ကျွန်းကိုဖျက်စီးခြင်း (၄)
Vol. 39 Ch. 532
အဘိုးအို၏ နှုတ်ခမ်းမှ ထိုစကားများထွက်သောအခါ သူ့ဘေးနားရှိ သက်လတ်ပိုင်းအရွယ်လူက မတ်တပ်ရပ်နေ၏။ သူက စုမင်ကို ကြည့်ပြီး တိတ်ဆိတ်စွာ လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ဘုရားကျောင်းထဲမှာ ပုံရိပ်တစ်ခု ချန်ထားခဲ့ပြီးနောက် သူ့၏ ခန္ဓာကိုယ် အစစ်အမှန်က ထွက်လာခဲ့သည်။သူ၏ညာ လက်သီးဖြင့် ဆုပ်ကိုင်လိုက်သော် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သူ့လက်သီးများနှင့် မြေပြင်ပေါ်သို့ ထိုးနှက်ရန် ပြင်ဆင်ချိန်၌ သူ့ရင်တွင်းကနေ တုန်လှုပ်နေ သောအသံများ ထွက်ပေါ်လာသည်။
“ကျုပ်က ပေါင်ရှန်...ကျုပ်က အဆုံးသတ်ရှာမန်...ကံကြမ္မာဖတ်သူ..”
ထိုစကားကို သူပြောသည်နှင့် တပြိုင်နက် သူ့လက်သီးက မြေပြင်ပေါ်သို့ ကျသွားသော်လည်း မြေပြင်မှာ မတုန်လှုပ်ပေ။ ယင်းအစား ပေါင်ရှန်၏ ခြေဖဝါးအောက်မှ ကောင်းကင်သို့ လွင့်ပျံလာသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုရောင်ဝါက မယုံနိုင်လောက်အောင် ဖြူစင်နေပြီး ၎င်းသည် လောကကြီး၏ စွမ်းအားဖြစ်ကြောင်း ထင်ရှားသည်။
တစ်ချိန်တည်းမှာပင် ပေါင်ရှန်၏ ဆံပင်များ ဖြူလာသည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ပေါ်လာပြီး စုမင်က တိုက်ပွဲဝင်ရှာမန်နှင့် ရင်ဆိုင်ရသည်ကို ခံစားရသည်။ သူ့ဝိညာဉ်ကို အခြားတစ်ယောက်နှင့် လဲလှယ်ထားပုံရသည်။
“ ငါက တိုက်ပွဲဝင်ရှာမန်တစ်ယောက်ပဲ.....”
ပေါက်ကွဲသံများက သူ့ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်စွာ ထွက်ပေါ်လာပြီး တုန်လှုပ်သွားသည် ။ ခေါင်းကို မော့လိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် သွေးပြန်ကြောများ ထောင်းထလာကာ စုမင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုလူထံမှ တောင်များကို ဖြိုခွင်းပြီး ပင်လယ်ရေများကို ဆင့်ခေါ်နိုင်သည့် တန်ခိုးကြီးသော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ပေါက်ထွက်လာသည်။ထို့နောက် စုမင်နှင့် တိုက်မိသွားလေသည်။
ပေါင်ရှန် ထွက်လာခါနီး ဘုရားကျောင်းထဲတွင် ရပ်နေချိန်၌ မို လော၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ပေါ်လာသည်။ ညာလက်ကို မြှောက်လိုက်သည်နှင့် ချက်ချင်းပင် အနက်ရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည် ။ စုမင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက နက်မှောင်ပြီး အေးစက်သွားသည်။
ပေါင်ရှန်၏ လက်ချက်မှာ နှောင်းပိုင်းတိုက်ပွဲဝင်ရှာမန်၏ စွမ်းအားအပြည့်ရှိသည်။ ထိုစဉ်သူနှင့်စုမင်အကြား လေထုထဲတွင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှု၏ အရှိန်ကို မခံနိုင်တော့ဘဲ ပြိုလဲလုနီးပါး ဖြစ်နေ လေသည် ။
စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ၏ဆုပ်ကိုင်ထားသော လှံရှည်က ခရမ်းရောင်အလင်းတန်းဖြင့် စတင်တောက်ပလာသည်။ သူက ထိုလှံကို ပေါင်ရှန်ဘက်သို့ လှည့်လိုက်ပြီး တစ်ချိန်တည်းတွင် သူ၏ ဘယ်လက်ကို မြှောက်ကာ ကောင်းကင်ရှိ လေထုကို သိမ်းပိုက်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်တွင် လေပြင်းများတိုက်ခတ်လာပြီး စုမင်၏ဘယ်လက်ဆီသို့ စုဝေးလာသည်။
ထို့နောက် သူ့လက်ထဲတွင် အဆုံးမဲ့ လေပွေလှိုင်းများကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သူ၏ လှံရှည်ကို ပေါင်ရှန်ဆီသို့ ထိုးလွှတ်သောအခါ လေထဲတွင် တဟုန်ထိုး မြည်ဟည်းသံများ ထွက်ပေါ်လာသည်။စုမင်က သူ့ဘယ်လက်ကို ရှာမန်ဆီသို့ ဖိလိုက်သော် သူ့လက်ထဲတွင် လေပွေအားလုံးကို ရောက်ရှိလာခဲ့သည်။
ကျယ်လောင်သောအသံများက လေထဲတွင် ပဲ့တင်ထပ်နေပြီး ခရမ်းရောင် ချပ်ဝတ်တန်ဆာအောက်ရှိ စုမင်၏ ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွားသည် ။ ထိုအချိန်တွင် သူ၏မာန်အရိုးများအားလုံးမှ အားကြီးသော အင်အားတစ်ခု ထွက်ပေါ်လာသည် ။
တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါတွင် သူက ပေါင်ရှန်အနားတွင်ရှိနေပြီဖြစ်သည်။ လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ လျှပ်စီးစွမ်းအားကျင့်ကြံအဖြစ် စုမင်၏ စွမ်းအားက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
လျှပ်စီးကြောင်းများက များစွာသော မိုးခြိမ်းသံများ ထွက်ပေါ်လာစေသညါ။ မျက်စိတစ်မှိတ်အတွင်း နယ်မြေတစ်ခုလုံးကို လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။ ပေါင်ရှန်က ၎င်းတို့ဖြင့် ဝိုင်းရံခံထားရသောအခါ စုမင်က သူ့ ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီးခဲ့သည်။သူ့မျက်နှာတွင် လေးနက်သော အကြည့်များ ပေါ်လာသည်။ အနက်ရောင်အခိုးအငွေ့များက သူ၏ဘယ်လက်မှ စိမ့်ထွက်လာပြီး အနက်ရောင်ဆံပင်များကဲ့သို့ သူ့လက်ဖဝါးတစ်ဝိုက်တွင် ဝဲပျံနေသည်။ ထို့နောက် စုမင်က မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံနေသော ပေါင်ရှန်
ဆီသို့ ရိုက်ချလိုက်သည်။
အနက်ရောင်အမျှင်များက စုမင်၏ ဖယောင်းနဂါးကျိန်စာ၏စွမ်းအားဆီပုံဖော်မှုတစ်ခုဖြစ်သည်။ ထိုအမျှင်များက သူ့လက်ချောင်းများကြားမှ ဖြန့်ထွက်ကာ သူ့လက်ဝါးကို ပေါင်ရှန်ဆီသို့ ရိုက်ချလိုက်သည်။ထိုစဉ် နှောင်းပိုင်းရှာမန်က သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်သည်။ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားသော်လည်း ထိုလက်ဖဝါးရိုက်ခြင်းကို သူ မခုခံခဲ့ပေ။ ယင်းအစား သူ့ညာခြေထောက်ကို မြှောက်ပြီး မြေပြင်ကို တွန်းကန်လိုက်သည်။
“ကောင်းကင်က မြေကြီးကို ထိခိုက်လာတဲ့အခါ ငါ စိတ်ဝိညာဉ်ဖမ်းသူ ဖြစ်လာလိမ့်မယ်...”
