ကျွန်းကိုဖျက်စီးခြင်း(၃)
Vol. 39 Ch. 531
နာကျင်အော်ဟစ်သံများ မြင့်တက်လာပြီး ခရမ်းရောင်အရိပ်များအလယ်တွင် ပျံ့နှံ့သွားသည်နှင့်အမျှ ပေါက်ကွဲသံများက လေထဲတွင် အဆက်မပြတ် ထွက်ပေါ်လာသည်။ စုမင်က သူ၏ ထူးဆန်းသော လူသတ်လှုပ်ရှားမှုကို လုပ်ပြီးသည်နှင့် ခရမ်းရောင် ရောင်ခြည်မျှင်ပေါင်း မြောက်မြားစွာက အနီရောင် အလင်းတန်းများအောက်တွင် ရှိနေဆဲဖြစ်သော ရာနှင့်ချီသော လူရိုင်းများ အတွင်းသို့ စိမ့်ဝင်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ် မှာလည်း ထိုချည်မျှင်များဖြင့် ပိုင်းခံလိုက်ရသည် ။
သွေးများက မြေပြင်ပေါ်တွင် စီးကျလာပြီး မရေမတွက်နိုင်သော ခြေပြတ်လက်ပြတ် အလောင်းကောင်များက မြေပြင်ကို ဖုံးလွှမ်းသွားသည်။ အနီရောင် အလင်းလွှာထဲရှိ လူရိုင်းများအားလုံး သေဆုံးသွားခဲ့သည်။ ခရမ်းရောင်ခြည်မျှင်ကြိုးများက အလောင်းများကို စွန့်ပစ်ပြီး စုမင်ဆီသို့ ပျံသန်းသွားကြသည်။
တခဏချင်းမှာပဲ၊ သူတို့က ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် လှံရှည်များအဖြစ်သို့မပြောင်းမီ စုမင် ၏ကိုယ်ပေါ်တွင် တစ်ဖန်ပြန်လည်စုရုံးလာကြသည်။
အလင်းလွှာ၏အပြင်ဘက်ရှိ လူသုံး ယောက်က ထိုမြင်ကွင်းကို မြင်လိုက်ရသည် ။ သူတို့၏မျက်လုံးအိမ်များတုန်လှုပ်သွားလေသည်။ ထိတ်လန့်ကြောက်ရွံ့မှုတို့သည် သူတို့၏မျက်နှာပေါ်တွင် ပေါ်လာသည်။ တကယ်တော့ သူတို့က ထိုသို့ သွေးထွက်သံယိုမြင်ကွင်းများကို မြင်ဖူးသူများပင်ဖြစ်သည်။ ဤကျွန်းပေါ်ရှိ လူတစ်ထောင်နီးပါးရှိသော လူရိုင်းများက မြင်နေရသည်။
အချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ကျွန်းပေါ်ရှိ လူများအားလုံး စုမင်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့မှုကို ခံစားရစေသည်။ ဤအကြောက်တရားက အိပ်မက်ဆိုးတစ်ခုလိုပင်ဖြစ်၏။သူတို့က ယခင်ဘေးကပ်ဆိုးကြီးကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် နောက်ထပ်သေမင်းနှုတ်ခမ်းဝရောက်သောအဖြစ်မျိုး မကြုံရတော့ဟု ထင်မြင်နေကြလေသည်။ယခုမူ သူတို့ အိပ်ပျော်ရာမှ နိုးထလာစေသည်။
အလားတူ မြင်ကွင်းကို ဘုရားကျောင်းရှိ အဖိုးအိုမိုလောနှင့် သူ့ဘေးတွင် ထိုင်နေသော သက်လတ်ပိုင်း အဘိုးအို ပေါင်ရှန်၏ မျက်လုံးထဲသို့ ရောက်သွားသည် ။
သူတို့၏အမူအရာ မတူညီကြသော်လည်း သူတို့၏ မျက်လုံးများတွင် ထိတ်လန့်ခြင်း အရိပ်အ ယောင်များ တူညီကြသည်။
“အဲဒီလက်နက်ကဘာလဲ”
ပေါင်ရှန်၏ မျက်လုံးအပြူးသားဖြစ်သွားပြီး အသက်ရှုကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“အဲ့ဒီချပ်ဝတ်တန်ဆာ... အဲဒါကို တစ်နေရာရာမှာ မှတ်တမ်းတင်ထားတာ မြင်ဖူးပုံပဲ...”
