← Chapters

မိုလော၏အထင်လွဲမှားမူ

Vol. 39 Ch. 533

မိုလော၏အထင်လွဲမှားမူ

Vol. 39 Ch. 533

စုမင်က ကံကြမ္မာအဖြစ်သို့မပြောင်းမီ၊ သူ့အရိုးအားလုံး၏ ခုနစ်ပုံမှာ မာန်အရိုးများအဖြစ်ပြောင်းလဲကာ လေစွမ်းအား နှင့်လျှပ်စီးမာန်စွမ်းအားကျင့်ကြံသူ၏အမွေကို ပိုင်ဆိုင်ခဲ့သည်။ သူ စုဆောင်းခဲ့သောရတနာ အများအပြား၏အကူအညီဖြင့်၊ သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိ သာမန်ထက်မြက်သော ကျင့်ကြ့သူကို ကျော်လွန်သွားနိုင်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်များက မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ် ကျင့်ကြံသူကိုပင် အကျပ်ရိုက်စေလိမ့်မည်။

မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်မှသူများကိုမအနိုင်ယူနိုင်သော်လည်း၊ ထိုအဆင့်အောက်ရှိသူများအားလုံးကို အနိုင်ယူနိုင်သေးသည်။

သူက ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်၊ အတိတ်နှင့် အနာဂတ်ကြား စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။

သူ၏ ထူးဆန်းသောနတ်ဘုရားစွမ်းရည်၊ ဆန့်ကျင်ဘက်ဒွိလောကဥပေဒေဿများ၊ အတိတ်နှင့် အနာဂတ်ကို အပြန်အလှန် ဖြတ်တောက်နိုင်စေကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆမတန် တိုးမြင့်လာစေနိုင်သည်။ … သူ၏ ကျွမ်းကျင်မှု အလုံးစုံဖြင့်၊ သူ၏ တည်ရှိမှုက အလွန်ကြီးမြင့်လာကာ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာပြီးမြောက်အောင်မြင်ခဲ့သောသူများနှင့် ယှဉ်နိုင်လာမည်ဖြစ်သည်။

သို့သော် ကံကြမ္မာအဖြစ်သို့ ပြောင်းလဲလိုက်တိုင်း သူ့အချိန်က ဆယ့်ငါးရှိုက်စာသာ ရသေးသည်။ စုမင်က ရေခဲမြို့တော်တွင် နှစ်အတန်ကြာ လေ့ကျင့်ခဲ့ပြီး ကံကြမ္မာအဖြစ်ပြောင်းရန်ကြာချိန်က အသက်တစ်ရှိုက် နှစ်ရှိုက် သာ ပိုလာသော်လည်း အသက်နှစ်ဆယ်ရှိုက်စာထက် မကျော်လွန်သေးပေ။

သို့တိုင် ဤအချိန်က စုမင် လောကကြီးတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လာရန် လုံလောက်နေသေးသည်။ ဤအခြေအနေမှာ သူနှစ်သက်သလို ကမ္ဘာကြီးကို အမိန့်ပေးနိုင်ရန် လုံလောက်သည်။

သူက ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် စုမင်က မိုလော၏ ပြိုကျနေသော မာန်နတ်ဘုရားရုပ်တုမှ ထွက်လာခဲ့သည်။ သူ ရှေ့သို့ တိုးလာသည်နှင့်အမျှ သူက အဝေးတွင် ရှိနေသကဲ့သို့ ထင်ရသော်သည်။ အမှန်မှာ ခြေတစ်လှမ်းမျှသာ လှမ်းရုံဖြင့် ပေါင်ရှန်း မရောက်မီ ရောက်နေပြီ ဖြစ်သည်။

ပေါင်ရှန်၏မျက်လုံးများက ကျဉ်းမြောင်းလာသည်။ ဆယ်ကျော်သက် စုမင်က သူ့ဆီသို့ လျှောက်လာရင်း တခဏချင်းပင် မဆိုင်းမတွ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထို့နောက် စုမင်က ဘယ်လက်ကို ရုတ်သိမ်းလိုက်သည်ကို ချက်ချင်းတွေ့လိုက်ရသည်။ သူက ခပ်တည်တည်မျက်နှာထားဖြင့် သူ့လက်မောင်းကို လှုပ်ယမ်းလိုက်သည်။

