အာဏာပြခြင်း
Vol. 48 Ch. 652
ချင်မူမှာ ကြားလိုက်ရသည့်အသံကြောင့် မှင်သက်သွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူက ပထမလူသားဧကရာဇ်ဆီသို့ ပြောလိုက်သည်။ “ဒီကလေးတွေ ခေတ်တစ်ခေတ်စီရဲ့ သမိုင်းတွေကို ရွတ်ဖတ်နေကြတာပဲ... ‘နဂါးဟန်၏ ကောင်းကင်ဘုံသုံးဘုံ’ဆိုတာ နဂါးဟန်ခေတ်က ကောင်းကင်ဘုံသုံးဘုံအဖြစ် ကွဲထွက်သွားတယ်လို့ ပြောချင်တာမဟုတ်လား... ‘ချိမင်က နှစ်ခုကွဲ’ ဆိုတာ ချိမင်ခေတ်က အနောက်ချိမင်နဲ့ အရှေ့ချိမင်ရှိတဲ့ သဘောမလား”
ပထမလူသားဧကရာဇ်လည်း တုန်လှုပ်သွားသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “ ‘မြောက်နဲ့ တောင် ချုံဧကရာဇ် တည်ထောင်သည်’က ချုံဧကရာဇ်ခေတ်အတောအတွင်း အပြောင်းအလဲအကြီးအကျယ် ဖြစ်ခဲ့ပြီး အနောက်ချုံဧကရာဇ်ခေတ်နဲ့ တောင်ချုံဧကရာဇ်ခေတ်လို့ နှစ်ခေတ်ကွဲသွားတာ ဖြစ်လောက်တယ်... ‘တစ်မျိုးဆက်တည်း ခိုင်ဧကရာဇ်’ကတော့.....”
သူက ခါးသီးစွာ ပြောလိုက်လေသည်။ “ငါ့ခိုင်ဧကရာဇ်ခေတ်မှာ ခိုင်ဧကရာဇ်မျိုးဆက်တစ်ဆက်ပဲ ရှိခဲ့တဲ့အကြောင်း ပြောတာပဲ... ချိမင်နတ်ဘုရားသားတော်က နတ်ဘုရားတွေ စေလွှတ်ပြီး သတင်းတွေ စုံစမ်းနေတာဖြစ်မယ်... အဲဒါကြောင့် ခေတ်တိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအကြီးကြီးတွေကို သူ သိနေတာ... အဲဒီအဖြစ်အပျက်တွေကို ကဗျာစာသားလို ချရေးပြီး ကလေးတွေဆီ သင်ပေးနေတာဖြစ်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ချိမင်နတ်ဘုရားသားတော်က ပုန်းနေပေမယ့် ဒီအချက်အရဆို သူများတွေနောက် ကျကျန်ခဲ့ချင်တဲ့လူ မဟုတ်ဘူး... သူက အပြင်လောကကို မျက်စိဒေါက်ထောက် ကြည့်နေတော့ တစ်ခုခု ကြံစည်ထားတာပဲ ဖြစ်လောက်တယ်”
သီးသန့်ကျောင်းထဲရှိ ကလေးများက ခေါင်းကလေးများ ယိမ်းကာ ရွတ်နေကြသည်။ “ဂူထဲရောက်တာ ခုနစ်ရက်ပဲ ရှိ... လေးဆယ့်ကိုးရက်က..”
သူတို့နှစ်ယောက်သား ချောင်းနားထောင်ရန် ပြင်လိုက်သော်လည်း သီးသန့်ကျောင်းထဲရှိ ဆရာက သူတို့ကို သတိထားမိသွားသည်။ သူက ကလေးများကို ရပ်ခိုင်းပြီး အပြင်ထွက်လာ၏။ ဤလူများတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မရှိကြောင်း မြင်သည့်အခါ အတန်ငယ် စစ်ဆေးမေးမြန်းပြီး မောင်းထုတ်လိုက်လေသည်။
ချင်မူ စဉ်းစားကာ ပြောလိုက်သည်။ “ဂူထဲရောက်တာ ခုနစ်ရက်ပဲရှိ.... ဘာအဓိပ္ပါယ်များလဲ”
