← Chapters

အပြန်ခရီး

Vol. 39 Ch. 538

အပြန်ခရီး

Vol. 39 Ch. 538

စုမင်က ကောက်ညှင်းလမုန့်ကျွန်းမှ ထွက်ခွာသွားစဉ် သူ့နောက်တွင် သူ့ကို သဘောကျစေရန် မြှောက်ပင့်ပေးသည့် ကြိုးကြာတစ်ကောင် ရှိနေသည်။

ကြိုးကြာငှက်၏ခြေသည်းများတွင် လုံးဝမသေဆုံးသေးသော်လည်း လုံးဝပြိုလဲနေသော မိုလောရှိသည်။ စုမင်ကို ခုခံတိုက်ခိုက်ခြင်းက သူ၏ စွမ်းအားများ ပျက်စီးသွားစေပြီး စုမင်၏စွမ်းအားများက သူ၏ အရိုးများတွင် ထွင်းထုထားသကဲ့သို့ ဖြစ် နေလေသည်။

မိုလောက သေခြင်းတရားကို ကြောက်သော်လည်း စုမင်လက်ထဲမှ လွတ်မြောက်ပြီး သူ့အဖွဲ့ခွဲကို ဆက်ပြီး ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်နေဆဲပင်ဖြစ်သည်။ သူ့၏

ဉာဏ်ရည်ဉာဏ်သွေး၊နည်းလမ်းများနှင့်ဆိုလျှင် အနှေးနဲ့အမြန် ပြန်တည်ဆောင်နိုင်မည်ဟု အခိုင်အမာတွေးနေလေသည်။

သို့သော်လည်း… ကြိုးကြာငှက်၏အသွင်အပြင်ကြောင့် သူ့ကိုယ်ပိုင်ဉာဏ်ရည်ကို သံသယဝင်စေခဲ့ပြီး ၎င်းကြောင့် သူ့ဘဝကြီး ပျက်စီးသွားခဲ့သည်။ ညစ်ပတ်သော ကြိုးကြာငှက်တစ်ကောင်၏ လှည့်စားခြင်းကို ယုံကြည်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် ၎င်း၏အကြိုက်ကို ဖြည့်ဆည်းရန် ကြိုးစားရင်း ပူဇော်မှုများ ပြုလုပ်နေခဲ့သည်။

ယခု သူပြန်စဉ်းစားကြည့်သော် အတိတ်က အရှက်မရှိသော ထိပ်ပြောင်ကြိုးကြာငှက်ကို တွေ့လိုက်သောအခါ၊ ၎င်း၏ လုပ်ရပ်အားလုံးနှင့် ‘ကရုဏာ’ ဟုခေါ်သည့်အရာအားလုံးက အတုအယောင်များပင် ဖြစ်သည်။

လုပ်ဇာတ်ကြီးတစ်ခုကို သူယုံကြည်ခဲ့ရသည်။

စုမင်က မိုလော၏ အတွေးများကို ခံစားနားလည်နိုင်သော်လည်း သူ့ကို ဂရုမစိုက်ပေ။ ထိုအချိန်တွင် ကောက်ညှင်းလမုန့်ကျွန်းက သူ့နောက်တွင်ကျန်ခဲ့လေသည်။ သူက လေထဲ၌ ပျံသန်းလာစဥ်တွင် လောကကြီးက တိတ်ဆိတ်ငြိမ်သက်မှုဖြင့် ပြည့်နေသည်။ နယ်မြေတစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းသွားပြီး လူသေကျွန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စုမင်က သူမထွက်ခွာမီ တောင်တစ်တောင်ကို ဖြိုချခဲ့ပြီး ကျွန်း၏အလယ်ဗဟို မျက်စိပသာဒဖြစ်သောနေရာတွင် ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုကို ထားခဲ့သည်။

သူက စာကြောင်းတစ်ကြောင်းကို ချန်ထားခဲ့ကာ စကားလုံးတိုင်းကို သွေးစိမ်းဖြင့် ရေးထားသည်။ ထိုအထိမ်းအမှတ် ကျောက်တုံးမှ ကောင်းကင်ကို လောင်ကျွမ်းသွားစေသည့် သတ်ဖြတ်လိုစိတ်ရောင်ဝါ ထုတ်လွှတ်ပေး‌နေသည်။ အနာဂတ်တွင် ကျွန်းသို့လာမည့် အရှေ့ မြေရိုင်းနယ်မြေသားအားလုံးကို ထိတ်လန့်တုန်လှုပ်ချောက်ချားစေသည်။

“တောင်ပိုင်းအရုဏ်ဦးနယ်မြေကို ကျူးကျော်တဲ့သူမှန်သမျှကို ရေဆုံးမြေဆုံးလိုက်ရှာပြီး သတ်ပစ်မယ်..”

