← Chapters

ငါ့ရဲ့ကျင့်ကြံမှုကို နှောင့်ယှက်နေတာ ဘယ်သူလဲ...

Vol. 39 Ch. 536

ငါ့ရဲ့ကျင့်ကြံမှုကို နှောင့်ယှက်နေတာ ဘယ်သူလဲ...

Vol. 39 Ch. 536

အရှေ့မြေရိုင်းနယ်မြေမြောက်ဘက်ရှိနယ်မြေကြီးမှာ မြစ်ချိုင့်ဝှမ်းများဖြင့်ဝန်းရံထားသော ကုန်းမြေဖြစ်သည်။ လူအနည်းငယ်သာ ကောင်းကင်ကိုမြင်နိုင်သည်။ ထိုအဆုံးမရှိသောစက်ဝ်ိုင်းနယ်မြေက မျိုးနွယ်စုအားလုံး၏အကြောက်တရားအဖြစ်သို့ပြောင်းသွားပြီး အပြင်သူများကို ခြေချခွင့်တားမြစ်ထား၏။

သီးခြားမျိုးနွယ်စုဆိုသည်မှာ အရှေ့မြေရိုင်းမျိုးနွယ်စုဆယ့်နှစ်စုဖြင့်လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖွဲ့စည်းထားသော မျိုးနွယ်တစ်ခုဖြစ်ပြီး ၎င်းသည် တိုက်ကြီးရှိ ကြီးမားသောမျိုးနွယ်လေးခုထဲမှတစ်ခုဖြစ်သည်။ ထိုမျိုးနွယ်တွင် မယုံကြည်နိုင်လောက်သောစွမ်းအားများပါဝင်ပြီး မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် အောင်မြင်စွာပြီးမြောက်ပြီးသူများလည်း ရှိကာ အရှေ့မြေရိုင်းနယ်မြေတွင် သီးခြားမျိုးနွယ်တို့၏ဂုဏ်သတင်းကို အလွန်ကျော်ကြားလာစေသည်။

ကုန်းမြေပေါ်ရှိများစွာသောချိုင့်ဝှမ်းထဲမှ ချိုင့်ဝှမ်းတစ်ခုကို မရေတွက်နိုင်သော လက်ရာမြောက်မျှော်စင်များဖြင့်ဝန်းရံထားသည်။ အနက်ရောင်မီးခိုးငွေ့များပင် ကောင်းကင်သို့ပျံတက်နေ၏။ အနက်ရောင်စံအိမ်တစ်ခုလုံးကို အနက်ရောင်မီးခိုးငွေ့ဖြင့်ပုန်းကွယ်ထားသောမြေပြင်ပေါ်တွင် တွေ့ရသည်။

မျှော်စင်က မီးလောင်နေသကဲ့သို့ဖြစ်ပြီး အနက်ရောင်မီးခိုငွေ့များက တလိပ်လိပ်တက်လာသည်။ ထိုအနက်ရောင်မီးခိုးငွေ့များက အဆုံးမရှိသောကုန်းမြေဧရိယာတွင် တစ်ခုတည်းသော မီးခိုးထုလည်းဖြစ်သည်။ ထိုအရာက သီးခြားမျိုးနွယ်စုတို့၏သင်္ကေတဖြစ်ပြီး အပြင်လူကိုအံ့သြစေသော အထူးခြားဆုံးမြင်ကွင်းလည်းဖြစ်သည်။

အရှေ့မြေရိုင်းနယ်မြေတွင် မာန်စိတ်ဝိညာဥ်နယ်ပယ်ကို ပြီးမြောက်အောင်မြင်ထားသူများသာ ထိုကဲ့သို့သော မီးခိုးငွေ့များကိုစုဝေးနိုင်ပြီး နေရာတိုင်းကိုထိတ်လန့်စေရန် ထိုနည်းလမ်းကိုအသုံးပြုနိုင်သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံကိုဝတ်ထားသောအဘိုးအိုတစ်ဦးသည် စံအိမ်ထဲတွင် ခြေထောက်ချိတ်ထိုင်လျှက် အနက်ရောင်မီးခိုးများ၏နက်ရှိုင်းမှုအတွင်းရှိနေသည်။ ထိုအဘိုးတွင် နောက်ကျောအထိရှည်သောဆံပင်တို့ရှိပြီး ကင်းမြီးကောက်ပုံစံ မာန်အမှတ်အသားကိုလည်း မျက်နှာတွင်မြင်ရ၏။ ကင်းမြီးကောက်သည် အလင်းအမှောင်ကိုပြပြီး အဘိုးအိုကို ထူးဆန်းပြီး ရှုပ်ထွေးသောပုံစံဖြစ်စေသည်။