မိုလော၏ အမူအရာမှာ မယုံနိုင်လောက်အောင် မျက်စိပျက်မျက်နှာပျက်ဖြစ်သွားသည်။
မျက်မြင်သက်သေအားလုံး တုန်လှုပ်ချောက်ချားသွားပြီး ချက်ချင်းဆိုသလိုပင် စုမင်က သူ၏ခေါင်းကို မော့ကာ ကောင်းကင်က မှော်အစီအရင်ပေါ်ရှိ လူသုံးယောက်ဆီသို့ ကြည့်လိုက်သည်။ ထို့နောက်သူ တစ်ချက်လှုပ်ရုံဖြင့် အထက်သို့ တက်သွားလေသည်။
သုံးယောက်သား လန့်ဖျပ်သွားကာ အလင်းလွှာအကာကွယ်ပေါ်တွင် ၎င်းတို့၏လက်ဖဝါးများကို မဖိမီ လက်နှစ်ဘက်ဖြင့် ချိပ်တံဆိပ်တစ်ခု အမြန်ဖန်တီးလိုက်သည်။ ချက်ချင်းပင်၊ အတွင်းပိုင်းနေရာက အနီရောင်မြူခိုးများဖြင့် ချက်ချင်းပြည့်လာကာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် ထူထပ်လာသည်။
ဟစ်အော်သံများနှင့် တိုက်ပွဲသံများက အနီရောင် အလင်းတန်းများထဲတွင် တစ်ဖန် ပဲ့တင်ထပ်လာလေသည်။ ထိုအတွင်း၌ လူရိုင်းကြီးများ မရှိတော့ပေ။ စုမင်၏ မျက်လုံးများရှေ့တွင် မြေပြင်ပေါ်ရှိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းများက စုဝေးသွားခဲ့သည်။ထို့နောက် အသက်မဲ့ပြီး လှုပ်ရှားနေသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
မြေပြင်ပေါ်ရှိ သွေးများက သွေးလူသားများအဖြစ်သို့ ထင်ရှားစေရန် စုစည်းသွားလေသည်။ထို့နောက် စုမင်က မြူခိုးထဲသို့ ရူးသွပ်မှုဖြင့်အရှိန်တင်လိုက်သည်။
ဤသည်မှာ ကြီးမြတ်သောနတ္ထိသွေးမှော်အစီအရင်၏ တကယ့်အသက်သွင်းမှုဖြစ်သည်။ထိုမှော်အစီအရင်က လူ များများသတ်လေလေ အားကောင်းလေလေ ဖြစ်သည်။ မှော်အစီအရင်မှ မြူခိုးများ တလိမ့်လိမ့်တက်လာပြီးနောက် တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ထို့မှသာ မှော်အစီအရင် အပြင်ဘက်ရှိ လူသုံးယောက်က စိတ်သက်သာသလို ခံစားလိုက်ရသည်။ ၎ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လျှာထိပ်များကိုကိုက်ပြီး အနက်ရောင်ဓားရှည်ကြီးပေါ်သို့ သွေးတစ်လုတ်ကြီးအန်လိုက်ကြသည်။
