ကပ်ဘေးနှင့် ကံကောင်းမှု
Vol. 3 Ch. 33
မဟာ အကြီးအကဲများက ဝေ့ဝူယင်အား လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် သူ ရောက်ရှိလာခြင်း အပေါ် မအံ့သြကြချေ။
“ဝင်လာခဲ့...”
စုလင်းယာက ခွင့်ပြုလိုက်သည်။ တုန့်ဆိုင်းခြင်း မရှိပါပဲ ဝေ့ဝူယင်မှာ မဟာ အကြီးအကဲများ၏ ရှေ့သို့ လျှောက်လာခဲ့၏။ အများစုမှာ သူ၏ တည်ငြိမ်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိမှုတို့ အပေါ် သဘောကျမိသော်လည်း အချို့ အကြီးအကဲများကမူ ထိုကောင်လေးမှာ ဘဝင်မြင့်နေသည်ဟု တွေးနေမိကြသည်။
ဝူရှင်းဟောင်၏ မျက်လုံးများမှာ ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို တောက်ပလာခဲ့၏။ ထိုကလေးကား သစ်သား ဒြပ်စင်ချီကိုပါ မွေးဖွားပြီးချေပြီ။ ကြည့်ရသည်က ဤတာဝန်တွင်လည်း သူ ထပ်မံကံကောင်းခဲ့ဟန် ရသည်။
“အကြီးအကဲတို့ ကျွန်တော် ခဏလောက် စကားပြောလို့ ရနိုင်မလား...”
ဝေ့ဝူယင်က ယဥ်ကျေးစွာပင် ခွင့်တောင်းလိုက်၏။
“လွတ်လွတ်လပ်လပ် ပြောပါ...”
စုလင်းယာက ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော် တာဝန်နဲ့ ခရီးထွက်နေတုန်းမှာ ဂိုဏ်းအတွက် ကပ်ဘေး ဖြစ်လာနိုင်တဲ့ သဲလွန်စ တစ်ခုကို ရှာတွေ့ခဲ့ပါတယ်”
ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာပင် ဆိုလိုက်သည်
“ဘာဖြစ်တယ်... ကပ်ဘေး ဟုတ်လား... မင်း...”
အကြီးအကဲ တစ်ယောက်က မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သော်လည်း စုလင်းယာက သူ့အား လက်ကာပြလိုက်၏။
“သူ ပြီးအောင်ပြောပါစေ...”
တစ်ချိန်တည်း၌ ဝူရှင်းဟောင်မှာလည်း ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို စိတ်ဝင်စား လာခဲ့သည်။ ထိုကလေး ပြောမည့် အကြောင်းကို သူ ရိပ်မိပေသည်။
“ကျွန်တော်တို့ ဂိုဏ်းရဲ့ တပည့် တစ်ယောက်ဟာ အင်အားကြီး မျိုးနွယ်တစ်ခုက အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ သိထားပါတယ်... အဲဒီ အင်အားကြီး မျိုးနွယ်ဟာ သူတို့ရဲ့ လူ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ ရှာဖွေနိုင်တဲ့ အတွက် မကြာခင် ကျွန်တော်တို့ ဂိုဏ်းဆီကို ရောက်ရှိ လာပါလိမ့်မယ်...”
လူတိုင်းမှာ မျက်မှောင်ကြုတ်လိုက်၏။ အကြီးအကဲများမှာ မေးခွန်းများ မေးချင်နေသော်လည်း စုလင်းယာ၏ သတိပေးစကားကြောင့် မမေးရဲကြချေ။
ဝေ့ဝူယင်က ပင့်သက်တစ်ချက်မျှ ရှိုက်ကာ ဆက်ပြောလိုက်သည်။
“ဖမ်းဆီးခံထားရတဲ့ ပုဂ္ဂိုလ်က မြစိမ်းရောင် ဆံနွယ်၊ မြစိမ်းရောင် မျက်လုံးနဲ့ မြစိမ်းရောင် သွေးကို ပိုင်ဆိုင်ထားပါတယ်... သူ့ကို ဖမ်းဆီးထားတာတဲ့ လူက အဓိက တပည့် ကျူးလန်ပါ”
“ ... “
အကြီးအကဲများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင်မူ မယုံကြည်မှု သံသယ အချို့က နေရာယူ နေကြ၏။
“မင်း အဲဒီ သတင်းကို ဘယ်ကနေ ရတာလဲ...”