ပေါင်ရှန်၏ ခြေဖဝါးအောက်မှ အနက်ရောင် လေလှိုင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ထိုလေလှိုင်းက သူ့ကို ဖုံးအုပ်လိုက်သည်နှင့် သူ့ဆံပင်များက ချက်ချင်းအဖြူမှ အနီရောင်သို့ ပြောင်းသွားသည်။ သူ့မျက်နှာက အသက်ပိုကြီးလာပြီး သူ့အကြည့်များက တွင်းနက်ကြီးကဲ့သို့ နက်မှောင်သွားခဲ့သည်။ စိတ်ဝိညာဉ်ဖမ်းသူများ နှင့် သက်ဆိုင်သော ဖြူစင်သော တည်ရှိမှုက သူ့ခန္ဓာကိုယ် မှ ထွက်ပေါ်လာသည် ။
စုမင်က သူ့လက်ဝါးကို ရှေ့သို့ရိုက်ချလိုက်သောအခါ ပေါင်ရှန်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် အလားတူ အနက်ရောင်မီးခိုးများ ပေါ်လာသည်။ ထိုအနက်ရောင်မီးခိုးများက မယုံနိုင်လောက်အောင် မှိန်ဖျော့နေနိုင်သော်လည်း စုမင်ရှိ ဖယောင်းနဂါးကျိန်စာ၏ တူညီသော စွမ်းအားကို ၎င်းမှ ခံစားနိုင်သည်။
သူတို့၏လက်ဝါးများ ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မိုလော၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းများဖြင့် ဖုံးအုပ်သွားသည်။သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာခဲ့သည်။
“မင်း သူ့ကို ဖမ်းထားနိုင်ရင် မင်း လွတ်မြောက်ပြီ..”
မိုလောက ခပ်အုပ်အုပ် အော်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မျက်လုံးတစ်မှိတ်အတွင်း စုမင် ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
သူနီးကပ်သွားသည်နှင့် တစ်ပြိုင်နက် စုမင်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်တောက်ပလာသည်။ယခင်ကတည်းက တစ်ခုခုလွဲနေကြောင်းကို သူ ပြောနိုင်ခဲ့သည်။ ရှေးကတည်းက မိုလောက ဘုရားကျောင်းမှ ထွက်ခွာရန် ငြင်းဆိုခဲ့ပြီး ကျွန်းပေါ်ရှိ လူအားလုံးကို သတ်ဖြတ်နေချိန်၌ပင် စုမင်ကို မတိုက်ခိုက်ခဲ့ပေ။
ထိုအရာအားလုံးက ဤဘုရားကျောင်းနှင့် သေချာပေါက် ဆက်စပ်နေသည်။ ထို့ကြောင့် စုမင်က အထဲကို မ၀င်သေးပေ။ဘုရားကျောင်းအပြင်၌ သူက လှံရှည်ကို ကိုင်ရင်း ပေါင်ရှန်ကို တိုက်နေသော်လည်း ထိုအဘိုးကြီး ဘုရားကျောင်းထဲက ထွက်သွားမည့်အချိန်ကို သူ အမြဲစောင့်နေခဲ့သည်။
အဘိုးကြီးက ထွက်သွားရန် ငြင်းဆိုခဲ့သော်လည်း စုမင်က သူ့ကို ဆွဲဆောင်နိုင်သော နည်းလမ်းများ ရှိနေဆဲပင်ဖြစ်သည်။ အားနည်းချက်တစ်ခုမှာ ထိုလူက အဆင့်သင့်မဖြစ်သေးဘဲ ဘာမှမလုပ်နိုင်ကြောင်း သေချာလေ၏။
ယခင်အခိုက်အတန့်၌ စုမင်က ပေါင်ရှန်ကို တိုက်ခိုက်ချိန်တွင် မို လောကို ဘုရားကျောင်းမှ ဆွဲဆောင်နိုင်ခဲ့သည်။သူ ထွက်လာခါနီးတွင် စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သို့သော် သူနောက်ဆုတ်ခါနီးတွင် ပေါင်ရှန်၏ မျက်နှာတွင်ရုတ်တရက် ပြတ်သားသော အမူအရာ ပေါ်လာပြီး မဆိုင်းမတွ မျက်လုံးမှိတ်လိုက်သည်။
မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သည်နှင့် ပေါင်ရှန်၏ပါးစပ်မှ စကားလုံးငါးလုံး ထွက်လာသည်။
“ကောင်းကင်က အရာအားလုံးကိုကူညီနေတာပဲ..”