ပေါင်ရှန်မှာ သူ့ရှေ့က လောကကြီး အေးခဲသွားပြီး အပိုင်းပိုင်းကွဲသွားသလို ခံစားရသည်။ စူးရှသော ညည်းတွားသံများက သူ့နားမှ ကျယ်လောင်စွာ ထွက်ပေါ်နေသော အသံများနှင့် ရောထွေးနေသဖြင့် သူမြင်နေရသော လောကကြီးက ပြန်လည်မစုဝေးမီ အပိုင်းပိုင်းကွဲသွားခဲ့သည်။ သို့သော် သူ့အမြင်အာရုံ ပြန်လည်ကောင်းမွန်လာသောအခါ အချိန်က နောက်ပြန်ဆုတ်သွားသလို ခံစားရသည်။ သူ နောက်ပြန်ဆုတ်သွားပြီး သူ့မျက်စိရှေ့မှာတင် လောကကြီး

၏အချိန်များက ပြောင်းပြန်စီးဆင်းနေလေသည်။ သူ့ခန္ဓာကိုယ်က သူ့အလိုဆန္ဒကို ဆန့်ကျင်ပြီး ရှေ့ကို ရွေ့နေသည်ကို မြင်လိုက်ရသည်။

သူ နောက်ပြန်မဆုတ်ဘဲ သူ့လှုပ်ရှားမှုများက နောက်ပြန်ဆုတ်သွားသကဲ့သို့ ဖြစ် နေခဲ့သည်။ ဤဆန်းကြယ်သော အတွေ့အကြုံက ပေါင်ရှန်ကို ထိတ်လန့်သွားစေသည်။ သူ့၏ လက်ရှိကျင့်ကြံမှု အဆင့်ဖြင့်ပြောရလျှင် ထိုအခြေအနေက မယုံနိုင်စရာ စွမ်းအားများ ပါ၀င်နေကြောင်းကို ပြောပြနိုင်လေသည်။

“ဒါက အချိန်ပြောင်းပြန်ဖြစ်သွားတာပဲ...”

ပေါင်ရှန် အံ့အားသင့်သွားသောအခါတွင်မှ စုမင်၏စကားက နားထဲသို့ ရောက်ရှိလာသည်။

“ဘယ်လက်က အတိတ်ကို ကိုယ်စားပြုတယ်...”

မိုလော၏မျက်လုံးထဲတွင် ဤမြင်ကွင်းက ကွဲပြားသွားသည်။ ပေါင်ရှန်က နောက်ပြန်ဆုတ်သွားတာကို သူမြင်လိုက်ရသည်။ သူ့ခြေမချခင်မှာ သူ ချက်ချင်း ရှေ့ကို ခြေတစ်လှမ်း လှမ်းကြည့်လိုက်သသည်။သို့သော် သူက စုမင်၏ညာဘက်လက်ညိုးဆီသို့ လှမ်းနေလေသည်။

ထိုအချိန်တွင် မိုလောက လောကကြီး၏ ပြင်းထန်သော အရှိန်အဝါ

ကို သတိပြုမိခဲ့သည်။ အချိန်ကို နောက်ပြန်ဆုတ်လိုက်ခြင်းကြောင့် မြေပြင်မှ သွေးများကို နောက်ပြန်စီးဆင်းစေသည့်တိုင် နယ်မြေရှိအက်ကွဲရာများကို ပျက်ပြယ်သွားစေသည်။

ထိုအရာအားလုံးက နှေးကွေးသွားပုံရသော်လည်း မိုလောက ဖြစ်ပျက်နေသည့်အရာများကို နားလည်သွားသောအခါ ပေါင်ရှန်က စုမင်၏ ညာလက်ညိုးနှင့် ထိနေသည်ကို တွေ့လိုက်ရသည်။ပေါင်ရှန်က ခုခံမှု သို့မဟုတ် ရုန်းကန်မှု အရိပ်အယောင်မျှ မပြဘဲ ပေါက်ကွဲသံနှင့်အတူ သွေး ချောင်းဆိုးကာ နောက်သို့ လဲကျသွားသည်။

