← Chapters

ကျွန်းကိုဖျက်စီးခြင်း(၂)

Vol. 39 Ch. 530

ကျွန်းကိုဖျက်စီးခြင်း(၂)

Vol. 39 Ch. 530

အစောင့်အရှောက်ကျွန်းများမှ ကျန်လူများ သေဆုံးခါနီးတွင် စုမင်က သူ၏ညာဘက်လက်မှ လှံရှည်ကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။ ကောက်ညှင်းလမုန့်ကျွန်းရှိ လူရိုင်းများက သူ၏ လုပ်ရပ်ကြောင့် လန့်ဖျပ်သွားသောအခါတွင် သူက သူ၏ ညာလက်ကို ကောင်းကင်ယံ၌ လျင်မြန်စွာ ဝှေ့ယမ်းနေသည်ကို တွေ့လိုက်ရသည်။

ထိုသို့ဝှေ့ယမ်းလိုက်ခြင်းဖြင့်၊ လှံရှည်က ရှည်လျားသော ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် ကောက်ညှင်းလမုန့်ကျွန်းတစ်ဝိုက်ရှိ အလင်းလွှာအကာကွယ်ဆီသို့ တည့်တည့်ရောက်ရှိသွားကာ လေထဲတွင်ဆုတ်ဖြဲသွားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ် ပေါ်လာသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လှိုင်းဂယက်ကြီးက လေထဲသို့ တဟုန်ထိုး ပျံ့နှံ့လာသည်။ ကျွန်းတစ်ခုလုံးကို တုန်ခါသွားသည်နှင့်အမျှ အလင်းလွှာ အကာအကွယ်ကို ခရမ်းရောင်အလင်းတန်းများက ဖြတ်ကျော်ဝင်ရောက်သွားသည်။

ပေါက်ကွဲသံနှင့်အတူ လှံက ကျွန်းကို ထိမှန်သွားကာ နယ်မြေတစ်ခုလုံးကို ဖြတ်သွားသည့် မြင်သာသော ခရမ်းရောင်စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် အလင်းလွှာအကာအကွယ်က တစ်လက်မပြီးတစ်လက်မ ကွဲအက်သွားလေသည်။ ကြီးမားပြီး မမြင်နိုင်သောလက်ဖြင့် တွန်းဖယ်လိုက်သကဲ့သို့ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။ များမကြာမီတွင် အလင်းလွှာအကာကွယ်က ပေါက်ကွဲသွားပြီး ထိုအပိုင်းအစများက နောက်သို့ လွင့်စင်သွားလေသည်။

ကောက်ညှင်းလမုန့်ကျွန်းရှိ တောင်များစွာထဲမှ တစ်ခုပေါ်တွင် တည်ဆောက်ထားသော ဘုရားကျောင်းကြီးတစ်ခုရှိသည်။ ထိုဘုရားကျောင်းက ရိုးရှင်းသော်လည်း ပုံသဏ္ဍန်မှာ အံ့သြစရာ ကောင်းလောက်အောင် ခမ်းနားထည်ဝါနေ လေသည်။ ဝတ်ပြုကိုးကွယ်ရန် ထားရှိသကဲ့သို့ ထိုနေရာတွင် အထိမ်းအမှတ်ကျောက်တိုင်များ တန်းစီထားသည်။ မျှော်စင်ငယ်တစ်ခု ဆောက်ထားသော ပုံစံဖြင့် ၎င်းတို့ကို နေရာချထားသည်။ ထိုအမှတ်တရ ကျောက်တိုင်များပေါ်တွင် ထွင်းထုထားသော မှော်သင်္ကေတ အများအပြားရှိပြီး ၎င်းတို့အားလုံးက မှောင်မိုက်ပြီး ထူးဆန်းသည့် အသွင်အပြင်ကို ပေးစွမ်းနေ‌လေသည်။

ထိုအမှတ်တရ ကျောက်တိုင်များအောက်တွင် တင်ပျဉ်ခွေထိုင်နေသော ဝတ်ရုံဖြူအဖိုးအိုတစ်ဦးရှိသည်။ သူ့ရှေ့တွင် ဓါးရှည်တစ်ချောင်း ချထားပြီး ထိုဓါးမှ အေးစက်ပြီး ကြောက်စရာကောင်းသော အရှိန်အဝါများ ပျံ့လွင့်လာသည်။ မည်သူမဆို အချိန်အကြာကြီး ကြည့်နေပါက၊ ၎င်းတို့၏စိတ်ကူးထဲတွင် မကောင်းဆိုးဝါးဝိညာဉ်များထံမှ ကျယ်လောင်စွာ အော်သံများနှင့် အော်ဟစ်သံများကို စတင်ကြားလာရလိမ့်မည်။

