← Chapters

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

Vol. 39 Ch. 537

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

Vol. 39 Ch. 537

အချိန်က ဖြေးညင်းစွာရွေ့လျားနေသည်။ အသက်ရှုသံများကုန်ဆုံးသွားသောအခါ လက်ရှိအားကောင်းသောဖြစ်တည်မှုအပြင် အက်ကွဲကြားမှ တုန့်ပြန်သံတစ်ခုပင်မကြားရပေ။ ထိုအခိုက်တန့်က မိုလောကို အသက်ရှူမှားစေသည်။ သူတုန်လှုပ်ခြောက်ခြားစွာပြောလိုက်သည်။

“ဆရာမို့ချွယ်...ကျေးဇူးပြုပြီး တ်ိုက်ခိုက်ပေးပါ...”

စုမင်က ထိုနေရာမှာပဲရပ်နေကာ မိုလောကိုကြည့်၏။ သူ့သွေးများက ကလဲ့စားချေရန်ထက်သန်ကာ တခြားစိတ်ခံစားချက်ကိုမမြင်နိုင်ပေ။

“ငါ့ခြေထောက်..တိုက်ခိုက်လိုက်စမ်း”

အချိန်အနည်းငယ်ကြာပြီးသည့်နောက် ဒေါသတကြီးဟိန်းဟောက်သံသည် အက်ကွဲကြားမှထွက်လာ၏။ ထိုဟိန်းဟောက်သံက လေထဲတွင် တဝုန်းဝုန်းမြည်ကာ ကောင်းကင်မှမိုးချုန်းသံကဲ့သို့ ကြားရသည်။

“ဒါငါ့ရဲ့ သီးသန့်နေရာပဲ.. ငါ့ကျင့်ကြံမှုကိုဘယ်လိုတောင် နှောင့်ယှက်ရဲတာလဲ... မင်းငါ့ကို လက်ဆောင်ဏ္ဏာတွေပေးခဲ့တာသာမဟုတ်ရင် ငါမင်းကိုသတ်ပစ်လိုက်ပြီ..ဒါမင်းရဲ့ပထမဆုံးအပြစ်မို့ ချမ်းသာပေးလိုက်မယ်... ပျောက်ကွယ်သွားလိုက်တော့”

အက်ကြောင်းထဲမှ ဒေါသပုန်ထခြင်းအရိပ်ယောင်များတွေ့ရသည်။ မိုလော ကြက်သေသေကာကျန်ခဲ့၏။ နောက်ဆုံးတွင်ဖြစ်နေသောအရာများကို သဘောပေါက်လိုက်သောအခါ ပူပန်စိတ်များကသူ့က်ိုဖုံးလွှမ်းသွားသည်။

“ဆရာမို့ချွယ် ...ဒါက တခြားသူက ကျုပ်ကိုနှိပ်စက်ညှင်းပန်းနေတာပဲ.. ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ။ ဒီလူကိုသတ်ပေးမယ်ဆိုရင် လက်ဆောင်ပဏ္ဏာတွေကို ပိုပြီးဆက်သပါ့မယ်”

မိုလောစကားမဆုံးသေးမီ အက်ကွဲကြောင်းထဲမှ ပိုမိုပြင်းထန်သော ဟိန်းဟောက်သံထွက်လာသည်။

“ပျောက်ကွယ်သွားတော့... မင်းမထွက်သွားသေးဘူးဆိုရင် နောက်တစ်ကြိမ်ဘယ်တော့မှထွက်သွားလို့မရအောင်လုပ်ပေးမယ်.. ပြီးတော့ မင်း...ချပ်ဝတ်တန်ဆာထဲကလူ...မင်းကိုငါ မနာလိုမုန်းထားစိတ်မရှိဘူး... ငါမင်းကိုသတ်မှာမဟူတ်ဘူး.. ဒါပေမဲ့ မင်းချက်ခြင်း ဒီကျွန်းကနေထွက်သွားရမယ်.. ဒီကျွန်းကငါ့ရဲ့သီးခြားနယ်မြေပဲ... ထွက်သွားပြီး အချင်းချင်းသတ်ကြ.. ဒီကိုပြန်လာဖို့ နောက်တစ်ကြိမ်ပြန်လာဖို့မစဥ်းစားကြနဲ့...”

