အသန်မာဆုံးသော လှံ
Vol. 39 Ch. 534
“အဲ့ဒါကငါ့ကို စိတ်လှုပ်ရှားစေခဲ့တာပဲ... မြင့်မြတ်တဲ့စွမ်းရည်တွေက အဲ့လိုနည်းနဲ့လုပ်ဆောင်နိုင်တာပဲလား”
စုမင်၏မျက်လုံးများက အရောင်တဖျတ်ဖျတ်လက်လာသည်။ သူက ထိုနေရာတွင်ရှိသောနန်းတော်ကြီးကို ကြည့်ပြီးနောက် မျက်လုံးများကို မှိတ်ချလိုက်၏။
အချိန်အနည်းငယ်ကြာပြီးသည့်နောက် သူ့မျက်လုံးတွေကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်လျှင် ပုံရိပ်ယောင်တစ်ခုကမျက်လုံးထဲပေါ်လာသည်။ ထိုပုံရိပ်ယောင်ထဲတွင် နန်းတော်ကြီးတစ်ခု၊ ကြီးမားသော ကျုံးကြီးတစ်ခုကိုမြင်ခဲ့သည်။ ထိုအရာမှာမဟာယွီပြည်ထောင်ဖြစ်သည်။ မဟာယွီပြည် ထောင်၏အဓိကနန်းတော်ကြီးနှင့် ကြီးမားသောတောင်ပိုင်းနန်းတော် ပုံရိပ်ယောင်ပုံစံမျိုးဖြင့် ထိုကမ္ဘာထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။
စုမင်မျက်လုံးထဲတွင် နန်းတော်နှင့်မြို့တော် ပေါ်လာသည်နှင့်တပြိုက်နက် သူသည် ရှေ့တစ်လှမ်းတိုးကာ ခြေချလိုက်စဥ် စိတ်ကူးယဥ်နန်းတော်က စုမင်မျက်စိရှေ့တွင်ပင် ပေါက်ကွဲသံနှင့်အတူ တစ်စစီပျက်စီးပြိုကျသွားသည်။
“အတုအယောင်ဆိုတာ ဘယ်လောက်တောင်ပျက်စီးလွယ်လိုက်သလဲ”
မဟာယွီနန်းတော် ပျက်စီးသွားသောအခိုက်တန့်တွင် သူက တစုံတစ်ခုကိုခံစားမိလိုက်သည်။ နန်းတော်က ပြိုကျပြီး သူ့ပတ်ဝန်းကျင်ရှိလေမှတစ်ဆင့် အမှုန်အမွှားများအဖြစ်ပြောင်းလဲသွားသည်။ ကောက်ညှင်းလမုန့်ဘုရားကျောင်းထဲသို့ လမ်းတဝက်ရောက်နေပြီဖြစ်သော မိုလောက သူ့မျက်လုံးထဲတွင် လွှမ်းမိုးဖုံးကွယ်ထားသည်။ သို့သော်သူ့ခန္ဓာကိုယ်စတင်တုန်ယင်လာပြီး သွေးများပါးစပ်ထဲမှအန်ကျလာသည်။
မိုလော ခန္ဓာကိုယ်က လှုပ်ရှားလာပြီး သူ့နှလုံးသားသည်လည်း အံသြခြင်းတို့ဖြင့်ပြည့်နှက်နေလေသည်။ ထို့ပြင် စုမင်က မဟာယွီပြည်ထောင်ကို ဖျက်စီးပစ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ နောက်ဆုံးတွင် ထိုလုပ်ဆောင်ချက်က ပုံရိပ်ယောင်သာဖြစ်ပြီး မျိုးနွယ်စုထဲတွင်သူတွေ့မြင်ခဲ့ရသော အတုအယောင်သာဖြစ်သည်။ ထိုလူကို အချိန်ကြာအောင်ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံနေဆဲဖြစ်၏။