ထိုစကားများကို သူပြောပြီးသည်နှင့် စုမင်ပတ်ပတ်လည်တွင် မှုန်ဝါးသော ပုံရိပ်များ ချက်ချင်း ထွက်ပေါ်လာသည်။ ပုံရိပ်များကြားတွင် ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများရှိသော်လည်း ၎င်းတို့က ရန်လိုသောဝိညာဉ်များမဟုတ်ပေ။ သူတို့အားလုံး၏ပုံသဏ္ဍာန်က ဆင်တူနေလေသည်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ အားလုံးမှာ မျက်နှာတစ်ခုတည်းရှိကြသည်။ သူတို့ကြားက တစ်ခုတည်းသော ခြားနားချက်ကတော့ မတူညီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအပြင် သူတို့၏မျက်နှာများကို အမှတ်အသားပြုသောအချိန်၏ မတူညီသောလက္ခဏာများပင်ဖြစ်သည်။ ထိုပုံရိပ်များက
စုမင်၏မျက်လုံးများတွင် အဆုံးမရှိဟုထင်ရပြီး လှည့်စားမှုတစ်ခုထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သူ့အား ထိတ်လန့်စေသည့်အရာမှာ သူက လူအုပ်ထဲသို့ ရောနှောသွားသကဲ့သို့ သူ့မျက်နှာက လျင်မြန်စွာ ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားရခြင်းဖြစ်သည်။
စုမင်က ဤမျှ ထူးဆန်းသော မြင့်မြတ်သောစွမ်းရည်ကို ပထမဦးဆုံး အကြိမ် တွေ့ရှိရခြင်းဖြစ်သည်။ သူက ပေါင်ရှန်၏မှော်စာလုံးများကြားတွင် ပိတ်မိသွားခဲ့သည်။ တခဏချင်းမှာပဲ မို
လောက ဘုရားကျောင်းထဲက ထွက်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ အနောက်ရောင်မီးခိုးများမှ မြူခိုးများကိုမပြောင်းလဲခင် စုမင်ဆီသို့တည့်တည့်အရှိန်တင်ခဲ့သည်။ ကြည့်လိုက်လျှင် ထိုမြူခိုးများက စုမင်နား စုဝေးချင်လာသကဲ့သို့ဖြစ်သည်။
စုမင်က ထိုအရာကို သဘောပေါက်လိုက်ချိန်၌ အနက်ရောင် မြူခိုးတွေက သူ့နားမှာ နီးကပ်လာ ပြီး သူ့ကို ဝိုင်းရံထားပြီးသားဖြစ်သွားသည်။ ထိုမြူခိုးများက ရုတ်တရက်ကျုံ့သွားပြီး အစိုင်အခဲဖြစ်တော့မည်ထင်သည်။ စုမင်၏ ပတ်ပတ်လည်မှာ မြူခိုးများ လုံး၀ စုပုံလာသည့်အခါ သူ့ကို ဖုံးလွှမ်းသွားပြီး ရုပ်တုတစ်ခုလို ဖြစ်သွားစေသည်။
ထိုရုပ်တုက မိုလော၏မာန်နတ်ဘုရားရုပ်တုဖြစ်သည်။ ထိုနတ်ဘုရားစွမ်းရည်က မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိ သူ၏အကောင်းဆုံးသတ်ပစ်ရန် လှုံ့ဆော်မှုတစ်ခုဖြစ်သည်-