“ဆရာမို့ချွယ်”

မိုလော၏ စိတ်ထဲတွင်ကြောက်ရွံ့မှုတိုးလာသည်။ ထိုကျွန်းသို့လာလည်ရန် သူဖိတ်ခေါ်ခဲ့သော မိုချွယ် ၊ သူ့လက်ဆောင်ပဏ္ဏာများပေးခြင်းဖြင့် စိတ်ကျေနပ်သောစေသော မိုချွယ်သည် ထိုကဲ့သို့သောအရေးကြီးအချိန်တွင် သူ့ကိုလစ်လျုရှုမည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့အပြင်သူ့ရည်ရွယ်ချက်က ယခင်ကနှင့် ကွဲပြားသွားသည်။ သူက အမြဲမာနထောင်လွှားနေသော်လည်း မိုလော လက်ဆောင်ပဏ္ဏာပေးလျှင် မိုချွယ်ချီးမွမ်းတတ်သည်။ သူသာရှိနေလျှင်မည်သူကမှ မိုလော၏ဆံပင်မွှေးတစ်ချောင်းကိုတောင် နာကျင်စေရန်မလုပ်နိုင်ဟု ယခင်ကပြောပြဖူးသည်။

ယခုမူ....

“ဆရာမို့ချွယ်...အတွေးတစ်ချက်နဲ့တင် ဒီလူကိုသတ်နိုင်ပါတယ်.. ကျေးဇူးပြုပြီး အတိတ်ကပေးခဲ့တဲ့ လက်ဆောင်ပဏ္ဏာတွေကို ထောက်ထားပြီး ကျုပ်ကိုကူညီပါ.

ငါ့ကိုကယ်ပေးပါ...”

မိုလောက ထိုအချက်ဖြင့်လက်တွေ့ကျကျတောင့်ခံနေသည်။ မို့ချွယ်က သူလွတ်‌မြောက်ခြင်းကိုညွှန်ပြနေသော နောက်ဆုံးအလင်းရောင်ဖြစ်သည်။ သူစိတ်ပျက်အားလျော့နေချ်ိန်မှာသူ့အပေါ်မျှော်လင့်ချက်ထားကာ အရှုံးပေးနိုင်သည့်နည်းလမ်းမရှိပေ။

“အမှားအမှန်ကို ဘာလို့မမြင်နိုင်ရတာလဲ..ငါတို့ကြားမှာ ရန်ငြိုးရန်စမရှိဘဲ ဘယ်လိုသတ်ရမလဲ.. ငါက သမာဓိရှိတဲ့သူ၊ ထူးချွန်ထက်မြတ်တဲ့သူဖြစ်ပြီး ကမ္ဘာပေါ်ကလူအားလုံးလည်းဒီအကြောင်းကိုသိတယ်.. ငါမမုန်းတဲ့သူတစ်ယောက်ကိုသတ်မှာမဟုတ်ဘူး”

“အရာအားလုံးကိုဖျက်စီးချင်တဲ့အတွေးရှိဖို့လိုတယ်ဆိုရင်တောင်မှ ငါမလုပ်ချင်တဲ့အရာတွေရှိတယ်.. သူငါ့ကို မနှောင့်ယှက်ရင် ငါသူ့ကိုသတ်မှာမဟုတ်ဘူး”

စုမင်ကို မနာလိုမုန်းထားခြင်းမရှိဘဲ စုမင်ကလည်း ရန်မစသောကြောင့် အက်ကွဲကြောင်းထဲမှအသံက သူအလေးထားသောရှေးဟောင်းလေ

ထုနှင့် ပြည့်နေသည်။

“မင်းကတော့ ငါ့ကိုအနှောက်ယှက်ဆက်ပေးနေတဲ့အတွက် ထွက်သွားဖို့မစဥ်းစားနဲ့တော့”

တစ်ချိန်တည်းတွင် အေးစက်သောဆူညံသံများ အက်ကြောင်းထဲမှပေါ်ထွက်လာပြီး ကြီးမားသောအရာတစ်ခုအရင်ထွက်လာသည်။ ကြီးမားသောလက်ဖဝါးက အက်ကြားထဲမှ ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးတွင် တုန်ခါသွားသည်။ မြင်သည့်သူတိုင်းကို ထိပ်လန့်စေပြီးကြောက်ရွံ့စေ၏။

