ဒီကမ္ဘာကိုလာတာကို နောင်တရစေချင်တယ်
Vol. 27 Ch. 540
“ခေါင်းဆောင်.. ရှင် သိလား.. ကျွန်မ.. ကျွန်မ ရှင့်အတွက်သေနိုင်တာ.. ကျွန်မ အရမ်းပျော်တယ်” နန်ကုန်းချန်းမိုသည် နောက်ဆုံးကျန်သည့်ခွန်အား နှင့် ပေထင်းဟွမ်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လေသည်။ သူမပါးစပ်မှ သွေးများအန်ထွက်ရာ ကျောက်စိမ်းနှင့်တူသော သူမ၏မျက်နှာကို ပေစွန်းကုန် လေသည်။
သူမ ပေထင်းဟွမ်ကို မြင်လိုက်ကတည်းကပင် သူမ၏မျက်လုံးထဲတွင် ရှန်သန်ကာ သူမ၏နှလုံးသားထဲတွင် ကဗ္ဗည်းရေးထွင်းထားသည်။ ပေထင်းဟွမ်၏ အရိပ်သည် သူမဝိညာဉ်၏ အမှုန်အမွှားဖြစ်သည်။
လေးလံစွာ အသက်ရှူထုတ်ပြီး ပေထင်းဟွမ်သည် မျက်လုံးထဲမှ မျက်ရည်များကို အတင်းပြန်ထည့်နေသည်။ သူမသည် နန်ကုန်းချန်းမိုကို ချီ ကာ ရွှေရောင်ရှေးမျောက်ဝံ၏လက်မောင်းကို မှီစေသည်။ “လိမ္မာတယ် စကား မပြောနဲ့တော့.. ငါ မင်းကို အသေမခံနိုင်ဘူး.. မဟုတ်သေးဘူး နေဦး သေချာ ကြည့်ထား.. မင်းကို ထိခိုက်အောင်လုပ်တဲ့သူကို တန်ရာတန်ကြေး အဆပေါင်း တစ်ထောင်ပြန်ဆပ်ခိုင်းမယ်.. ဒီကမ္ဘာကိုလာတဲ့အတွက် နောင်တရစေရမယ်”
ပေထင်းဟွမ်သည် မျက်နှာချင်းဆိုင်တွင်ရှိနေသည့်လူကို ကြည့်လိုက် သည်။ ဝူယွဲ့အဖွဲ့တွင် အားလုံးပေါင်း အဖွဲ့ဝင် ခြောက်ယောက်ရှိသည်။ ချောင်းမြောင်းတိုက်ခိုက်ရန် စတင်သည့် ဝူမင်သည် ရှုပ်ထွေးစွာပင် မြေကြီး တွင် အမြစ်တွယ်နေသည်။ သူသည် အောင်မြင်နိုင်သည်။ သို့သော် ထိုမိန်းကလေးသည် ပေးထွက်လာပြီး ပေထင်းဟွမ်အတွက် ဓားချက်ကို ကာခဲ့ သည်။
အရာအားလုံးသည် အချည်းနှီးပင်။
သူက ဘာပြောလိုက်တယ်။ သူ့ကို အဆပ်ပေါင်းထောင်ချီ ပြန်ဆပ်ခိုင်း မယ်ဟုတ်လား။ ဒီကမ္ဘာကိုလာတဲ့အတွက် နောင်တရအောင်လုပ်မယ်တဲ့လား။ ဟားဟား ဒီကောင့်ကို ဘယ်သူက ဒီလောက်ကြီးတဲ့ နောက်ခံပေးလိုက်တာလဲ။ သူက ဒေါသထွက်လွန်းလို့ ရူးသွားတာမဟုတ်ဘူးလား။ ကြယ် ၉ ပွင့်နတ်သားရဲ က သူ့ရဲ့စာချုပ်သားရဲမဟုတ်တာကို မေ့သွားတာလား။
သို့သော် နောက်အခိုက်အတန့်အတွင်းတွင် တောင်လေသည် အနံ့တစ်မျိုးကို သူ့နှာခေါင်းဆီသို့ သယ်ဆောင်လာသည်။ ဝူမင်၏ မျက်လုံးများ သည် ကျယ်လာပြီး မျက်အိမ်သည် ပြုတ်ထွက်မတတ်ပင်။ သူ ဘာမြင်လိုက် တာလဲ။ ပေထင်းဟွမ်သည် မည်သည့်နေရာတွက် ကောင်းသည်ကို မသိ နိုင်သည့် ရွှေရောင်တောက်နေသောဆေးကို ထိုမိန်းကလေးကို ကျွေးလိုက်၏။