ဓါးရှည်ကြီးမှ မှိန်ပျပျ နှင့်မထင်ရှားသော အနက်ရောင်အရှိန်အဝါတို့က ပြန့်ကျဲနေပြီး နေရာတစ်ခုလုံးကို ဝိုင်းရံထားသည်။

အဘိုးအို၏ ဦးခေါင်းက ဆံပင်ဖြူများဖြင့် ပြည့်နေပြီး ညာဘက်နဖူးထောင့်မှ သူ၏နှုတ်ခမ်းဘယ်ဘက်ထောင့်သို့ နေရာယူထားသော အမာရွတ်တစ်ခု ရှိနေသည်။ ထိုအမာရွတ်က နီမြန်းနေပြီး အဘိုးအိုကို မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည့် တည်ရှိနေမှုကို ပေးစွမ်းပြီး ထူးဆန်းသော လေထုကို ထုတ်လွှတ်ပေးသည်။

အပြင်မှာ ဖြစ်ပျက်နေသည်များကို သိပ်ဂရုမစိုက်သကဲ့သို့ ထိုင်နေရင်း သူ့အမူအရာက တည်ငြိမ်နေ လေသည်။

သူ့ဘေးမှာ လူလတ်ပိုင်းတစ်ယောက်ရှိ လေသည်။ ထိုလူက ၀တ်ရုံရှည်ကို ၀တ်ထားပြီ သူလည်း တည်ငြိမ်နေလေ၏။ သူ့လက်ထဲမှာ အချောသတ်ထားသော ဦးခေါင်းခွံနှစ်ခုပါပြီး သူ့လက်ဖဝါးပေါ်မှာ လှိမ့်‌ နေ လေသည်။

ကျွန်းပတ်ပတ်လည်ရှိ အလင်းလွှာအကာကွယ် ပျက်လုနီးပါးအချိန်တွင် ဘုရားကျောင်းဆီသို့ ဦးတည်သော ပင်မတံခါးအနီးတွင် ရပ်နေသော လူသုံးဦး ပေါ်လာသည်။ သုံးယောက်ထဲက နှစ်ယောက်က ခေါင်း မွှေးဖြူဖွေးနေပြီဖြစ်သော အဘိုးကြီး နှစ်ယောက်ပင်ဖြစ်သည်။ နောက်တစ်ယောက်က ကောင်လေးတစ် ယောက်ပင်ဖြစ်သည်။ သူတို့က တလေးတစား မျက်နှာထားဖြင့် ထိုနေရာတွင် ရပ်နေကာ သူတို့၏ လေးစားမှုထဲတွင် ကြောက်ရွံ့မှုကို မြင်တွေ့နိုင်သည်။

“ဘိုးဘိုး.. သူ့က စုမင်လို့ခေါ်တယ်.. သူက တောင်ပိုင်းအရုဏ်ဦးနယ်မြေကပါ..ကျွန်းအပြင်ဘက်က အစောင့် ခုနစ်ယောက် သေဆုံးသွားပြီ..ပြီးတော့ ကျွန်းရဲ့ ပထမဆုံး ကာကွယ်ရေးအလွှာ ပျက်စီးသွားတယ်...”

ကောင်လေးက အသံတိုးတိုးနဲ့ ပြောလိုက်သည်။

“တောင်ပိုင်းအရုဏ်ဦးနယ်မြေက အမှိုက်ကောင်လား...”

ဝတ်ရုံဖြူဝတ်ထားသည့် အမာရွတ်ရှိသောအဘိုးအိုက မျက်လုံးများကိုဖွင့်ကာ လူသုံးယောက်ကိုကျော်ကာ ငေးကြည့်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသော အနက်ရောင်ဓားရှည်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

“ငါ့ရဲ့ကောက်ညှင်းလမုန့်ဓါးကိုသုံးပြီး ကြီးမြတ်တဲ့နတ္ထိမှော်အစီအရင်ကိုဖွင့်လိုက်..အဲ့ဒါဆိုရင် ဒီလူကို သတ်ဖို့ လုံလောက်တယ်.. သူ့ခေါင်းကို ငါ့ဆီပြန်ယူလာ...”