ပြင်းထန်သောလှိုင်းလုံးများ သူ့ခန္ဓာကိုယ်မှပြန့်ကျဲလာသည်ကိုလည်း မြင်နိုင်သည်။ သူ့အနီးနားတွင် ရိုကျိုးစွာဒူးထောက်နေသောလူလတ်ပိုင်းအရွယ်မှလွဲ၍ မည်သူမှမရှိပေ။ ထိုအခိုက်တန့်တွင် အဘိုးအို၏ညာလက်က ရုတ်တရတ်ပေါက်ကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာစုတ်ပြတ်သွားစေသည်။ဘယ်လက်မှလက်ချောင်းများသည်လည်း ကွဲကြေသွားသည်။

ရုတ်တရတ်မြင်လိုက်ရသောမြင့်ကွင်းကြောင့် လူလတ်ပ်ိုင်းအမျိုးသားက ချက်ချင်းပင်ခေါင်းထောင်လာ၏။ သူ့မျက်နှာတွင် ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမသိပေ။ သူက မိုလော၏အကူညီတောင်းခံမှုကိုရရှိခဲ့သောကြောင့် သူ့မျိုးနွယ်၏ အကြီးအကဲနှင့်တွေ့၍ အကူညီတောင်းခြင်းဖြစ်သည်။

သို့သော်အကြီးအကဲက ထိုကဲ့သိုဖြစ်ပြီးနောက် သူမထိတ်လန့်ဘဲမည်သို့နေမည်နည်း။

“အကြီးအကဲ”

သို့သော် လူလတ်ပိုင်းအမျိုးအသား စကားဆုံးအောင်မပြောရသေးခင် မျက်နှာပေါ်တွင် ကင်းမြီးကောက်အမှတ်အသားနှင့် အဘိုးအိုသည် သူ့မျက်လုံးများကိုအမြန်ဖွင့်လိုက်သည်ကိုတွေ့လိုက်ရသည်။ တောက်ပသောအလင်းရောင်များလက်လာပြီး စံအိမ်ထံတွင် ကြောက်မက်ဖွယ်ရာကောင်းသောတည်ရှိမှုတစ်ခု ရုတ်တရတ်ပေါ်လာသည်ကို လူလတ်ပိုင်းအရွယ်အမျိုးသားကသတိထားမိသွား၏။

ထိုတည်ရှိမှုက အဘိုးအိုနှင့်မသက်ဆိုင်ဘဲ လေထဲရှိလှံတစ်ချောင်း၏ ပုံရိပ်ယောင်နှင့်သာသက်ဆိုင်သည်။ အလင်းရောင်တစ်ချက်နှင့်အတူ ထိုအရိပ်သည် အဘိုးအိုထံသို့ရောက်သွားပြီး ချက်ခြင်းပင် အဘိုးအိုသည် သူ၏လျှာထိပ်ကိုကိုက်ကာ သွေးအန်လေသည်။ ထိုသွေးတို့သည် အတူတကွစုစည်းသွားပြီး လှံရှည်ဆီသို့ တည့်တည့်မပြေးခင် လူသားမျက်နှာအဖြစ်ပြောင်းလဲသွားသည်။

တအုန်းအုန်းမြည်သံတို့ စံအိမ်တွင်ပဲ့တင်ထပ်နေပြီး လေလှိုင်းများလှုပ်ခတ်သွားကာ လူလတ်ပိုင်းအရွယ်အမျိုးသားကို ခြောက်လှန့်ရန် သွေးအန်သည်အထိ

