ယန်ရှေးဟောင်းနယ်မြေ
Vol. 2 Ch. 21
ဒီနေရာက ငါတွေးထားတာထက် ပိုကောင်းတာပဲ...”
ဝေ့ဝူယင်မှာ အနည်းငယ် စိတ်လှုပ်ရှား လာမိ၏။ ယောကျ်ား တစ်ယောက် အနေဖြင့် သူသည် အမျိုးသမီးများထက် ယန်စွမ်းအင်ကို ပိုမို ရင်းနှီး ကျွမ်းဝင်မှု ရှိသည်။ ယခုကဲ့သို့ ယန်စွမ်းအင် များပြားသော နေရာများ၌ ဘာမှမလုပ်ပဲ ရပ်နေလျှင်ပင် ထိုအရာက သူ၏ သဘာဝ ခန္ဓာ အပေါ် အကျိုးများစွာ ဖြစ်ထွန်းစေသည်။
ဝေ့ဝူယင်သည် သူ၏ အတွင်းပိုင်း ယန်စွမ်းအင်မှာ စေခိုင်းစရာ မလိုပဲ ပတ်ဝန်းကျင်ရှိ ယန်စွမ်းအင်များကို စုပ်ယူနေသလို ခံစားနေရသည်။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် ဤယန်ရှေးဟောင်းနယ်မြေကို ခြေချဖူးခြင်း ဖြစ်သည်။ များသောအားဖြင့် ၎င်းသည် အတွင်းစည်း အကြီးအကဲများ၊ အဓိက အကြီးအကဲများ၊ ချီပျစ်ခဲခြင်း အဆင့်သုံး၊ အဆင့်လေး တပည့်များ အတွက် ဇိမ်ခံ ဧရိယာ တစ်ခုသာ ဖြစ်ခဲ့သည်။ ဤနေရာတွင်သာ သူ့စိတ်ကြိုက် ခြောက်လကြာ ကျင့်ကြံခွင့်ရပါက ဝေ့ဝူယင်မှာ ချီပျစ်ခဲခြင်း အဆင့်ငါးကို တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားနေရသည်။
“အာ့...”
ကျယ်လောင်သော အော်ဟဟစ် ညီးညူသံနှင့် အတူ လေးပင်သော အသက်ရှူသံများမှာ ရပ်တန့်သွားသည်။ နားထောင်ရသည်က ထိုအသံပိုင်ရှင်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားဟန် ရ၏။ ဝေ့ဝူယင်က အနည်းငယ် ပြုံးကာ ခေါင်းခါရင်း ညီးညူသံ ထွက်ပေါ်လာရာ အနားသို့ မသွားရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ အခြားလူများနှင့် သူ ပြဿနာ မဖြစ်လိုချေ။ သူသည် ပင်ကိုယ်အားဖြင့် စပ်စုလိုစိတ် နည်းပါးသူ တစ်ယောက် ဖြစ်သည့် အပြင် မိန်းကလေး တစ်ယောက် တစ်ကိုယ်ရေ အာသာဖြေသည့် ကိစ္စမှာလည်း စိတ်ဝင်စားစရာ သိပ်မကောင်းလှချေ။
ဝေ့ဝူယင်က နေရာတွင်ပင် ကြာပန်း သဏ္ဌာန် ထိုင်ချလိုက်၏။ ထို့နောက် သူက ချီနှလုံးသားကို လှည့်ပတ်ကာ အသက်ရှူ လေ့ကျင့်ခန်းကို စတင်လိုက်သည်။ သူ၏ ဒွါရပေါက်များသည် ပွင့်ဟလာကာ ပတ်ဝန်းကျင်မှ ယန်စွမ်းအင်များကို ကြမ်းကြမ်းတမ်းတမ်း စတင် စုပ်ယူ၏။ နာရီအနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်သည် ယန်ရှေးဟောင်း နယ်မြေနှင့် လိုက်လျောညီထွေ သလို ခံစားလာရသည်။
သူက ကျင့်ကြံခြင်းကို ခဏမျှ ရပ်ကာ ခြောက်လကြာ ကျင့်ကြံခြင်း အတွက် ပြင်ဆင် ထုပ်ပိုးလာသော အစားအစာ အနည်းငယ်ကို စားသောက် လိုက်သည်။ ထို့နောက် သူက ခရမ်းရောင် မိုးကြိုးကျောက်တုံးများကို ထုတ်ယူလိုက်၏။
“ငါအနေနဲ့ မိုးကြိုးချီကို ပထမဆုံး မွေးဖွားရမယ်... ဒီနေရာမှာ ရှိတဲ့ ယန်စွမ်းအင်ကို သုံးရင် မိုးကြိုးချီကို ငါချီနှလုံးသားထဲ စုပ်ယူဖို့ ပိုပြီး လွယ်ကူလိမ့်မယ်”