သို့သော် အမှန်တရားမှာ သူ့မျက်စိရှေ့တွင်ပင်ဖြစ်ခဲ့သည်။ ထိုလူဆောင်ချက်ကိုသူလုပ်စဥ်ကတည်းက အတုအယောင်ဖြစ်သောမဟာယွီနန်းတော်က ပျက်စီးသွားသည်အထိ အသက်သုံးရှိုက်စာသာကြာမြင့်ခဲ့သည်။
ထိုအသက်သုံးရှိုက်စာက သူ့ကမ္ဘာကြီးပြိုလဲသွားသကဲ့သိုခံစားလိုက်ရ၏။ ကောင်းကင်မှ အဝါရောင်အလင်းတန်း မှေးမိန်ပျောက်ကွယ်သွားပြီး မိုလောပါးစပ်မှသွေးအန်နေစဥ် ကောင်းကင်မှမှိန်ဖျော့နေသောအဝါရောင်အလင်းတန်းထဲသို့ အုတ်တစ်ချပ် ပြုတ်ကျသွားသည်။
ထိုအရာသည် ကြက်သွေးရောင်အုတ်တစ်ချပ်ဖြစ်သည်။ ရှေး ဆန် သောလေထုကို ၎င်း မှခံစားနိုင်ခြင်းဖြစ်မည်။ မဟာယွီပြည်ထောင်ပုံရိပ် ယောင်မှာ မြေပြင်ပေါ်သို့ ပြိုကျပြီးကျိုးပဲ့တော့မည့်ပုံရ၏။
“မဖြစ်နိုင်တာ... အချိန်တိုလေးအတွင် မဟာယွီနန်းတော်ရဲ့ပုံရိပ်ယောင်နေ ဘယ်သူမှမစွန့်ခွာနိုင်ဘူးလို့ အကြီးအကဲ တစ်ခါက ပြောဖူးတယ်... ငါ အရမ်းအစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို အသုံးပြုတဲ့ချိန်ကတောင် အနည်းဆုံး အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်အထိ ထောင်ချောက်မိနေခဲ့တာလေ”
မိုလော စိတ်ထဲအံသြခြင်းတို့နှင့် ပြည့်နှက်သွားသည်။ သူသွေးချောင်းဆ်ိုးနေစဥ်မှာပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဘုရားကျောင်းထဲသို့ဝင်သွားသော်လည်း မြေပေါ်သို့ခြေမချရသေးချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ လောကကြီးမှာ ပုံပျက်စပြုလာ၏။ ထိုပုံပျက်ခြင်းကိုမြင်လ်ိုက်ရသည်နှင့် သူ့နည်းတူ ပေါင်ရှန်သည်လည်း အံ့အားသင့်သွားလေသည်။
အချိန်နောက်ပြန်လှည့်ခြင်း၊ ကမ္ဘာကြီးတတဖန်ပြန်လည်မစုစည်းခင် အစိတ်စိတ်အမွှာမွှာကြေမွသွားခြင်းနှင့် သူ့ခန္ဓာကိုယ်က ဗိမ္မာန်မှထွက်ခွာသွားသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။
ပေါင်ရှန်ကို ဒဏ်ရာရစေသည့်အချိန်ကဲ့သို့ပင် စုမင်သည် ညာဘက်လက်ညှိုးကိုမြှောက်၍ သူ့ရင်ဘတ်သို့ညွှန်ပြနေသည်ကိုလည်းတွေ့လိုက်ရ၏။ စူးရှသော နာကျင်မှုကို ခန္ဓာကိုယ်တစ်ခုလုံးမှခံစားလိုက်ရကာ နှုတ်ခမ်းထောင့်စွန်းမှသွေးများစီးကျလာလေသည်။ အချိန်တွေနောက်ပြန်ဆုတ်သည်နှင့် သူ့ဆန္ဒနှင့်ခန္ဓာကိုယ်သီးခြားဖြစ်သွားသကဲ့သို့ ခုခံနိုင်စွမ်းလုံးဝမရှိတော့ပေ။
