← Chapters

ကျွန်းကြီးသုံးကျွန်း

Vol. 39 Ch. 539

ကျွန်းကြီးသုံးကျွန်း

Vol. 39 Ch. 539

ဟိုဟို ဒီဒီပြန့်ကျဲနေသော ကျွန်းများအပြင် တောင်ပိုင်းအရုဏ်ဦး နယ်မြေ၏ မြေနေရာသုံးခုသာ ကျန်ရှိတော့သည်။ ဤမြေနေရာသုံးခုက ဆိတ်ညံခြောက်ကပ်နေပုံရသည်၊၊သို့သော်လည်း အရှေ့မြေရိုင်းနယ်မြေ၏ကပ်ဆိုးကြီးကြောင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ ပိုမိုပြီးပြည့်စုံသော အခြေအနေတွင် ကျန်ရှိနေသော တစ်ခုတည်းသော နယ်မြေများဖြစ်သည်။

ကြီးမားသော မှော်အလင်းလွှာအကာကွယ်များက ဤနယ်မြေသုံးခုကို ဖုံးအုပ်ထားသည်။ ဝေးဝေးမှကြည့်လျှင် ထိုသုံးခုက တိုက်ကြီးတစ်ခုဖွဲ့စည်းရန် အတူတကွမချိတ်ဆက်ထားပေ။ ယင်းအစား၊ ၎င်းတို့သုံးခုက တြိဂံတစ်ခုအလား နေရာယူထားပြီး အနက်ရောင်ပင်လယ်ရေက ၎င်းတို့ကြားတွင် လှိုင်းတဝုန်းဝုန်းဖြင့် လူးလိမ့်နေလေသည်။

၎င်းတို့ကို ကျွန်းများအဖြစ် ဖော်ပြခြင်းက ပိုမှန်ကောင်းမှန်လိမ့်သည်။

ကောင်းကင်ရှိ တိမ်များရွေ့လျားနေစဉ် စုမင်က မရဏပင်လယ်၌ ရပ်နေခဲ့သည်။ သူ့ခြေအောက်က ပင်လယ်ကို ကြည့်ရင်း သူ့မျက်နှာမှာ အတော်လေး ရှုပ်ထွေးသော အကြည့်များ ရှိနေသည်။ မသိမသာ နက်နဲသော ပုံရိပ်တစ်ခုကို သူမြင်နေရသည်..။

ထိုပုံရိပ်က နဂါးခေါင်းနှင့်တူသည်။ ထိုနေရာက ကောင်းကင်မြူခိုးမြို့တော်၏တည်ရှိရာနေရာဖြစ်သော်လည်း ယခုအခါ ပင်လယ်အောက်တွင် နစ်မြုပ်သွားခဲ့သည်။ အစကတည်းက မြေမျက်နှာသွင်ပြင်က မယုံနိုင်လောက်အောင် မြင့်မားပြီး တံတိုင်းဆောက်ထားသော တောင်တန်းများ မရှိလျှင် တိမ်မြုပ်သွားသော နဂါးခေါင်းကို မမြင်ရပေ။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က စုမင်က နက်မှောင်တောင်မျိုးနွယ်စုဝင်တစ်ယောက်အနေဖြင့် စစ်ပွဲကြီးတစ်ခု၌ ရှာမန်များကို တိုက်ခိုက်ခဲ့သည်။ ထိုနေရာ၌ သူအလိုဆန္ဒကို ထိန်းချုပ်ခဲ့ရသည်။ ဤနေရာ၌၊ သူက အရိုးယဇ်ပူဇော်မှု၏ မြင့်မြတ်သော ကျင့်ကြံသူတစ်ဦးဖြစ်လာပြီး ဤနေရာ၌ပင် ရှာမန်များပြည်သို့ လွတ်မြောက်ရန် တွန်းအားပေးခံခဲ့ရသည်။

ယခုတော့ ထိုနေရာက ပြောင်းသွားပြီ။ နေရာတိုင်းက လူပဲ ဖြစ်ဖြစ်၊ အရာအားလုံးက ပြောင်းလဲသွားသည်။ အတိတ်၏ခြေရာများကို ရှာဖွေရန် ကြိုးစားလျှင် လူတစ်ယောက် သက်ပြင်းချမိသွားလိမ့်မည်။