သို့ပေမယ့် ထိုအရာက အဆုံးသတ်မဟုတ်ပေ။ မိုလော၏ထိတ်လန့်မှုနှင့် အံ့ဩခြင်းများက စောလွန်းလှသည်။ထို့နောက်မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေသူဆိုလျှင်တောင် ကျောချမ်းစေသည့် နောက်ထပ် မြင်ကွင်းတစ်ခုကို သူမြင်လိုက်ရသည်။ ထို့ပြင် သူ့စိတ်ထဲမှာ စုမင်ကို ကြောက်ရွံ့မှုများ တဖွားဖွားပေါ်ပေါက်လာလေသည်။

ပေါက်ရှန် သွေးအန်ပြီး နောက်ပြန်ကျသွားသည်ကို မိုလော မြင်လိုက်ရသည်။စုမင်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ထို့နောက် မိုလောက ခြေချပြီးသည်နှင့် သူ့ ဘယ်လက်ကို မြှောက်ပြီး ထပ်ခါယမ်းလိုက်သည်။ ထိတ်လန့်တုန်လှုပ်နေသော ပေါင်ရှန်က လေထဲ၌ ရပ်တန့်သွားပြီး အရာအားလုံး နောက်ပြန်ဆုတ်သွားသော်လည်း သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်မသွားတော့ပေ။

သူက စုမင်ဆီသို့ အရှိန်တင်လိုက်သည်နှင့် သူ ချောင်းဆိုးလိုက်သော သွေးများက လေထဲတွင် စုပေါင်းကာ ပေါင်ရှန်၏ပါးစပ်ထဲသို့ သွေးစက်များအဖြစ်သို့ ပြောင်းလဲသွားသည် ။

ထို့နောက်တွင် စုမင်က ပေါင်ရှန်၏ ခန္ဓာကိုယ်ကို လက်ညှိုးဖြင့် လှမ်းထိုးလိုက်ပြန်သည်။

ပထမတစ်ချက်မှာ ပေါက်ရှန်၏ရင်ဘတ်ပေါ်တွင်၊ ဒုတိယတစ်ချက်မှာ သူ၏မျက်ခုံးလယ်ဖြစ်ပြီး တတိယမြောက်မှာ ပေါက်ရှန်၏လည်ချောင်းတွင်ဖြစ်သည်။ ထိုသုံးကြိမ်လုံးက သံသရာပေါင်းများစွာ ဖြတ်သန်းခဲ့ရပုံရသော်လည်း အမှန်မှာ သူတို့က ခဏမျှသာ ပြီးဆုံးသွားခဲ့သည်။

ထိုခဏအကြာတွင် ပေါင်ရှန်က ကျယ်လောင်စွာ အော်ညည်းလေသည်။ သူ့ပါးစပ်မှ သွေးများစွာ အန်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ခပ်လှမ်းလှမ်းရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့မျက်နှာက တုန်လှုပ်ချောက်ချားသွားကာ ဖြူဖျော့သွား၏။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ သွေးများ စီးကျလာသည်။ထို့နောက် သူ ချက်ချင်း မတ်တပ်ရပ်ပြီး နောက်ဆုတ်ခါနီးတွင် စုမင်၏နှုတ်ခမ်းပေါ်ရှိ အေးစက်သော

အပြုံးကို သူ သတိမထားမိပေ။ ထို့ပြင် ဖယောင်းတိုင်နဂါး၏ပါးစပ်က သူ့နောက်မှာ ရုတ်တရက် ပေါ်လာသည်ကို သတိမထားမိလိုက်ပေ။

ပေါင်ရှန်က မတ်တပ်ရပ်ရန်တောင် အနိုင်နိုင်ဖြစ် နေလေ သည်။ သူ့ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ဆီရောက်လာသော ပြင်းထန်‌သော အန္တရာယ်ကို ခံစားလိုက်ရသော်လည်း မရှောင်တိမ်းနိုင်ဘဲအရာအားလုံးက မှောင်မိုက်သွားခဲ့သည်။