မိုးကြိုးသည် သဘာဝအားဖြင့် ရန်လိုသော ဒြပ်စင် တစ်ခု ဖြစ်သည်။ သို့သော်လည်း ခရမ်းရောင် မိုးကြိုးမှာ ယန်စွမ်းအင်နှင့် ဆက်စပ်မှု ရှိသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် ၎င်းတို့ကို မစုပ်ယူသေးပဲ ဤနေရာ ရောက်သည်အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် ခရမ်းရောင် မိုးကြိုးကျောက်တုံး တစ်တုံးကို သေတ္တာထဲမှ ထုတ်ယူလိုက်စဥ်မှာပင် စောစောပိုင်းက ညီးညူသံများမှာ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်၏။
“ဒီမိန်းကလေးက တော်တော် ကြိုးစားတာပဲ...”
ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ နာရီ အနည်းငယ်မျှသာ ကြာသေးသည့်တိုင် မိန်းကလေးမှာ ကျင့်ကြံခြင်းကို ပြန်လည် စတင် နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် ယန်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူခြင်းကြောင့် သူမတွင် တစ်ချိန်လုံး ရာဂစိတ်များ ဖြစ်ပေါ်နေလိမ့်မည် ဖြစ်သည်။ ကျင့်ကြံခြင်း၌ အနှောက်အယှက် မဖြစ်စေရန် အတွက် သူမ အနေဖြင့် တစ်ကိုယ်ရည် အာသာဖြေခြင်း ပြုလုပ်ရန် လိုအပ်ပေသည်။
ဝေ့ဝူယင်တွင် စိတ်ရိုင်း အချို့ ဖြစ်ပေါ်လာ၏။ သူက လေးပင်စွာပင် သက်ပြင်းချလိုက်သည်။ ခြောက်လ ကျင့်ကြံပြီးသည်နှင့် သူ့အနေဖြင့် အဖော် မိန်းကလေး တစ်ယောက် ရှာဖွေရပေမည်။ ထိုညီးညူသံများမှာ စိတ်အား ဖမ်းစားနိုင်လွန်းသည်။
ဝေ့ဝူယင်က အာရုံပြန်လည် စူးစိုက်လိုက်ကာ သေတ္တာထဲမှ ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။ ထိုကျောက်တုံးကား ခရမ်းရောင် မိုးကြိုးကျောက်တုံး ပီသလှပေသည်။ သူ မစုပ်ယူရသေးခင်မှာပင် ပတ်ဝန်းကျင်ရှိ ယန်စွမ်းအင်များနှင့် ပေါင်းစပ်ကာ သူ၏ ခန္ဓာကိုယ် အတွင်း စီးဝင်လာ နေခဲ့ပြီ ဖြစ်လေသည်။
“အ...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွား၏။ ထိုစွမ်းအင်က သူ၏ လက်မောင်း တစ်ခုလုံးကို စက္ကန့်ဝက်ခန့် ထုံကျင်သွားစေကာ ခန္ဓာကိုယ် ညာဘက် တစ်ခြမ်းလုံးအား ဓာတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ဝေ့ဝူယင်က အံကို တင်းတင်းကြိတ်လိုက်၏။ ခရမ်းရောင် လျှပ်စီးများမှာမူ သူ၏ ခန္ဓာကိုယ် အနှံ့ တောက်လောင်နေကာ သူ၏ ငွေရောင် မျက်လုံးများအား တဖျပ်ဖျပ် လက်နေစေတော့သည်။
သူက ဝိညာဥ် အစီအရင် တစ်ခု ဖြစ်သော သံမဏိ အမြုတေ မျက်လုံးများကို ထုတ်ဖော်ကာ ဝိညာဥ် အာရုံဖြင့် ဆန်းစစ်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ လျှပ်စစ်စီးနေသည့် တုတ်ချောင်း တစ်ခုနှင့် တူနေသည်ကို သူ တွေ့လိုက်ရသည်။
“သတ္တုချီ...”
