← Chapters

စုမင်

Vol. 39 Ch. 535

စုမင်

Vol. 39 Ch. 535

အသက်လမ်းစဥ်ကျင့်ကြံခြင်းဆိုသည်မှာ အဘယ်နည်း။

အသက်လမ်းစဥ်ကျင့်ကြံခြင်းဟူသည် လူတို့၏ကိုယ်ပိုင်ဘဝနှင့်ကံကြမ္မာကို ကျင့်ကြံခြင်းဖြစ်သည်။ ၎င်းတို့ကိုယ်တ်ိုင် အပြည့်အဝထိန်းချုပ်နိုင်ရန်နှင့် သူတို့၏အားနည်းချက်များက မည်သည့်နေရာမှာရှိနေကြောင်းလေ့လာရန်ဖြစ်ပြီး ထိုမှတဆင့် ကိုယ်တိုင်ပြီးပြည့်စုံ၍ လောကကြီး၏အထွတ်အထိပ်တွင်ရပ်တည်နေသော အားကောင်းသည့်တည်ရှိမှုတစ်ခုဖြစ်လာခြင်းဖြစ်သည်။

စုမင်က ကံကြမ္မာအရ မာန်စိတ်ဝိညာဥ်နယ်ပယ်ရှိ မာန်စိတ်ဝိညာဥ်နယ်ပယ်အောင်မြင်ပြီးမြောက်သူများနှင့် တူညီသောစွမ်းအားကိုထုတ်ပေးခဲ့သော်လည်း ထိုအရာကအရာအားလုံးဖြစ်၏။ အသက်လမ်းစဥ်ကျင့်ကြံခြင်း၏စွမ်းအားကိုရောက်ရန် သူနှင့်ခွဲခြားထားသည့် ကြီးမားလေးနက်သောကွာခြားချက်တစ်ခုရှိသည်။ သူ့အတွက် ကျော်ဖြတ်ရန်ခက်ခဲသော်လည်း

ကံကြမ္မာ ပျောက်ကွယ်ပြီး ချောက်နက်ပေါ်တွင်ပျံသန်းချိန် သူ၏တိုက်ခတ်မှုစွမ်းရည်အားလုံးကိုစုစည်းရန်ခွင့်ပြုလိုက်သည်။

ယခင်ကသူက ထိုတာဝန်ကိုကြိုးပမ်းခဲ့ပြီး ထိုအံ့သြစရာကောင်းသော လှံပစ်ခြင်းကို ပြသရန်ခက်ခဲနေပေလိမ့်မည်။ အကြောင်းမှာ အသက်လမ်းစဥ်ကျင့်ကြံခြင်း၏ စစ်မှန်သောအဓိပ္ပါယ်ကို

နားမလည်သေးသောကြောင့်ဖြစ်သည်။ သူ့နှလုံးသားက ထိုချောက်ကိုဖြတ်ကျော်နိုင်သည့်အဆင့်သို့ မရောက်သေးပေ။

သူက သူဘယ်သူလဲဟူသည့်အတွေးများဖြင့်ရှုပ်ထွေးနေပြီး အမှတ်တရများဖြင့်ချည်နှောင်ထားကာ ကိုယ့်ကိုယ်ကိုရှာဖွေရန် ရူးရူးမိုက်မိုက်ကြိုးစားနေသည်။

သို့သော်လည်း သူက ကောက်ညှင်းလမုန့်ကျွန်း သို့သွားရာတွင် ပင်လယ်ကိုဖြတ်ရင်း အသိတရားတတစ်ခုရရှိလာခဲ့သည်။ သူ့ကိုယ်ပိုင်စကားလုံးများက ပိုးတုံးလုံးတစ်ကောင် ပိုးအိမ်ထဲမှပေါက်ဖွားကာ လိပ်ပြာအသွင်ပြောင်းသွားသကဲ့သို့ သူ့ကိုပိုမြင့်သောအဆင့်သို့မြှင့်တင်ပေးခဲ့သည်။

၎င်းက သူ့ဝိညာဥ်မှအသွင်ပြောင်းလဲသည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ထိုအရာက စုမင်ကို စစ်မှန်၍အစွမ်းထက်သောစစ်သည်ဖြစ်လာစေရန် အရေးအကြီးဆုံးနှင့်အရေးပါဆုံးသောခြေလှမ်းဖြစ်၏။

“ လောကကြီးကငါ့ကို ကံကြမ္မာ လို့ခေါ်ကတည်းက အခုကစပြီးငါဆိုတဲ့ စုမင်ဟာ ကံကြမ္မာ ဖြစ်လာလိမ့်မယ်...”