ဓားက တဖန် တုန်လှုပ်လာ လေသည်။ သွေးကို စုပ်ယူလိုက်သည်နှင့် အနက်ရောင် မီးခိုးငွေ့များ ထွက်လာပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ လူနှင့်တူသော်လည်း ၎င်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုသုံးယောက်သားမှာ မြူခိုးထုက အမျိုးသမီးဖြစ်ကြောင်း ယောင်ဝါးဝါးသာပြောနိုင်သည် ။
သူမက ဓားအိမ်ထဲမှဓားကို ထုတ်လိုက်ပြီး မှော်အစီအရင်ဆီသို့အရှိန်တင်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အသက်နှစ်ဆယ်ရှိုက်စာ ကုန်ဆုံးသွား လေသည်။ ထိုအချိန်တွင် သုံးယောက်၏အာရုံကြောများက စူးစိုက်ပြင်းထန်လာသည်။ မှော်အစီအရင်ထဲရှိ မြူခိုးထုပေါ်မှာ သူတို့၏ အကြည့်များကို နေရာယူစေသည်။ထို့သို့ကြည့်နေသည်မှာ သူတို့သုံးယောက်တည်းတော့ မဟုတ်ပေ။ မှော်အစီအရင်အပြင်ဘက်ရှိ လူရိုင်းများသည်လည်း ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။
မိုလော၊အဆုံးသတ်ရှာမန် ပေါင်ရှန်လည်း ကြည့်နေကြသည်။
မှော်အစီအရင်အတွင်းရှိ မြူခိုးများက ပို၍ထူထပ်လာလေသည်။ ဟိန်းဟောက်သံများ နှင့် တိုက်ပွဲသံများက ကောင်းကင်ယံအထိ ကျယ်လောင်လုနီးပါး ရောက်ရှိသွားသည် ။ လေထုကိုထိုးခွင်းသွားသည့် ဓါးတစ်ချောင်းရှိသကဲ့သို့ တရွှီးရွှီးမြည်သံများလည်း ပဲ့တင်ထပ်လာသည်။
စိတ်ကျေနပ်မှုများက သုံးယောက်သား မျက်လုံးများထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ မှော်အစီအရင်၏စွမ်းအားက ၎င်း၏ စွမ်းဆောင်ရည် အပြည့်အ၀ဖြင့် လည်ပတ်နေပြီဖြစ်ကြောင်း သူတို့ ခံစားရနိုင်သည်။
“မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်ကျင့်ကြံသူဆိုရင်တောင် ဒီမှော်အစီအရင်ကို အံတုဖို့ ခက်ခဲလိမ့်မယ်. ရောင်းရင်းတို့.. ကျုပ်တို့ဝင်ရောက်ဖို့အချိန်ရောက်လာပြီ.. ဒီလူကိုသတ်ပြီးတာနဲ့ ကျုပ်တို့ရဲ့ခါးပတ်အောက်မှာကြီးမားတဲ့အောင်မြင်မှုတစ်ခုရလိမ့်မယ်...”
“ဒီလူက တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာတဲ့ ရှားရှားပါးပါး အစွမ်းထက်တဲ့ကျင့်ကြံသူပဲ.. ဒီလို အစွမ်းထက်တဲ့ကျင့်ကြံသူက ကောက်ညှင်းလမုန့်ကျွန်းမှာ သေဆုံးသွားခဲ့ရင်.. တောင်ပိုင်းအရုဏ်ဉီးနယ်မြေကသူတို့တွေက ကျုပ်တို့ကို ဘယ်ဆန့်ကျင်ရဲတော့မလဲ..”