ခရမ်းလွန်ရောင်ခြည် ကမ္ဘာကြီးကို မြင်တွေ့နေရသလို သူ၏ အမြင်အာရုံက ခရမ်းရောင်သို့ ပြောင်းလဲ သွား၏။ စိတ်ထိန်းချုပ်မှု လွတ်ထွက်သွားတော့ မတတ် ဖြစ်သွားစဥ်မှာပင် ထိတ်လန့်တုန်လှုပ်ခြင်းလှိုင်း တစ်ခုမှာ သူ၏ စိတ်အတွင်း ပေါ်ထွက်လာ၏။
အေးစက်သော အလင်း တစ်ခုသည် သူ၏ စိတ်မျက်လုံးထဲမှ စီးဆင်းလာကာ သူ၏ ခံစားချက်များကို ပြန်လည် တည်ငြိမ် သွားစေ၏။ သူသည် တစ်ခဏအတွင်းမှာပင် ပုံမှန် စိတ်အခြေအနေကို ပြန်လည် ရောက်ရှိ သွားခဲ့သည်။
“ငါ့ရဲ့ စိတ်မျက်လုံးက...”
စိတ်ခံစားချက်များ ပြန်လည် တည်ငြိမ်လာသည်နှင့် အမျှ သူသည် သူသည် စိတ်မျက်လုံးမှာ ကျင့်ကြံရာ၌ အထောက်အကူ ဖြစ်ကြောင်း သူ သဘောပေါက် လာခဲ့သည်။
ဝှစ်...
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သွေးချီကျောက်တုံး တစ်ခုကို လှမ်းယူလိုက်သည်။ လက်တစ်ဖက်တွင် မိုးကြိုးကျောက်တုံး၊ အခြားတစ်ဖက်တွင် သွေးချီကျောက်တုံး တစ်ခုကို တင်လျှက် သူသည် ကျောက်တုံး နှစ်ခု စလုံးမှ စွမ်းအင်များကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်လေတော့သည်။
ဝေ့ဝူယင်သည် ခန္ဓာကိုယ် အတွင်းရှိ ယန်စွမ်းအင်များကို အသုံးပြုကာ အသစ် ဝင်ရောက်လာသည့် စွမ်းအင် နှစ်မျိုးကို ထိပ်တိုက် တွေ့စေလိုက်၏။ ၎င်းတို့၏ တိုက်ပွဲတွင် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။ ဝေ့ဝူယင်သည် စွမ်းအင် နှစ်မျိုး စလုံးအား တစ်ပြိုင်နက်တည်း စုပ်ယူကာ တစ်ခုကို တစ်ခု ခြေဖျက်ပစ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ထိပ်တိုက် တွေ့ဆုံမှုနှင့် အတူ လျှပ်စီးနှင့် သွေးချီများမှာ မူလ ရင်းမြစ်မှ ကွဲထွက်လာကြ၏။ ဝေ့ဝူယင်သည် ပတ်ဝန်းကျင်ရှိ ယန်စွမ်းအင်များကို ဆွဲယူကာ ၎င်းတို့ကို သန့်စင်၍ ချီနှလုံးသားထဲ ပို့လွှတ်ကာ တစ်ခါတည်း စုပ်ယူပစ်လိုက်၏။
နာရီပေါင်းများစွာ ကြာပြီးသည့်နောက်... သွေးချီများသည် သန့်စင်သော ယင်၊ ယန်၊ ရေ၊ မြေကြီးနှင့် လေစွမ်းအင်များ အဖြစ် ပြောင်းလဲသွားသည်ဟု ဝေ့ဝူယင် ခံစားလိုက်ရ၏။