ထိုအရာက စုမင်၏ဘဝတွင် ဆုပ်ကိုင်ထားသောကြွေးကြော်သံဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတွင် မည်သို့နေထိုင်ရမည်ကို အခိုင်အမာပြောဆိုထားသောကြွေးကြော်သံတစ်ခုဖြစ်သည်။

ထိုစကားလုံးများက မဟာယွီနန်းတော်ရှိ ရှေ့ဖြစ်ဟောသူကိုနှုတ်ခမ်းပေါ်မှအပြုံးများထင်ဟပ်လာစေသည်။ သူ၏စကားလုံးများက ကျောရိုးထဲထွင်းထုထားသော စကားလုံးများကဲ့သို့ စကြဝဋ္ဌာကြီးကိုပင် လွမ်းမိုးနိုင်သောအစွမ်းများရှိသည်။

“မင်းဘယ်သူလဲဆိုတာ နားလည်လာတဲ့အခါ မင်းကမင်းမဟုတ်တော့ဘူး”

“မင်းဘယ်သူလည်းဆိုတာမသိတော့မှသာ မင်းကမင်းဖြစ်လာလိမ့်မယ်”

စုမင်၏ ပင်ကိုသဘာဝပြောင်းလဲခြင်းနှင့်စိတ်ဝိညာဥ်ပေါ်ထားသောနားလည်နိုင်ခြင်းများက အထူးအဆန်းမဟုတ်သောလည်း အမှန်တွင် ထိုအရာက အသက်လမ်းစဥ်ကျင့်ကြံခြင်း တည်ရှိနေရသည့် အရေးကြီးသောသော့ချက်တစ်ခုဖြစ်သည်။

လှံကိုပစ်လွှတ်လိုက်သည့်အခိုက်တန့်တွင် လောကကြီးနှင့်ကောင်းကင်မှာ တုန်လှုပ်သွားသည်။ ထိုအရာသည့် အလွန်ကျယ်ပြောသည် လောကကြီးနှင့် မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် အလွန်ရှားပါးပြီး နှစ်ပေါင်းအတော်ကြာမတွေ့ရပေ။

၎င်း၏အသွင်အပြင်က ကောင်းကင်ကိုလှုပ်ခါစေပြီး စုမင်လှံကိုဆွဲထုတ်လိုက်သောအခါ ကောင်းကင်တစ်ခုလုံးမြည်ဟီးပြီးတုန်ခါနေသည်။ ပထမအကြိမ်မှာပင် နှစ်ပေါင်းများစွာ ကောင်းကင်ကိုဖုံးအုပ်ထားသောတိမ်များ အသံကျယ်လောင်စွာပေါက်ကွဲသွားသည်။ ကောင်းကင်ကိုလှုပ်ခတ်စေပြီး ကပ်ဆိုးပြီးနောက် ပထမဆုံးနေရောင်ခြည်ထွက်ပေါ်လာခဲ့သည်။ တိမ်တိုက်များပြိုကွဲပြီးသည်နှင့် နေရောင်ခြည်သည်လည်းပိုတောက်ပလာ၏။ ကောင်းကင်မှ အသံများထွက်လာသောအခါ ပင်လယ်တဝိုက်ရှိကျွန်းများကလည်း ဟိန်းဟောက်သံပေးလာကြသည်။ လေထဲတွင် ထိုကျယ်လောင်သောအော်သံများ ပဲ့တင်ထပ်လာလျှင် အသက်လမ်းစဥ်ကျင့်ကြံခြင်း၏တည်ရှိမှုအရှိန်အဝါကြောင့် ကောင်းကင်နှင့်ပင်လယ်မှာ လှုပ်ခတ်နေ၏။