ထိုစာကြောင်း၏နောက်မှာ စုမင်က သူ့နာမည်ကို ရေးထားလေသည်။

“ တောင်ပိုင်းအရုဏ်ဦးနယ်မြေမှ

စုမင်...”

ထိုတိုက်ပွဲပြီးနောက် သူ့နာမည်က

ထိုနယ်မြေမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားမည်ကို သိလေသည်။ထိုအရာက သူလိုချင်သောအရာပင်ဖြစ်သည်။ ထို‌ဖြစ်ရပ်က တောင်ပိုင်းအရုဏ်ဦးနယ်မြေအတွက် သူလုပ်ပေးနိုင်သောအရာပင်ဖြစ်သည်။

စုမင်က ထိုကျောက်တုံးကြီးကို ချန် ထားရစ်ခဲ့ကာ ရှေ့တစ်လှမ်းတိုးကာ တောင်ပိုင်း စိမ့် မြေကျွန်းဆီသို့ လျှောက်သွားခဲ့သည်။တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့်အရှေ့မြေရိုင်းနယ်မြေကြားရှိ မရဏပင်လယ်တွင် အကြာကြီးနေရန် ဆန္ဒမရှိပေ။ သူက အရင်ဆုံး နဝမမြောက်တောင်ထွဋ်‌သို့ ပြန်လာခဲ့သည်။ ထို့ပြင် သူ ဟူကျီနှင့်ပတ်သတ်သောသတင်းများကို ရှာဖွေလိုသည်။

ထို့နောက် သူ အရှေ့မြေရိုင်းနယ်မြေ သို့ သွားခဲ့သည်။

ယခုအချိန်တွင် စုမင်၏ သိုလှောင်အိတ်ထဲတွင် အနက်ရောင် ဓါးရှည်တစ်ချောင်း ရှိနေပြီး ၎င်းပေါ်တွင် မြူခိုးပုံရိပ်များ ရှိနေသည်။ ထိုပုံရိပ်ကို ဓါးနှင့်အတူ ယူဆောင်လာခဲ့သည်။သူမမှာ တုန်တုန်ယင်ယင် ဖြစ်နေသည် ။

စုမင်က ထိုအမျိုးသမီးပုံရိပ်နှင့် ရင်းနှီးသည်။ သူမက မိုလောကိုချက်ချင်းမသတ်သေးသည့်အကြောင်းရင်းလည်းဖြစ်ခဲ့သည်။ထို့ပြင် တောင်ပိုင်းစိမ့်မြေကျွန်း သို့ပြန်ခေါ်ဆောင်ရန်ရွေးချယ်ခဲ့သည်။

ထိုပုံရိပ်မှာ ယခင်က သူ့အစ်ကိုကြီးဖြစ်သူက သူ့အား လက်ဆောင်အဖြစ် ပေးခဲ့သော အကြီးဆုံးလက်ကောက်ထဲမှ အမျိုးသမီးဖြစ်ပြီး နိုင်းလီ၏ရှာမန်ဝိညာဥ်သုံးရာထဲမှ တစ်ယောက်လည်း ဖြစ်ခဲ့သည် ။

“အရင်တုန်းက စီနီယာအစ်ကိုကြီးက ဒီ‌လက်‌ကောက်ကို ယူသွားခဲ့လားလို့ ကျုံးကျီကို မေးရဦးမယ်..ဒါဆိုရင် မိုလောရဲ့လက်ထဲ ဘယ်လိုရောက်နေတာလဲ...”

“ဒါက စီနီယာအစ်ကိုဆီ သွားလို့ရမဲ့နည်းလမ်း ဖြစ်နိုင်တယ်...”