လွန်ခဲ့သောအချိန်အတွင်း သူရှေ့သို့ဆက်သွားသောအခါ မည်ကဲ့သို့အန္တာရယ်မျိုးကိုမှသတိမထားမိတော့။ ထို့ကြောင့် သူရှေ့ကိုလျှောက်လာသည့်အခါ မည်သည့်အန္တရာယ်အရိပ်အယောင်ကိုမှ မတွေ့ရပေ။ သို့သော် ထိုအချိန်မှာပင် အချိန်တွေနောက်ပြန်ဆုတ်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်က မခုခံနိုင်သော အနေထားမှာရှိပြီး သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို ပျက်စီးခြင်းဖြစ်ပေါ်စေ၏။
ထိုအရာက ကံကြမ္မာ၏ အပြင်းထန်ဆုံးလက္ခာဏာဖြစ်သည်။
မိုလော၏ ဝိညာဥ်မှာ အစိတ်စိတ်အမွှာမွှာပျက်စီးလုနီးပါးဖြစ်သွားသည်။ မိုလောက ပေါက်ရှန် ပျက်ဆီးခြင်းကို မကြာမီကပင် ရှင်းရှင်းလင်းလင်းမြင်ထားပြီး ယခုမူ သူသည်လည်း တူညီသောအခြေအနေတွင်ရှိလေသည်။ သူ မခုခံနိုင်၊ မရှောင်တိမ်းနိုင်တော့။ သူသည် တစ်စုံတစ်ယောက်ကထိန်းချုပ်ထားသော ရုပ်သေးရုပ်အဖြစ်ပြောင်းလဲသွားသကဲ့သို့
အချိန်သည်လည်းရှေ့ပြန်နောက်ပြန်ကူးပြောင်းသွားကာ သူသေဆုံးသည်အထိ နာကျင်မှုဒဏ်ကိုအဆက်မပြတ်ခံစားသွားရမည်ဖြစ်သည်။
သူသည် ကံကြမ္မာ၏ ကျီစယ်ရိုက်ခတ်မှုကိုခံလိုက်ရခြင်းဖြစ်သည်။ သူ့ပါးစပ်မှသွေးများအန်ကျလာချိန် ကြီးမားသောအင်အားတစ်ခုက သူ့ခန္ဓာကိုယ်က်ိုဝင်တိုက်သွားသည်။ သို့သော် နောက်သို့ခြေလှမ်းအနည်းငယ်မလှမ်းရသေးမီ သူ့ရှေ့ရှိကမ္ဘာကြီးက ချက်ခြင်းပင်နောက်တစ်ကြိမ် အပိုင်းအစများအဖြစ်အစိတ်စိတ်အမွှာမွှာကွဲကြေသွားလေသည်။ အရာအားလုံးက သံသရာတစ်ခုလို ထပ်ခါထပ်ခါဖြစ်နေပြီး ထိုအရာသည် သူတို့၏စိတ်များ ယူကြုံးမရဖြစ်သွားရလောက်အောင်ပင် ပြင်းပြင်းထန်ထန်စိတ်ထိခိုက်ရစေသည်။
“ဒီလိုဆက်ပျက်စီးခွင့်မပြုနိုင်တော့ဘူး မဟုတ်ရင် ငါသေရတော့မယ်။ ဒီပုဂ္ဂိုလ်က တောင်ပိုင်းအာရုဏ်ဦး ရဲ့ဒေါသအိုးသုံးယောက်ထဲက တစ်ယောက်ဆိုတာအသေအချာပဲ.. နှစ်ပေါင်းများစွာထဲက အောင်မြင်မှုကိုရထားခဲ့တာ၊ သူ့မှာလှည့်ကွက်တွေအများကြီးရှိနေမယ်ဆ်ိုတာ သေချာတယ်”
မိုလောသည် သူ့ခန္ဓာကိုယ်နောက်ပြန်ကျသွားပြီး စုမင်သူ့ဆီသို့လျှောက်လာရင်း ဒုတိယအကြိမ်လက်ညှိုးထိုးသည်က်ို