ထိုတည်ရှိမှာ အတု‌ယောင်

ကောင်းကင်နှင်မဟာပထဝီမြေကြီးကိုလှုပ်ခတ်သွားပြီး အားကောင်းသောတည်ရှိမှုနှင့်အတူ တောင်ပိုင်းအာရုဏ်ဦးနယ်မြေ

တွင်များပြားသောနေရာများထွက်ပေါ်လာသည်။

ပထမနေရာက အရှေ့ပင်လယ်မျိုးနွယ်စု(ကလန်)တည်ရှိသော ကုန်းမြေသုံးခုအနက်မှတစ်ခုဖြစ်သည်။ ထိုနေရာသည် ကျက်တီးမြေဖြစ်ပြီး အရှေ့ပင်လယ်မျိုးနွယ်စုနောက်ဘက်ရှိတောင်ထိပ်တွင် အပြာရောင်ဝတ်ရုံပေါ်တွင် အနက်ရောင်နဂါးပန်းထိုးထားသော ခန့်ညားသောလူလတ်ပိုင်းတစ်ယောက်ရှိနေသည်။

ထိုလူသည် တောင်ပိုင်းအရုဏ်ဦး၏ အကြီးအကဲသုံးဦးအနက်တစ်ယောက်ဖြစ်သည့် ကူရီလီလုံဖြစ်သည်။

သူ့မျက်လုံးတွေမှာမှိတ်ထားဆဲဖြစ်သော်လည်း အနည်းငယ်ဖွင့်လိုက်သောအခါတွင် တောက်ပသောအလင်းရောင်များက ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ပြန့်ကျဲနေသည်။ ထိုအရာက ကောင်းကင်သည် ၎င်းမျက်လုံးများကိုမှိတ်ထားပြီး ပြန်ဖွင့်လိုက်သည့်အချိန်နှင့်တူညီစွာပင် လီလုံသည်လည်း မျက်လုံးကိုဖွင့်လိုက်သည်။

“ဒါက...ဘဝရဲ့ဖြစ်တည်မှုပဲ”

လီလုံသည် အဝေးကိုငေးကြည့်ရင်း ပင့်သက်ကိုကြာရှည်စွာရှိုက်သည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်တွင် သေးငယ်သောလူမျိုးစုတစ်စုရှိသည်။ မီးခိုးခေါင်းတ်ိုင်မှမီးခိုးများထွက်လာသည်ကိုမြင်ရပြီး ကလေးများကစားနေသည့်အသံများကိုလည်းတိုးတိတ်စွာကြားရသည်။ မျိုးနွယ်စု၏စက်စုတ်စရာကောင်းသောတဲတစ်ခုတွင် တေးသွားတချို့ပျံ့လွင့်နေ၏။ ထိုတေးသွားတို့သည် မျက်လုံးဖွင့်ပြီးရှေးခေတ်တီးနေသောလူကြီးတစ်ယောက်ထံမှရောက်ရှိလာပြီး ထိုလူ၏မျက်လုံးတွေမှာ မျက်မမြင်တစ်ဦးကဲ့သို့ ညို့မှိုင်းကာအသက်မဲ့နေသည်။

သူ့သီချင်းသံသည် လေထဲတွင်ပဲ့တင်ထပ်နေပြီး နှုတ်ခမ်းပေါ်၌အပြုံးတစ်ခုနေရာယူထားသည်။

ထိုနေရာ တောင်ပိုင်းအရုဏ်ဦး နယ်မြေဖြစ်ပြီး ထိုအချိန် အရှေ့မြေရိုင်းကုန်းမြေတွင် ပြင်းထန်သောမုန်တိုင်းများ နေရာအများအပြားတွင်ပေါ်လာသည်။ ရာသီဥတုပြောင်းလဲမှုအားလုံးက စုမင်၏ အသက်လမ်းစဥ်ကျင့်ကြံခြင်း