သို့သော် စုမင်က ကောက်ညှင်းလမုန့်ကျွန်းသို့ လာပြီး ပေါင်ရှန်ကို တိုက်ခိုက်ခြင်းဖြင့် မိုလောကို ဆွဲဆောင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထူးဆန်းသော လူများကြားတွင် ပိတ်မိနေသည် ကို သူသတိထားမိသည်နှင့် တပြိုင်နက် သူ့ဘယ်လက်လက်ဖဝါးကို ကောင်းကင်ဆီသို့ လှန်လိုက်သည်။
“အတိတ်၊ အနာဂတ်၊ အတူတကွ ပေါင်းစည်းပြီး ကံကြမ္မာ ဖြစ်လာလော့... ”
ဟု အေးဆေးစွာ ထုတ်ပြောခဲ့သည်။ သူက ထိုစကားများကို ရွတ်ဆိုလိုက်သောအခါတွင် အနက်ရောင် မြူခိုးများက သူ့အား လုံး၀ ဝိုင်းရံထားပြီးသားဖြစ်ကာ ကြီးမားသော ရုပ်တုကြီးတစ်ခု ပေါ်လာသည်။
“ငြိမ်းချမ်းစွာအိပ်စက်အနားယူ လော့...”
မိုလော၏ မျက်နှာပေါ်တွင် ရက်စက်သော အကြည့်တစ်ခု ပေါ်လာပြီး ချက်ချင်းပင် တိုးညှင်းသော အသံကို ထုတ်လွှင့်လိုက်သည်။
သူ၏အသံက လေထဲ၌ ပျံ့လွင့်သွားသည့်အခိုက်တွင် စုမင်၏ ပတ်လည်ရှိ ရုပ်တုက ပေါက်ကွဲသွားသည်။ထို့သို့ ပေါက်ကွဲသွားသောအခါတွင် ပေါက်ရှန်၏ မျက်နှာက ဖျော့တော့သွားသည်။ သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူ့နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာသည်။ မိုးကောင်ကင်ကြီးမှအကူအညီအားလုံးကိုရရန်ရွတ်ဆိုသော မှော်ဂါထာက ပြင်းထန်စွာ ချိုးဖြတ်သွားသည်ကို သတိပြုမိသည်။
တစ်ချိန်တည်းမှာပင် ဆယ်ကျော်သက်တစ်ဦးက ပြိုကျနေသောရုပ်ထုထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်... ဆံပင်ဖြူတစ်ဝက်နှင့် အခြားတစ်ဝက်မှာခရမ်းရောင်ပင်...
ထိုလူ ပေါ်လာသည်နှင့် လောကကြီးကို ဇောက်ထိုးဖြစ်သွားစေသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ လောကကြီးကို မှိန်ဖျော့ထားစေသည်။ ကောင်းကင်ကြီးကို မျက်လုံး မှိတ်ထားစေခဲ့သည် -
“ကံကြမ္မာ၏စွမ်းအား...”
“ခင်ဗျား အခုရောက်နေပြီဆိုတော့ ပြန်ဆုတ်ဖို့ မစဉ်းစားနဲ့တော့”
လူငယ် ၏အေးစက်သောအသံကို ကြားလိုက်ရသည်။
စုမင်က ထိုစကားများပြောပြီးသည်နှင့် ခေါင်းကိုမော့ကာ မိုလောနှင့်ပေါင်ရှန်ဆီသို့ လှမ်းကြည့်လိုက်သည်။
စုမ၏အကြည့်များကို မြင်လိုက်ရသော် သူတို့နှလုံးသားများ တစ်ပြိုင်နက် တုန်လှုပ်သွားလေသည်။