တွေ့သောအခါ သူ၏ကြောက်ရွံ့မှုတို့က အမြင့်ဆုံးရောက်ရှိသွားသည်။ သူ့ဘဝတစ်လျှောက်လုံးတ်ိုက်ခိုက်ရင်း၊ သတ်ဖြတ်ရင်းရှင်သန်လာခဲ့သော်လည်း ထိုကဲ့သို့ထူးဆန်းသောနတ်ဘုရားစွမ်းရည်ကို မမြင်ဖူးခဲ့ပေ။ စုမင်၏ ကိုယ်ပိုင်လက္ခဏာကိုချိတ်ဆက်ပြီး အသက်အန္တာရယ်ခြိမ်းခြောက်နေသောအဖြစ်မှ စတင်ဆောက်တည်ရာမရဖြစ်လာခဲ့သည်။
စုမင်သည် မိုလော၏ နဖူးအလယ်ကို ဒုတိယအကြိမ်ထိုးခါနီးတွင် ချက်ခြင်းပင် အဘိုးအို၏မျက်လုံးတို့သည် အနီရောင်ပြောင်းလဲလာသည်။ အချိန်ကြာလာသည်နှင့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့၊ သူ၏အံ့သြဖွယ်ကောင်းသောစွမ်းရည်တို့ကိုလည်း အကောင်ထည်ဖော်နိုင်စွမ်းမရှိတော့ပေ။ သို့သော်လည်း သူ၏ဒေါသတို့ကိုတော့ နှိုးဆွပေးနိုင်ခဲ့သည်။
စုမင်၏လက် မိုလောနဖူးအလယ်သို့ရောက်ခါနီးတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်သွေးကြောများ ပေါ်ကွဲသွားသည်။ ပေါက်ကွဲသံနှင့်အတူ အရာအားလုံးလောင်ကျွမ်းစေလိုသောစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအား၏အင်အားသည် မိုလောကိုယ်တ်ိုင်တည်ဆောက်ထားသော ကနဦးလောင်ကျွမ်းခြင်းမှ ဆင်းသက်လာပြီး ထိုစွမ်းအားသည် မာန်စိတ်ဝိညာဥ်နယ်ပယ် ၏ နောက်ပိုင်းအဆင့်မှအလယ်ပိုင်းအဆင့်သို့ သူ့၏ကျင့်ကြံမှုကျဆင်းခြင်းနှင့်အတူပေါက်ကွဲထွက်လာမည်ဖြစ်သည်။
မိုလောသည် ကနဦးကျင့်ကြံခြင်း
ကိုလောင်ကျွမ်းစေပြီး စုမင်၏လက်ချောင်းတို့သည် သူ့ခန္ဓာကိုယ်ပေါ်သို့ရောက်လာသည်။ ထို့နောက် သူသွေးချောင်းဆိုးစဥ် နောက်သို့ပြန်ဆုတ်သောအခါ ကမ္ဘာကြီးအက်ကွဲသွားပြီး သူ့အလိုလိုပြန်လည်တည်ဆောက်သကဲ့သို့ အချိန်တွေခဏကြာညောင်းသွားကာ သူ့က်ိုအပြင်းအထန်ကြောက်လန့်စေသည့် သံသရာစက်ဝန်းမှ ခြိမ်းခြောက်သံများကိုဖယ်ရှားပစ်ခဲ့သည်။
သူ့ပါးစပ်မှသွေးတို့ကို အမြန်သုတ်ပစ်ရန်ပင် ဂရုမစ်ိုက်န်ိုင်ပေ။ ထိုအခွင့်အရေးသည် အချိန်ကြာရှည်စွာမရနိုင်နိုင်ကြောင်း သူသိနေခဲ့သည်။ အဆုံးမသတ်သောသံသရာစက်ဝန်းတွင် လောင်ကျွမ်းနေသောမြင်ကွင်းက အလွန်ကြောက်ရွံ့စေခဲ့ပြီး တစ်ခဏလေးပင်တွန့်ဆုတ်မနေဘဲ လက်နှစ်ဘက်ဖြင့် ရှေ့သို့ညွှန်ပြလိုက်သည်။