တွင်းအားပေးခဲ့သည်။ အံသြခြင်းနှင့် ကြောက်ရွံ့ခြင်းက တို့သူ့မျက်နှာပေါ်တွင်ထပ်မံဖြစ်လာသည်။ သူ့တွင် ခန့်မှန်းချက်များစွာရှိသော်လည်း သူ့အတွေးကိုယ်ပင်မယုံနိုင်ပေ။

“ဒါမဖြစ်နိုင်ဘူး ... အကြီးအကဲရဲ့ကျင့်ကြံအဆင့်နဲ့ဆိုရင် ဘယ်သူက အထိနာသင့်တာလဲ... ပြီးတော့ အဲ့ဒီလူရဲ့ဖြစ်တည်မှုက လှံကိုဒီနေရာထိရောက်ရှိစေတာလား... ..အကြီးအကဲက မိုလောကို ကယ်တင်ဖို့သွားခဲ့တာ... မိုလောက ပင်လယ်ထဲမှာရှိပြီး တောင်ပ်ိုင်းအာရုဏ်ဦးနယ်မြေကို မျက်နှာမူထားတယ်.. ဖြစ်နိုင်တာကတော့ မိုလောကတောင်ပိုင်းအာရုဏ်ဦးနယ် မြေရဲ့ မာန်ကျင့်ကြံသူအကြီးအကဲသုံးဦးနဲ့ ထိပ်တိုက်တွေ့နေရတာများလား..”

“ဒါပေမဲ့လည်း မာန်ကျင့်ကြံသူအကြီးအကဲသုံးဦးထဲဆိုရင်တောင် ကြီးမြတ်တဲ့အကြီးအကဲကဒီအခြေအနေမှာ ရှိမနေသင့်ဘူး”

လူလတ်ပိုင်းအမျိုးသားက အံ့သြမှုတို့ဖြင့်ပြည့်နှက်နေပြီး အနက်ရောင်မီးခိုးငွေ့တို့သည် စံအိမ်အပြင် ကောင်းကင်သို့ပျံတက်သွားကာ ခဏတာဖြတ်တောက်ခံလိုက်ရသည်။ လူအများသတိမထားမိသော်လည်း အမြန်ပြန်လည်ကောင်းမွန်လာသည်။ သို့သော်ထိုမြင်ကွင်းက စုမင်လှံမှ မည်သို့ခက်ခဲစွာ ရှောင်ရမည်ကိုပြောရန်လုံလောက်သည်။

အသံများ ငြိမ်သွားသောအခါ လှံရှည်၏အရိပ်မှာပျောက်ကွယ်သွားသည်။အကြီးအကဲ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောလက်က ထူးဆန်းသောပုံစံဖြင့်

စတင်ပြန်လည်ကြီးထွားလာသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် အပြည့်အဝပြန်ကောင်းရန် အချိန်ကြာမည်မဟုတ်ပေ။

လူလတ်ပိုင်းအမျိုးသားစကားပြောခါနီးတွင် သူ့စကားလုံးများက နောက်တစ်ကြိမ်နှောင့်ယှက်ခြင်းကိုခံလိုက်ရပြန်သည်။ သူ့မျက်လုံးရှေ့တွင်ပင် အဘိုးအိုကခေါင်းကို အမြန်မော့ပြီးလူကိုလေထဲသို့ကြည့်လေသည်။

“မင်းက ဘယ်သူလဲ”

သူ့အသံတွင် ဒေါသများပါဝင်နေသည်ကို အရိပ်အမြွက်အဖြစ်တွေ့ရသည်။

“တောင်ပိုင်းအာရုဏ်ဦးရဲ့စုမင်”

အကြီးအကဲစကားပြောပြီးချိန် လူလတ်ပိုင်းအမျိုးသားက ခိုက်ခိုက်တုန်အောင်ကြောက်လန့်၍ မော့ကြည့်သည်။ ထို့နောက် ကောင်းကင်မှသီးခြားဆန်သော အသံတစ်ခုက ပတ်ဝန်းကျင်လေထုထဲသို့ဝင်လာသည်ကိုကြားလိုက်ရသည်။