ထိုလက်ဖဝါးက ပေပေါင်းများစွာကြီးမားကာ ကောင်းကင်ကိုဖုံးအုပ်ထားသကဲ့သို့ ဖြစ်၍ ယခုအခါ ကြောက်လန့်မှု၊ ထိပ်လန့်မှုတို့ဖြင့် မိုလောပေါ်သို့ဖိချထားသကဲ့ဖြစ်သွားသည်။

ပြင်ထန်သောလေပြင်းတိုက်ခိုက်လာ၍ ရူးသွပ်ခြင်းနှင့် အမုန်းတရားများဆူပွက်လာချိန်တွင် သူ့တွင်ရှိသောအရာအားလုံးနှင့် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကာ လက်ဖဝါးကလည်း သူ့အထက်ပေတစ်ရာကျော်တွင် ရုတ်တရတ် ရပ်တန့်သွားသည်။

အက်ကွဲကြောင်းမှ သက်ပြင်းချသံထွက်လာ၏။

“ကောင်းပြီ.. မင်းကငါ့ကို လက်ဆောင်ပဏ္ဏာတွေပေးဖူးတယ်.. မင်းကိုမသတ်ချင်ဘူး...မင်းကိုအသက်နှစ်ဆယ်ရှိုက်စာပေးမယ်... ချက်ခြင်းထွက်သွားတော့”

မိုလောက ကြေကွဲစွာရယ်လေသည်။ ဆရာမိုချွယ်က အဘယ့်ကြောင့်တိုက်ခိုက်ရန် ငြင်းလိုက်သလဲသူမသိပေ။ သူ့ခေါင်းထဲတွင်အတိတ်က မြင်ကွင်းမှာပေါ်နေသည်။ ထိုလူ၏အင်အားက သူကိုမွန်းကြပ်စေသည်။ မူလက မျှော်လင့်ချက်ရခဲ့သည်ဟုထင်သော်လည်း ယခုမူသူ့အတွက်ဘာမျှော်လင့်ချက်မှ မရှိတော့။

စုမင်သည် ခြေကိုမ၍ ကြည့်ရန်အက်ကွဲကြောင်းအစွန်းရှိရာရှေ့ကို လျှောက်လာသည်။ အက်ကွဲကြောင်းသည် မယုံကြည်နိုင်လောက်အောင်နက်ကာ အတွင်းထဲတွင်မြူများပြည့်နေလေသည်။ နက်လွန်း၍မမြင်ရပေ။

“ကောင်လေး...ငါမင်းကိုအခွင်အရေးတစ်ခုပေးမယ်။ သွားတော့...ငါမင်းကိုတကယ်မတိုက်ဘူးလို့ထင်နေတာလား”

“ငါက အမြဲတမ်းကြင်နာတတ်ပြီး မင်းရဲ့စွမ်းရည်ကလည်း အတော်လေး ကောင်းနေတော့ ငါမြင်ပြီးမင်းကိုသဘောကျတယ်... သွားပြီး မိုလောကို ဒီနေရာနဲ့အဝေးဆုံးပို့လိုက်စမ်း”

စုမင်၏ နှုတ်ခမ်းထောင့်စွန်းတွင်အပြုံးတစ်ချက်ပေါ်လာသော်လည်း ၎င်းသည်သံချပ်ကာနောက်တွင် ဖုံးကွယ်ထားဆဲဖြစ်သည်။

“ ကျွန်တော်အခုထွက်မသွားချင်သေးဘူး”

သူကဖြည်းညှင်းစွာပြောသည်။

“မင်းလုပ်ရဲတယ်လား.. ငါမင်းကိုအခွင့်အရေးပေးပြီသား..ငါတကယ်မသတ်ရဲဘူးလို့ထင်နေတာလား”

အသံက အက်ကွဲသံကြားထဲမှ ကျယ်လောင်လာသည်။

သူ့ဆန္ဒများ နောက်တစ်ကြိမ်မမျှော်လင့်မီ သူငြိမ်သက်နေလေသည်။ စုမင်ထံကြည့်သောအခါ ထိုလူသည်မိုက်မဲသည်ဟုတွေးမိသော်လည်း ထိုသို့ဆက်လုပ်နေသည်ကိုကျေနပ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာမို့ချွယ်၏ဒေါသကိိုနှိုးဆွမိပြီး သေရလိမ့်မည်။

“ဆရာမို့ချွယ် ဒီလူက မင်းရဲ့သက်ညှာမှုကိုတန်ဖိုးမထားဘူး.. ကျေးဇူးပြုပြီး သတ်လိုက်ပါ... “

မိုလောကအမြန်ပြောလိုက်သည်။

“တိတ်တိတ်နေ...ငါ့မှာ ဂရုဏာစိတ်ရှိတယ်...အကြောင်းမရှိဘဲ လူတစ်ယောက်ကို ဘယ်လိုသတ်ရမလဲ.. ကောင်လေး... ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်...မင်းအခွင့်အရေးကို အသုံးမချတတ်ရင် ငါတကယ် တိုက်ခိုက်ရလိမ့်မယ်...”

