တကယ်ပဲ မင်းမျက်နှာကို ထပ်မြင်ချင်သေးတယ်
Vol. 27 Ch. 539
အပြာရောင်ဒြပ်စင်စွမ်းအင်သည် ကောင်းကင်ပိုက်ကွန်ကဲ့သို့ လူသားနှင့် သားရဲကို လွှမ်းခြုံထားသည်။ ရွှေရောင်ရှေးမျောက်ဝံ၏ ကျဉ်းမြောင်းသော မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ ၎င်းသည် ကောင်းကင်မှ ကျလာ သော ဓားအလင်းတန်းကို မြင်သောအခါ ထိတ်လန့်သွားကာ နှလုံးသည် ရင်ဘတ်အပြင်သို့ ခုန်ထွက်မတတ်ခံစားရလေသည်။
“ရွှီး”
ဓားအလင်းသည် ပေထင်းဟွမ်၏ဦးခေါင်းအထက်မှကျလာကာ သူမ၏ နောက်ကျောကို တိုက်ခိုက်လေသည်။ ရွှေရောင်ရှေးမျောက်ဝံမှ တစ်ခုခုလုပ်ရန် နောက်ကျသွားလေပြီ။ သူ၏စိတ်ခွန်အားသည် ပေထင်းဟွမ်၏တိုက်ခိုက်မှု ကြောင့် ချုပ်တည်းခံလိုက်ရပြီဖြစ်ရာ ပတ်ဝန်းကျင်ကို အာရုံစိုက်ထားရန် စွမ်းအားမရှိတော့ပေ။
ထိုအချိန်တွင် ပေထင်းဟွမ်သည် မျက်စိတ်မှေးထားဆဲဖြစ်ရာ အနောက် မှ ချောင်းမြောင်းတိုက်ခိုက်သည်ကို သတိမထားမိပေ။
ကောင်းကင်နှင့်မြေကြီးအကြားတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် စူးစူးရှရှအသံထွက်ပေါ်လာ၏။ ပေထင်းဟွမ်အနောက်မှ အသားကို တစ်စုံတစ်ရာနှင့် ထိုးလိုက်သည့်အသံတစ် ခု ထွက်ပေါ်လာလေသည်။ အမြဲတမ်းတည်ငြိမ်တတ်သော ပေထင်းဟွမ်ကဲ့သို့ လူမျိုးပင် ထိတ်လန့်သွားကာ ထိန်းကျောင်းခြင်းနောက်ဆုံးအဆင့်အပြီးတွင် မတ်တတ်ရပ်ကာ လှည့်ကြည့်လေသည်။
အဝါရောင်ခပ်ဖျော့ဖျော့ပုံရိပ်တစ်ခုသည် ပေထင်းဟွမ်ဆီသို့ လိပ်ပြာကဲ့သို့ အတောင်ကျိုးပြီး ပျံလာသည်။ သူ၏ပေါ့ပါးသောအဝတ်များ သည် ကန့်လန့်ကာကဲ့သို့ လေနှင့်အတူဝေ့နေရာ ပေထင်းဟွမ်၏မျက်လုံးများ ကို ကွယ်ထားသလိုဖြစ်ပြီး ဘာမှမမြင်နိုင်အောင် ပြုလုပ်ထားလေသည်။ မိန်းကလေးသည် ခန္ဓာကိုယ်ကို လှည့်ပြီး သူမဆီသို့ ခုန်အုပ်လေသည်။ သူမ၏ နောက်ကျောကို ထိုးစိုက်ထားသော ဓားရှည်သည် အညှာတာမဲ့စွာဖြင့် ဆွဲထုတ် ခံလိုက်ရသည်။ သွေးများထွက်ကျပြီး မြေကြီးပေါ်သို့ကျသွားလေသည်။ သို့သော် သူမ၏ မျက်နှာသည် တောက်ပပြီး လှပနေတုန်းပင်။ သူမ၏မျက်နှာ တွင် အပြုံးခပ်ဖျော့ဖျော့ရှိနေကာ မျက်လုံးထဲတွင် အချစ်များရှိနေသည်။ သူမ ၏ သွေးစွန်းနေသော နှုတ်ခမ်းများသည် တိုးညင်းစွာပြောလေသည် “ခေါင်းဆောင်”
“နန်ကုန်းချန်းမို”
မယုံကြည်နိုင်စွာပင်။ သူမကိုကာကွယ်ပြီး ခန္ဓာကိုယ်နှင့် ဓားရှည်ကို ကာသည့်သူမှာ နန်ကုန်းချန်းမိုဖြစ်နေလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ ပေထင်းဟွမ်သည် သူမရှေ့တွင်ပင် သူမမိသားစုလေ့ကျင့်ရေးအဖွဲ့ကို သတ်ခဲ့ဖူး သည်။ ဝိညာဉ်ခွဲချောက်ရှိ ခြင်္သေ့ဘုရင်တောင်တန်းရှေ့တွင် နန်ကုန်းမိသားစု နှင့်ပတ်သက်၍ အမုန်းမထားပါဟု ဖိအားပေးခြင်းကြောင့် ကျိန်ဆိုခဲ့ရ သော်လည်း သူမသည် အသက်ပေးပြီးကာကွယ်ခဲ့သည်။
နန်ကုန်းချန်းမိုကို တင်းကြပ်စွာပွေ့ဖက်ထားရင်း ပေထင်းဟွမ်၏ နက်မှောင်သည့်မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ သူမ ရင်ခွင်ထဲမှလူကိုစိုက်ကြည့်ပြီး ပေထင်းဟွမ် မေးမိသည် “ဘာလို့လဲ.. ဘာလို့ ဒီလိုတွေဖြစ်နေတာလဲ”
“ခေါင်းဆောင် ကျွန်မ ကျွန်မ.. တကယ် နောက်တစ်ခါကြည့်ချင်ပါတယ်.. ရှင့်မျက်နှာကို..”