မြှားပစ်ခြင်းကြောင့်ဖြစ်သည်။

ကောက်ညှင်းလမုန့်ကျွန်းတွင် ဘုရားကျောင်းရှိမျိုးနွယ်စုဘိုးဘေးတို့၏ဆန္ဒနှင့် မာန်စိတ်ဝိညာဥ်နယ်ပယ်တွင်နောက်ပိုင်းအဆင့်ကိုပြန်လည်ရရှိသွားသော မိုလောသည် ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် လှည့်စားသွားခဲ့သည်။ စုမင်ထံ လှည့်သည့်အချိန်တွင် လှံတစ်စင်းသည်သူ့ထံဦးတည်လာနေသည်။ ခရမ်းရောင်လှံက

ကောင်းကင်ကိုလောင်ကျွမ်းရန်ရည်ရွယ်ထားပြီး ထိုအဖြစ်ကမိုလော၏ နှလုံးသားနှင့်ဝိညာဥ်ကို ထိန်းချုပ်မရအောင်

အပြင်းအထန်ကြောက်ရွံစေသည်။

အကြောက်တရားသည် သူ့မျက်နှာနှင့် မျက်လုံးတွင် ရှင်းရှင်းလင်းလင်းပေါ်လွင်နေပြီး သူ့ခန္ဓာကိုယ်ရှိဘိုးဘေးများ၏ဆန္ဒကိုပင်ပေါက်ကွဲသွားစေသည်။ ထိုဆန္ဒများသည် သေဆုံးပြီးသူများထံမှဆင်းသက်လာသော်လည်း ထိုဆန္ဒများသည်ပင် စုမင်၏လှံပေါ်တွင် ကျင့်ကြံခြင်းကို သတိထားမိကာ ထိန်းမရဖြစ်သွားသည်။

ထိုအချိန်တွင်မိုလော၏ ခန္ဓာကိုယ်သို့ဖြတ်သွားသောအရိပ်များသည် သူ့ရှေ့တွင်စုစည်းသွားကာ မရှင်းလင်းသောပုံရိပ်များအဖြစ်ပြောင်းလဲသွား၏။ ထိုပုံရိပ်သည် သူ့လက်ကိုမြှောက်ကာ လာနေသော လှံထံတွန်းဝင်သွားသည်။

ချက်ခြင်းပင် နှစ်ဖက်လုံးရင်ဆိုင်တိုက်ခိုက်ပြီး ပြင်းထန်သော တုန်ခါခြင်းက ရုပ်အလောင်း၏ကိုယ်ကိုဖျက်စီးကာ ပေါက်ကွဲသံနှင့်အတူပျက်စီးသွားသည်။ ထိုပြိုကျခြင်း၏အားက မိုလောကို

ဒယိမ်းဒယိုင်ဖြင့်နောက်သို့ဆုတ်စေပြီး ပါးစပ်မှသွေးတို့အန်ထွက်လာသည်။ မျက်နှာတစ်ခုလုံးအံသြတုန်လှုပ်သွားပြီး သူ့ဘိုးဘေးတို့၏ဆန္ဒများ ခန္ဓာကိုယ်မှထွက်ခွာသွားသောအခါ သူ၏ကျင့်ကြံခြင်းအဆင့်သည် မာန်စိတ်ဝိညာဥ်နယ်ပယ်၏ မူလအဆင့်သို့ကျဆင်းသွားပြီး ထပ်မံကျဆင်းမည့်လက္ခာများပင်ပြနေပေသည်။

“မျိုးနွယ်စုခေါင်းဆောင်...ငါ့ကိုကယ်ပါ”

ထိုအချိန်တွင်အကြောက်တရားသည် မိုလောကိုလွှမ်းခြုံထားခဲ့သည်။ သူ အမှန်တကယ်ကိုကြောက်နေ၏။ လှံတစ်ချောင်းက ထိုမျှအံသြစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ့မျိုးနွယ်စုအစွမ်းတွေစုစည်းပေးခဲ့သောရတနာသိုက်က လှံကိုခဏလေးပင်ထိန်းချုပ်မထားနိုင်ခဲ့။