“ပျော်ရွှင်မှု၊ ဒေါသ၊ စိုးရိမ်မှု၊ စိတ်ဆန္ဒ၊ ကြောက်ရွံ့မှု၊ ပူဆွေးမှု၊ အံ့သြမှုဆိုတဲ့ ဘဝရဲ့ခံစားမှုခုနှစ်သွယ်”
မိုလောအော်ပြီး စုမင်ရှိရာလက်ညိုးထိုးလိုက်စဥ် အမျှင်အတန်းခုနှစ်ခုက ချက်ခြင်းပင် လက်ချောင်းထိပ်မှဖြာထွက်သွားသည်။ တောင့်တမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံမှုနှင့် အံ့သြထိတ်လန့်မှုတို့ပြောင်းမသွားမီ သူ့အမူအရာတို့သည် ရူးသွပ်ခြင်းမှ ဝမ်းသာခြင်း၊ ဝမ်းသာခြင်းမှ ဒေါသ၊ ဒေါသမှ စိုးရိမ်မှုအဖြစ်စတင်ပြောင်းလဲလာသည်။
ထိုခံစားမှုခုနှစ်သွယ်က ဘဝ၏ခံစားချက်ခုနှစ်မျိုးကို ထင်ဟပ်စေသည်။ ထိုခုနှစ်မျိုးသူ့မျက်နှာပေါ်သို့ရောက်ရှိလာသည်နှင့်တပြိုင်နက် သူ့လက်ချောင်းထိပ်မှဖြာထွက်လာသော အခိုးအငွေ့ခုနှစ်မျိုးက မြူခိုးများဖြင့်လုပ်ထားသော အရိပ်ခုနှစ်ခုအဖြစ်ပြောင်းသွားပြီ စုမင်ထံရောက်လာ၏။
ထိုအချိန်မှာပင် မိုလော၏အတွင်းအားများလောင်ကျွမ်းနေသောကြောင့် ထိုသံသရာစက်ဝန်းထဲသို့ ဆွဲခေါ်လာသောစွမ်းအားကိုတွန်းလှန်နိုင်ခဲ့ပြီး စုမင်သည် မိုလောစွမ်းရည်ကိုပြောင်းပြန်စီးဆင်းရန် အတိတ်ကစွမ်းအားကိုမသုံးန်ိုင်တော့ပေ။ သူကတော့တည်ငြိမ်နေဆဲဖြစ်သည်။ ကံကြမ္မာ ဖြစ်လာပြီးနောက် အသက်ရှူသံဆယ့်နှချက်သာကုန်ဆုံးသွားပြီး သူ့အချိန်ကန့်သတ်ချက်မှာလည်းနီးကပ်လာပြီဖြစ်သည်။
“စိတ်အာရုံခံစားမှုခုနှစ်သွယ်...”
စုမင်မှာ ငြိမ်သက်နေ၏။ သူ့မျက်လုံးများတောက်ပနေမှုနှင့်အတူ တိမ်းရှောင်မည့်အစား အခွင့်အလမ်းများဖြင့်ပြည့်နေသော မို
လောထံသို့လျှောက်သွားခဲ့သည်။ သူနီးကပ်လာသောအခိုက်အတန့်တွင် ပျော်ရွှင်ခြင်း၏အရ်ိပ်က အာရုံခုနှစ်ပါးအနက် သူ့အပေါ်နီးကပ်လာမည့်ပထမဆုံးအာရုံဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲသို့ရောက်ခဲ့ပြီးချိန်တွင် ပျော်ရွှင်မှုဆိုသောအရာ ဘာမှမရှိတော့သကဲ့သို့ လွတ်ထွက်သွားသည်။
ထိုအရာက မိုလောကိုအံ့သြသွားစေ၏။ ထို့နောက် ဒေါသ၏အရ်ိပ်သည် ပျောက်ကွယ်လုနီးပါးဖြစ်သွားသော်လည်း စုမင်က်ိုတစ်ကြိမ်ထိလိုက်သည်နှင့် ယခင်ကရှိခဲ့သော ပျော်ရွှင်မှုကဲ့သို့ သူ့ခန္ဓာကိုယ်မှဖြာထွက်သွားသည်။ စုမင်သည် နေမြဲအတိုင်းရှိနေပြီး သူ့အပေါ်နီးကပ်လာသည့်တိုင်အောင် ခံစားချက်မပြောင်းလဲပေ။
“ဒါ...”