ပထမလူသားဧကရာဇ်က ပြောသည်။ “ဂူရဲ့အဓိပ္ပါယ်က သုခဘုံလို ဆိုလိုတယ်... ဒီချိမင်ရွှမ်ခုံးကမ္ဘာဆီ ငါတို့ရောက်လာတော့ ဗလာတွင်းနက်ကြီးကို ဖြတ်သန်းခဲ့ရတယ်မဟုတ်လား... ဒီနေရာကို သုခဘုံလို့ ပြောလို့ရတယ်... ကောင်းကင်ဆရာသခင် ငါ့ကို ဒီဇာတ်လမ်း တစ်ခါပြောပြဖူးတယ်... တစ်ခါတုန်းက သစ်ခုတ်သမားတစ်ယောက်က ကျောက်သားအခန်းတစ်ခန်းထဲမှ လူတွေ စစ်တုရင်ကစားနေသံကြားလို့ အထဲဝင်သွားတယ်တဲ့... အဲဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတဲ့ လူငယ်နှစ်ယောက် ဖြစ်နေတယ်... သူက တချို့ တစ်ပွဲကစားပြီးတဲ့အထိ ရပ်ကြည့်ပြီး ပြန်တော့မယ့်အချိန်မှာ သူ့ပုဆိန် ဆွေးနေတာကို သတိထားမိလိုက်တယ်... သစ်ခုတ်သမား တောင်အောက် အမြန်ပြေးဆင်းကြည့်တော့ အချိန်တွေ ပြောင်းလဲသွားတယ်တဲ့လေ.... လူပြည့်မှာ နှစ်ပေါင်းရာနဲ့ချီ ကုန်သွားခဲ့ပြီ... ဒီလိုနေရာမျိုးကို သုခဘုံငယ်လို့ ခေါ်တယ်”
“စစ်တုရင်ကစားပွဲ ကြည့်နေတဲ့ သစ်ခုတ်သမားတဲ့လား”
ချင်မူ ပြုံးလိုက်မိသည်။ “ဒီသစ်ခုတ်သမားက ကောင်းကင်ဆရာသခင်ကိုယ်တိုင် ဖြစ်နေမလားပဲ... ကျွန်တော် ရုတ်တရက်တောင် သတိရမိတယ်... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်လည်း သစ်ခုတ်သံကြားလို့ သွားကြည့်တယ်... သူ့ကြည့်နေတဲ့အချိန်မှာ နှစ်တစ်ရာကြာသွားတယ်တဲ့.... သစ်ခုတ်သမားရဲ့ ဇာတ်လမ်းက ဒီဇာတ်လမ်းနဲ့ အတော်လေး ဆင်တယ်”
ပထမလူသားဧကရာဇ်က သေသေချာချာ ပြန်တွေးကြည့်သည်။ “ကောင်းကင်ဆရာသခင်ရဲ့ ဇာတ်လမ်းထဲက သစ်ခုတ်သမားက တကယ်ပဲ သူ ဖြစ်လောက်တယ်... ငါ သိပ်မတွေးမိခဲ့ဘူး.. ရွှမ်ခုံးကမ္ဘာက သုခဘုံတစ်ခုပဲ... ဒီနေရာရဲ့ အချိန်စီးဆင်းမှုက အပြင်နဲ့ မတူလောက်ဘူး”
“ရွှင်ပျော်ပျော်ကျေးရွာကရော... ရွှင်ပျော်ပျော်ကျေးရွာလည်း သုခဘုံပဲလား” ချင်မူ မေးလိုက်မိသည်။
ပထမလူသားဧကရာဇ်က ပြောသည်။ “ငါ အဲဒီကို တစ်ခါမှ မရောက်ဖူးဘူး... အဲဒီတုန်းက ခိုင်ဧကရာဇ်က ကောင်းကင်လုပ်သားမျိုးနွယ်စုကို ရွှင်ပျော်ပျော်ကျေးရွာ တည်ဆောက်ခိုင်းခဲ့ပြီး သတင်းလည်း မပေါက်ကြားခဲ့ဘူး... နောက်မှ အဲဒီလိုနေရာရှိမှန်း လူတွေ သိလာကြတာ... ရွှင်ပျော်ပျော်ကျေးရွာက တည်ဆောက်ထားတာဆိုတော့ သုခဘုံမဟုတ်လောက်ဘူး”
သူတို့ ဘေးနန်းဆောင်ထဲသို့ ဝင်လိုက်သည့်အခါ ဤနေရာ၏ အစေခံများတွင်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိနေကြောင်း မြင်လိုက်ရသည်။ စားဖိုမှူးတစ်ယောက်အနေဖြင့် ဟင်းချက်သည့်အခါ အိုးခြောက်အိုး ကြော်နိုင်လေသည်။ အစေခံမိန်းကလေးများက ဟင်းပွဲများပြင်ဆင်သည့်အခါ သူတို့လက်တွင် ပန်းကန်ခြောက်ပန်းကန် သယ်နိုင်၍ လျင်မြန်စွာ ချပေးနိုင်၏။
“ချိမင်ခေတ်ရဲ့ ကျင့်စဉ်တွေကိုသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လက်ဆင့်ကမ်းပေးလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စီးပွားရေး ခုန်ပျံတက်သွားလိမ့်မယ်”
ချင်မူ့မျက်ဝန်းများ တောက်ပလာပြီး သူက ပထမလူသားဧကရာဇ်ကို ပြောလိုက်သည်။ “ပါးစပ်သုံးပေါက်နဲ့ အစာစားရင် ဗိုက်ဝ မြန်မယ်... အလုပ်လုပ်ဖို့ အချိန်ပိုထွက်လာမယ်... လုပ်အားကလည်း လူသုံးယောက်လုပ်အားနဲ့ ညီမျှမယ်”