ထပ်ခါဖြစ်နေသောသံသရာစက်ဝန်းက မိုလော၏ နှလုံးသားကိုရိုက်ခတ်သောအခါ အသက်အန္တာရယ်ကိုခြိမ်းခြောက်နေသည်ထက် ပိုပြင်းထန်ပြီး မိုလောမျက်နှာကိုဖြူဖျော့သွားစေသည်။ မျက်နှာတွင်သွေးမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။

ရှည်လျားသောခရမ်းရောင်သည် မိုလောဘိုးဘေးများ၏ဆန္ဒအတိုင်း ထင်ရှားလာပြီး ဘုရားကျောင်းထဲသို့တန်းတန်းမတ်မတ်ဝင်လာသည့်အချိန်တွင် တစ်စုံတစ်ခုကဲ့သို့ကြီးမားသောစွမ်းအားများ ဘုရားကျောင်းထဲမှထွက်လာ၏။ သို့သော်လည်း အရေးမကြီးပေ။

ချက်ချင်းပင် အသက်စွမ်းအားပွင့်ထွက်လာပြီး ကျယ်လောင်သောအသံက ကောင်းကင်သို့ပျံလွင့်သွားကာ ဘုရားကျောင်းတစ်ခုလုံး တစ်လက်မချင်းစီအက်ကွဲလာသည်။ ထိုကျယ်လောက်သောအသံနဲ့အတူအပိုင်းပိုင်းကွဲကာ ပေါက်ကွဲသွား၏။

မိုလောက မြေပြင်ပေါ်တွင်တစ်ယောက်တည်းကျန်ခဲ့ရင်း နောက်တစ်ကြိမ် သွေးအန်ခဲ့သည်။ သူ့မျက်နှာက ညှိုးနွမ်းနေကာ ကြောက်ရွံမှု၊ အံသြမှုများဖြင့်ပြည့်နှက်နေလေသည်။

သို့သော်လည်း စုမင်၏လှံက မရပ်သေးပေ။ မိုလောထံဦးတည်သွားပြီး ထိုအချိန်အတောအတွင်းတွင် အဖိုးအို၏ မျိုးနွယ်ခေါင်းဆောင်အတွက် အပြင်းအထန်တောင်းပန်သံတို့ လေထဲပျံ့လွင့်လာလေသည်။

စုမင်၏လှံနီးကပ်လာမှ မိုလောရှေ့တွင် လှိုင်းဂယက်ဖန်တီးရန်အကူအညီအတွက်တောင်းပန်သည်။ထိုဝဲဂယက်၏အသွင်မှာ မယုံနိုင်အောင်ဖြစ်ပြီး မိုလောကိုလက်တစ်ချောင်းထွက်၍ဖမ်းရန် လက်တစ်ချောင်းပင်ရှိသေး၏။ ထိုအရာကိုကြည့်ရင်းဖြင့် ထိုလက်က မိုလောကို ကယ်တင်ချင်နေသည်။

၎င်းသည် အိုသောလက်တစ်ဖက်ဖြစ်သည်။ ပေါ်လာသည့်အခါ မာန်စိတ်ဝိညာဥ်နယ််ပယ်တွင် အောင်မြင်ပြီးမြောက်ခဲ့သော မာန်ကျင့်ကြဲသူဟု ထင်ရှားစွာပြသနေပြီး ပြီးမြောက်အောင်မြင်သူတို့အတွက် စစ်မှန်သောတည်ရှိမှုသာဖြစ်သည်။

ထိုအချိန်တွင် လက်ကိုဝဲထဲမှ ဆွဲထုတ်ပြီးသေခြင်းတရားမှကင်းလွတ်၍ ဝမ်းသာခြင်း၊ အံ့သြခြင်းတို့နှင့်ပြည့်နှက်နေသောမိုလောကိုဆွဲလိုက်သည်။ အတွင်းထိဆွဲခေါ်ခါနီးမှာပင် စုမင်၏မျက်လုံးထဲ၌အလင်းတန်းတစ်ခုပေါ်ထွက်လာသည်။

