← Chapters

ငါ့ကို မှော်သားရဲအဖြစ်လက်ခံရင် မင်းမရှုံးဘူး

Vol. 27 Ch. 537

ငါ့ကို မှော်သားရဲအဖြစ်လက်ခံရင် မင်းမရှုံးဘူး

Vol. 27 Ch. 537

“ဟုတ်ပြီ မင်းက ငါ့နောက်လိုက်မယ်လို့ တင်းခံနေမှတော့ ငါ့နောက် လိုက်ခဲ့ပေါ့” ပေထင်းဟွမ်သည် တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏မှော်သားရဲများအားလုံးသည် အားကိုးမရပေ။ နောက်တစ်ကောင်ပေါ်လာလျှင်လည်း ကွာခြားချက်မရှိပေ။ “ဟုတ်ပြီ စိတ်အေးအေးထား ငါ့ကို မခုခံနဲ့.. ငါ မင်းရဲ့ဒဏ်ရာတွေကို အရင်ကုပေးမယ် ပြီးမှ မင်းနဲ့ စာချုပ်တည်ထောင်မယ်”

ထိန်းကျောင်းခြင်းသည် ကြယ် ၉ ပွင့်နတ်သားရဲများ၏ အသက်ကို ယာယီကယ်တင်ပေးနိုင်သည်။ ကိုးရောင်နိဗ္ဗာန်မီးသည် အလွန်အားကောင်း သည်။ ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးကို ရုတ်သိမ်းလိုက်ပြီဖြစ် သော်လည်း ရွှေရောင်ရှေးမျောက်ဝံ၏ခန္ဓာကိုယ်တွင် ကျန်ခဲ့သောနာကျင်မှု သည် သူ့ကိုညှဉ်းပန်းနေဆဲဖြစ်ရာ သူ သေချင်နေတုန်းပင်။

“အဲဒါပိုကြိုက်တယ်.. စိတ်မပူပါနဲ့ ငါက သန်မာတုန်းပဲ.. ငါ့ကို မှော်သားရဲ အဖြစ်မခေါ်ရင်သာ မင်းရဲ့အရှုံးဖြစ်မှာ.. ပြီးတော့ ငါက မင်းရဲ့ဝမ်းတွင်းပါ မှော်သားရဲဖြစ်ဖို့မလိုဘူး.. မင်း ကျေနပ်လိုက်တော့” ရွှေရောင်ရှေးမျောက်ဝံ သည် မြေပေါ်တွင်လဲလျောင်းပြီး ညည်းညူလေသည်။

သူက သူတို့ကို နားကန်းအောင် လုပ်လိုက်တာလား။ တောင်တန်းပေါ်မှ ဆင်းလာသူများသည် စိတ်ထဲမှကျိန်ဆဲကြသည်။ နတ်သားရဲတစ်ကောင်က စာချုပ်တည်ထောင်ဖို့တောင်းဆိုတာ ဖြစ်နိုင်လို့လား။ သူတို့ အရင်ကမကြားဖူး မမြင်ဖူးတဲ့အရာမျိုး ဘာလို့သူတို့ကို ပြပေးနေတာလဲ။ ဒါက သူတို့ကျန်တဲ့ဘဝ တစ်လျှောက်လုံးမှာ အနှောင့်အယှက်ဖြစ်သွားမှာပဲ။

ဤနေရာမှရုတ်ရုတ်သဲသဲအဖြစ်သည် ကြီးမားလွန်းသည်။ လှည့်လည် သွားလာနေသော အကြီးတန်းနှင့် ကျောင်းသားသစ်များသည် ထိုအုံကြွမှု၏ ဆွဲဆောင်မှုကိုခံရပြီး တောင်ထိပ်သို့ သွားကြည့်ကြသည်။ နန်ကုန်းချန်းမိုသည် သူမနှလုံးသားထဲတွင် စွဲထင်နေသည့်အရိပ်ကိုမြင်သောအခါ သက်ပြင်းချမိ၏။ သူမသည် နောက်ဆုံးတွင်ရှာတွေ့လေပြီ။ သူမ ရှန်းယန်ပိုနှင့်တခြားသူများကို ဆွဲခေါ်လာမိသည်မှာ အလဟဿမဖြစ်ပေ။

“ခေါင်းဆောင်က ဟိုမှာပဲ မြန်မြန်သွားရအောင်” နန်ကုန်းချန်းမိုသည် ရှန်းယန်းပိုနှင့်တခြားသူများကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူမပေထင်းဟွမ်ကို မြင်သည်နှင့် မျက်လုံးအရောင်တောက်ကာ ပြေးသွားလိုက်လေသည်။