“သွေးချီက တကယ့်ကို ကောင်းချီးပေးနိုင်တဲ့ အရာတစ်ခုပဲ”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ နောက်ထပ် လုပ်ဆောင်သင့်သည့် အရာကို တွေးနေစဥ်မှာပင် ညီးညူသံများက ပဲ့တင်ထပ် ပြန့်နှံ့လာပြန်သည်။ ဝေ့ဝူယင်က ခေါင်းအား အသံလာရာ အရပ်သို့ လှည့်ရင်း ပြုံးလိုက်မိလေ၏။
“ငါသာ ဒါကို ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် ခြောက်လအတွင်း အဆင့်တက်ပြီ”
ဝေ့ဝူယင်မှာ ယခင်ကထက် ပို၍ ယုံကြည်ချက် ရှိလာခဲ့သည်။ လျှင်မြန်စွာပင် သူသည် ဟန်ချက်ညီခြင်းကို ထိန်းသိမ်းကာ ကျင့်ကြံခြင်းအာရုံကို ပြန်လည် ဝင်စားလိုက်တော့သည်။
ခြောက်လ...
ခြောက်လဆိုသော အချိန်သည် လျှင်မြန်စွာပင် ကုန်ဆုံးသွားသည်။ ယန်ရှေးဟောင်း နယ်မြေ အတွင်း၌ ရွှေရောင် စွမ်းအင်များ ဝန်းရံနေသော ပုံရိပ်တစ်ခု ရှိနေသည်။ သူ၏ ညာဘက်လက်ပေါ်၌ ခရမ်းရောင် လျှပ်စီးများနှင့် ငွေရောင်မြူတို့မှာ အဆုံးမဲ့စွာ စီးဆင်းနေ၏။ ၎င်းတို့သည် ည၏ ရောင်းရင်းများ ကဲ့သို့ လိုက်ဖက်ညီစွာ ကခုန် နေကြလေ၏။
သူ၏ ဝဲဘက်လက်ထက်တွင်မူ နီသော၊ ပြာသော၊ ညိုသော၊ စိမ်းသော စွမ်းအင်များမှာ တည်ရှိနေ၏။ ၎င်းတို့သည် လောက၏ သဘာဝ ဒြပ်စင်များ ဖြစ်ကြသော မီး၊ ရေ၊ မြေကြီးနှင့် လေတို့ပင် ဖြစ်သည်။ ယင်းတို့ကား ပို၍ပင် မျှတသည့် အခြေအနေ တစ်ခု၌ တည်ရှိနေ၏။
ဝေ့ဝူယင်က အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ရွှေရောင် စွမ်းအင်များသည် တလက်လက် တောက်ပနေကာ သူ၏ ခြေထောက်အောက်သို့ ကြမ်းတမ်းစွာ တိုးဝင်နေကြ၏။ သူကား ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျှင် သူ့တွင် မွေးရာပါ ချီစွမ်းအင်များ ရှိနေပြီ ဖြစ်ပြီး ၎င်းကို အသုံးပြု၍ အခြား ဒြပ်စင် စွမ်းအင်များကိုပင် လွှမ်းမိုးနိုင်လာနေခဲ့သည်။ ဤအချိန်သည် ကျင့်ကြံသူများ အတွက် အဓိပ္ပာယ်ရှိသော အခိုက်အတန့် တစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင်သည် ကျင့်ကြံပြီး လေးလ အတွင်းမှာပင် ချီပျစ်ခဲခြင်း အဆင့်ငါးကို ရောက်ရှိခဲ့ပြီး လက်ကျန် နှစ်လကို ကျင့်ကြံခြင်း အခြေခိုင်မာစေရန် အတွက် အသုံးပြုခဲ့သည်။ သူသည် ချီကျင့်စဥ် အချို့နှင့် ဝိညာဥ် အစီအရင် အချို့ကိုပင် လေ့ကျင့်ခဲ့သေးသည်။