ပြေးလွှားနေသောလှံရှည်သည် ဝဲဂယက်ကိုထိုးဖောက်သွားသည်။ ချက်ခြင်းပင် မိုလောကိုလှမ်းဆွဲလိုက်သောလူသည် ဝဲဂယက်ထဲမှလက်တစ်ဖက်ထွက်လာကာ ဆွဲခေါ်ခါနီးတွင် စုမင်မျက်လုံးထဲမှ အလင်းတန်းတစ်ခုပေါ်လာသည်။

ထိုစဥ် နှစ်ဖက်လုံးပွတ်တိုက်မိကြပြီးကြောက်စရာကောင်းသောဟိန်းဟောက်သံထွက်လာကာ ဝဲဂယက်အတွင်းမှလက်ချောင်းများချက်ခြင်းပေါက်ကွဲသွားသည်။ ခပ်တိုးတိုးကြားရသောညည်းတွားသံပေါ်လာပြီး အသက်လမ်းစဥ်ကျင့်ကြံခြင်း၏တည်ရှိမှူအရှိန်အဝါက ရုတ်တရတ်ပေါ်ထွက်လာသည်။

ထိုတည်ရှိမှုနောက်တွင် ဝဲဂယက်လည်းပြိုကွဲသွားပြီး ပေါက်ကွဲသံနှင့်အတူ မိုလော ခြေထောက်မှာလည်း ဖုန်မှုန့်အဖြစ်ပြောင်းသွားသည်။ သူ့လက်များသည်လည်း တူညီစွာခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တဝက်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ သူ့ဦးခေါင်းနှင့် အစိတ်ပိုင်းအနည်းငယ်သာ ဒယိမ်းဒယိုင်ဖြစ်ကျန်ခဲ့သည်။

သူအသက်မရှင်သင့်ပေ။ စုမင်သာ သူ့ကိုသတ်ရန်ဆန္ဒမရှိဘဲ လှံ၏အားအကြီးဆုံးကိုသာမစုနိုင်လျှင် မိုလောသေချာပေါက်သေလိမ့်မည်။

ဝဲဂယက်အစိတ်စိတ်အမွှာမွှာဖြစ်သွားသောကြောင့် စုမင်၏လှံကသီးခြားနေရာတစ်ခုသို့ထွက်သွားသောအခါ ဒေါသ၊ နှင့်ကြောက်လန့်မှုများဖြင့် ပြည့်နေသောအသံတစ်ခုလျင်မြန်စွာထွက်ပေါ်လာသည်။

“မင်း ဘယ်သူလဲ”

“တောင်ပိုင်းအရုဏ်ဦးနယ်မြေရဲ့စုမင်”

စုမင်က ပြန်ဖြေသည်။ သူက သူ့နာမည်က်ိုပြောပြလိုက်ရသည့်အတွက် စ်ိတ်အနှောင့်ယှက်မဖြစ်ပေ။ ကောက်ညှင်းလမုန့်ကျွန်း ကိုဖျက်စီးပြီးနောက်မာန်စိတ်ဝိညာဥ်နယ်ပယ်ကြီးမြတ်သောပြီးမြောက်မှုကိုရရှိထားပြီး အရှေ့မြေရိုင်းနယ်မြေကို ပိုင်ဆ်ိုင်သော ဝဲဂယက်ထဲတွင် သူ့နာမည်ကိုဖွင့်ဟကြေညာလိုက်သည်။