ထိုစကားကို အဘိုးအိုက ပြောပြီးသည်နှင့် သူ့ရှေ့မှ ဓားနက်ရှည်ကြီးက သွေးဆာခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုကို ဖြစ်ပေါ်စေသည့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံပေါ်လာသည်နှင့် တပြိုင်နက် အနက်ရောင်ဓားရှည်က သူ့ဘာသာသူ လဲနေရာမှ မတ်လာသည်။ထို့နောက် ဘုရားကျောင်းအတွင်း စက်ဝိုင်းပုံစံဖြင့် ပျံဝဲလာပြီးနောက် လက်နှစ်ဘက်ဖြင့် လေးလေးစားစား ခံယူ နေသည့် ကောင်လေးဆီသို့ ရှောက်ရှိသွားသည်။

သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဆရာဘိုးဘိုး..ကောက်ညှင်းလမုန့်ဓါး.. ကြီးမြတ်တဲ့နတ္ထိသွေးမှော်အစီအရင်နဲ့ဆိုရင် မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်ဆိုရင်တောင် အနိုင်ပိုင်းခံရမှာပဲ...”

ကောင်လေးက ချက်ချင်း ထွက်ခွာရန် တောင်းဆို လေသည်။ အဘိုးအိုနှစ်ယောက်၏ မျက်လုံးများကလည်း သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။ ထို့နောက် ကျန်နှစ်ယောက်က ကောင်လေးနှင့်အတူ ဘုရားကျောင်းမှ ထွက်သွားသော ရှည်လျားသော အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွားသည်။

“အဲ့ဒီသုံးယောက်မှာ ခင်ဗျားရဲ့ကောက်ညှင်းလမုန့်ဓါးရှိရင်တောင် အဲဒီလူရဲ့ရန်သူမဟုတ်ဘူးဆိုတာ သိထားရမယ်...”

လူသုံးယောက် ထွက်သွားပြီးနောက် သူ့လက်မှာ ဦးခေါင်းခွံနှင့် ကစားနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အဲ့တော့ ဘာအရေးလဲ”

အဖိုးအိုက ငြိမ်သက်စွာ မျက်လုံးမှိတ်လိုက်သည်။

“တောင်ပိုင်းအရုဏ်ဦးနယ်‌ မြေမှာ ငါ့လူတွေလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး.. သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်တော့ဘူး..ပထမတစ်ချက်ကြည့်လိုက်တော့ သူက ရိုး ရေစတေးနယ်ပယ်မှာ ရှိနေသလိုပဲ၊ ဒါပေမဲ့ အနီးကပ်ကြည့်လိုက်တော့ အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုလို့ ခံစားရတယ်..”

“သူက ကျွန်းအုပ်ချုပ်သူ ခုနစ်ယောက်ကို တခဏအတွင်းမှာပဲ သတ်နိုင်ခဲ့တယ်.. ဒါကြောင့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မာန်စိတ်ဝိညာဉ် နှောင်းပိုင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီလို့ ထင်တာပဲ.. “

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ၏ တီးတိုးရွေရွတ်နေသော်လည်း သူရှာဖွေတွေ့ရှိသည့်အရာကြောင့် လေးလေးနက်နက် တုန်လှုပ်သွားခဲ့သည်။

“ဒီလိုရန်သူကို တော်တော် သတိထားရမယ်.. အဲ့ဒါကြောင့်... ခင်ဗျားချက်ချင်း ထွက်သွားဖို့ ဆန္ဒမရှိခဲ့တာ မဟုတ်လား”

လူလတ်ပိုင်း၏ နှုတ်ခမ်းပေါ်မှ အပြုံးရိပ်တစ်ခု ပေါ်လာပြီး အဘိုးအိုဆီသို့ လှမ်းကြည့်လိုက်သည်။

“မင်း ပွစိပွစိလုပ်လို့ ပြီးပြီလား”

အဘိုးအိုက မျက်လုံးဖွင့်ကာ လူလတ်ပိုင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

“မှန်တယ်..ကောက်ညှင်းလမုန့်ကျွန်းကလူတိုင်း သေဆုံးခဲ့ရင်တောင် မင်းဒီမှာရှိနေသရွေ့ အရှေ့မြေရိုင်းနယ်မြေမှာ စာရွက်ပေါ်မှာမရှိတော့တဲ့သူတွေ ပိုများလာလိမ့်မယ်၊ မင်းရဲ့အဖွဲ့ခွဲတွေက ဆက်ပြီးကြီးထွားလာလိမ့်မယ်..”