စုမင် က စကားမပြောပေ။ အက်ကွဲကြောင်းကို ဆက်ကြည့်ရင်း သူ့နှုတ်ခမ်းပေါ် အပြုံးများ တိုးလာသည်။

အချိန်တွေကုန်ဆုံးပြီး မကြာမီအသက်ဆယ်ရှိုက်စာ ကုန်ဆုံးသွား၏။ ခဏတာတိတ်ဆိတ်သွားပြီးနောက် အက်ကွဲကြောင်းထဲသက်ပြင်းတစ်ချက်သံကြားလိုက်ရသည်။

“ငါက သနားတတ်တဲ့သူတစ်ယောက်ပါ...ဒါတွေအားလုံးက မင်းကြောင့်ဖြစ်ရတဲ့

အရာတွေချည်းပဲ”

ထိုစကားများပြောနေစဉ်တွင် အက်ကွဲကြောင်းမှ ခုနစ်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ခုနစ်ရောင်ရှိသော ဒေါင်းလေးက လေထဲသို့ ဖြည်းညှင်းစွာထလာသည်။ နောက်ဆုံး လေဟာနယ်တွင် ရပ်လိုက်သည့်အခါ မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် အလင်းရောင်တစ်ခုနှင့်အတူ တောက်ပလာပါတော့သည်။

ခုနှစ်ရောင်ဒေါင်းက မယုံကြည်

နိုင်လောက်အောင်အစွမ်းထက်လှပြီး တည်ရှိမှုက မာန်စိတ်ဝိညာဥ်နယ်ပယ်ရှိလူများထက်ကျော်လွန်နေ၍ မြင်ရသူများ၏ အသက်ရှူသံကိုအေးခဲသွားစေသည်ဟုခံစားရသည်။

“ငါအခွင့်ရေးတစ်ခုပေးမယ် “

မိုလော ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပေါ်လာသည်။ သူ့ရှေ့က ခုနစ်ရောင်ခြယ်ဒေါင်းက သဘာဝအားဖြင့် မို့ချွယိ၏ အဓိက ထောက်တိုင်ဖြစ်ပြီး ယခင်က သူမြင်ဖူးသည့် ငှက်ဖြစ်သည်။ ၎င်းက မြင့်မြတ်သောစွမ်းရည်တစ်ခုကိုဖော်ထုတ်ပြခဲ့ဖူးသည်။

မြင့်မြတ်သောစွမ်းရည်၏ အမည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်သည်။

“လွတ်လပ်ကိုရှာဖွေခြင်း”

ထိုအရာသည် တစ်ခါမှမမြင်ဖူးသောစွမ်းရည်ဖြစ်ပြီး သေလောက်အောင်ကြောက်လန့်စေသော အရာလည်းဖြစ်သည်။

ထိုဒေါင်းက ကောင်းကင်တွင်ရှိနေစဥ်သမုဒ္ဒရာကို ဖြစ်ထွန်းပုံကိုလည်း မေ့ရန်လည်း ခက်ခဲသည်။ မိုလော ၏မျက်စိရှေ့တွင်၊ ၎င်းက သမုဒ္ဒရာကို ဖျက်စီးဖြစ်ချင်နေပြီး ရွတ်ဆိုနေသည့် စကားလုံးများကို သူဘယ်တော့မှ မေ့မည်မဟုတ်ပေ။

“ပင်လယ်ရဲ့အရောင်ကို မကြိုက်ဘူး၊ မကြိုက်တဲ့အတွက် ဖျက်ဆီးပစ်မယ်”