ထိုအသံက အေးစက်နေပြီး ငယ်ရွယ်မှုအရိပ်အယောင်ကိုပင် ဆုပ်ကိုင်ထားသော်လည်း လူလတ်ပိုင်းအမျိုးသားနားထဲသို့ရောက်သောအခါ သူ့မှတ်ဉာဏ်ထဲတွင်လေးနက်စွာ စွဲကျန်နေခဲ့သည်။

စံအိမ်ထဲတွင် ခြေထောက်ချိတ်လျက်ထိုင်နေသော မျိုးနွယ်စုအားလုံး၏အကြီးအကဲက မယုံနိုင်လောက်အောင်မှုန်ကုပ်လာသည်။ ပြန်သက်သာလာသည့်လက်မောင်းများကိုကြည့်ရမည့်အစား သူ့မျက်လုံးများတောက်ပလာ၏။ ပြိုင်ဘက်ကိုလျှော့တွက်ထားသည်ကို သူသိသည်။ မိုလောအကူညီတောင်းသူက အသက်လမ်းစဥ်ကျင့်ကြံခြင်း ၏တည်ရှိမှုကိုပိုင်ဆိုင်မည်ဖြစ်ပြီး ထိုတည်ရှိမှုသည်သူ့ကိုကြောက်ရွံ့စေမည်ဟုမမျှော်လင့်ထားခဲ့ပေ။

“အသက်လမ်းစဥ်ကျင့်ကြံခြင်း...ဒီလောကမှာ အမှန်တကယ်ရွေ့ပြောင်းနိုင်တဲ့သူရှိတာပါလား..စုမင်...စုမင်”

အချိန်ကြာသော် ဘေးနားရှိလူလတ်ပိုင်းအရွယ်အမျိုးသားက အဘိုးအိုကိုကြည့်ရန်ကြောက်ရွံ့နေစဥ် ခေါင်းထောင်လာသည်။ ခဏတုံ့ဆိုင်းပြီးနောက် ရိုသေစွာပြောလေ၏။

“အကြီးအကဲ”

“မိုလောအတွက်နောက်ထပ် စိတ်အနှောက်မဖြစ်ပါနဲ့တော့.. စီစဥ်စရာရှိတာစီစဥ်ပါတော့..အခုကစပြီး မျိုးနွယ်စုအားလုံးရဲ့ ဘယ်တပည့်ကိုမှ တောင်ပိုင်းအာရုဏ်ဦးနယ်မြေထဲကိုခြေချခွင့် မပေးတော့ဘူး”

........

စုမင်က ကောက်ညှင်းလမုန့်ကျွန်းရှိ ကံကြမ္မာမှ ပြန်ပြောင်းလာခဲ့သည်။ မကောင်းဆိုးဝါးချပ်ဝတ်တန်ဆာကိုဝတ်ရင်း ထိုနေရာတွင်ရပ်နေသော်လည်း သူ့ထံမှလာသောဖြစ်တည်မှုက မူလပုံစံသို့ပြန်ပြောင်းသွားသည်။ သို့သော် သူ၏အပြင်းထန်ဆုံးလှံကိုပစ်လွှတ်လိုက်သည်။

သူ့တွင် တစ်စုံတစ်ခုကိုရရှိသွားသော ခံစားချက်တစ်ခုရှိသော်လည်း ထိုအရာကမသဲကွဲပေ။ သူရှေ့ဆက်မဲ့လမ်းကိုပိတ်ဆို့နေသည်မှာ တားဆီးနေသော အဆုံးမရှိသည့် မီးခိုမျှင်တန်းတို့သာဖြစ်သည်။

သို့သော် မာန်စိတ်ဝိညဥ်နယ်ပယ်တွင်ခြေချမိသည့်အချိန်တွင် သူ့ရှေ့လမ်းကိုတားဆီးထားသော ရှုပ်ထွေးသည့်မြူများသူလက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ဖယ်ရှားသွားမည်ဟုယုံသည်။