နောက်ဆုံး၌ ဝူရှင်းဟောင်မှာ စကားပြောလာ၏။ သူ၏ မျက်ခုံးနှစ်ခုက ထိလု မတတ် ကွေးညွှတ်နေခဲ့သည်။ ဝေ့ဝူယင်ထံမှ လာသည့် အချက်အလက်များမှာ အသေးစိတ်ကာ တိကျလွန်းနေသည်။ ထိုအချက်က သံသယ ဖြစ်စရာ ကောင်းလွန်း၏။
ဝေ့ဝူယင်မှာ တုန့်ဆိုင်းခြင်းချေ။
“အရိုးသားဆုံး ပြောရရင် ကျွန်တော် တာဝန်နဲ့ ခရီးထွက်နေတုန်းမှာ လူထူးဆန်း တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်... အဲဒီ လူထူးဆန်းက ယောက်ျားလား မိန်းမလား ဆိုတာတောင် ကျွန်တော် သေချာ မသိရပါဘူး... ဒါပေမဲ့ သူက ကျွန်တော့်ကို ဂိုဏ်းအပေါ် ကျရောက်လာနိုင်တဲ့ ကပ်ဘေးအကြောင်း သတိပေးခဲ့ပါတယ်... အဲဒီ ကပ်ဘေးက နေသွေးနီနီဂိုဏ်း ကျဆုံးသွားတဲ့ အထိ သက်ရောက်နိုင်တယ်လို့လည်း ဆိုပါတယ်”
ဝေ့ဝူယင် မညာချေ။ သူ၏ စကားလုံး အားလုံးက အမှန်တရားချည်းသာ ဖြစ်သည်။ အကယ်၍ သူလိမ်ခဲ့လျှင်ပင် ဝူရှင်းဟောင်၏ ဝိညာဥ် စွမ်းအား အောက်၌ ကျရှုံးသွားရလိမ့်မည်သာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူက အမှန်ကိုသာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မြစိမ်းရောင် ဆံပင်၊ မျက်လုံးနဲ့ သွေး... ဆိုတော့ မင်း ဆိုလိုချင်တာက...”
စုလင်းယာက သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများကို လက်ဖြင့် တို့ကာ ရေရွတ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်သည်။
“မှင်စာ မျိုးနွယ်... ဒဏ္ဍာရီလာ လျှို့ဝှက် အယ်ဗန် သစ်တောရဲ့ အုပ်စိုးသူတွေ...”
