြင်းကြောင့်ပင်။ သူတို့၏ ခန့်မှန်းချက်သာ မှန်ပါက ဤလူငယ်သည် လူသားဖြစ်ပါဦးမည်လား။ သူသည် အထွတ်အမြတ်သားရဲဖြစ်သွားမည်လား။
လူတစ်ဦးသည် အထွတ်အမြတ်သားရဲများနှင့် ရန်သူဖြစ်နိုင်သည်။ သို့သော် လူသားကမ္ဘာထဲသို့ ခိုးဝင်လာသည့် နတ်ဘုရားနှင့်တော့ မဖြစ်သင့်ပေ။ ဤသည် အဖတ်ဆယ်မရသည့် ကံကြမ္မာဖြစ်သည်။
“ဝူး ဝူး ဝူး ငါဘာလို့ ဒီလောက်ကံဆိုးရတာလဲ.. ဒီမကောင်းဆိုးဝါးကြီးက ဘယ်ကနေလာတာလဲ.. ငါပြောမယ် မင်းလို အပြင်မှာအလေလိုက်ဖို့ထွက်လာ တဲ့သူကို ဘာလို့မင်းမိသားစုက ဂရုမစိုက်တာလဲ.. လူတွေကို ထိခိုက်အောင် လုပ်နေ.. မဟုတ်သေးဘူး သားရဲတွေကို ထိခိုက်အောင်လုပ်နေတာ.. အဲဒါ တကယ်ကောင်းလို့လား” ရွှေရောင်ရှေးမျောက်ဝံသည် မျက်နှာကို ကြီးမားသော အမွေးပွလက်နှစ်ဖက်ဖြင့် အုပ်ကာ ရှိုက်နေသည်။
ပေထင်းဟွမ်၏ မျက်နှာသည် မည်းနက်သွားသည်။ သူမ ခေတ္တမျှရပ်ကာ လက်မြှောက်ပြီး ထိုကောင်လေး၏ဦးခေါင်းကို အုပ်လိုက်သည်။ ပြောရလျှင် သူမတွင် လမ်းလျှောက်ထွက်ရန် မှော်သားရဲမရှိပေ။ ထိုအရာသည် သူမအတွက် ကြီးမားသော ကန့်သတ်ချုပ်ချယ်မှုဖြစ်သည်။ ကိုးရောင် ကောင်းကင်ခွဲလှံတံသည် အသုံးဝင်သော်လည်း ဒြပ်စင်စွမ်းအင်သုံးစွဲမှုသည် ကြောက်မက်ဖွယ်ကောင်းသည်။ တိုက်ပွဲပြီးသည့်နောက် သူမသည် လစ်ဟာ သွားသလိုခံစားရသည်။ ဤအခိုက်အတန့်တွင် သုံးနှစ်အရွယ်ကလေး ထွက်လာ လျှင်တောင် သူမကို တုတ်တစ်ချောင်းနှင့်ပင် သတ်နိုင်မည်ဖြစ်သည်။
သို့သော် ဤကဲ့သို့ ချစ်စရာကောင်းပြီးပျော်စရာကောင်းသော မှော်သားရဲ နှင့် စာချုပ်တည်ထောင်ရသည်မှာ တကယ်ပင် ကောင်းသည်လား။ ဤမိုက်မဲ သောကောင်လေးသည် အကြောင်းပြချက်မရှိဘဲ 'အားနည်းသော' ဝိညာဉ် သခင်များကို မည်ကဲ့သို့ နှင်ထုတ်ခဲ့သည်ကို သူမ တွေးခဲ့သည်။ အကယ်၍ သူတို့ သာ သူမဆီသို့ မတော်တဆမပြေးမိခဲ့လျှင် သူမသည် ဤကောင်ကြီးကို ပိုင်ဆိုင်လိုစိတ် ပေါ်ပေါက်လာမည်လား။
ပြောရလျှင် သခင်လေး ၉ သည် မကြင်နာတတ်ပေ။ အကယ်၍ ပေထင်းဟွမ်၏ စိတ်ထဲတွင် သူတို့ကို အသုံးမကျသည့် ပညာသင်များဟုသာ ဝေဖန်နေသည်ကို ထိုလူငါးယောက်သိလျှင် ဒေါသထွက်လွန်းသဖြင့် နောက်ဘဝကူးသွားလိမ့်မည်လား။