စုမင်က သူ့ကို ကြောက်နေသေးသော ကြိုးကြာတစ်ကောင်ကို ယူလာရင်း တီးတိုးပြောနေမိသည်။

သူတို့က ကောင်းကင်၌ ရှည်လျားသော အကွေ့အကောက်တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ခွာသွားကြသည်။

ညနေရောက်သောအခါ စုမင်က တောင်ပိုင်း စိမ့်မြေကျွန်းသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်းပတ်ပတ်လည်ရှိ အလင်းလွှာအကာအကွယ်မှုက ပိုမိုထူထပ်လာပြီး မှော်အစီအရင်က်ု ပြုပြင်နေ လေသည်။ ကျွန်းသားများက ၎င်း၏ ပြီးပြည့်စုံသောပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြပြီး ကျွန်းတစ်ဖန် နစ်မြုပ်သွားစေမည့် ဘေးဥပဒ်ကို ရှောင်ရှားနိုင်ခဲ့ကြသည်။

စုမင် ကျွန်းပေါ်သို့ ပြန်ရောက်သောအခါ အာရုံသိပ်မများဘဲ ကျုံးကျီဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ရှာမန်က သူ့ကိုမြင်လိုက်သည်နှင့် မွှန်ထူနေသော သွေးနံ့များက သူ့နှာခေါင်းထဲကို စူးဝင်သွားသည်။ထို့ပြင် ချိတ်စည်းခတ်ထားပြီး ချည်နှောင်ထားသောမိုလောကို တွေ့လိုက်ရသည်။

မိုလောအပေါ် သူ့အထင်အမြင်များက နက်ရှိုင်းလေသည်။ အတိတ်က ထိုလူကို ရှုံးခဲ့သည်။ ထိုအချိန်တွင် ထိုလူကို နောက်တစ်ကြိမ်တွေ့သောအခါ ကျုံးကျီ၏နှလုံးသားထဲတွင် ကြီးမားသောမုန်တိုင်းကြီး ကျရောက်လာသည်။

စုမင်က ဤမျှ မြန်မြန်ဆန်ဆန် ပြန်လာမည်ဟု သူ မမျှော်လင့်ခဲ့သလို ကောက်ညှင်းလမုန့် ကျွန်းတစ်ခုလုံးကို အမှန်တကယ် ဖျက်ဆီးနိုင်မည်ဟုလည်း သူ မမျှော်လင့်ခဲ့ပေ။ သူ့ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားသည်နှင့်အမျှ စုမင်ဆီသို့ လှမ်းကြည့်ရင်း သူ့ရင်ထဲမှာ ပိုရှုပ်ထွေးသော ခံစားချက်တစ်ခု ပေါ်လာသည်။

“မနက်ဖြန် ကျုပ် ထွက်သွားတော့မယ်..စီနီယာကျုံးကျီ..ချန်လန်နဲ့ ကျိယွင်တို့ကို ဂရုစိုက်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်.. အဲဒါအတွက် အရမ်းကျေးဇူးတင်ပါတယ်...”

စုမင်က ကျုံးကျီ၏ဂူထဲက မထွက်ခွာခင်မှာ သူ့ခြေလှမ်းများက ရပ်တန့်သွားသည်။ သူက ရှာမန်ကို လှည့်ကြည့်လိုက်ရင်း လက်သီးကို လက်ဖဝါးနှင့် ပတ်ပြီး အရိုအသေပြုဟန်လုပ်ခဲ့သည်။

ကျုံးကျီက ခေါင်းညိတ်လိုက်ပြီး စုမင်ထွက်သွားတာကို ကြည့်နေလိုက်သည်။ ရှုပ်ထွေးပွေလီသော စိတ်ခံစားမှုများကြားတွင် သူ သက်ပြင်းချကာ ဂူထဲမှ ပျောက်ကွယ်သွားခဲ့သည်။သူ နောက်နေ့မနက်မှ ပြန်လာခဲ့သည်။