မဟာ အကြီးအကဲ တစ်ယောက်က တုန်လှုပ် ချောက်ချားစွာဖြင့် ရေရွတ်လိုက်၏။
အနန္တ ကုန်းမြေတိုက်ကြီးများတွင် လူသားများနှင့် ဆင်တူသော မျိုးနွယ်ပေါင်း မြောက်များစွာ ရှိပေသည်။ ၎င်းတို့ကို လူသားများနှင့် မိစ္ဆာ နတ်ဆိုးများ ကိုယ်လက် နှီးနှောရာမှ ဆက်စပ်ပေါက်ဖွားလာသည့် မျိုးစပ်များဟု ယူဆရသည်။
မှင်စာမျိုးနွယ်မှာလည်း ထိုကဲ့သို့ မျိုးစပ် မျိုးနွယ်များထဲမှ တစ်ခု ဖြစ်ပေသည်။ ၎င်းတို့အားလုံးကို စုပေါင်း၍ အယ်ဗန်များဟုလည်း ခေါ်ဆိုကြသည်။ အယ်ဗန်တို့သည် ရှည်လျားပြီး ချွန်ထက်သည့် နားများ၊ ဖြူရော်ရော် အသားအရေနှင့် ပိန်ပါးသော ခန္ဓာကိုယ်များ ရှိကြသည်။ သူတို့၏ သက်တမ်းမှာ သာမန် လူသားများထက် သုံးဆခန့် ပိုမို ရှည်လျားကြသည်။ သူတို့သည် အယ်ဗန်သစ်တောကို ထိန်းချုပ်ထားကာ အထီးကျန်စွာ နေလေ့ ရှိကြသည်။ တော်ရုံအားဖြင့် လူသားများနှင့် အရောတဝင် နေလေ့ မရှိကြချေ။
ဝူရှင်းဟောင်မှာ မျက်မှောင်ကြုတ်သွား၏။ ယခုတစ်ကြမ် မျက်မှောင်ကြုတ်မှုမှာ စိတ်လေးလံမှုများ၊ စိုးရိမ်မှုများကြောင့် ဖြစ်သည်။ သူသည် ကျူးလန် မိန်းကလေး တစ်ယောက်ကို ဖမ်းထားကြောင်း သိသော်လည်း အယ်ဗန်တို့နှင့် ဆက်စပ်နေလိမ့်မည် ဟု မတွေးခဲ့မိချေ။
အယ်ဗန်များတွင် အမှောင်မှင်စာမျိုးနွယ်၊ မြက်ခင်းမှင်စာမျိုးနွယ်နှင့် အဆင့်မြင့် မှင်စာမျိုးနွယ် ဟူ၍ အဓိက မျိုးနွယ် သုံးခုအပြင် အခြား မျိုးနွယ်စုများစွာ ပါဝင်နေပေသည်။ လျှို့ဝှက် အယ်ဗန်သစ်တောသည် ဝူတိုင်းပြည်လောက် ကျယ်ဝန်းပြီး သူတို့၏ အင်အားမှာလည်း နေသွေးနီနီဂိုဏ်းထက် အဆများစွာ သာလွန်သည်။ အကယ်၍ သူတို့သာ ဆန္ဒရှိပါက နေသွေးနီနီဂိုဏ်းကို ဖျက်ဆီးရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
ကျူးလန်က ဂိုဏ်းအတွက် ကပ်ဘေး ယူဆောင်လာမည့်သူ ဟု နတ်မိမယ်လင်း ပြောခဲ့သည်မှာ မထူးဆန်းတော့ချေ။ အကယ်၍ အယ်ဗန်မျိုးနွယ်က စစ်တပ်ကိုပင် စေလွှတ်ခဲ့သည် ဆိုပါက ထိုမိန်းကလေးတွင် အလွန် မြင့်မားသော အဆင့်အတန်းတစ်ခု ရှိရပေမည်။ ကျူးလန်က သူမအား မည်ကဲ့သို့ ဖမ်းဆီးခဲ့သနည်း။
စုလင်းယာမှာ ဝူရှင်းဟောင် မျက်နှာပျက်သွားသည်ကို သတိထားမိ၏။ ထိုအချင်းအရာကို ကြည့်၍ ဤပြဿနာမှာ မည်မျှ အထိ ကြီးမားသည်ကို သူမ ခန့်မှန်းလိုက်မိသည်။
သူမက ဝူရှင်းဟောင်ထံ လျှို့ဝှက် အသံပို့၍ တစ်စုံတစ်ခုကို ပြောဆိုလိုက်၏။ ဝူရှင်းဟောင်က သူမဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ... ဒီကိစ္စကို အရေးကြီး ပြဿနာ တစ်ခုအဖြစ် သတ်မှတ်ပြီး ငါတို့ စုံစမ်းရမယ်... ဝေ့ဝူယင်... တကယ်လို့ နင်ပြောတာ မှန်တယ်ဆိုရင် ငါတို့ နင့်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်”
စုလင်းယာက ကြေညာလိုက်သည်။
ဝေ့ဝူယင်က ဦးတစ်ချက် ညွှတ်ကာ နန်းဆောင်ထဲမှ ထွက်ခွာ လာခဲ့၏။ သူ တတ်နိုင်သမျှကို လုပ်ပေးခဲ့ပြီး ဖြစ်သည်။ အခြား အခြေအနေများမှာ ခေါင်းဆောင်များအပေါ်တွင်သာ မူတည်သွားခဲ့ပြီ ဖြစ်သည်။
မကြာခင်မှာပင်...