အထူးသဖြင့် မိုလောက စုမင်မမြင်နိုင်သော စိုးရိမ်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့ခြင်းနှင့် အံသြခြင်းတို့၏အရိပ်များ သူ့အနားဖြတ်သွားသည်ကိုမြင်လိုက်သောအခါ ကြက်သေသေသွား၏။ ထိုအချိန် မိုလော၏ကြောက်ရွံ့မှုမှာ အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။
“ဒါမဖြစ်နိုင်ဘူး.. မင်းက လူသားတစ်ယောက်ဖြစ်နေသရွှေ့ စိတ်ခံစားချက်ခုနှစ်ပါးကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
မိုလော အော်ဟစ်ပြီး အံ့အားသင့်နေစဥ် သူကဗျာကယာနှင့် ပြန်ဆုတ်သည်။ သူ၏ထိတ်လန့်နေမှုတွင် စိတ်အာရုံခုနှစ်သွယ် ရုတ်တရတ်ပျောက်ကွယ်သွားသည်ကိုသတိမထားမိသော်လည်း စုမင်ခန္ဓာကိုယ်ထဲမရောက်မီ စိတ်ခံစားချက်တစ်ခုသည်လည်းပျောကွယ်သွားခဲ့သည်။
ထိုခံစားချက်က ရှည်ကြာလွန်း၏။
ထိုအချိန်အတွင်း စုမင်၏စိတ်တွင်ပေါ်လာသည်မှာ နက်မှောင်တောင်၊ သူ့၏အကြီးအကဲ၊ ပ်ိုင်လင်၊ နဝမ မြောက်တောင်ထွဋ်နှင့် အခြားသောသူများဖြစ်သည်။
စုမင်၏ ဘယ်ဘက်လက်မြှောက်သည်ကို မိုလော မြင်လိုက်သောအခါ အဆုံးမရှိသောသံသရာစက်ဝန်းတွင် နစ်မြှုပ်သွားသည့်ခံစားချက်နှင့် လောကကြီးအစိတ်စိတ်အမြွာမြွာကွဲအက်သွားသည့်ထင်မြင်ချက်မှာနောက်တစ်ကြိမ် ပေါ်ထွက်လာသည်။
မိုလောက ကြောက်လန့်တကြားနှင့် အံကိုတင်းတင်းကြိတ်ထား၏။ သူ့ခန္ဓာကိုယ်၏ကနဦးကျင့်ကြံခြင်း ပိုသန်မာလာပြီး သူ့ကျင့်ကြံခြင်းသည် မာန်စိတ်ဝိညဥ်နယ်ပယ်တွင် အလယ်အဆင့်မှ မူလကနဦးအဆင့်သို့ကျဆင်းသွားသည်။ သူ၏ကနဦးအဆင့်လောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်လာသောစွမ်းအင်က ပေါက်ကွဲမှုအဖြစ်ပြောင်းလဲသွားပြီး သူအော်ဟစ်သကဲ့သို့ ရှေ့သို့တစ်လှစ်တိုးသွားစေသည်။
ဘုရားကျောင်းထဲသို့ဝင်ခါနီးအချိန်တွင် စုမင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေသည်။ သူ့အသွင်ပြင်သည် လျင်မြန်စွာစတင်ပြောင်းလဲသွား၏။ သူ့ကံကြမ္မာသည်ကုန်ဆုံးမည့်အချိန်သို့ နီးကပ်လာသော်လည်း သူကတော့တည်ငြိမ်နေဆဲဖြစ်သည်။ သူရှေ့သို့ထပ်မလှမ်းတော့ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ခရမ်းရောင်အလင်းတန်းများတောက်ပနေသည်။
မျက်တောင်တစ်ချက်ခတ်ချိန်တွင် စုမင်၏ခန္ဓာကိုယ်သည် ခရမ်းရောင်အလင်းတန်းများဖြင့်ဝန်းရံထား၏။ သူ၏ဘယ်ဘက်ကိုထပ်မံမြှောက်လိုက်သောအခါ လှံရှည်တစ်ချောင်းပေါ်လာပြီး နတ်ဆိုး၏အစွမ်းမှ ပထမဆုံးအကြိမ်ကံကြမ္မာအဖြစ်ကန့်ကွက်ခဲ့သည်။
ထိုအချိန်တွင် မိုလောသည် သူ၏ကနဦးကျင့်ကြံမှုလောင်ကျွမ်းခြင်းမှ ဖန်တီးထားသောအစွမ်းနှင့် စုမင်၏ အချိန်ပြောင်းပြန်လှန်မှုကိုထိုးဖောက်ကျော်လွှားခဲ့သည်။ ထို့နောက် ဂူထဲသို့ပြန်ရန်စီစဥ်ခဲ့သည်။ အထဲသို့ဝင်ဝင်ချင်းပင် သူ့လက်မောင်းတို့ကိုကျယ်ကျယ်ဆန့်တန်း၍ ကျယ်လောင်စွာအော်လိုက်သည်။
“ဘိုးဘေးတွေရဲ့အမွေ...မင်းရဲ့တတိယမျိုးဆက်တပည့် မိုလောရဲ့အလောင်းကိုစတေးပြီး ငါတို့မျိုးနွယ်စု၏ ဂုဏ်ကျက်သရေတိုးပွားအောင်ကူညီပေးပါ ..”