ပထမလူသားဧကရာဇ်က သတိပေးသည်။ “မင်းစကားပြောပုံက ကောင်းကင်ဆရာသခင်နဲ့ တစ်ပုံစံတည်းပဲ... သူ့လမ်း မလျှောက်မိစေဖို့ သတိထား... ကောင်းကင်ဆရာသခင်က ပြည်သူတွေနဲ့ တခြားအရာတွေအပေါ် အချိန်ပေးလွန်းတော့... သူ့သိုင်းအဆင့်က ဘယ်တော့မှ မတိုးတက်လာခဲ့ဘူး”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မပူပါနဲ့ ကျွန်တော် ခင်ဗျားရဲ့လမ်းကိုရော၊ သူ့လမ်းကိုပါ မလျှောက်ပါဘူး... ဒီမှာပဲနေ မလှုပ်နဲ့.... ဆေးပင်တချို့ သွားဝယ်ပြီး ခင်ဗျားရဲ့ဒဏ်ရာတွေ ကုပေးမယ်”
“သူနဲ့ ငါ့ရဲ့လမ်းတဲ့လား....” ပထမလူသားဧကရာဇ် ရင်နာသွားပြီး စိတ်ဓာတ်ကျသွားပြန်သည်။
ဤအချိန်တွင် နတ်ဘုရားတစ်ပါးက တွေ့ခွင့်တောင်းသည်။ “နတ်ဘုရားသားတော်က သံတမန် ဒဏ်ရာရထားတဲ့အကြောင်း ကြားလို့ ဆေးဆက်သခိုင်းလိုက်ပါတယ်...” ဤသို့ပြောပြီးနောက် သူက ကျောက်စိမ်းပုလင်းလေးများ ပြည့်နေသော ကျောက်စိမ်းလင်ဗန်းတစ်ခုအား ဆက်သသည်။
“ကျေးဇူးအများကြီးတင်ကြောင်းပါ”
ချင်မူ ကျောက်စိမ်းပုလင်းများကို လက်ခံ၍ အဖုံးဖွင့်ကာ အနံ့ရှူကြည့်လိုက်သည်။ ဆေးလုံးထဲ၌ သုံးထားသော ဆေးပင်အားလုံး သူ သိလိုက်၏။ ဖော်စပ်နည်းပင် သူ့အတွက် ရှင်းလင်းထင်ရှားနေသည်။ ဤဆေးလုံးများက ပထမလူသားဧကရာဇ်၏ ဒဏ်ရာများကို ကုသပေးနိုင်သော ဆေးလုံးများမှ ဖော်စပ်ထားခြင်း ဖြစ်လေသည်။
“ချိမင်နတ်ဘုရားသားတော်က ချက်ချင်း အာဏာမပြဘဲ ဒီဆေးတွေ ပေးခဲ့တယ်.... မထင်မှတ်ထားစရာပဲ”
ချင်မူ ခပ်တိုးတိုး ရေရွတ်မိလိုက်၏။ “အပေးအယူမှာ အသာစီးရဖို့ ချိမင်နတ်ဘုရားသားတော်က ငါတို့ကို သေချာပေါက် ရိုက်ချလိမ့်မယ်... ဒါပေမဲ့ သူ့အမူအကျင့်က ထူးခြားတယ်... ဆေးတွေ ဆက်သတဲ့အပြင် ဆေးအစစ်တွေပဲ အတုတောင်မဟုတ်ဘူး.. ချိမင်နတ်ဘုရားသားတော်က ဂုဏ်သတင်းအတိုင်း သိက္ခာရှိပါပေတယ်... ချိရှီ သူ့ကို သစ္စာရှိတာ မထူးဆန်းဘူး”
လင်ယွိရှို့ စပ်စုကြည့်လိုက်သည်။ “ဒီဆေးလုံးက အဆိပ်မခံထားရဘူးမလား”
ချင်မူ ခေါင်းယမ်းပြလိုက်၏။ “အဆိပ်သာ ပါရင် ငါ သိမှာပါ... ငါကိုယ်တိုင် ဆေးပင်တွေ ရှာပြီး ဆေးဖော်ရင်တောင်မှ ဒီဆေးလုံးတွေပဲ ထွက်လာမှာ... ပထမဘိုးဘေးကြီး၊ ဒီဆေးလုံးကို စိတ်ချလက်ချသာ စား... ချိမင်နတ်ဘုရားသားတော်က စိတ်နေမြင့်တယ်... ဒီနေရာမှာ အကောက်ကြံမှာ မဟုတ်ဘူး”
ပထမလူသားဧကရာဇ်က ချင်မူ့ကို ယုံ၍ ချင်မူပေးသည်နှင့် တမုဟုတ်ချင်း စားလိုက်သည်။ တခဏကြာသော် သူက တအံ့တဩ ပြောလေသည်။ “တကယ့် ဆေးအစစ်တွေပဲ”
ချင်မူက သက်ပြင်းချလိုက်၏။ “ချိမင်နတ်ဘုရားသားတော်က ခပ်လွယ်လွယ်တော့ မဟုတ်ဘူးပဲ... ကျွန်တော်တို့ကို ရောက်ရောက်ချင်း အနိုင်ပိုင်းလိုက်ရင်တောင် ရင်ဆိုင်ရ လွယ်ကူဦးမယ်”
.....