နန်းဆောင်ထဲ၌ စုလင်းယာနှင့် ဝူရှင်းဟောင်တို့ နှစ်ယောက်သာ ကျန်ရစ်တော့၏။ စုလင်းယာက ပင့်သက်ရှိုက်ရင်း ဝူရှင်းဟောင်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် ထိုအထိအတွေ့ဖြင့် ဝူရှင်းဟောင် စိတ်တည်ငြိမ်မှု ရရှိလာအောင် ကြိုးပမ်းပေးနေခြင်း ဖြစ်ပေသည်။
“ဘာမှ မဆုံးဖြတ်ရသေးခင် အခြေအနေကို သွားကြည့်လိုက်ကြရအောင်... နော်...”
သဘာဝအားဖြင့် အမိန့်ပေးခြင်း စွက်သော သူမ၏ အသံက ခင်ပွန်းဖြစ်သူကို နှစ်သိမ့် ပေးနေသည့် ဇနီးတစ်ယောက် ကဲ့သို့ နူးညံ့သိမ်မွေ့သွား၏။
ဝူရှင်းဟောင်က ခေါင်းညိတ်လိုက်သည်။
“အင်း... ခုပဲ သွားကြမယ်”
မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ အရိပ်များ အဖြစ် ပြောင်းလဲ၍ ထွက်ခွာသွားလေတော့သည်။
...
ဝေ့ဝူယင် ဂိုဏ်းသို့ ပြန်လည် ရောက်ရှိသည့် နေ့မှ စ၍ ရေတွက်သော် တစ်ပတ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နေသည် အရှေ့အရပ်မှ မြင့်တက်လာကာ ဝေ့ဝူယင်၏ ခြံဝန်းအတွင်း ဖြာဆင်းကျလာ၏။ ဝေ့ဝူယင်သည် ခုတင် စောင်းတွင် ထိုင်ရင်း တွေဝေ ငေးမော နေခဲ့၏။
ယခုတစ်ပတ် အတွင်း၌ သူသည် ကျူးလန်၏ သတင်းကို နားစွင့်နေခဲ့သည်။ ဂိုဏ်းအနေဖြင့် ကျူးလန်၏ လုပ်ရပ်အပေါ် မည်ကဲ့သို့ ဖြေရှင်းမည်ကို သူ သိလိုနေခဲ့သည်။ သူတို့ ဖြေရှင်းနိုင်သည့် နည်းလမ်းများထဲမှ တစ်ခုမှာ ကျူးလန် ဖမ်းဆီးထားသည့် မှင်စာ မိန်းကလေးကို သတ်ဖြတ်ကာ လက်စဖျောက်ပစ်လိုက်ရန် ဖြစ်သည်။ သို့တိုင်အောင် ထိုအရာက အကောင်းဆုံး နည်းလမ်းတစ်ခု မဟုတ်သေးချေ။ တစ်နည်းနည်းဖြင့် ထိုကိစ္စ ပေါ်လွင်ကာ အယ်ဗန် မှင်စာစစ်တပ် ချီတက်လာနိုင်ချေ ရှိသေးသည်။ ယခုအချိန်အထိမူ... ကျူးလန်နှင့် ပတ်သက်၍ မည်သည့် သတင်းကိုမှ သူ မကြားရသေးချေ။
ဝေ့ဝူယင် တွေးနေစဥ်မှာပင် ပျော့ပျောင်း နူးညံ့ကာ မိန်းမသားဆန်သည့် သွယ်လျလျ လက်တစ်စုံက သူ၏ နောက်ကျောမှ နေ၍ ပခုံးကို သိုင်းဖက်လာ၏။
“အိပ်လို့ မပျော်ဘူးလား...”