အဝေးတွင်လဲလျောင်းနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအနည်းငယ်သာကျန်တော့သော မိုလောကိုသူအေးစက်စွာစိုက်ကြည့်မိသည်။ ထိုအချိန်တွင် မိုလောသည် အသက်ရှင်ဖို့အချိန်အနည်းငယ်သာကျန်တော့သော်လည်း မသေချင်သေးပေ။ သူသည် သေခြင်းတရားကိုကြောက်၍ သူ့ဖြစ်တည်မှု ကမ္ဘာမြေမှ ပျောက်ကွယ်သွားမည်ကိုကြောက်ရွံ့သည်။ စုမင်ကိုလည်းကြောက်၏။ လူငယ်လေးအပေါ်သူ့အကြောက်တရားတို့က အထွတ်အထိတ်သို့ရောက်ရှိနေလေသည်။ အကြီးအကဲပင် လှံကိုမတိုက်ခိုက်န်ိုင်ကြောင်း သူ့မျက်လုံးနှင့်မြင်ထား၍ အကြီးအကဲပင်မစွမ်းဆောင်နိုင်လျှင် မိုလောကမည်သို့မျှော်လင့်ရပါမည်နည်း။

စုမင်က သူ့ကိုလှမ်းကြည့်နေကြောင်းမြင်လျှင် မိုလောမျက်လုံးထဲတွင်စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ ထိုလူငယ်က သူရှိရာလျှောက်လာသည်။ ထိုအချိန် ကောက်ညှင်းလမုန့်ကျွန်းတွင် တိတ်ဆိတ်မှုဖြင့်ငြိမ်သက်နေသည်။ လူတိုင်းသေဆုံးသွားပြီး ကျွန်းသည်သွေးနံ့တို့ဖြင့်ပြည့်၍ ထိုအနံ့ကိုရသောသူတိုင်းပြည့်အန်စေသည်။

“မင်း...မင်း”

စုမင် အနီးသို့လျှောက်လာတာမြင်လျှင် မိုလောက တုန်လှုပ်လာသည်။ ခြေလှမ်းတိုင်းသည် သူ့ကိုနင်းခြေနေသကဲ့သို့ခံစားရကာ အဆုံးမဲ့သောကြောက်မက်ဖွယ်ရာများအလယ်တွင် ရူးသွပ်စေသည်။

“ငါ့ကိုသတ်လည်း အကျိုးမရှိဘူး။း.. ငါက သိခြားမျိုးနွယ်စုကလူဖြစ်ပြီး ငါ့မျိုးနွယ်ကြောင့် ငါလာခဲ့တာ။ မင်း...မို့ချွယ်...ဆရာမိုချွယ် ကျုပ်ကိုကယ်ပါ ဆရာမို့ချွယ်”

အလင်းတန်းတစ်ခုက မိုလော၏မျက်လုံးထဲတွင် ရုတ်တရတ်ပေါ်လာသည်။ သူ၏ကြောက်ရွံ့မှုနှင့် ရူးမိုက်မှုတွင် သူ့ကိုကယ်တင်နိုင်သည့်အရာတစ်ခုကျန်နေသေးကြောင်း သတိရသွားသည်။

သူ့ဖြစ်တည်မှုကိုအာရုံရပြီးနောက် သူ့နှလုံးသားက်ို အကြာက်တရားများဖြင့်တုန်လှုပ်အောင်လုပ်နိုင်သူမှာ ဆရာမိုချွယ်ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်မည့်အစား အရိုသေပေးရန်ရွေးချယ်လိုက်သည်။

ထိုအရာသည်သူ့ကိုကြောက်ရွံ့စေရုံသာမက ပေါင်ရှန်ကိုသတိရသောအခါ ထိန့်လန်စေခဲ့၏။

မိုလောက ဆရာမို့ချွယ်ကိုသတိရလိုက်စဉ်တွင် စိတ်ပျက်နေသောနှလုံးသားက မျှော်လင့်ချက် ရောင်ခြည်ဖြင့်အသက်ဝင်လာသည်။ ဆရာမို့ချွယ်သာ ထိုလူကိုတိုက်ခိုက်မည်ဆ်ိုလျှင် ထိုလူကမုချသေမည်ဖြစ်သည်။အသက်

ရှင်စရာအကြောင်းမရှိပေ။

သို့သော်သူအော်လိုက်သော်လည်း ကျွန်းမှတုံ့ပြန်မှုတစ်ခုမှမရခဲ့ပေ။ စုမင်က ဆက်တိုးလာနေပြီး မိုလောနှင့်အဝေးတွင်သာရှိနေသည်။