နန်းစိုက်မြို့တော်ထဲတွင်
ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်သည် ကျောနောက်လက်ပစ်လျက် တံတားတစ်စင်း၏ အဆုံး၌ ရပ်နေ၏။ သူက တံတားအောက်၌ ကူးခတ်နေသော ခေါင်းသုံးလုံး၊ ဆူးတောင်ခြောက်ခုငါးများကို ကြည့်နေသည်။ ဤလူကား ကျန်ရှိသူများနှင့် မတူပေ။ သာမန်လူတစ်ယောက်သဖွယ် ခေါင်းတစ်ခေါင်းနှင့် လက်နှစ်ဖက်သာ ရှိသည်။ ချိရှီလို ခေါင်းသုံးခေါင်းနှင့် လက်ခြောက်ဖက် ပေါက်မနေ။
သူ့ကိုယ်ပေါ်ရှိ ခပ်ဖျော့ဖျော့ အစိမ်းရောင် ဝတ်ရုံက ခန္ဓာကိုယ်နှင့် ချပ်ချပ်ရပ်ရပ် ရှိနေသည်။ ဝတ်ရုံက အရည်အသွေးကောင်းမွန်သော်လည်း အလွန်အကျူး တန်ဆာဆင်မထားပေ။ ကော်လံတွင်သာ အနည်းငယ် ပုံဖော် ပန်းထိုးထား၏။
သူ့မျက်လုံးက ဝိုင်းစက်ပြီး လင်းလက်နေသည်။ သူ၏မျက်ခုံးနှစ်ဖက်အလယ်၌ ရွှေရောင်အလင်းတစ်စက်က ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေသယောင် ထင်ရသည်။
သူ၏မျက်လုံးနှစ်လုံးက လက်သုံးချောင်း၊ လေးချောင်းစာ ဝေးကွာ၏။ သူ၏နားနှစ်ဖက်က သာမန်လူများထက် ပိုရှည်သည်။ မျက်နှာမှာတော့ မုတ်ဆိတ်မွှေးမရှိ ရှင်းလင်းတောက်ပြောင်နေသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မောင်မင်း မဟာမိတ်ဖွဲ့ခဲ့တာ မဆိုးဘူး.. အနည်းဆုံးတော့ ဒီသုခဘုံထဲ နေရတာထက် အများကြီး ပိုကောင်းတဲ့ နေရာတစ်နေရာ ရှိလာတာပေါ့”
ချိမင်နတ်ဘုရား၏ တည်ငြိမ်အေးဆေးစွာ ပြောသည်။ “တွန်းအားမရှိရင် နိုင်ငံတစ်နိုင်ငံ သေဆုံးရတယ်... ရွှမ်ခုံးကမ္ဘာဖြစ်နေတာ အဲဒီလိုပဲ... ငါတို့ ဒီကို ရောက်နေတာ နှစ်ပေါင်းငါးသောင်းရှိပြီ ... ရောက်လာကတည်းက ရန်သူတွေနဲ့ မရင်ဆိုင်ခဲ့ရဘူး... ဟိုတုန်းက စစ်နတ်ဘုရားတွေကလည်း တိုက်ခိုက်လိုစိတ်၊ တိုးတက်လိုစိတ် မရှိတော့တဲ့ သိုးအိုကြီးတွေ ဖြစ်နေကြပြီ... နောင်လာနောက်သားတွေအတွက် ငါ စိတ်ပူမိတယ်... ငါတို့မျိုးဆက် ဒီရွှမ်ခုံးကမ္ဘာထဲမှာပဲ နေရင် ဘယ်တော့မှ ဦးပြန်မော့နိုင်မှာမဟုတ်တော့ဘူး... ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်သုံးထောင်က ခိုင်ဧကရာဇ်ကို ရှာဖို့ မောင်မင်းကို လွှတ်ခဲ့တာ... အဲဒီအချိန်တုန်းကတည်းက ခိုင်ဧကရာဇ်ခေတ်ဆီ ပြောင်းရွှေ့ဖို့ ငါ ပြင်ဆင်နေခဲ့ပြီးပြီ... ခိုင်ဧကရာဇ်ဆီမှာတောင် အညံ့ခံတော့မလို့ပဲ.... ခိုင်ဧကရာဇ် ဒီလောက်မြန်မြန် ရှုံးနိမ့်သွားမယ် မထင်ခဲ့ဘူး”