သူက ကောက်ညှင်းလမုန့် ကျွန်းသို့သွားခဲ့ပြီး ထိုနေရာတွင် အသစ်တည်ဆောက်ထားသော ကျောက်တုံးကြီးတစ်ခုနှင့်အတူ ကျွန်းပေါ်ရှိ သွေးများကို မြင်တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းက သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည့် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။စုမင်က ချန်လန်နှင့်ကျီယွင်ကို ဂရုစိုက်ရန် တောင်းဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး သူ့ကို ပို၍ပင် အာရုံစိုက်လာစေသည်။

သူက သေခြင်းတရားကို မကြောက်‌ သော်လည်း အချိန်သိပ်မကျန်တော့ပေ။ ကျွန်းကြောင့် စုမင်ကို ပို၍လေးစားလာခဲ့သည်။ထနု့ဆကြာင့် သူ့တောင်းဆိုမှုကို အလေးအနက်ထားရန် ဆုံးဖြတ်ခဲ့သည်။

နံနက်ရောက်သောအခါ ကျုံးကျီပြန်မရောက်မီ စုမင်က တောင်ပိုင်း စိမ် မြေကျွန်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ဖန်းချန်လန် ၏မြင့်မြတ်သောစွမ်းရည်များဖြင့်၊ သူသည် မိုလော၏အမှတ်တရများကိုတွေ့မြင်နိုင်ခဲ့သည်။ သူ၏စီနီယာအစ်ကိုဖြစ်သူက ယူသွားသောလက်ကောက်က သူ့လက်ထဲတွင် မည်သို့ရောက်ရှိသွားသည်ကို မြင်တွေ့နိုင်ခဲ့သည်။

အရာအားလုံးကို သိလိုက်သည်နှင့်စုမင် မိုးတိမ်များကဲ့သို့ မည်းမှောင်သော အမူအရာဖြင့် ထွက်သွားလေသည်။ သူ မထွက်သွားခင် ကျိယွင်က သူ့ဆီလာပြီး ကျိချဲ ဘယ်မှာလဲ ဆိုတာကို မေးခဲ့သော်လည်း နောက်ဆုံးမှာတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

စုမင်က သူ့အနားမှ မခွာဝံ့သော ထိပ်ပြောင်ကြိုးကြာငှက်ကို ယူဆောင်လာခဲ့သည်။ သူတို့က ရှည်လျားသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျောက်ကွယ်သွားကြသည်။ သူ့နောက်မှာတော့ သူ့ကို တိတ်တဆိတ်ကြည့်ရင်း တောင်ပိုင်းစိမ့် မြေကျွန်းမှာ ရပ်နေသော လူတစ်ယောက်ရှိသည်။ စုမင်က အဝေးသို့ ထွက်ခွာသွားသောအခါ သူမ၏ အကြည့်များက နာကျင်စွာ သက်ပြင်းချမိသွားသည်...

စုမင်က နဝမမြောက်တောင်ထွဋ် သို့ ပြန်သွားသည့်လမ်း တောင်ပိုင်းအရုဏ်ဦးနယ်မြေဘက်သို့ ပျံသန်းနေစဉ် ကောက်ညှင်းလမုန့်ကျွန်း၏အစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာမည့် ဂယက်ကြီးတစ်ခုကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။ သို့သော်၊ ထိုတုန်လှုပ်မှုက မကြာမီ အရှေ့ မြေရိုင်းနယ်မြေများနှင့် ပင်လယ်ပြင်တစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်မည့် ပြင်းထန်သောလေမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ

မထင်ထားခဲ့ပေ။

စုမင် ထွက်ခွာပြီး သုံးရက်အကြာတွင် ရှည်လျားသော အလင်းတန်းခြောက်ခုက ကောက်ညှင်းလမုန့်ကျွန်းဆီသို့ ပျံသန်းလာခဲ့သည်။ ထိုခြောက်သစငအတွင်း၌ ယောက်ျားမိန်းမတို့ ပါ၀င်၍ အော်ဟစ်ရယ်မောသံတို့သည် လေထဲတွင် ပြည့်လျှံနေသဖြင့် ကျွန်းသို့ ချဉ်းကပ်လာကြသည်။

“အဲဒါက ကောက်ညှင်းလမုန့်ကျွန်းပဲ.. ပွဲတော်ကို ဒီမှာ ကျင်းပမှာ..စီနီယာမိုလောနဲ့ ရင်းနှီးတယ်... အချိန်တန်ရင် ငါတို့ လုပ်နိုင်တယ်...”