“ယန်ရှေးဟောင်း နယ်မြေက ငါ့အတွက် ဒီလောက်တောင် အကျိုးအမြတ် ရှိမယ်လို့ ထင်မထားခဲ့ဘူး...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ ယခုဆိုလျှင် သူသည် ထိပ်တန်း အဆင့် အဓိက အကြီးအကဲများကိုပင် ယှဥ်ကာ တိုက်ခိုက်နိုင်သည့် ခွန်အားကို ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။ “နတ်ဘုရား” အဆင့်ကိုပင် ရောက်ရှိရန် သိပ်မဝေးတော့ချေ။ အကယ်၍ သူသာ ထိုခြေလှမ်းကို တက်လှမ်းနိုင်ပက “အရှင်” ဖြစ်လာနိုင်သည့် အခွင့်အရေးမှာလည်း ပိုမို နီးကပ်လာလိမ့်မည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် “ချီပျစ်ခဲခြင်း အဆင့်ခြောက်” ဟူသော စကားလုံးသည် အလှမ်းကွာဝေးလွန်းလှသည့် ခံစားချက်များကို သယ်ဆောင်ထားသည်။ များစွာသော ကျင့်ကြံသူများသည် သူတို့ ဘဝ တစ်လျှောက်လုံး ကျင့်ကြံခဲ့သည့်တိုင် ထိုအဆင့်ကို မရောက်ခဲ့ကြချေ။ သူ့ထက် ပိုမိုသော ပါရမီနှင့် ဂိုဏ်း၏ ဖေးမ ထောက်ပံ့မှုများကို ပိုင်ဆိုင်ထားသည့် လူအချို့ပင်လျှင် ကျဆုံး ခဲ့ကြရသည်။
ဝေ့ဝူယင်သည် ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သည့် ရေပဲ့တင်သံဂိုဏ်းချုပ်ဟောင်း၏ လှပကာ ပါရမီရှိသော သမီးလေး အကြောင်း ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် အမှတ်တရလိုက်မိသည်။ သူမသည် အသက် ဆယ့်ခြောက်နှစ်မှာပင် ချီပျစ်ခဲခြင်း အဆင့်ငါးသို့ ရောက်ရှိခဲ့သည်။ ထိုနေ့မှ စ၍ နောက်ထပ် ရှစ်နှစ်တိတိ ကြာသည့်တိုင် သူမသည် ထိုအဆင့်တွင်ပင် သောင်တင်နေခဲ့သည်။ ထိုအဖြစ်အပျက်က ချီပျစ်ခဲခြင်း အဆင့်ခြောက်မှာ မည်မျှ ခက်ခဲကြောင်း ပြည့်စုံစွာ ဖော်ပြနေသည်။
ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို အလွန်အကျွံ ယုံကြည်ချက် မထားရဲချေ။ သူ၏ ရည်ရွယ်ချက်မှာ ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ ရောက်ရှိရန် မဟုတ်ပဲ ချီနှလုံးသားကို ဒြပ်စင်ချီ နှလုံးသား အဖြစ် ပြောင်းရန်သာ ဖြစ်သည်။ ထိုအရာက သူ ရေရှည်ဆွဲထားသော အစီအစဥ်လည်း ဖြစ်သည်။ အကယ်၍ ထိုအစီအစဥ်သာ အောင်မြင်ပါက သူ့အနေဖြင့် ချီပျစ်ခဲခြင်း အဆင့်ခြောက် အပြင် အခြား အောင်မြင်မှုများကိုပါ ရရှိနိုင်သည်။
ထို့အပြင် ကောင်းကင် ချီနှလုံးသား ကျင့်စဥ်မှာလည်း အလွန် အစွမ်းထက်လှသည်။