မြွေငယ်လေးက ဖယောင်းတိုင်နဂါးအဖြစ်သို့ ပြောင်းလဲကာ ပေါင်ရှန်ကို ဝါးမျိုခဲ့သည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးက ကောင်းကင်တွင် ပေါ်လာပြီး ကောင်းကင်ဘုံဆီသို့ ကျယ်လောင်သောဟစ်ကြွေးသံတစ်ခု ထုတ်လွှတ်လိုက်သည်။

“မာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ကြီးမြတ်တဲ့ ပြီးမြောက်မှု..”

မင်းကမာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ကြီးမြတ်တဲ့ ပြီးမြောက်မှုကို ရခဲ့တာပဲ...”

မိုလော၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့နှလုံးသားထဲတွင် မုန်တိုင်းကြီးတစ်ခု ကျရောက်လာသည်။ ယခင်က သူ ခရမ်းရောင်ချပ်ဝတ်တန်ဆာကြောင့် ထင်ခဲ့သည်။ မကောင်းဆိုးဝါးအစောင့်အရှောက်ချပ်ဝတ်တန်ဆာက မည်သည့် ခုခံမှု စွမ်းရည်မှ မပိုင်ဆိုင် ခဲ့ပေ။ ၎င်းတွင် လုပ်ဆောင်ချက်တစ်ခုသာ ပါရှိပြီး ၎င်းမှာ တိုက်ခိုက်ရန်၊ တိုက်ခိုက်ရန်နှင့် တိုက်ခိုက်ရန်သာဖြစ်သည်။

ထိုချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားခြင်းဖြင့် လူတစ်ဦးက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလိမ့်မည်။ အကယ်၍ ထိုလူ၏ဆန္ဒက မပြင်းပြပါက လုံလောက်စွာ မခိုင်မာပါက.. သူ သို့မဟုတ် သူမက ချက်ချင်းထိန်းချုပ်ခံရမည်။သို့မဟုတ် အသိဥာဏ်မရှိသော ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

သို့တိုင်၊ ထိုချပ်ဝတ်တန်ဆာက လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားများကို အဆမတန် တိုးမြင့်လာစေပြီး ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို ကျော်လွန်သွားသည့် ခွန်အားအဆင့်ကို ထုတ်ပေးနိုင်သည်။ ထို့ကြောင့် စုမင်က မိုလောကို ဒုက္ခပေးနေသည်ဟု ခံစားလာရသည်။

အဘယ်ကြောင့်ဆိုသော် သူက ဤမျှလောက် လွယ်လင့်တကူ မစွန့်စားခဲ့ပေ။ ယင်းအစား စုမင် ဆက်တိုက် အားနည်းသွားစေရန် စောင့်ဆိုင်းနေခဲ့သည်။

ယခုအချိန်တွင် စုမင်က သူ့မျက်စိရှေ့တွင် ချပ်ဝတ်တန်ဆာမပါဘဲ ရှိနေသော်လည်း၊ ထူးဆန်းသောနတ်ဘုရားစွမ်းရည်၊ ကြောက်မက်ဖွယ်အချိန်ကို ပြောင်းပြန်လှန်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြောက်ခြားဖွယ်ရာ လက်သုံးချောင်းတိုက်ကွက် များကို ထုတ်သုံးခဲ့သည်။ထို့ကြောင့် မိုလော၏ ထိတ်လန့်တုန်လှုပ်မှုကို သိရှိခဲ့သည်...။ ချပ်ဝတ်ဆန်ဆာထဲမှ စုမင်က အရမ်းကြောက်စရာမကောင်းပေ။သို့သော် စုမင်၏ ဆံပင်တစ်ခြမ်းက အဖြူရောင်ဖြစ်ပြီး အခြားကခရမ်းရောင်ဖြစ်သော၊ ချပ်ဝတ်တန်ဆာမပါသည့်ပုံစံက အသန်မာဆုံးပင်ဖြစ်သည်။