လူလတ်ပိုင်းအရွယ်က ပြုံးသည်။

“မင်းရဲ့လက်အောက်ကလူတွေကို မင်းသူ့ကို အဆက်မပြတ်စမ်းသပ်စေခိုင်းပြီး ဒီလူကို သွေးတွေယိုဖိတ်ပြီး မရပ်မနားတိုက်ခိုင်းခြင်းအားဖြင့် ဒီလူကို မောပန်းစေတယ်... အဆက်မပြတ်စမ်းသပ်မှုအောက်မှာ သူ့အားနည်းချက်ကို မင်းတွေ့ပြီး သူ့ကိုတိုက်ခိုက်မှာမလား... အဲ့ဒီ့အချိန်မှာ ကောက်ညှင်းလမုန့်ကျွန်းတစ်ခုလုံး သွေးကြောင်းစီးတာပဲဖြစ်ဖြစ် အရာအားလုံးက နိတ္ထိပျက်သုန်းသွားမှာပဲ..”

“ဒါ့အပြင် မင်း ဒီဘုရားကျောင်းရှိနေရင် မင်းကိုးကွယ်တဲ့ဘိုးဘေးတွေရဲ့ဝိညာဉ်စွမ်အား အမြင့်ဆုံးရောက်အောင် ဆုတောင်းနိုင်တယ်...မင်းကိုယ်တိုင်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ်ပြီးပြည့်စုံတဲ့အောင်မြင်မှုကို ယူဆောင်နိုင်မယ်..ဒါ့ကြောင့်

သူ့ကိုရင်ဆိုင်ဖို့ အပြင်ထွက်မယ့်အစား ဒီမှာစောင့်နေတာက ပိုကောင်းပါတယ်...”

“ပြီးတော့ မင်းနားမှာ ဆရာ

မိုလောလဲ ရှိတယ မတော်တဆ ကြုံလာရင်တောင် သူ့အနားမှာရှိရင် အရာအားလုံး ပြေလည်သွားလိမ့်မယ်..”

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းလိုက်သည်။ မကြာခင်မှာပင် အပြင်ဘက်ရှိ စုမင်ဟုခေါ်သောလူကို သတ်ပစ်ရန် နှမြောကြောင်း ခံစားနေရလေသည်။

“မင်းလည်း ဒီမှာဘဲ”

အမာရွတ်ရှိသော အဘိုးအိုက တည်ငြိမ်စွာ မှတ်ချက်ချသည်။

လူလတ်ပိုင်းအရွယ်က တိတ်ဆိတ်သွားပြီး သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။

သူသက်ပြင်းချလိုက်သည်နှင့် တစ်ပြိုင်နက်တွင် ပြင်းထန်သော ပေါက်ကွဲသံက ဘုရားကျောင်းအပြင်ဘက်ရှိ လေထုထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။ အရှိန်ပြင်းပြင်းက ပျံ့နှံ့သွားသောကြောင့် ကျွန်းတစ်ခုလုံး တုန်လှုပ်သွား လေသည်။

ဘုရားကျောင်းအပြင်ဘက် ကောင်းကင်ယံမှ တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ စုမင်က ခရမ်းရောင် ချပ်ဝတ်တန်ဆာ နှင့် လှံရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့ လျှောက်သွားသည်။ သူ မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်သော်လည်း သူ့နောက်မှာ အပိုင်းပိုင်း‌ဖြစ်နေသော မရေမတွက်နိုင်သည့် အလောင်းများစွာရှိနေလေသည်။

အစိမ်းရောင်အလင်းတန်းများက ကောင်းကင်ကို လှည့်ပတ်နေသည်။ ထိုအစိမ်းရောင်အလင်းတန်းများက သေးငယ်သောဓားဖြစ်သည်။ ၎င်းက စုမင်၏ အခြေတည်နတ်ဘုရားထိန်းချုပ်မှုအောက်တွင်ရှိပြီး သူ့အနီးသို့ လာဝံ့သူအားလုံးကို ထိုဓားဖြင့် ခုတ်လှဲခံရမည်ဖြစ်သည်။