“ဆရာမိုချွယ်”

မိုလောက သူ့ဘဝ၏နောက်ဆုံးအလင်းရောင်ကို ဖက်တွယ်ထားပုံရသည်။ စုမင် သူနှင့်နီးကပ်လာသည်ကိုတွေ့သောအခါ သူ့ခန္ဓာကိုယ်တွင်းရှိစွမ်းအားအနည်းကိုစုဆောင်းကာ ပျံတက်ပြီးသူ့ခေါင်းသည် မြေပြင်ပေါ်သို့အမြန်ကျလေသည်။

သူ့ခေါင်းက မြေကြီးသို့ဝင်ဆောင့်ပြီးနောက် ကြေမွနေသောအသံက ကုန်းမြေမှထွက်ပေါ်လာပြီးအက်ကွဲကြောင်းများကမြေကြီးပေါ်တွင် ပေါ်လာသည်။ အက်ကွဲကြောင်းကြီးများ ချိတ်ဆက်မိသောအခါ ကျွန်းကိုဖျက်ဆီးသည့် ကြီးမားသောချောက်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ထိုဖြစ်တည်မှုက မြေပြင်အက်ကွဲရာမှအသက်လမ်းစဥ်ကျင့်ကြံခြင်းကို ကျော်လွန်၍အားကောင်းသော ဖြစ်တည်မှုဖြစ်လာသည်။

ထိုဖြစ်စဥ်၏အင်အားက ရာသီဥတုကိုပြောင်းလဲစေပြီး ကျွန်းတဝိုက်ရှိရက်စက်ကြမ်းတမ်းသော သားရဲတိရိစ္ဆာန်များတုန်လှုပ်ကာ နောက်မဆုတ်မီအော်သံများထွက်လာစေ၏။

ဝုန်းခနဲမြည်သံတို့သည် ပတ်ဝန်းကျင်တစ်ခုလုံး ပျံနှံ့သွားသည်။

“ဘယ်သူလဲ”

“ဘယ်သူက ငါ့ရဲ့ကျင့်ကြံမှုကိုနှောင့်ယှက်တာလဲ “

“ငါကျင့်ကြံတဲ့အချိန်ကို ဘယ်သူကအတင့်ရဲပြီး နှောင့်ယှက်ရဲတာလဲ”

ထိုအသံမှာ ကျားဟိန်းသံနှင့်တူသည်။ ထိုအသံလေထုထဲဟိန်းထွက်လာလျှင် မိုလော၏အမူအရာမှာ အလွန်းအမင်းရိုသေလေးစားပြီး စိတ်အားထက်သန်ကာ အားကုန်အသုံးပြု၍ အော်ဟစ်တော့သည်။

“ဆရာမို့ချွယ်...ကျုပ်ပါ

. ကျေးဇူးပြုပြီး ဒီလူကို ဆုံးမပေးပါ.. ဒီထက်ပိုပြီးလက်ဆောင်တွေပေးပါ့မယ်”

မိုလောက ဝမ်းသာအားရဖြစ်သွားသည်။ ဆရာမိုချွယ်ကိုသာ နှိုးဆွလိုက်လျှင် သူသေချာပေါက်လုံခြုံမည်ဟုယုံကြည်သည်။ မိုလောကို သတိရလိုက်မိသည်နှင့် သူ့ကိုပိုစ်ိတ်လှုပ်ရှားစေ၏။ သူအရင်က ထိုမျှအားကောင်းသော ဖြစ်စဥ်ကိုမခံစားဖူးဘဲ ထိုဖြစ်တည်မှုတွင်မိုလော၏ စစ်မှန်သောပုံစံကိုမြင်ခဲ့ရသည်။

သူသည်မိုချွယ်ကို ကောက်ညှင်းလမုန့်ကျွန်းသို့ပြန်လာရန်သာ ခေါ်ခဲ့ရသည်။ ထိုအချိန်မှစ၍ မိုလောက လက်ဆောင်ပဏ္ကာများပေးခဲ့ပြီး သူကလည်းမိုလော၏တောင်းဆ်ိုချက်ကိုအကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကာသူ့အားကျေနပ်စေရန်နှင့် ကြိုးစားခဲ့၏။ ထိုအချိန်တွင်သူအနားယူပြီး နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ခုပေါ်လာသည်။ စုမင်ရှိရာကြည့်လျှင် သစ်ပစ်ချင်သောအရိပ်ယောင်များမျက်လုံးထဲပေါ်နေ၏။