လက်ညိုးဖြင့်သုံးချက်ထိုးရုံဖြင့် အဆုံးသတ်ရှာမန်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ထိုအရာက မိုလော လုံးဝ မတတ်နိုင်သည့်အရာပင်ဖြစ်သည်။။ သူ့မျက်လုံးထဲမှာ ထိုအရာများကိုလုပ်နိုင်သူ မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်အောင်မြင်သူများသာရှိသည်။

ဤလူများသာလျှင် ဤမျှလောက် အံ့အားသင့်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး နှောင်းပိုင်းကို လက်ညိုးသုံးချက်ဖြင့် သတ်ရန် ခွန်အားရှိလိမ့်မည် ။

‘သူက တောင်ပိုင်းအရုဏ်ဦးနယ်မြေကပဲ.. သူက အဲ့နယ်မြေက စွမ်းအားကြီးတဲ့ကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်လား.. သုံးယောက်ထဲက တစ်ယောက်က ထျန်းရှဲကျီ မိစ္ဆာအိုကြီးပဲ..ဆရာလီလုံနဲ့ စွမ်းအားအတူတူပဲ.. ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုအရဆိုရင် တတိယမြောက် အစွမ်းထက်တဲ့ ကျင့်ကြံသူက သူဖြစ်နေတာလား...”

မိုလော၏မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့သွား၏။ နှလုံးခုန်မြန်လာပြီး အရေပြားများ ယားယံလာသည်။ ထိုအတွေးက သူ့စိတ်ထဲတွင် ပေါ်လာသည်နှင့် တုံ့ဆိုင်းမနေဘဲ အလျင်စလို နောက်ပြန်ဆုတ်ကာ ဘုရား ကျောင်းဆီသို့ တန်းတန်းမတ်မတ် ပြန်သွားလိုက်သည်။

သူသည် အရှေ့မြေရိုင်းနယ်မြေမှ ပေါက်ဖွားလာပြီး သူ၏ အဆင့်အတန်းက ကျွန်းရှိ အခြားသူများနှင့် မတူပေ။ သူ ထိုကျွန်းကို လာရသော အကြောင်းအရင်းကတော့ တောင်ပိုင်းအရုဏ်ဦး နယ်မြေရှိ စွမ်းအားကြီးကျင့်ကြံသူသုံးယောက်ကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံရခြင်းကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ထိုစုမင်ကတောင်ပိုင်းအရုဏ်ဦးနယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော တတိယမြောက်မာန်စွမ်းအားကျင့်ကြံသူကြီးဖြစ်ကြောင်းသေချာနေပြီဖြစ်သည်။

သူ့ခေါင်းထဲမှာ ထိုယူဆချက်တစ်ခုရှိနေသောကြောင့် စုမင်ကို မည်ကဲ့သို့သတ္တိရှိရှိ တွန်းလှန်နိုင်မည်နည်း။ သူ၏ တစ်ခုတည်းသော အတွေးမှာ ဘုရားကျောင်းသို့ ချက်ချင်း ပြန်သွားရန် ဖြစ်သည်။ သူ ထိုနေရာမှာရှိမှသာလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်သော စွမ်းအားရှိသည်။ နောက်ဆုံးတော့ ဘုရားကျောင်းက သူ့ကို ထိုတာဝန် ပေးအပ်ပြီးနောက် သူ့မျိုးနွယ်စုဆီက ရရှိခဲ့သော ထူးဆန်းသော မှော်စီးယာဉ်ကြီးသာဖြစ်သည်။

သို့သော် စုမင်က သူ့ကို လှည့်စားပြီး သူ ပြန်ဆုတ်ရန် အခွင့်အရေးကို ပေးစွမ်းနိုင်မည်မဟုတ်ပေ။ မိုလောက တခဏချင်း ဆုတ်ခွာလာပြီး ဘုရားကျောင်းဆီသို့ အရှိန်တင် လေသည်။ စုမင်က သူ့ကို အေးစက်စွာစိုက်ကြည့်နေလေသည်။ နောက်အခိုက်အတန့်တွင် စုမင် ပျောက်ကွယ်သွားခဲ့သည်။