သုံးယောက်သား ရယ်မောရင်း လက်နှစ်ဘက်ဖြင့် ချိပ်စည်းများကို စတင်ဖွဲ့စည်းကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက အနီရောင်မြူခိုးများထဲသို့ ပေါင်းစပ်သွားသည်။ထို့နောက် မှော်အစီအရင်အတွင်းသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားကြသည်။
အသက်ဆယ်ရှိုက်စာမပြည့်သေးခင် သူတို့သုံးယောက်က အနီရောင်မြူခိုးများထဲသို့ ပေါင်းစပ်သွားခဲ့သည်။မှော်အစီအရင်က တဖြည်းဖြည်းတုန်ခါလာသည်။အချိန်ကုန်ဆုံးလာသည်နှင့်အမျှ တုန်ခါမှုများ ပိုမိုပြင်းထန်လာသည်။ ၎င်းက နယ်မြေတစ်ဝိုက်ရှိလူရိုင်း၏ စိုးရိမ်စိတ်များကြားမှ မျှော်လင့်တကြီး စောင့်စား စေသည်။ထို့နောက် ၎င်းတို့၏ မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သောသဘောထားတို့ ဝင်ရောက်လာခဲ့သည်။
မှော်အစီအရင်မှ ရုတ်တရက် ပေါက်ကွဲသံထွက်လာပြီး လူအုပ်ကြီး၏မျှော်လင့်ချက်အကြည့်များအောက်တွင် အနီရောင် အလင်းလွှာများပေါ်တွင် အက်ကွဲအက်ကြောင်းများကို တွေ့လိုက်ရသည်။ ထိုအက်ကွဲကြောင်းများ ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် မှော်အစီအရင်က ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။
ပေါက်ကွဲနေစဉ် ထိုအတွင်းမှ ပုံရိပ်သုံးခု ထွက်လာသည်။ ဖြစ်စဉ်တစ်ခုလုံးကို မမြင်မီမှာပင် လူရိုင်းများက သူတို့နိုင်ပြီအထင်နှင့် စတင်ရယ်မောကြသည်။ နာကျင်စွာအော်ဟစ်သံကြီးက ဤလူများအတွင်းမှ ထွက်ပေါ်လာပြီးနောက် ထိုကြောက်လန့်မှုမှာ သူတို့မျက်နှာပေါ်တွင် အကြောက်တရားများထင်ဟပ်လာကြသည်။
မှော်အစီအရင်ထဲက သုံးယောက်သား ပြေးထွက်လာကြောင်းကို သူတို့တွေ့လိုက်ကြပြီး အော်ဟစ်သူမှာ နောက်ဆုံးထွက်လာသော အဘိုးကြီးပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် မလှမ်းမီတွင် လက်တစ်ဖက်က ချက်ချင်းပင် ထွက်လာပြီး သူ့လည်ပင်းကို လှမ်းညှစ်လိုက်သည်။ သူအော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်ချည်းပေါက်ကွဲသွားပြီး လေထဲတွင် ပျံဝဲ နေသော အသားအပိုင်းအစများ ဖြစ်သွားသည်။ ထိုအချိန်တွင် စုမင်က ပြိုကျနေသော မှော်အစီအရင်
ထဲမှ ထွက်လာခဲ့သည်။