ကောင်းကင်ယံ၌ ကြီးမားသော ပုံရိပ်ယောင်တစ်ခု ရှိနေပြီး လေထဲတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်က ဖယောင်းနဂါးပုံရိပ်ဖြစ်ပြီး ထိုထဲမှ မြွေလေးထွက်လာလေသည်။ ထိုမြွေလေးက စူးရှစွာ မှုတ်ထုတ်လိုက်သည်နှင့်အမျှ လူများကို ရူးသွပ်စွာ သတ်ပစ်လိုက်တော့သည်။

ကျွန်းပေါ်ရှိ ဓားစာခံများ အားလုံးက သွေးဆာနေသော မျက်လုံးများဖြင့် ၎င်းတို့၏ မြင့်မြတ်သော စွမ်းရည်များ အားလုံးကို လေထဲသို့ ဖြန့်ကျက်ကာ သတိမဲ့စွာ ရှေ့သို့ ပြေးသွားကြသည်။ သူတို့အထဲမှ အအားနည်းဆုံးသူပင်လျှင် ရိုးရေစတေးနယ်ပယ်၌ရှိနေပြီဖြစ်ပြီး ထိုအချိန်တွင် စုမင်ဆီသို့ အရှိန်တင်နေသောသူတို့၏ ခန္ဓာကိုယ်များက အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပါသည်။ သူတို့၏အော်ဟစ်သံများက ဘယ်တော့မှ မရပ်တန့်သွခဲ့ပေ။

မည်သူမဆို ကောင်းကင်ယံမှ လှမ်းကြည့်လိုက်လျှင် ကောက်ညှင်းလမုန့် ကျွန်းအများစုကို ဖုံးအုပ်ထားသောအနီရောင် အလင်းတန်းတစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည်ဖြစ်သည်။

ထိုအနီရောင် အလင်းတန်းများက ဆက်လက် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာတိုင်း ပေါက်ကွဲသံကြီးများထွက်ပေါ်လာသည်။ထို့နောက် စုမင်ဆီသို့ ဦးတည်သွားကြသည်။

မည်သူမဆို အနီးကပ်ကြည့်လျှင် ဤအနီရောင်အလင်းတန်းတွင် အလွှာကိုးခုရှိကြောင်း တွေ့ရှိရပြီး အလွှာတစ်ခုစီက ကျွန်းမှပို၍ပို၍ထူလာပါသည်။ ဤအလွှာများက လူတိုင်းကို ဝိုင်းရံထားပြီး မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

မှော်အစီအရင်က အနက်ရောင် ဓားရှည် ဖြစ်ပြီး အလင်းလွှာအကာကွယ် ညာဘက်တွင် လွင့်မျောနေလေသည်။ ထိုဓားရှည်ဘေးတွင် တင်ပျဉ်ခွေထိုင်နေသော လူ သုံးဦးရှိသည်။ ဤလူသုံးယောက်က အဘိုးကြီးနှစ်ဦးနှင့် ဘုရားကျောင်းမှ ထွက်လာသည့် ကောင်လေးတစ်ယောက်မှာ ဖြစ်သည်။

ထိုလူသုံးယောက်က မျက်လုံးများကို တင်းတင်းမှိတ်ထားရင်း မှော်အစီအရင်ကိုဆက်လက်အသက်သွင်းနေလေသည်။

“ကျုပ် တစ်ခါက ပြောဖူးတယ်.. ခင်ဗျားတို့ရဲ့ သွေးတွေက မြစ်တွေထဲ စီးဝင်မှဒီကျွန်းက ထွက်သွားမှာ..”

စုမင်က ရှေ့သို့ နှေးကွေးစွာ ခြေလှမ်းကို လှမ်းပြီး ဘယ်ဘက်လက်ညိုးဖြင့် တစ်ဖက်ကို ညွှန်ပြသည်။ ချက်ချင်းပင် သူ့ဘက်သို့ အရှိန်တင်နေသော လူဆိုးတစ်ဦးက သူ၏ မျက်ခုံးလယ်တွင် သွေးထွက်သံယို အပေါက်တစ်ခု ရခဲ့ပြီး ပြန်လဲကျသွားကာ သေဆုံးသွားခဲ့သည်။

“အရင်က ကျုပ်ပြောခဲ့ဖူးတယ်လေ.. တောင်ပိုင်းအရုဏ်ဦးနယ်မြေက ငါ့လူတွေကို အရှက်ခွဲတဲ့ သူတွေ..မင်းတို့အားလုံး ဘယ်လောက်ပဲဝေးဝေးပြေးပါ‌စေ..အသေသတ်ပစ်မယ်..”