ချိရှီက ပြောသည်။ “ကျွန်တော် အပြင်ထွက်နိုင်တဲ့အချိန်မှာ ခိုင်ဧကရာဇ်ခေတ် သုတ်သင်ခံလိုက်ရပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ် ဖြစ်နေတာ တွေ့ခဲ့ရတယ်..... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာ အားသာချက်တွေ ရှိတယ်... ဧကရာဇ်ယန်ဖုန်းက ကျွန်တော့်ကို ကျောင်းတွေ ဖွင့်ခွင့်ပေးခဲ့ပြီး သူတို့ရဲ့ကောင်းကင်နတ်သိုင်းတွေကိုလည်း ချိမင်မျိုးဆက်ဆီ သင်ကြားခွင့်ပေးခဲ့ပါတယ်”
နတ်ဘုရားသားတော် အံ့အားသင့်သွားသည်။ “ဧကရာဇ်ယန်ဖုန်းမှာ အင်မတန် ကြီးမြတ်တဲ့ စိတ်နှလုံးသား ရှိတာပဲ”
ချိရှီ ခေါင်းညိတ်လိုက်သည်။
ချိမင်နတ်ဘုရားသားတော်က အပြုံးတစ်ခုဖြင့် ပြောသည်။ “နှမြောစရာပဲ... ခိုင်ဧကရာဇ်က သေဆုံးသွားပေမယ့် မပျောက်ကွယ်သေးဘူး... ကောင်းကင်နတ်ဘုံက သူတို့ကို မျက်ခြည်မပြတ်ကြည့်ပြီး အင်အားကြီးလာခွင့် ပေးမှာမဟုတ်ဘူး... အဲဒီရောက်သွားတုန်း ဖန်ဆင်းကောင်းကင်စက်ကွင်းကို တွေ့ခဲ့လား... မောင်မင်း ပြန်ယူလာခဲ့သေးလား”
ချိရှိ ရင်ထဲ ထိတ်သွားပြီး ခေါင်းယမ်းလိုက်သည်။ “ချင်မျိုးရိုးနဲ့ လူယုတ်မာက အဲဒီကောင်းကင်စက်ကွင်းကို ယူသွားပါတယ်”
ချိမင်နတ်ဘုရားသားတော်က သူ့ကို စိုက်ကြည့်သည်။ သူက စကားလုံးတစ်လုံးချင်းစီကို ဖိ၍ ဖြည်းဖြည်းချင်း ပြောလေသည်။ “ဒီရတနာရဲ့ စွမ်းအားကို မောင်မင်း သတိမထားမိခဲ့ဘူးလား”
ချိရှီ အလွန်အရှက်ရသွားပြီး ခေါင်းယမ်းပြလိုက်သည်။ “ကျွန်တော် မတွေးခဲ့မိပါဘူး... အဲဒီကောင်လေး အသုံးပြုမှပဲ နောင်တရခဲ့မိပါတယ်”
ချိမင်နတ်ဘုရားသားတော်က သက်ပြင်းချသည်။ “မောင်မင်း အပြစ်လည်း မဟုတ်ပါဘူး... မောင်မင်းက တစ်ဖြောင့်တည်း တွေးလွန်းတယ်... ဘယ်လို ကွေ့ကောက်ရမလဲ မသိဘူး... အဲဒီကောင်လေးက ပါရမီရှင်လေးပဲ... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တစ်ယောက်မဟုတ်လား”
ချိရှီ ကပျာကယာ ပြောလိုက်မိသည်။ “နတ်ဘုရားသားတော်က အမှန်တကယ် အမြင်စူးရှပါပေတယ်”
“ဒါ အမြင်စူးရှတာမဟုတ်ဘူး... ငါသာ ဧကရာဇ်ယန်ဖုန်းဆိုရင် သူ့လို ထက်မြက်တဲ့လူကို လွှတ်မှာပဲ”
နတ်ဘုရားသားတော်က ငါးစာတချို့ ကြဲလိုက်သည်။ “သူနဲ့ တိုက်ခိုက်ရင် မောင်မင်း နစ်နာလိမ့်မယ်”
ချိရှီ အရှက်ရသွားပြီး နီရဲနေသောမျက်နှာဖြင့် ပြောလိုက်သည်။ “ကျွန်တော်မျိုး တုံးအပါတယ်...”