“ဒါက.. နတ်လောကဆေးလား ငါ အခုမှမှတ်မိတယ်.. ညအရှင်က အံ့ဩ လောက်စရာ အဂ္ဂိရတ်ပညာရှင်ပဲ.. ဒါကို ညအရှင်ကပေးထားတာပဲ”
“မိုးနတ်မင်းရေ ဒီလူ့မှာ ငါတို့မသိသေးတဲ့ ဘယ်လိုလှည့်ကွက်တွေရှိသေး တာလဲမသိဘူး.. ငါ့ကိုမခြောက်နဲ့နော် မဖြစ်ဘူး”
“ဟူး.. ဒီမိန်းကလေးကို ကယ်လို့ရမယ့်ပုံပဲ.. သူမ ဒီလိုမျိုးသေသွားရင် နှမြောစရာလေ”
“နတ်လောကဆေး.. သူမရဲ့ အကြောမပျက်စီးသရွေ့ အကုန်လုံးကို ကုသ နိုင်တယ်လို့ ကြားဖူးတယ်.. သေလိုက်စမ်း.. ဒါက စိတ်ပျက်စရာကောင်း လောက်အောင်ကို ကောင်းချီးပေးခံရတာပဲ.. ငါသာသိရင် သူ့အတွက် ဓားကို ကာပေးပါတယ်”
နန်ကုန်းချန်းမို၏ နှုတ်ခမ်းဆီသို့ ရွှေရောင်ခပ်ဖျော့ဖျော့ဆေးတစ်လုံး လာနေသည်။ သူမ၏ တင်းကြပ်စွာဖိကပ်ထားသော နှုတ်ခမ်းသည် အပြုံး အဖြစ်ကွေးသွားကာ ပေထင်းဟွမ်အား လှပသောမျက်လုံးများဖြင့် စိုက်ကြည့် နေသည်။ သူမ၏မျက်လုံးထဲမှ နတ်အလင်းသည် တဖြည်းဖြည်းပျောက်ကွယ် သွားပြီး ပေထင်းဟွမ်၏လက်ကောက်ဝတ်ကို ကိုင်ထားဆဲဖြစ်သည်။ သူမသည် တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် လွှတ်လိုက်လေသည်။
တောင်များဆီမှ ပြေးလာသော နန်ကုန်းချန်းမိုသည် တောင့်မခံနိုင်တော့ ပေ။ သူမသည် မျက်နှာကိုကာကာ မျက်ရည်များကျလာတော့သည်။
နတ်ဝိညာဉ်ဆေးသည် ပေထင်းဟွမ်၏ လက်ဖဝါးထဲတွင်ရှိနေပြီး ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတို့သည် သူမ၏နှလုံးသားအောက်ခြေသို့ တိုးဝင် လာသည်။ ပင်မတိုက်ကြီးတွင် ၎င်းသည် ဈေးမြင့်ပြီး ထောက်ပံ့သူမရှိပေ။ သာမန်လူများအတွက် နတ်ဝိညာဉ်ဆေးကိုမြင်ရသည်မှာ ကံကောင်းလွန်း၏။ သို့သော် ၎င်းသည် ပေထင်းဟွမ်၏လက်သီးဆုပ်ထဲတွင် အမှုန့်ဖြစ်သွားရာ အားလုံးအတွက် နာကျင်စရာဖြစ်သွားရသည်။
၎င်းသည် နတ်ဝိညာဉ်ဆေးဖြစ်သည်။ သခင်လေး ၉ မည်မျှပင် ဒေါသထွက်စေကာမူ ထိုသို့မဖြစ်သင့်ပေ။ ဤမိန်းကလေး၏ သေဆုံးမှုသည် မတန်ပေ။ အကယ်၍ ဓားသာသူမ၏နှလုံးဆီသို့ မတစိုက်လျှင် ဓားကိုသာ ချက်ချင်းပြန်မထုတ်လိုက်လျှင် နတ်ဝိညာဉ်ဆေးသည် သူမ၏အသက်ကို ကယ်နိုင်လိမ့်မည်။
မြန်ဆန်လွန်းသည်။ အရာအားလုံးသည် မြန်ဆန်လွန်းသည်။
ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများသည် ရင်ခွင်ထဲမှ မိန်းကလေးကို စိုက်ကြည့်နေသည်။ သူမမျက်လုံးထဲတွင် နတ်အလင်းကို မထိန်းသိမ်းနိုင်တော့သည်ကို သူမြင်နေရသည်။ ၎င်းသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မမြင်နိုင်တော့သည့် အမှောင်များသာ ရောက်လာတော့သည်...