စုမင်က သူ့လက်ပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူပြန်ပေါ်လာပြီး ပေါက်ကွဲနေသော မှော်အစီအရင်က နယ်မြေတစ်ခုလုံးကို ပျံ့နှံ့နေသော မြူခိုးများမှ ယူဆောင်သွားလေသည်။ထို့နောက်သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲရှိလှံရှည်ကို ပစ်ချလိုက်သည်။ တုန်လှုပ်ချောက်ချားပြီး မျက်နှာဖြူဖျော့သွားသော အခြားအဘိုးအိုကို လှမ်းဖမ်းလိုက်သည် ။ ထိုစဉ် လှံက သူ့ရင်ဘတ်ကို ထိုးဖောက်ပြီး အသက်ရှုရပ်သွားစေသည် ။
စုမင် ပျောက်သွားပြီး ပြန်ပေါ်လာသောအခါတွင် မျက်လုံးအပြူးသားဖြစ်နေသော ကောင်လေးရှေ့တွင် ရပ်နေပြီဖြစ်သည်။ မြူခိုးထဲမှာ သူမြင်ခဲ့ရသည်များကို ဘယ်တော့မှ မမေ့ပေ။
ဆရာဘိုးဘိုးမိုလောမှ ကိုယ်တိုင်ခန့်အပ်ထားသည့် ဓါးရှည်ကိုင်ထားသောမြင့်မြတ်သောစစ်သည်တော်၊ အမျိုးသမီးက စုမင်ရှေ့၌ ရပ်နေစဉ် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ထိုဝမ်နည်းကြောက်ရွံ့နေသောအနေအထားကို စုမင်မမြင်အောင်အတင်းဖုံးဖိထားလေသည်။
ဤလူက မြူခိုးများအတွင်းရှိ တည်ရှိမှုအားလုံးကို ချက်ချင်းသေကြေသွားအောင်ပြင်းထန်သောဖိအားတစ်ခုဖန်တီးခဲ့သည်။ ဤလူက အကြည့်တစ်ချက်ကိုသုံးရင်း ဖန်တီးပုံကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။ ထိုကောင်လေးက ထိုအကြည့်တွင်ရှိသော လွန်ခဲ့သည့်အခိုက်အတန့်နှင့် လုံးဝခြားနားသည့် ခံစားချက်ကိုပင် ခံစားခဲ့ရဖူးသည်။
ထိုအကြည့်မှာ ဒေါသများရောပြွန်းနေလေသည်။
သီးခြားဆန်မှုနှင့် သွေးဆာမှုတို့က ကျွန်းသို့မရောက်မီနှင့် မှော်အစီအရင်သို့ဝင်ရောက်ပြီးနောက် ဤလူ၏မျက်နှာတွင် မြင်နိုင်သောအရာများဖြစ်သည်။ ကောင်လေးက ပြတ်ပြတ်သားသား မှတ်မိနေနေလေသည်။
ထိုအကြည့်မှာ ဒေါသထွက်နေပုံရသည်။
ကောင်းကင်ကြီးကိုတောင် လောင်ကျွမ်းသွားစေနိုင်သော ဒေါသတစ်ခုပဲ ဖြစ်သည်။
ထိုဒေါသအောက်တွင် မှော်အစီအရင်တစ်ခုလုံးပျက်စီးသွားပြီး အတွင်းမှ မြူများ နောက်ပြန်ဆုတ်သွားသည်။ ထိတ်လန့်တုန်လှုပ်သွားကာ သုံးယောက်သား ချက်ချင်းပြန်ဆုတ်ရန် ရွေးချယ်လိုက်သော်လည်း ချက်ခြင်းတွင် သူတို့နှစ်ဦးသေဆုံးသွားကာ ကောင်လေးက အဝေးကိုမပြေးမီ စုမင်က သူ့ဆီသို့ ဒေါသတကြီး လျှောက်လာသည်။
“ဆရာဘိုးဘိုး ..ကျွန်တော့် ကိုကယ်ပါ...”