“မောင်မင်းက တုံးအတာမဟုတ်ဘူး.. ထက်မြက်သင့်သလောက် မထက်မြက်သေးတာ”
ချိမင်နတ်ဘုရားသားတော်က ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက အင်မတန် သိုင်းစွမ်းအားမြင့်မားတဲ့ လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့တယ်ဆို... သူ့လက်ရှိအဆင့်က ဘာလဲ”
ချိရှီ ပြောလိုက်၏။ “သူက မကြာသေးမီကမှ သေခြင်းရှင်ခြင်းအဆင့် ဝင်ရောက်သွားတာပါ”
ချိမင်နတ်ဘုရားသားတော်က တခဏ စဉ်းစားပြီး ပြောလိုက်သည်။ “သူ့ကို ခေါ်လိုက်... ဒီကမ္ဘာပေါ်ရှိတဲ့ သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး စုဝေးဖို့ အမိန့်ထုတ်ချည်.... နန်းတော်ဆီ လာခိုင်းလိုက်”
ချိရှီမှာ သူ၏ရည်ရွယ်ချက်ကို နားမလည်၍ နတ်ဘုရားသားတော်က ရှင်းပြသည်။ “ငါ ဓားတစ်လက်လိုတယ်... ငါတို့လူတွေရဲ့ စိတ်ဓာတ်အားမာန်တွေကို လှုံ့ဆော်ပေးနိုင်မယ့် ဓားတစ်လက်ပေါ့... ဒါပေမဲ့ သူတို့ကို အပြတ်အသတ် ရှုံးခွင့်ပေးလိုက်လို့လည်း မရဘူး.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေကိုလည်း ဧည့်ဝတ်ကျေဖို့ လိုသေးသလို.... ငါတို့အင်အားကိုလည်း ပြသဖို့ လိုတယ်... အရေးကြီးဆုံးကတော့ ငါ့ပြည်သူတွေအတွက် ဓားသွေးကျောက်တစ်တုံးပဲ”
သူက ငါးစာအားလုံးကို ရေပေါ် သွန်ချပြီး လင်ဗန်းအား သိမ်းလိုက်သည်။ ထို့နောက် ခြေထောက်ရှိ ဖုန်များကို ခါကာ ပြောလိုက်၏။ “သူတို့အပြတ်အသတ် ရှုံးနိမ့်သွားရင်း ယုံကြည်ချက်မဲ့သွားလိမ့်မယ်... ရှုံးသွားတဲ့ ခွေးတစ်ကောင်က အမြီးကုပ်ပြီးပဲ နေတော့မှာ... ဒါကြောင့် သူတို့ကို လှုံ့ဆော်ပေးဖို့ မင့်တပည့်ကို ဓားသွေးကျောက်လို အသုံးချရမယ်... သူတို့ စူးရှထက်မြက်လာတော့မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တွေကို စမ်းသပ်ရမယ်... အဲဒါမှ ငါတို့လူတွေ သူတို့က ပြိုင်ဘက်ကင်းမဟုတ်သေးတဲ့အကြောင်း သိလာကြမှာ... သူတို့ရဲ့ တိုက်ခိုက်လိုစိတ်တွေလည်း ထကြွလာလိမ့်မယ်... ငါ သူတို့ကို သိုးဘဝကနေ နဂါးဖြစ်စေချင်တယ်”
ချိရှီ တွန့်ဆုတ်နေသည်။ “ကျွန်တော့်တပည့်အပေါ် ကျေးဇူးအကြွေး...”
ချိမင်နတ်ဘုရားသားတော်က ပြုံးလျက် မိန့်လေသည်။ “မပူပါနဲ့ သူ မသေဘူး.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ သံတမန်တွေကိုတော့ ငါ့ဓားတွေ မသွေးပြီးမချင်း မတွေ့ဘူး”
ချိရှီ အလျင်အမြန် ထွက်ခွာသွားသည်။
တခဏကြာသော် ပန်ကုန်းစန်းသည် ချိရှီနောက်မှ လိုက်လာပြီး နန်းဆောင်တံခါးတစ်ခု၏ အရှေ့ရှိ ရင်ပြင်ကျယ်ကြီးအား မြင်လိုက်ရ၏။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများ မတ်တပ်ရပ်နေကြပြီး အလယ်ရှိ အမြင့်ထက်တွင်မူ ရည်မွန်သော လူငယ်တစ်ယောက်က စောင့်ကြည့်နေသည်။ ထိုသူက နတ်ဘုရားသားတော်မှန်း သိလိုက်၍ ပန်ကုန်းစုန် ကပျာကယာ အရိုအသေပေးလိုက်သည်။
ချိမင်နတ်ဘုရားသားတော်က အမြင့်၌ ရှိနေပြီး လက်မြှောက်ကာ ပြောလိုက်၏။ “ထ ... စတော့”