စုမင်က ကံကြမ္မာအဖြစ်ပြောင်းလဲသွားကတည်းက အသက်ငါးရှိုက်သာ ကုန်ဆုံးသွားခဲ့သည်။

မိုလောက စုမင် ပျောက်ကွယ်သွားသည်ကိုမြင်လိုက်သည့်အခိုက်တွင် သူ့မျက်လုံး အပြူးသားဖြစ်သွားသည်။ ဘုရားကျောင်းသို့ပြန်ရန် ခက်ခဲမည်ကိုသိ၍ အော်ဟစ်လိုက်လေသည်။ မဆိုင်းမတွဘဲ ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို ရင်ဘတ်နှင့် ဖိလိုက်သည်။

ထို့နောက် သူက ပါးစပ်ကိုဖွင့်ပြီး အဝါရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအလင်းရောင် ပေါ်လာသည်နှင့် တပြိုင်နက်တွင် ကြီးမားသော စွမ်းအင်ပမာဏက နယ်မြေအတွင်း ချက်ချင်း တုန်ခါသွားကာ သူ့ပတ်ဝန်းကျင် လေထုထဲတွင် အဆုံးမရှိသော လှိုင်းဂယက်များကိုနိူးဆွပေးသည်။

စုမင်က မိုလောအနားသို့ ချက်ချင်းဆိုသလို ပေါ်လာပြီး အဘိုးအိုက ဘယ်လက်ကို မြှောက်ကာ အဝါရောင်အလင်းတန်းဆီသို့ ညွှန်ပြလိုက်သည်။

“မဟာယွီနန်းတော်..ဘိုး ဘေးများထင်ပြခြင်း...”

မိုလောက အော်ဟစ်လိုက်သည်။

ဤလူရှေ့တွင် ပေါင်ရှန် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသော အပြောင်းအလဲများကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးပြီး သူလည်း ထိုနည်းအတိုင်း အဆုံးသတ်သွားမည်ကို သူ ကြောက်ရွံ့နေပါသည်။ ထိုအချိန်တွင်၊ သူက ဤစွမ်းရည်ကို အကောင်အထည်ဖော်ရန် သူ၏ စွမ်းအားအပြည့်ကို လက်တွေ့ကျကျ အသုံးချခဲ့သည်။

“မင်းက မာန်စိတ်ဝိညာဉ်နယ်ပယ် မှာ ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်ခဲ့မယ်ဆိုရင်တောင် မာန်ကျင့်ကြံသူတွေရဲ့ စွမ်းအားရင်းမြစ်က မဟာယွီဘုရားကျောင်းကလာတာပဲ.. သူ့ရဲ့ ရှေ့မှောက်ဆိုရင် မင်း ပိတ်မိသွားလိမ့်မယ်.. ငါ အထဲကိုပြန်ဝင်တာကို တားလို့ မရဘူး...”

မိုလောက သူ၏ စွမ်းအားအပြည့်ဖြင့် စွမ်းရည်ကို အသက်သွင်းခဲ့သည်။ သူက ထိုမြင့်မြတ်တဲ့စွမ်းရည်ကို အရမ်းယုံကြည်ခဲ့သည်။ထိုအရာက ထူးဆန်းသော ရတနာတစ်ခု၏ ပုံစံတစ်မျိုးဖြစ်သည်။ သူ့မျိုးနွယ်စုက သူ့ကို ထိုရတနာများ ပေးကတည်းက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားခဲ့သည်။ ထိုစွမ်းရည်ကြောင့် သူ့လက်ထဲမှာ သေဆုံးသွားသူ အများအပြားရှိခဲ့သည်။စုမင်ကို မသတ်နိုင်ရင်တောင် အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားနိုင်မည်ဟု ယုံကြည်ခဲ့သည်။