ပုံရိပ်ငါးခုသည် တိတ်ဆိတ်စွာပင် ပေထင်းဟွမ်ဆီသို့ ချည်းကပ်လေ၏။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ရွှေရောင်ရှေးမျောက်ဝံဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး မျက်လုံးတစ်ဝက်မှိတ်ထားသည်။ သူမသည် သူမ၏ ဖြူစွတ်သောလက်ကို ရွှေရောင်ရှေးမျောက်ဝံ၏ဦးခေါင်းပေါ် တင်ထားသည်။ သူမလက်မှ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် လျှပ်စီးကဲ့သို့ လက်မောင်းပေါ် တွင်ဝဲကာ လက်ဖဝါးထဲသို့ ဝင်ရောက်သွားလေသည်။ သူမသည် သူမ၏စိတ် ခွန်အားကို ရှေးဟောင်းရွှေမျောက်ဝံ၏ အသိစိတ်ပင်လယ်ထဲသို့ ချည်းကပ်ရန် လမ်းပြလေသည်။

အားလုံး၏အမြင်တွင် ပေထင်းဟွမ်သည် ရွှေရောင်ရှေးမျောက်ဝံကို ကုသ ပေးနေသည်ကိုမြင်နေရသည်။ သူတို့သည် ဤကဲ့သို့ကုသနည်းကို တစ်ခါမှ မမြင်ဖူးကြပေ။

“မဟုတ်ဘူး.. ဒီလူက ရွှေရောင်ရှေးမျောက်ဝံကို ကုသပေးနေတာမဟုတ် ဘူး.. သူ သူက သူကတကယ်ကို...”

မှော်သားရဲအသင်းတွင် မှော်သားရဲများကို ထိန်းကျောင်းသည့်လုပ်ငန်းစဉ် ကို ကိုယ်တိုင်မြင်ခဲ့သော ဝူမင်သည် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ ပေထင်းဟွမ်သည် သားရဲထိန်းဖြစ်နေလိမ့်မည်ဟု သူ ထင်မထားပေ။ ကြယ် ၉ ပွင့်နတ်သားရဲကို ထိန်းကျောင်းဖို့ သားရဲထိန်းက ဘယ်အဆင့်မှာရှိရမှာလဲ။

မဖြစ်သေးပေ.. သူသည် ဤလူကို ဤနေရာမှအရှင်ထွက်သွားခွင့်မပြုနိုင် ပေ။ ဤတိုက်ကြီးတွင် ပါရမီရှင်များစွာရှိနေပြီဖြစ်သည်။ ပေထင်းဟွမ်ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ထပ်ရှိလျှင် ဤကမ္ဘာတွင် သူသည် မည်သည့်နေရာရောက်သွားမည်နည်း။

သူသည် သည်တစ်ကြိမ် ကောင်းကင်ခန်းမတွင် အဆင့် ၂၇ ရသည်။ သူသာ ပါဝင်ချင်လျှင် အခွင့်အရေးသည် အလွန်နည်းပါးသည်။ သူသည် ယခုလို အခွင့်အရေးကောင်းမျိုးကို ကျောင်းသို့အခုမှဝင်လာသော လူသစ်ကို မပေးနိုင် ပေ။ သူသည် ကျောင်းပြိုင်ပွဲအတွက် နောက် ၁၀ နှစ်စောင့်ရလိမ့်မည်။ ထိုအချိန်တွင် သူသည် အသက်အရွယ်တွင် အခွင့်အရေးလွဲချော်သွားနိုင်သည်။

သူသည် လက်ထဲမှ ဓားရှည်ကိုဖြည်းဖြည်းချင်း ထုတ်လေသည်။ မျက်လုံး ထဲတွင်လည်း လူသတ်မည့်အကြည့်များ လင်းနေသည်။ ယခုအချိန်သည် သူ့အတွက် တစ်ခုတည်းသောအခွင့်အရေးဖြစ်ကာ ကောင်းကင်မှပေးသော အကောင်းဆုံးအခွင့်အရေးဖြစ်သည်ကို သူကောင်းစွာသိသည်။ တိုက်ပွဲကြီး တိုက်ပြီး ဒြပ်စင်စွမ်းအင်ကုန်ခမ်းနေသော ပေထင်းဟွမ်သည် နတ်သားရဲကို ထိန်းကျောင်းနေဆဲဖြစ်သည်။ သူမသည် အထူးအာရုံစိုက်ထားသည်။ သူ ချည်းကပ်လာသည်ကို အာရုံခံမိလျှင်တောင် သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ် ပေ။

သားရဲထိန်းကျောင်းခြင်းသည် အလွန်အန္တရာယ်များသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဝင်နှောင့်ယှက်ခံရသည်နှင့် ဝိညာဉ်သခင်၏စိတ်စွမ်းအင်သည် မှော်သားရဲ၏ ဝါးမျိုခြင်းကိုခံရနိုင်သည်။ အခြေအနေကောင်းလျှင် ရူးသွားနိုင်ပြီး အဆိုးဆုံးမှာ အသက်ပင်ဆုံးရှုံးရနိုင်သည်...

All Chapters