ပန်ကုန်းစုန်မှာ သူ ဆိုလိုသည်ကို နားမလည်ပေ။ ရုတ်တရက် ရင်ပြင်ဆီ လျှောက်လာသော သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ သူ မြင်လိုက်ရသည်။ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က သူ့ကို အရိုအသေပေးပြီး ပြောသည်။ “ငါက ဟူခန်း... နောင်တော် ကျေးဇူးပြုပြီး သင်ပြပေးပါ”
ပန်ကုန်းစုန် သဘောမပေါက်သေးခင် ဟူခန်းအမည်ရှိ သိုင်းသမားက သူ့မျက်နှာတည့်တည့်သို့ ပြေးဝင်လာသည်။
ပန်ကုန်းစုန်မှာ ထိတ်လန့်သွားပြီး အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို အလိုအလျောက် ထုတ်ဖော်မိလိုက်၏။ သို့သော် သူ ထုတ်ဖော်လိုက်သည်မှာ ရုပ်ခန္ဓာအသားပေးကောင်းကင်နတ်သိုင်းမဟုတ်ပေ။ သိုင်းကွက်များအကြား ဖုံးဝှက်ထားသော မှော်ကောင်းကင်နတ်သိုင်း ဖြစ်သည်။
လင်ယွိရှို့နှင့် ကျင့်ကြံခဲ့စဉ်က သူမဆီမှ အသုံးဝင်သော စွမ်းရည်များစွာ သူ သင်ယူခဲ့ရလေသည်။
ဘုန်း
သူ၏ကောင်းကင်နတ်သိုင်းက ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် ထွက်ပေါ်လာကာ ဟူခန်းကို တွန်းထုတ်လိုက်သည်။ ဟူခန်းက ဟက်ခနဲ ရွဲ့သလို ရယ်၍ ဓားမခြောက်လက်ကို ကိုင်ဆွဲကာ လေပွေလို ဝေ့ယမ်းလိုက်၏။ ဓားရောင်သည် ကောင်းကင်နတ်သိုင်းများကို နှစ်ခြမ်းပိုင်း၍ လှိုင်းလုံးကြီးများသဖွယ် ပန်ကုန်းစုန်ဆီသို့ ပြေးဝင်လာသည်။
ပန်ကုန်းစုန်၏မျက်လုံးများ အရောင်တောက်သွားသည်။ သူ၏လက်ခြောက်ဖက် ဓားရှည်ခြောက်ဖက်ဖြင့် တာအိုဂိုဏ်း၏ တာအိုဓားကို ထုတ်လွှတ်လိုက်သည်။
သူ၏တာအိုဓားတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တီထွင်ထားသော အခြေခံဓားချက်သုံးချက် ပေါင်းစပ်ပါဝင်နေ၍ များစွာရှုပ်ထွေးလေသည်။ ဓားရောင်များနှင့် ဓားရိပ်များအကြား၌ ဟူခန်းမှာ ဓားချက်များ ထိမှန်ခံလိုက်ရပြီး မြေကြီးပေါ် လဲကျသွား၏။
ပန်ကုန်းစုန် ပြုံးလိုက်သည်။ “နောင်တော်က ကျွန်တော့်ကို အနိုင်ပေးလိုက်တာပဲ... အရှင်မင်းကြီး၊ ..”
ချိမင်နတ်ဘုရားသားတော်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သေခြင်းရှင်ခြင်းသိုင်းပညာရှင်တစ်ယောက် ထွက်လာပြီး အရိုအသေပေးကာ ပြော၏။ “ငါက လော့ကျစ်ယန်၊ နောင်တော် သင်ပြပေးပါ”
ပန်ကုန်းစုန် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်တော့ပေ။ ‘ခွေးသူတောင်းချင်ကို အာဏာပြသင့်တာမဟုတ်ဘူးလား... ဘာလို့ ချိမင်နတ်ဘုရားသားတော်က ငါ့ကို အာဏာလာပြနေတာလဲ’
လော့ကျစ်ယန်က တစ်ရှိန်ပြေးလာ၍ ပန်ကုန်းစုန် စဉ်းစားနေရန် အချိန်မရှိဘဲ တိုက်ခိုက်နေရသည်။
ချိမင်နတ်ဘုရားသားတော်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ရွှေရောင်မျက်လုံးသည် တဖြည်းဖြည်း ပွင့်လာပြီး သူ၏မျက်လုံးထဲ၌ ပန်ကုန်းစုန်၏ လှုပ်ရှားမှုတိုင်း ၊ သိုင်းကွက်တိုင်း ထင်ဟပ်နေသည်။ သူက ပန်ကုန်းစုန်၏ သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများကို လျှို့ဝှက်ချက်တစ်ခုမှမကျန်အောင် ခွဲခြားစိတ်ဖြာနေသည်။