ထိုပမာဏက ဘုရားကျောင်းသို့ ပြန်သွားရန် လုံလောက်မည်၊၊ ဘုရားကျောင်းနှင့် သူ၏ စွမ်းအားကို မြှင့်တင်လိုက်သောအခါတွင် စုမင်ကို တိုက်ထုတ်နိုင်သည် သို့မဟုတ် ဤနေရာမှ လွတ်မြောက်ရန် မှော်အစီအရင်တစ်ခုကို ဖန်တီးနိုင်သည်။ သူ့ကိုကူညီရန် အကြီးအကဲမိုချွယ်ကိုတောင် ဆင့်ခေါ်နိုင်သည်။။

အကြီးအကဲမိုချွယ်၏တည်ရှိမူကို မည်မျှထိတ်လန့်ခဲ့ရသည်ကို သတိရလိုက်သောအခါတွင် မိုလောက တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏မာန်စွမ်းအားကျင့်ကြံသူသုံးယောက်ကို သတ်ပစ်ရန် မ စိတ်လှုပ်ရှားလာသည်။

တခဏအတွင်းမှာပင် အဝါရောင်အလင်းက မျက်လုံးများဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ကောင်းကင်ရှိ တိမ်တိုက်များ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်ရှိ သွေးများ ပျောက်ကွယ်သွားခဲ့သည်။ လောကကြီးထဲတွင် ကြီးမားသော နန်းတော်တစ်ခု ပေါ်လာသည်။ မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော နန်းတော်တစ်ခုဖြစ်ပြီး နယ်မြေဆီသို့ အလင်းရောင်များ ဖြာကျလာသည်။ အဆောက်အဦးရှေ့တွင် ရှိသော ကျောက်တိုင်ပေါ်တွင် စကားလုံးနှစ်လုံးကို ရှင်းရှင်းလင်းလင်း ထွင်းထုထားသည်ကို မြင်တွေ့နိုင်သည်။

“မဟာယွီနန်းတော်..”

ထိုနန်းတော် ပေါ်ထွန်းလာသောအခါတွင် ရှေးကျသောခံစားချက်နှင့် စွမ်းအားတစ်ခုက နေရာအနှံ့ရှိ လူတို့ကို ချက်ခြင်း ပုပ်ပွသွားသလို ခံစားစေခဲ့သည်။ စုမင် ၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့မြင်ကွင်းထဲရှိ တစ်ခုတည်းသော အရာက ထိုနန်းတော်ပင်ဖြစ်သည်။ မိုလောကိုတောင် သူ မမြင်နိုင်တော့ပေ။

“မဟာယွီ..…’

စုမင်က နန်းတော်ကို ကြည့်လိုက်သည်။ သူက အချိန်ကုန်သွားစေရန် စွမ်းအားကို မထုတ်ခဲ့ပေ။ ယင်း နန်းတော်ကိုပဲ ကြည့်လိုက်ရင်း အေးစက်စက် အပြုံးက သူ့နှုတ်ခမ်းပေါ်မှာ နေရာယူလာလေသည်။

မဟာယွီပြည်ထောင်မှနန်းတော်က ‌ဤနေရာကို ရောက်ရှိနေခြင်းက လုံးဝယုတ္တိမတန်ပေ။ ထိုစွမ်းရည်က အခြားသူများအပေါ် ထိရောက်မှု ရှိကောင်းရှိနိုင်သော်လည်း စုမင်အတွက်မူ ထိုမြင်ကွင်းမှာ အတုအယောင်ဖြစ်လွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် သူက မဟာယွီပြည်‌ထောင်ကို အမှန်တကယ်မြင်ဖူးသူ အလွန်နည်းပါးသော လူနည်းစုထဲမှ တစ်ဦးဖြစ်ပြီး ဧကရာဇ်မြို့နှင့် ၎င်း၏ဘုံဗိမာန်များကို အမှန်တကယ်မြင်ဖူးသူဖြစ်သည်။ ဤအတုအယောင်မျှသာကြောင့် သူ မည်သို့ ထိတ်လန့်သွားမည်နည်း။

ထိုအရာအားလုံးက ငါးတစ်ကောင်ကို ရေကူးနည်းသင်ပေးနေသော လူမိုက်တစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့သည်။

All Chapters