လူခြောက်ယောက်ထဲက တစ်ယောက်က ရယ်မောပြီး ပြောလိုက်သည်။ ကျေနပ်သော အမူအရာဖြင့် သူက ကျန်အုပ်စုနှင့် ကျွန်းသို့ ချဉ်းကပ်သွားသော်လည်း သူနီးကပ်လာသည်နှင့် ချက်ချင်းပင် သူ့စကားက နှုတ်ခမ်းဝတွင် ပျောက်ဆုံးသွားခဲ့သည်။

ကျွန်းတစ်ခုလုံး ပြည့်လျှံနေသော တိတ်ဆိတ်ငြိမ်သက်မှုနှင့် သူတို့၏နှာခေါင်းထဲသို့ သွေးနံ့များ စိမ့်ဝင်နေသော လူခြောက်ယောက်၏ မျက်နှာကို ထိတ်လန့်သွားစေခဲ့သည်။ မြေပြင်ပေါ်သို့ လှမ်းတက်လိုက်သောအခါ မြေပြင်၏ တစ်လက်မစီတိုင်းတွင် သွေးရောင်ဖုံးလွှမ်းနေပြီး မခြောက်သေးသော သွေးများက သူတို့၏ အသက်ရှုခြင်းကို ချက်ချင်း မြန်စေပြီး မျက်နှာများကို ချက်ချင်း ဖျော့တော့သွား စေသည်။

မြေပြင်တစ်ခုလုံး၊ နေရာတိုင်းတွင် အပျက်အစီးများ၊ ပြည့်နှက်နေသော သွေးများနှင့် အဆုံးမရှိသော လူသေ လောင်းများ ရှိနေလေသည်။အဆုံးမရှိသော ပင်လယ်ရေ၏ဝန်းရံမှုကြောင်း ထိုနေရာကို ချက်ချင်းငရဲအလား ဖြစ်သွားစေသည်။ သေခြင်းတရား၏ အရှိန်အဝါက ထိုနေရရှိ လေထုကို ပြည့်လျှံစေ၏။ လူခြောက်ယောက် တုန်တုန်ယင်ယင် ဖြစ်လာကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အလယ်တွင် စိုက်ထူထားသည့် ဧရာမကျောက်တုံးကြီးကို တွေ့လိုက်ရသည်။

သူတို့မြင်သော် ခြောက်ယောက်လုံး မဆိုင်းမတွ ကောက်ညှင်းလမုန့် ကျွန်းကနေ အလျင်အမြန် ထွက်သွားကြသည်။ ကြီးမားသောလှိုင်းလုံးများက သူတို့၏နှလုံးသားထဲတွင် ပြင်းထန်စွာလှုပ်ခတ်လာသည်။ သူတို့၏စိတ်ထဲတွင် ကျောက်တုံးကြီးပေါ်တွင် သွေးနှင့်ရေးထားသော စကားလုံးများနှင့် စုမင်၏အမည်သည် တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။

ရက်အတော်ကြာပြီးနောက် ကောက်ညှင်းလမုန့် ပွဲတော်သို့ အခြားလူများ လာရောက်ခဲ့ကြသော်လည်း ခဏအကြာတွင် သူတို့၏အမူအရာမှာ ဖျော့တော့ပြီး ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားကာ ကျွန်းပေါ်မှ အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။

ကောက်ညှင်းလမုန့် ကျွန်းမှာ ဖြစ်ပျက်ခဲ့သည်များကို လူများ ပိုသိလာရပြီး တောင်ပိုင်းအရုဏ်ဦး နယ်မြေမှ စုမင်အကြောင်း ပိုသိလာကြသည်။

ထိုအချိန်မှစ၍ သွေးစော်နံ့၍ သေခြင်းတရားနှင့် ပြည့်နှက်နေသော ကျွန်းက သတိပေးချက်တစ်ခု ဖြစ်လာခဲ့ပြီး အရှေ့မြေရိုင်းနယ်မြေတစ်ဝိုက်ရှိ ကျင့်ကြံသူအားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

All Chapters