ထိုခြောက်လ အတွင်း၌ သူသည် အမတေများကို စုပ်ယူကာ စွမ်းအင်သွေးကြောများ ပြန်လည် မွေးဖွား၍ ထိုအတွင်း စီးဆင်းနေသည့် အမတေများကို ပိုမို သန့်စင်လာအောင် ပြောင်းလဲ ပစ်နိုင်ခဲ့သည်။ ထိုပြောင်းလဲမှုမှာ မပြောပလောက်သည့်တိုင် အမတေ သန့်စင်ခြင်း အဆင့်မှာ ကျင့်ကြံသူ တစ်ယောက်၏ ပါရမီ၊ အမြန်နှုန်းတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ အမတေ စွမ်းအင် တစ်ရာခိုင်နှုန်း ပိုမို သန့်စင်လာလျှင်ပင် သူ့အတွက် အောင်ပွဲခံရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ညီးညူသံများ ရပ်သွားသည်မှာ အချိန် ကြာမြင့်လှပြီ ဖြစ်သည်။ ကြည့်ရသည်က ရန်ကျူးမှာ ခြောက်လလုံးလုံး မနေနိုင်ပဲ စောစီးစွာ ထွက်သွားပုံ ရသည်။ ထိုအရာက အဓိပ္ပာယ် ရှိပေသည်။ နာရီ အနည်းငယ် ကြာတိုင်း ညီးညူနေရသည့် အလုပ်မှာ အမှန်ပင် မလွယ်ကူလှချေ။
ဝေ့ဝူယင်က ထွက်ခွာရန် ပြင်လိုက်၏။ သူ ရရှိထားသော ခြောက်လမှာ ကုန်ဆုံးတော့မည် ဖြစ်ရာ သူ ထွက်ခွာ ရပေမည်။ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ကို ကြည့်ရင်း ခံစားချက် အချို့ ခံစား လိုက်ရသည်။ သူသည် ဤနေရာတွင် ကျင့်ကြံရင်း ချီပျစ်ခဲခြင်း အဆင့်ငါးကို ရောက်ရှိခဲ့သည်။
ဝေ့ဝူယင်က ရွှေရောင် မုယောစပါးခင်း ဆီသို့ ကြည့်လိုက်ရာ စွမ်းအင် ခြောက်ဆယ် ရာခိုင်နှုန်းခန့်သာ ကျန်ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ ဤလများ အတွင်း၌ သူနှင့် ရန်ကျူးတို့သည် စွမ်းအင် လေးဆယ် ရာနှုန်း အထိကို စုပ်ယူခဲ့ပုံ ရသည်။
အပြင်သို့ ထွက်လာခဲ့ပြီးနောက် ဝေ့ဝူယင်သည် ဝေ့စီ၏ ကြီးထွား သန်စွမ်းသော ခန္ဓာကိုယ်ကြီးကို တွေ့မြင်လိုက်ရသည်။ သူသည် တိတ်ဆိတ်သော အစောင့်အရှောက် တစ်ယောက်ကဲ့သို့ ရပ်နေကာ အတွင်းမှ စိမ့်ထွက်နေသည့် ယန်စွမ်းအင် အကြွင်းအကျန်များကို စုပ်ယူနေသည်။ ဝေ့စီမှာ မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ကာ နောက်သို့ လှည့်ကြည့်လာသည်။ ဝမ်းကွဲအကိုကို မြင်သော အခါ၌ အဆုံးမဲ့ ပျော်ရွှင်ခြင်းများမှာ သူ၏ မျက်လုံး၌ နေရာယူလာခဲ့လေတော့၏။
“အကို... နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့...”
***