စုမင်၏ ညာလက်တွင်ကိုင်ထား‌ သောလှံရှည်ကို ရက်စက်စွာ ပစ်ပေါက်လိုက်သည်။ ထိုလှံရှည်က တရွီးးရွီးမြည်သံနှင့်အတူ အဝေးက တောင်ပေါ်၌ ကျသွားသည်။ ပေါက်ကွဲသံနှင့်အတူ ထိုတောင်သည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။ တစ်ချိန်တည်းမှာပင် စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး ကွဲအက်နေသော တောင်၏ ဦးတည်ရာလေထုကို လက်ဖြင့်ယူလိုက်ပြီး ပြန်မတင်လိုက်သည်။

လေပွေတစ်ခုက တောင်ပြိုကျရာနေရာမှ ချက်ချင်းထွက်ပေါ်လာပြီး များပြားလှသော ကွဲကြေနေသော ကျောက်တုံးများကို ဆွဲငင်ကာ ပြင်းထန်သော မြည်သံများ ထွက်ပေါ်လာသည်။ နေရာတစ်ခုလုံး ပေါက်ကွဲသံနှင့်အတူ ပျံ့လွင့်သွားလေသည်။ ကွဲအက်သွားသော ကျောက်တုံးတိုင်းတွင် စုမင်၏ လေစွမ်းအားများ ပါ၀င်ပြီး ၎င်းတို့၏ ကြီးမားသော ခွန်အားက သွေး မိုးရွာစေခဲ့သည်။

“ မျက်စိတစ်လုံးဆို တစ်လုံး သွားတစ်ချောင်းဆို သွားတစ်ချောင်းနဲ့ပြန်ပေးဆပ်ရမယ်...တောင်ပိုင်းအရုဏ်ဦးနယ်မြေက လူတွေကျခဲ့တဲ့

သွေးစက်အတိုင်း ခင်ဗျားတို့လည်း ပြန်ကျစေရမယ်...”

စုမင်က ပျက်စီးသွားသော တောင်ပေါ်သို့ လျှောက်သွားကာ မြေကြီးထဲ နစ်မြုပ်သွားသော လှံရှည်ဘေးတွင် ရပ်နေလေသည်။ သူ့လက်နှင့်ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး သူ့နောက်မှ လေထုကို ဆုပ်ကိုင်ထားရန် ဘယ်လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့နောက်ကွယ်မှ နီးကပ်လာသောလူ၏လည်ပင်းကို ညှစ်လိုက်သည် ။

စုမင် လှည့်ကြည့်လိုက်သော်လည်း ထို လူ၏ စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်နေသော အကြည့်များကို မသနားခဲ့ပေ။ ထို့နောက် စုမင်က ထိုသူ၏လည်ပင်းကို ချိုးပစ်လိုက်သည်။ ကောင်းကင်ရှိ အနီရောင် အလင်းလွှာပေါ်၌ ထိုင်နေသော လူသုံးယောက်ကို မော့ကြည့်လိုက်သည်။

ထိုသုံးယောက်သားဆီသို့ စုမင် လှမ်းကြည့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ့အကြည့်ကို သတိထားမိလိုက်သည်။ သူတို့၏နှလုံးသားများ တုန်လှုပ်သွားလေသည်။ တစ်ချိန်တည်းမှာပင် အနီရောင်ကောင်းကင်ကြီးအောက်ရှိ ရာချီသောလူရိုင်းများကလည်း ရင်တမမဖြင့် စိုးရိမ်သောကရောက်နေကြသည်။

သူတို့ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ထိုအရာအားလုံးက စုမင်၏ လူသတ်ပွဲကြောင့်ပင်ဖြစ်သည်။ မည်သူမှ လွတ်လမ်းမရျှိပ။ စုမင်၏ သနားညှာတာမှုကင်းမဲ့ပြီး အရူးအမူးသတ်ပစ်မှာက ထိုလူအားလုံးကို ငရဲထဲ နစ်မြုပ်သွားသကဲ့သို့ ခံစားစေသည်။

သူတို့က သူတို့ထက် ပို၍ ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးနှင့် ကြုံကြိုက်မိသွားလေသည်။ထိုလူ၏ မျက်နှာတွင် သူတို့ ပြိုပျက်သွားအောင် လုပ်သမျှ အရာအားလုံးကို ပြေးမြင်မိသည် ။

All Chapters