ကောင်လေးက ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်ပြီး အပြင်းအထန်ဆုတ်ခွာသွားသော်လည်း စုမင် ထုတ်လိုက်သောဘယ်ဘက်လက်ကို မရှောင်နိုင်ခဲ့ပေ။
ကောင်လေးက အော်ဟစ်ပြီးခါနီးမှာ သူ့ငိုသံက ချက်ချင်းတိတ်သွားသည်။ စုမင်၏ ဘယ်ဘက်လက်ညိုးသည် သူ့မျက်ခုံးအလယ်ဗဟိုတွင် စိုက်ဝင်သွားပြီး စုမင်စွမ်းအားအောက်တွင် ကောင်လေးက ပေါက်ကွဲသွားလေသည်။ ထို့နောက် စုမင်၏ အဖြူရောင်၀တ်ရုံ များ ကို သွေး နီ ရောင် ဆိုး စေသည် ။
အနီရောင် မြူခိုးများက မြေပြင်ကို ဖြတ်ကျော်လာသောအခါ အနီးတဝိုက်ရှိ လူရိုင်းများက ၎င်းတို့၏ ကြောက်ရွံ့မှုအလယ်တွင် အသဲအသန် ကွဲလွင့်သွားကြသည်။ စုမမင်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ် မုန်တိုင်းဟု လူသိများသော မုန်တိုင်းကို နှိုးဆော်ခဲ့သည်။ ထိုအချိန်တွင် သူတို့၏ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိနေသည်။ သေခြင်းတရားကို မကြောက်ဟန်မဆောင်နိုင်တော့ဘဲ သူတို့လုပ်နိုင်သောတစ်ခုတည်းသောအရာမှာ ထွက်ပြေးခြင်းသာဖြစ်သည်။
သူတို့၏ ရက်စက်ကြမ်းကြုတ်မှုက အားနည်းသူများကိုသာ ရည်ရွယ်ပြီး ကြောက်ရွံ့မှုများက ဒီရေကဲ့သို့ ၎င်းတို့၏ စိတ်နှင့် ဝိညာဉ်များကို လုံးလုံးလျားလျား နစ်မြုပ်သွားစေခဲ့သည်။
ကောက်ညှင်းလမုန့်ကျွန်းသည် သွေးမြစ်များဖြင့် စီးဆင်းနေပြီဖြစ်သည်။ ထိုအချိန်တွင်၊း စုမင်က သူ့ပတ်ဝန်းကျင်တွင် အသက်လု၍ အရူးအမူးထွက်ပြေးနေသော လူရိုင်းများကို မကြည့်ပေ။ ယင်းအစား ကျွန်းတောင်ပေါ်ရှိ ဘုရားကျောင်းဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
သူ ကျွန်း ပေါ်သို့ရောက်လာသည်နှင့် ထိုဘုရားကျောင်းထဲမှာ မယုံနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုကို တွေ့လိုက်ရသည်။ သူ၏လှံရှည်ပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့် ဘုရားကျောင်းရှ်ိရာသို့ လျှောက်သွားသည်။
ဖယောင်းနဂါးက ထွက်ပြေး လာ သော လူ များ ကို လိုက် ပါ လိမ့် မည် ။ စုမင်က သူတို့ကို သိပ်အနှောက်အယှက် ပေးစရာ မလိုပေ။
သူ မြန်မြန် လမ်းလျှောက်ပြီး အလျင်မလိုခဲ့ပေ။ သူသည် တောင်ပေါ်ရှိ ဘုရားကျောင်းဆီသို့ အေးဆေးစွာဖြင့် ချဉ်းကပ်ခဲ့သည်။ သူ့အောက်ရှိ မြေပြင်က သွေးစိမ်းများဖြင့် ဖုံးလွှမ်းနေပြီး အနံ့အသက်များက လေထဲတွင် ပျံ့နှံ့သွားလေသည်။ထို့နောက် ကျွန်းတစ်ဝိုက်မရဏ ပင်လယ်မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးများ ပေါ်လာသည်။ လေထုထဲက သွေးနံ့များက ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များကို နေရာအနှံ့ ဆွဲဆောင်နေသကဲ့သို့ပင်ဖြစ်သည်။