သူမက မေးလာသည်။
“ဟိုဟိုဒီဒီ တွေးနေမိလို့ပါ...”
ဝေ့ဝူယင်က လှည့်ကြည့်ရင်း ပြုံးပြလိုက်၏။
“အင်း...”
မိန်းကလေးက အနားသို့ ပိုမို တိုးကပ်ကာ သူမ၏ မေးစေ့ဖြင့် ဝေ့ဝူယင်၏ ပခုံးကို မှီလိုက်သည်။ အဝတ်အစား ကင်းမဲ့နေသော ခန္ဓာကိုယ်နှင့် တင်းတင်းရင်းရင်း ရင်သားများက သူ၏ နောက်ကျောပေါ်သို့ နူးညံ့စွာ ဖိကပ်သွားသည်။
“ရှင်းဖူ...”
ဝေ့ဝူယင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ ဂိုဏ်းသို့ ပြန်လည် ရောက်ရှိပြီး နောက်တစ်နေ့၌ ရှင်းဖူသည် သူ့ထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာကာ သူမ၏ ခံစားချက်များကို ဖွင့်ဟခဲ့သည်။ သူမသည် သူမ၏ ခန္ဓာကိုယ်နှင့် မူလယင်တို့ကိုပင် ဝေ့ဝူယင်အား တုန့်ဆိုင်းခြင်း မရှိပဲ ပေးအပ်ခဲ့သည်။ သူမကား ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်ရှိရန် အတွက်ပင် ဂရုစိုက်ပုံ မရချေ။
အမှန်အတိုင်းဆိုရလျှင် သူမသည် ပါရမီ အလွန် မမြင့်မားလှရာ ထိုအဆင့်သို့ ရောက်ရှိရန်လည်း အခွင့်အရေး အနည်းငယ်သာ ရှိပေသည်။ ဘဝတစ်လျှောက်လုံး ကြိုးစားလျှင်ပင် သူမအနေဖြင့် ဒြပ်စင်လေးခုစလုံးကို မွေးဖွားရန် ခက်ခဲလှသည်။ သူမ ချီပျစ်ခဲခြင်း အဆင့်နှစ်သို့ ရောက်ရှိခဲ့ခြင်း ပင်လျှင် အကြီးအကဲပင်း၏ ကြိုးပမ်းပေးမှုများကြောင့် ဖြစ်သည်။
“ငါ ဘာမှမဖြစ်ပါဘူး...”
ဝေ့ဝူယင်က ပြုံးလိုက်ရင်း သူမဘက်သို့ မျက်နှာချင်းဆိုင် လှည့်လိုက်သည်။ ထို့နောက် သူက လက်များဖြင့် သူမ၏ တင်ပါးများကို ဆုပ်ကိုင်ရင်း ပိုမို နီးကပ်အောင် ဆွဲယူလိုက်၏။ သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း တစ်ယောက် မျက်လုံးထဲမှ အလင်းတန်းကို တစ်ယောက် မြင်လိုက်ကြရ၏။ သူတို့၏ နှုတ်ခမ်းများထက်၌ အပြုံးများက ပြိုင်တူ ပေါ်လာခဲ့သည်။
သူသည် သူမ၏ နှုတ်ခမ်းများကို ဖိကပ်ကာ နမ်းစုပ်ရင်း နွေးထွေးမှု အရသာကို မြိန်ရေယှက်ရေ ခံစားလိုက်သည်။ သွေးခုန်နှုန်းများ ပိုမို မြန်ဆန်လာသည်နှင့် အမျှ သူတို့၏ စိတ်ဆန္ဒမှာ ပိုမို ရုန်းကြွ လာခဲ့၏။ ရမက်၏ ကွန်ယက်အတွင်း ငြိတွယ်ရင်း၊ ရီဝေရင်း သူတို့ နှစ်ယောက်မှာ ခုတင်ပေါ်တွင်ပင် အချစ်တိုက်ပွဲကို စတင် လိုက်ကြတော့သည်။