“ဟေး မင်းစကားကို ပြန်ရုတ်သိမ်းချင်တာလား.. ငါက ဝန်ခံဖို့ သဘောတူ ပြီးနေပြီ.. အဲဒါကို မင်းစကားကို ပြန်ရုတ်သိမ်းချင်တာလား” ရွှေရောင်ရှေး မျောက်ဝံသည် လက်ချောင်းများအကြားမှ ပေထင်းဟွမ်၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို မြင်ပြီး စိတ်မသက်မသာဖြစ်နေသည်။ ဒီလူက သူ့ကို မထီမဲ့မြင်ပြုနေတာလား။
သူ့ကို မထီမဲ့မြင်ပြုဖို့ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ သူက ကြယ် ၉ ပွင့် မွန်မြတ် တဲ့သားရဲပဲမဟုတ်ဘူးလား။ သူ့လို ကြယ် ၉ ပွင့်နတ်သားရဲကို ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲ။ ဟင်း.. ဒီနေ့ သူ့ကို မထီမဲ့မြင်မပြုသင့်ဘူး။ သူ့ကို အညံ့ခံ ခိုင်းဖို့ ဘယ်သူပြောတာလဲ။ သူ သူမရဲ့မှော်သားရဲဖြစ်ရမယ်။
“မင်းကိုပြောမယ်.. မင်းက ဒီအမှောင်မှော်သားရဲနဲ့ ဝမ်းတွင်းပါစာချုပ်ရှိ တယ်ဆိုရင်တောင် မင်းနဲ့ သခင်အစေခံစာချုပ်ပဲ လုပ်နိုင်မယ်.. မင်း ငါ့ကို မင်းရဲ့ မှော်သားရဲအဖြစ် ခေါ်ရမယ်.. မဟုတ်ရင် ငါရိုင်းလို့အပြစ်မတင်နဲ့” ခန္ဓာကိုယ် တစ်ခုလုံးမှ တောက်လောင်နေသောနာကျင်မှုကို အံကြိတ်ကာ ရွှေရောင်ရှေး မျောက်ဝံသည် မြေကြီးပေါ်မှထပြီး ပေထင်းဟွမ်အား ခက်ထန်စွာပြောလေ၏။
တောင်တန်းများဆီမှတောင်သို့ ပြေးသွားသော ဝူယွဲ့အဖွဲ့သည် မှင်တက် သွားလေသည်။ တောင်တန်းများပတ်ပတ်လည်တွင် ပုန်းအောင်းပြီး ပွဲကြည့်နေ ကြသူများလည်း ကြက်သေသေသွားကြ၏။ ဘာတွေဖြစ်ကုန်တာလဲ။ အညံ့ခံတဲ့ မှော်သားရဲက ဘယ်လိုလုပ် ဒီလောက်မောက်မာသွားတာလဲ။
မဟုတ်သေးဘူး.. သူတို့ဘာကြားလိုက်ရတာလဲ။ ဒီမှော်သားရဲက ပေထင်းဟွမ်ကို ဘာနဲ့ခြိမ်းခြောက်နေတာလဲ။ သူက သူမရဲ့ စာချုပ်သားရဲ ဖြစ်ရမယ်တဲ့လား။ ပေထင်းဟွမ်က သူ့ကိုခေါ်ရမယ်တဲ့လား။
အာ.. ဒီလိုကောင်းတဲ့ကိစ္စတွေက ဘာလို့အဲကောင်ပေထင်းဟွမ်မှာပဲ သွားဖြစ်နေရာလဲ။ ကြယ် ၉ ပွင့်နတ်သားရဲ ဘာလို့ အဲလောက်တောင် တုံးရတာ လဲ။ ပေထင်းဟွမ်သာ မင်းကို စာချုပ်သားရဲအဖြစ်မခေါ်ရင် ငါတို့ခေါ်မယ် ဟုတ်ပြီလား။ ကြယ် ၉ ပွင့်နတ်သားရဲက စာချုပ်သားရဲဖြစ်ချင်တယ်တဲ့လား။ မိုးပေါ်ကနေ မုန့်အကြီးကြီးကျလာတာပဲ။ အဲဒါက ဘာလို့သူတို့ကိုလာမမှန်တာ လဲ။
ကောင်းကင်ကြီးက တကယ်မတရားတာပဲ။