များစွာမကြာလိုက်ဘဲ လော့ကျစ်ယန် ရှုံးသွားသည်။ နောက်တစ်ယောက် ထွက်လာပြန်၍ ပန်ကုန်းစုန်မှာ အားတင်းပြီး ဆက်လက်တိုက်ခိုက်ရတော့သည်။
အချိန်တစ်ခုကြာသော် ပန်ကုန်းစုန်မှာ ပင်ပန်းလွန်းသဖြင့် သွေးအန်လိုက်ရသည်။ ထိုအခါမှ ချိမင်နတ်ဘုရားသားတော်က ရပ်ခိုင်းပြီး ချိရှီအား ညွှန်ကြားလိုက်၏။ “သူ့ကို ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ကုသပေးလိုက်... ဆယ်ရက်နေရင် ပြန်ခေါ်လာခဲ့”
ချိရှီမှာ အမိန့်အတိုင်း ပန်ကုန်းစုန်ကို ပြန်ခေါ်သွားလေသည်။
ချိမင်နတ်ဘုရားသားတော်က အောက်ဆင်းပြီး ကောင်းကင်နတ်သိုင်းပညာရှင်များအား ကိုယ်တိုင်သင်ပေးသည်။ သူက ပန်ကုန်းစုန်၏ လှုပ်ရှားမှုတိုင်း၊ သိုင်းကွက်တိုင်းကို ရှင်းလင်းစွာ ထုတ်ဖော်ပြသ၏။ ပန်ကုန်းစုန် တစ်ဘဝလုံး လေ့လာခဲ့ရသော အသိအမြင်များကို ပြီးပြည့်စုံစွာ သင်ကြားနေလေသည်။
သူက ကောင်းကင်နတ်သိုင်းပညာရှင်များအား စစ်စစ်ပေါက်ပေါက် ရှင်းပြပြီးနောက် ပြောလိုက်သည်။ “ဆယ်ရက်လေ့ကျင့်ကြ... ဆယ်ရက်နေရင် သူနဲ့ ပြန်ပြိုင်ရမယ်”
....
ထိုအချိန်တွင် ချင်မူနှင့် လင်ယွိရှို့သည် မြို့ထဲ လမ်းလျှောက်နေပြီး ပထမလူသားဧကရာဇ်နောက်မှ မျက်လုံးမိစ္ဆာနှစ်ကောင်လည်း လိုက်ပါလာ၏။
ချင်မူက ပတ်ကြည့်နေသည်။ ရွှမ်ခုံးကမ္ဘာတွင် နတ်ဘုရားရုပ်တုတစ်ခု မြင်တိုင်း ရပ်ပြီး အတန်ကြာ လေ့လာတတ်၏။ လင်ယွိရှို့မှာ သိချင်သွား၍ သူ့ကို ပြုံးလျက် မေးလိုက်မိသည်။ “ကျောက်ရုပ်တုကြည့်ရတာ ဘာကောင်းလို့လဲ”
“ဒီကျောက်ရုပ်တုက ကြည့်ရကောင်းလွန်းတယ်”
ချင်မူ့မျက်လုံးများက အရောင်တောက်နေသည်။ “ဒီကျောက်ရုပ်တုတွေက ရွှမ်ခုံးကမ္ဘာနဲ့အတူ တည်ဆောက်ခံခဲ့ရတာတွေပဲ... လက်ရာပိုင်ရှင်တွေကလည်း အဲဒီခေတ်အခါတုန်းက ထိပ်တန်းတွေ ဖြစ်မယ်... သူတို့က ဒီလက်ရာတွေထဲ အားကုန်ထားခဲ့တာကြောင့် ဒီလိုကျောက်ရုပ်တွေမှာ ချိမင်ခေတ်ရဲ့ အငွေ့အသက်တွေ ပါနေတယ်... သွေးကြောတွေကနေ ကျင့်စဉ်တွေ ကောင်းကင်နတ်သိုင်းတွေကိုတောင် ခံစားမိတယ်... ဒီမှာ ရက်ပိုင်းလောက်နေပြီးနောက်ပိုင်း ဒီရွှမ်ခုံးကမ္ဘာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေအများကြီးနဲ့ ဆုံတွေ့ခဲ့ပေမယ့် သူတို့မှာ ဒီလိုအငွေ့အသက်မျိုး မရှိတော့ဘူး”
သူက တခဏရပ်ကာ ပြောသည်။ “သူတို့ပျောက်ဆုံးနေတာတွေကို ငါ ရှာနေတာပဲ”
လင်ယွိရှို့က ကျောက်ရုပ်တုများကို အသေးစိတ်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “ချိမင်နတ်ဘုရားသားတော်က ငါတို့ကို ဘာလို့မခေါ်သေးတာလဲ”
ချင်မူက ကျောက်ရုပ်တုကို မှီပြီး ခေါင်းပင်မော့မလာပေ။ “သူက အာဏာပြဖို့ တွေးနေတာ... ငါသာ သူ့နေရာမှာဆို ပန်ကုန်းစုန်နဲ့ အရင်စပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်၊ လမ်းစဉ်တွေကို စမ်းသပ်မယ်... နောက်မှ ကျန်တဲ့သူတွေကို ထိမယ်”
၎
င
၎
၎