မကြာခင်တွင်ပင် ပြင်းပြသော ညီးတွားသံများမှာ အခန်းအတွင်းမှ ထွက်ပေါ်လာ၏။ ရုန်းကန်ရမှု၊ ရန်ကြွေး၊ အထီးကျန်ခြင်းတို့နှင့် ပြည့်နှက်နေသော ကျင့်ကြံခြင်း ကမ္ဘာ၌ လူတိုင်း ထိုအခိုက်အတန့်ကို မက်မောကြပေသည်။
နာရီများသည် တဖြည်းဖြည်း ရွေ့လျားကာ ညအချိန်သို့ပင် ပြန်လည် ရောက်ရှိလာခဲ့တော့၏။
ဝေ့ဝူယင်သည် မီးခိုးရောင် ဝတ်စုံကို ဆင်မြန်းရင်း ခြံဝန်းအတွင်း ထိုင်ကာ ကောင်းကင်ကို ငေးကြည့်နေခဲ့သည်။ သူ၏ ငွေရောင်မျက်လုံးများတွင် ကြယ်များမှာ တဖျပ်ဖျပ်လက်နေကာ အရာရာမှာ လှပနေသယောင် ခံစားနေရ၏။ ဒဏ္ဍာရီများ အရဆိုလျှင် ကြယ်များမှာ ခေတ်အဆက်ဆက် ကိုးကွယ်ခြင်း ခံရသည့် အစစ်အမှန် နတ်ဘုရားများ ဖြစ်ကြပြီး ထာဝရ တည်ရှိနိုင်သည်ဟု ဆိုကြသည်။
ကလေးဘဝတုန်းက ထိုကဲ့သို့ နတ်ဘုရားများ၏ ဒဏ္ဍာရီများ အကြောင်း နားထောင်ရသည်ကို ဝေ့ဝူယင် သဘောကျခဲ့သည်။ ထိုအရာများက အတုများ ဖြစ်လျှင်ပင် ကလေးများ အတွက် တကယ့် ဖြစ်ရပ်မှန်များသာ ဖြစ်ပေသည်။
ဝေ့ဝူယင်သည် သူ၏ လက်မောင်းရှိ အပြစ်သွေးမျိုးဆက် တက်တူးကို ငုံ့ကြည့်လိုက်၏။
၁၇၁.၂...
ထိုဂဏန်းက ကောင်းကင်အောက်မှ သူ၏ ကံကြမ္မာကို ကိုယ်စားပြုသည်။ ထိုဂဏန်းများ ရှိနေသမျှ ကောင်းကင်တာအိုသည် သူ့အတွက် အကောင်းဆုံး အရာများ ဖြစ်လာအောင် ကူညီဖေးမ ပေလိမ့်မည်။
“အ...”
ရုတ်တရက် ဝေ့ဝူယင်မှာ ဆတ်ခနဲ တုန်သွား၏။ နာကျင်မှု တစ်ခုက သူ၏ လက်မောင်းတွင် ပေါ်လာကာ ဂဏန်းမှာ ၁၇၁.၁ သို့ ပြောင်းလဲသွားသည်။ သူ၏ အမူအရာက ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက် သူ့အား စောင့်ကြည့်နေသည် ဟူသော ခံစားချက် တစ်ခုက သူ၏ ရင်အတွင်း ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
ငါ့အတွက် အခွင့်အရေး တစ်ခု ရောက်လာတာလား...
ဝေ့ဝူယင် တွေးနေစဥ်မှာပင် နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ငါ့ကို သတိထားမိတယ်ပေါ့... မင်းရဲ့ ပါရမီက တကယ် ထူးခြားတာပဲ”
***