မိုလောမှတ်ဥာဏ်တွင် ဒေါင်းကထိုစကားများကိုပြောခဲ့ပြီး ကောင်းကင်ရှိမိုလော၏ အမှတ်ရစရာများတွင် ဤဒေါင်းကလေးက ထိုစကားများကို ပြောပြီးသည်နှင့် ကောင်းကင်တစ်ခုလုံးက ခုနစ်ရောင်ဆိုးကာ သမုဒ္ဒရာအတိုင်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ဒေါင်းက ခေါင်းကို လျင်မြန်စွာငုံ့ကာ ကြီးမားသောအတောင်ပံကို မခတ်မီ မြှောက်ပင့်ပေးသည့်အကြည့်ဖြင့် ... ငှက်ကြီးတစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ပျံသန်းသွားလေသည်။

“ကမ္ဘာက ကျဉ်းကျဥ်းလေးပဲ... အင်း... ငါ့မျက်လုံးတွေ မှုန်နေပြီ၊ မင်းကို မမြင်နိုင်တော့ဘူး”

စုမင်ရှေ့ရောက်လာလျှင် မြန်မြန်စကားပြောတော့သည်။

“မင်းရဲ့ မူလပုံစံကို ပြန်ပြောင်းစမ်း..”

စုမင်သည် ခုနစ်ရောင်ဒေါင်းမှ အလင်းရောင်ကြောင့် စူးစူးဝါးဝါး မျက်မှောင်ကြုတ်လိုက်သည်။

စုမင် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသော ခုနစ်ရောင်ဒေါင်းလေးသည် ချက်ခြင်းဆိုသလို ကျယ်လောင်စွာ အော်ဟစ်လိုက်ပါသည်။ ဤလူသည် မည်မျှ တန်ခိုးကြီးသည်ကို သူမြင်ဖူးသည်။ သူက ရောင်စုံခြယ်ဒေါင်းငါးကောင်၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

အရေးအကြီးဆုံးကတော့ ထိုငှက်က မြေပြင်ရှိ ဖြစ်ပျက်သမျှကို မြင်ဖူးခဲ့၏။ အကယ်၍ သူထွက်ပြေးရမည်ကို ကြောက်နေလေသည်။ မဟုတ်ခဲ့လျှင် သူ ထွက်ပြေးခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် ဤလူက သူ့ကို သတိမပြုမိစေရန် ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့သော်လည်း နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ရသည်။ မိုလွာအပေါ် သူ၏မုန်းတီးမှုက ကောင်းကင်ကို လောင်ကျွမ်းသွားစေနိုင်သည့် ပြင်းထန်မှုတစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

ထိုအချိန်တွင် စုမင် နှင့် မိုလော၏မျက်လုံးများရှေ့တွင် အမွေးတစ်ဝက်သာရှိသော အနက်ရောင်ကြိုးကြာငှက်လေးတစ်ကောင်အဖြစ်‌ ပြောင်းလဲသွားကာ ခုနစ်ရောင်အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားသည်...

၎င်း၏အသွင်အပြင်နှင့် အမူအရာက မယုံနိုင်လောက်အောင် ညစ်ညမ်းပြီး ၎င်း၏ယခင် ရဲရင့်မှုနှင့် တန်ခိုးကြီးသောအသွင်အပြင်နှင့် ‌မိုးနှင့်မြေကဲ့သို့ကွာခြားခဲ့လေသည်။

အမှန်ဆိုလျှင် စုမင် ကျေနပ်ရန် မိုလောဘက်သို့ခေါင်းလှည့်ထားခဲ့သည်။

မိုလောက ခုနစ်ရောင်ခြယ် ဒေါင်းလေးသည် ထိပ်ပြောင်သော ကြိုးကြာငှက်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်၊ သူ့စိတ်က ဗလာနတ္ထိဖြစ်သွားသည်။ ကြိုးကြာငှက်တစ်ကောင်တည်းကြောင့် သူ့ကမ္ဘာကြီးက ပြိုပျက်သွားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ...”

မူလက အလွယ်တကူ အလိမ်ခံရသည့်လူမဟုတ်သော်လည်း ကြိုးကြာနက်က အမှန်တကယ်ပင် ကျွမ်းကျင်သောကြောင့် မိုလောက ၎င်း၏ပုံစံအမှန်ကို မမြင်ဖူးသော်လည်း ၎င်း၏လှည့်စားမှုများထဲတွင် လုံးလုံးလျားလျား ကျဆင်းသွားသည်...

“ကြိုးကြာ…ဒေါင်း…”

မိုလော ပါးစပ်က သွေးတွေ အန်ကာ

ကြိုးကြာငှက်ကို ကြည့်ရင်း ကျိန်ဆဲချင်နေတော့သည်။

.................

All Chapters