သို့သော်လည်း ဤရက်စက်ကြမ်းကြုတ်သော သားရဲများက အနီးနားသို့ မချဉ်းကပ်ဝံ့ဘဲ ကျွန်းတဝိုက်တွင်သာ လှည့်လည်သွားလာကြသည်။ သူတို့မှာ အသိဥာဏ် အများကြီးမရှိသော်လည်း ထိုသွေးနံ့များဖြစ်ပေါ်လာစေခဲ့သည့် သတ်ဖြတ်လိုစိတ်ရောင်ဝါကြီးကို ကောင်းကောင်းခံစားနိုင်သေးသည်။
ကောင်းကင်က အမှောင်ထုကြီးစိုး နေနေပြီး မိုးကလည်း အဆက်မပြတ် ရွာသွန်းနေလေသည်။စုမင် ပြောခဲ့သလိုပင် သူ ဤနေရာမှ ထွက်သွားသည့်အခါ ဤကျွန်းပေါ်တွင် စီးဆင်းနေသော သွေးမြစ်သာ ရှိမည်။ ဤနေရာကအရှေ့မြေရိုင်းနယ်မြေအတွက် သတိပေးချက်တစ်ခု ဖြစ်လာလိမ့်မည် ။
သူလမ်းလျှောက်နေစဉ်၊ တစ်ချိန်က သက်ဝင်လှုပ်ရှားခဲ့သော ကောက်ညှင်းလမုန့်ကျွန်းက ယခုအခါ မရဏအ ငွေ့အသက်များဖြင့် ပြည့်နေသည်။ မှော်အစီအရင်မှ မြူများ လွင့်စင်သွားသောအခါတွင် အမျိုးသမီးတစ်ဦးသာ မြေပြင်ပေါ်တွင် ဝပ်နေခဲ့သည်။ သူ့ဘေးမှာ ဓားရှည်ကြီးရှိနေလေသည်။
အမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူမ၏ တုန်တုန်ယင်ယင်နေသော ခန္ဓာကိုယ်သည် သူမ၏ စိတ်ထဲတွင် ရုန်းကန်ပြီး တွန်းလှန်နေသော တစ်စုံတစ်ခုကို ဖြစ်ပေါ်စေကာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မှော်သက်ေတတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ထို မှော်သင်္ကေတက တဖြည်းဖြည်း ကွဲအက်လာသည်...
စုမင်၏ အမူအရာမှာ မည်းမှောင်နေပြီး သူ့မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေ၏။ သေသွားသောကောင်လေးကြောင့်ဒေါသထွက်ခြင်းမဟုတ်ပေ။ စုမင်က အမှန်တကယ်ပင် ဒေါသဖြစ်နေပြီး သူ၏ ဒေါသအရင်းခံက ထိုအမည်မသိ အမျိုးသမီးထံမှ လာခြင်းဖြစ်သည်။
ထိုပုံရိပ်နှင့် ရင်းနှီးသည်။ သူ သူမကို ကောင်းစွာ သိလေသည်။ထို့နောက် သူမကို ဤနေရာ၌ တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စုမင်က ဘုရားကျောင်း ပင်မတံခါးရှေ့တွင် ရပ်လိုက်သောအခါတွင် မိုးကြိုးကဲ့သို့ မည်းမှောင်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသော အမာရွတ်ရှိသော အဘိုးအိုကို အေးစက်စွာ ပြန်စိုက်ကြည့်လေသည်။ သူ့ဘေးနားရှိ သက်လတ်ပိုင်းအရွယ်လူ ကိုပါကြည့်နေလေသည်။
စုမင်က စကားမပြောပေ။ သူ၏ညာလက်မှ လှံရှည်ကြီးကို ဖြည်းညှင်းစွာ ကိုင်လိုက်ပြီး ဘုရားကျောင်းရှိ လူနှစ်ယောက်ဆီသို့ ၎င်း၏ ထိပ်ဖျားကို ညွှန်ပြလိုက်သည်။
အဘိုးအို၏ မျက်နှာက မည်းမှောင်လာကာ မတ်တပ်မရပ်မီ သူ၏ညာလက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။ သူက မတ်တပ်ရပ်လိုက်သောအခါတွင် မယုံနိုင်လောက်အောင် အရပ်မြင့်ပြီးပြင်းထန်သော ဖိအားတစ်ခု သူ့ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားသည်။ သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေ လေသည်။
“ငါ့ရဲ့ရှာမန်သူငယ်ချင်း ပေါင်ရှန်.. မင်း ဒီလူကို သတ်ရင် မင်းရဲ့ လွတ်လပ်မှုကို ပြန်ပေးမယ်...”