“ငါ့ကိုသတ်ဖို့အဲ့လောက်လွယ်မှာမဟုတ်ဘူး..ဒါဆို မင်းမှာ စွမ်းအားရောရှိရဲ့လား။။ ဆရာမို့ချွယ်နဲ့ယှဥ်ဖို့ မင်းမှာမျှော်လင့်ချက်တောင်ရှိမှာမဟုတ်ဘူး”

မိုလောက အေးစက်စွာရယ်သည်။ နောက်ထပ်ဖြစ်လာမည့်အရာကို စိတ်ကူးယဥ်ပြီးသားဖြစ်၏။ ဆရာမို့ချွယ်က သူ့စွမ်းအားကို ဖော်ထုတ်ပြသမည်ဖြစ်၍ တိုက်ပွဲက အချိန်ခဏအတွင်းပြီးသွားမည်။ စုမင်သေဆုံးလျှင် သူ့ဒဏ်ရာများကိုပြန်လည်ကုစားကာ စွမ်းအားများပြန်လည်ရယူ၍ ကောင်ညှင်းလမုန့်ကျွန်း၏ဂုဏ်သိက္ခာကိုပြန်လည်ရယူမည်ဟု ယုံကြည်ထားသည်။

“အဲ့ဒီအချိန်တုန်းက တောင်ပိုင်းအာရုဏ်ဦးနယ်မြေကမင်းရဲ့လူတွေကိုသတ်ပစ်လိုက်ရမှာ..သူတို့အားလုံးငါ့နာမည်ကိုသတိရပြီး ဒါတွေအားလုံးကစုမင်လို့ခေါ်တဲ့ လူတစ်ယောက်ကြောင့်ဖြစ်တယ်ဆိုတာ သူတို့အားလုံးသ်ိစေရမယ်”

“တကယ်တော့ မင်းက်ိုသ်ိတဲ့သူအားလုံးကိုလိုက်ရှာပြီး အဲ့ဒီသိတဲ့မိန်းမနဲ့ယောက်ကျားတွေက ကြောက်ရွံ့တကြီးသေရလိမ််မယ် ..မင်းရဲ့ချစ်သူကိုတွေ့မယ်ဆိုရင်ငါပ်ိုပြီးကျေနပ်ဦးမှာ...ဘာလို့လဲဆိုတော့ငါဒီနေ့ခံစားခဲ့ရတဲ့အရှက်တရားအတွက် အစတစ်ထောင်ပြန်ပေးဆပ်ရမယ်”

မိုလောစိတ်ထဲတွင် စိတ်လှုပ်ရှားမှူပိုကြီးလာပြီး စုမင်ထံကြည့်သောအကြည့်များကအေးစက်နေသည်။

စုမင်ရပ်၍ အက်ကွဲကြောင်းများကိုအေးစက်စွာကြည့်သည်။ သူ့နားထဲတွင်ပဲ့တင်ထပ်နေသော အသံနှင့် ထိုအားကောင်းသောတည်ရှိမှုက သက်ရှိအားလုံးကိုခြိမ်းခြောက်နိုင်၏။ ထို့ကြောင့် စုမင်ပင်မျက်မှောင်ကြုတ်သွားသည်။

မကြာမီ ထူးဆန်းသောအကြည့်တစ်ချက်က ဦးထုပ်ဆောင်းထားသော သူ့မျက်နှာတွင်ပေါ်လာကာ တခြားသူများကမမြင်နိုင်ခဲ့ပေ။

“ဆရာမို့ချွယ် ကျေးဇူးပြုပြီးတိုက်ခိုက်ပေးပါ...”

မိုလောက စိတ်လှုပ်ရှားသောအသံဖြင့်နောက်တစ်ကြိမ်ထပ်ပြောလေသည်။

..........

All Chapters