မိုလော အော်နေချိန်တွင် အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်စာတိုင်များ ရုတ်တရတ် အလင်းရောင်တစ်ခုနဲ့အတူလင်းလက်လာသည်။ အထဲတွင် မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသောဝိညာဥ်အပိုင်းအများ ပြန့်ကျဲနေသည်။ ထိုဝိညာဥ်တို့၏သွင်ပြင်သည် ဂူကိုပိုအေးစက်လာစေ၏။ ထို့နောက် အေးစက်သောလေတိုက်ခတ်လာသကဲ့သို့ ဝိညာဥ်အပိုင်းအစများ၏ အောက်မေ့ဖွယိကျောက်စာတ်ိုင်များက တစ်စစီပဲ့ကျလာပြီး မိုလောထံ အပြေးအလွားသွားကာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဝပ်တွားနေသည်။ မိုလော၏တည်ရှိမှုစွမ်းအားသည်မြင့်တက်လာ၏။
သူ၏တည်ရှိမှုသည် မာန်စိတ်ဝိညာဥ်နယ်ပယ်၏ ကနဦးအဆင့်မှ အလယ်အဆင့်ရောက်သွားပြီး နောက်ပိုင်းအဆင့်သို့ရောက်သွားကာ ဆက်လက်တက်သွားမည်ဖြစ်သည်။ သို့သော် ထိုနေရာတွင်မပြီးဆုံးသေးပေ။ မိုလော၏မျက်နှာတွင်နာကျင်မှုများပေါ်လာသောကြောင့် သူ၏စွမ်းအားသည်တဖန်မြင့်တက်လာသော်လည်း မာန်စိတ်ဝိညာဥ်နယ်ပယ်၏ အထွတ်အထိတ်သို့မရောက်ရှိနိုင်ခဲ့ပေ။
ထိုအရာအားလုံးသည် သူ၏ကနဦးကျင့်ကြံမှုလောင်ကျွမ်းခြင်း သို့မဟုတ် ကြီးမြတ်သောပြီးမြောက်မှုစွမ်းအားကိုအချိန်တိုအတွင်းရရှိနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။
မိုလောမျက်လုံးများနီရဲနေသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများပြည့်နှက်နေပြီး ရူးသွပ်ရန်လုပ်ဆောင်နေသည်။ ကနဦးအဆင့်မြင့်တက်လာသောကြောင့် သူသည်တစ်ပတ်လှည့်ကာ စုမင်ရှိရာအော်ဟစ်နေသည်။
ကံကြမ္မာအရ စုမင်က သူ၏ညာလက်က ရှည်လျားသော ခရမ်းရောင်လှံကိုကိုင်ထားစဥ် မကောင်းဆိုးဝါးအစောင့်အရှောက် ၏ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရင်း မိုလောထံလျှောက်သွားသည်။ သူ့ခန္ဓာကိုယ်က ကံကြမ္မာအဖြစ်မှပြန်မပြောင်းခင် လှံရှည်ကိုသူ့လက်မှပစ်လွှတ်လိုက်ပြီး လေမှထုထဲတွင် ပေါက်ကွဲမှုတစ်ခုဖြစ်သွားစေသည်။
ထိုပစ်လွှတ်မှုက အပြင်းထန်ဆုံးလှံဖြင့်တိုက်ခိုက်မှုဖြစ်ပြီး မကောင်းဆိုးဝါးအစောင့်အရှောက် တန်ဆာမှ ပါဝင်အားဖြည့်ထားခြင်းဖြစ်သည်။ ၎င်းသည် အတုမရှိသော လှံတိုက်ခိုက်မှုဟုပင် ယူဆနိုင်သည်။
တစ်စုံတစ်ယောက်က ထိုလှံပစ်စွမ်းရည်ကိိုနှိုင်းယှဥ်လိုလျှင် ၎င်းက မာန်စိတ်ဝိညာဥ်နယ်ပယ်ကိုပြည့်စုံကျော်လွန်ပြီး၍ အသက်လမ်းစဥ်ကျင့်ကြံခြင်းကိုပဲ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်သည်။
.........