သူ့အသံထွက်သွားသည့်အချိန် ဝဲဂယက်က လုံးဝပျက်စီးသွားပြီး ကောက်ညှင်းလမုန့်ကျွန်းမှ ပျောက်ကွယ်သွားသည်။ ရုတ်တရတ် စုမင်လက်တွင် အလင်းတန်းတစ်ခုပေါ်လာပြီး သူပစ်လွှတ်လိုက်သောလှံရှည်ကိုနောက်တစ်ကြိမ် ဖမ်းဆုတ်မိသွားသည်။ လှံက ပုံရိပ်ယောင်ပုံစံရှိ၏။ စုမင် ထိုဖောက်ထွင်းမြင်ရသောကျောက်စိမ်းပြားကိုလက်ထဲဆုတ်ကိုင်ထားသရွေ့ လှံသည်သူ့လက်ထဲတွင် ထာဝရရှိနေလိမ့်မည်။

မိုလော၏တည်ရှိမှုမှာ အားနည်းလာသည်။ သူ၏အသက်စွမ်းအားများမှာလည်း ထွက်ခွာသွား၏။ သူသည် မာန်စ်ိတ်ဝိညာဥ်နယ်ပယ်တွင် နောက်ဆုံးအဆင့်အထိမရောက်ထားလျှင် အစားထိုးမရသောဒဏ်ရာတို့ဖြင့် သေမှာအမှန်ဖြစ်သည်။ ယခုပင် သူ့ဘဝ၏နောက်ဆုံးနှောင်ကြိုးတို့က ဆွဲထားခြင်းကြောင့်ရှင်သန်နေခြင်းဖြစ်သည်။

အရှေ့မြေရိုင်းနယ်မြေမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက်ဖြစ်သော မိုလောသည် ပင်လယ်သို့တာဝန်တစ်ခုဖြင့်လာခဲ့သည်။ သူ၏မျိုးနွယ်စုကလည်း အပြင်းထန်ဆုံးထိုးစစ်ဆင်မှုနှင့် ကာကွယ်နိုင်သောစွမ်းအားတို့ကို ဘုရားကျောင်းအား ပေးအပ်ခဲ့သည်။

မျိုးနွယ်စုအားလုံးအနေဖြင့် ၎င်းတို့၏အပြင်းထန်ဆုံးစွမ်းအားကိုရပြီးဖြစ်သည်။ မတော်တဆများမဖြစ်သင့်ပေ။ သူကတောင်ပိုင်းအာရုဏ်ဦးနယ် မြေထဲသို့ပြေးသွားမည်ဆိုလျှင် သူလုံခြုံနေနေပေလိမ့်မည်။

သို့သော်လည်း တောင်ပိုင်းအာရုဏ်ဦးနယ်မြေ၏ မာန်ကျင့်ကြံသူ အကြီးအကဲသုံးယောက်ရှိနေသည့်အပြင် နောက်တစ်ယောက်ပါရှိနေမည်ဟုမမျှော်လင့်ခဲ့ပေ။

ထိုပုဂ္ဂိုလ်က စစ်ပွဲအပြီးတွင် သူ့နာမည်ကို လောကထဲပျံနှံ့သွားရန်ရည်ရွယ်ထားသည်။

ထိုပုဂ္ဂုလ်က ကောက်ညင်းလမုန့်ကျွန်းကိုဖျက်စီးပြီးနောက် ကပ်ဘေးမဖြစ်စေရန်ရည်ရွယ်လေသည်။

ထိုပုဂ္ဂိုလ်က အရှေ့မြေရိုင်းနယ်ရှိ အစွမ်းရှိသောစစ်သည်များ၊ မျိုးနွယ်စုအားလုံး၏ အာရုံစိုက်မှုကိုရရန်ရည်ရွယ်ထားပြီး သူသည် ကြောက်လန့်ခြင်း၊ အံ့သြခြင်း၊ သတိထားခြင်းဖြင့် သူတို့၏နှလုံးသားများကိုတုန်လှုပ်စေမည်ဖြစ်သည်။

ထိုပုဂ္ဂိုလ်၏နာမည်သည် စစ်ပွဲပြီးသည့်နောက် အရှေ့မြေရိုင်းနယ်မြေတစ်ခုလုံးကိုပင် တုန်လှုပ်စေလိမ့်မည်။

ထိုပုဂ္ဂိုလ်၏နာမည်မှာ စုမင်ဖြစ်သည်။

............

All Chapters