သွေးများ အန်ထွက်လာသည်။ နန်ကုန်းချန်းမိုသည် သူမ ဘဝပျက်သွား သည်ဟု မံစားရပေ။ သူမသည် တတ်နိုင်သမျှခွန်အားဖြင့် လက်ကိုမြှောက် လိုက်သော်လည်း ပြန်ကျသွားလေသည်။ သူမ၏တောက်ပသော မက်မွန်သီး ပွင့်နှင့်တူသော မျက်လုံးများသည် ပေထင်းဟွမ်၏မျက်နှာကို မက်မောစွာ စိုက်ကြည့်နေသည်။ ခေါင်းဆောင်သာအဆင်ပြေရင် သူမ သေသွားလည်း ဘာဖြစ်လဲ။
“အင်းပါ”
သူမ၏မျက်လုံးများမှာ အပူရှိန်များတက်လာသည်။ ပေထင်းဟွမ်သည် လက်မြှောက်ကာ ယမ်းလိုက်သည်။ ချောမွတ်သောမျက်နှာသည် နန်ကုန်းချန်းမို၏ မျက်စိရှေ့တွင်ပေါ်လာသည်။ သူမ၏ မျက်ခုံးများသည် ရှည်လျားပြီး မျက်လုံးများသည် နက်ရှိုင်းသည်။ ထိုအခိုက်အတန့်တွင် သူတို့ကို အလင်းရောင်ခပ်ဖျော့ဖျော့လေးတစ်ခုက လှိမ့်နေသည်။ သူမ၏အရိပ်သည် ရောင်ပြန်ဟပ်နေရာ သူမ၏မျက်လုံးထဲတွင် သူမတစ်ယောက်သာရှိသည်။ သူမ၏ နှာခေါင်းသည် ကျောက်စိမ်းနှင့်တူကာ တင်းကြပ်စွာစေ့ထားသော နှုတ်ခမ်းများသည် ဒေါသနှင့်အတူ ကွေးတွန့်သွားသည်။ ခေါင်းဆောင်က သူမ အတွက် ဒေါသထွက်နေတာလား။
ဖြစ်နိုင်သည်။ တင်းကြပ်သောခေါင်းဆောင်သည် ကာကွယ်တတ်လွန်း သည်။ သူမသည် ဝိညာဉ်ခွဲချောက်အနက်တွင်းရှိစဉ်က မြင်ဖူးခဲ့သည်။ သူမသည် အေးစက်ပုံပေါက်သော်လည်း တကယ်တော့ ရက်ရောကာ သူမ၏ လူများကို စောင့်ရှောက်ပေးတတ်သူဖြစ်သည်။ ဤဘဝတွင် သံမဏိသွေးအဖွဲ့ ဝင်ဖြစ်ရသည်မှာ နန်ကုန်းမိသားစုတွင်းရှိသည်ထက် ပို၍ဒဏ်ရှိကာ ကမ္ဘာ၏ လေးစားခြင်းကိုခံရသည်။
ကျလာသော မျက်ရည်တစ်စက်သည် နန်ကုန်းချန်းမို၏ မျက်နှာကို သွား ထိလေသည်။ နန်ကုန်းချန်းမို၏စိတ်ထဲတွင် ပျော်ရွှင်မှုများ မြင့်တက်လာသည်။ ပေထင်းဟွမ်သည် အသက်ကိုပြင်းပြင်းရှူကာ ကောင်းကင်ကိုကြည့်ပြီး မျက်ရည်အကျမခံတော့သည်ကို သူမ မြင်နေရသည်။
သူသည် သူတို့၏ခေါင်းဆောင်၊ သူတို့ဂုဏ်အယူရဆုံးလူဖြစ်သည်။ သူမ သည် ဆက်ဆံရေးနှင့် ဖြောင့်မတ်မှုကို တန်ဖိုးထားသည်။ သူမ နောက်လိုက် သောလူများတွင် သူမအတွက် အသက်မစတေးချင်သူဟူ၍မရှိပေ...