ရှုပ်ထွေးသောခံစားချက်များနှင့်စုမင်၏နှလုံးသားထဲတွင် စိတ်ကူးယဉ်ဆန်သောအတွေးများနှင့် နှိုင်းယှဥ်လိုက်ရင် သူ့နောက်ကွယ်က ထိပ်ပြောင်ကြိုးကြာငှက်သည် သူ့စိတ်ထဲမှာ အတွေးမျိုးစုံရှိနေလေသည်။ စုမင်နှင့် သူ့မှာရှိသမျှ အရာအားလုံးဆီက ထွက်သွားရန် နည်းလမ်းရှာခဲ့သည်။ ထိုလူက မယုံနိုင်လောက်အောင် ကြောက်လန့်စရာ ကောင်းပြီး လွတ်မြောက်လမ်းကို မရှာနိုင်လျှင် နေ့၏အလင်းရောင်ကို ဘယ်တော့မှ မမြင်နိုင်တော့ကြောင်း သူ့ကိုယ်သူ ပြောပြနေလေသည်။

“ငါက အဆင့်အတန်းမြင့်ပြီး ထက်မြက်တဲ့ ပညာရှိသောငှက်လေးပဲ.. မလောက်လေးမလောက်စားကောင်လေးက ငါ့ကို ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ..”

ထိပ်ပြောင်ကြိုးကြာငှက်၏ စိတ်ထဲမှာ အတွေးမျိုးစုံဖြင့် ပြေးလာသောအခါ စုမင်က ခေါင်းလှည့်ကြည့်လိုက်သည်ကို တွေ့လိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားလေသည်။ သူက စုမင်ကို လျင်မြန်စွာ ချော့မော့သည့်အလား အတောင်ပံများကို ကြက်ကလေးတစ်ကောင်လို အကြိမ်အနည်းငယ် တဖျပ်ဖျပ်ခတ် လိုက်သည် ။

စုမင်က သူ့ကို ဂရုမစိုက်ဘဲ အဝေးကို ကြည့်နေသည်ကို သတိထားမိသည်နှင့် သူ့ရင်ထဲမှာ စိတ်အေးသွားတော့သည်။

‘‘အမြန်ဆုံး လွတ်မြောက်ဖို့ နည်းလမ်းကို စဉ်းစားရမယ်.. ငါ့ရဲ့ လွတ်လပ်မှုကို ပြန်ရနိုင်ရင် ကောင်းမှာပဲ...ငါ့ရဲ့မြင့်မြတ်တဲ့ စွမ်းရည်တွေနဲ့ ငါ အလိုရှိသလောက် ကိုယ်လုပ် တော်တွေထားလို့ရတယ်.. လက်ပါးစေတွေလည်း ထားနိုင်တာပဲ.. အိုး...မိုလောအတွက် သနားစရာပဲ.. အတိတ်က သူ့ကို ယုံကြည်အောင်လုပ်ဖို့ အများကြီးကြိုးစားအားထုတ်ပြီး အချိန် ဖြုန်းခဲ့တာပဲ..”

စုမင်က ထိပ်ပြောင် ကြိုးကြာငှက်၏ အတွေးများကို မနှောက်ယှက်ဘဲ အချိန်အတော်ကြာပြီးနောက်မှ သူ့မျက်လုံးများကို အဝေးသို့ ရွှေ့ကာ အောက်ရှိ ပင်လယ်ပြင်ကြီးကိုသာ ကြည့်လိုက်သည်။ သူ့အကြည့်များက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ ရှေ့ကို တစ်လှမ်းလှမ်းရင်း ရှည်လျားသောအကွေ့အကောက်များအဖြစ် ထွက်သွားလေသည်။ စုမင်၏နှာမှုတ်ထုတ်မှုက သူ့နားထဲသို့ မရောက်မချင်း ထိပ်ပြောင်ကြိုးကြာငှက်သည် တခဏမျှ တုံ့ဆိုင်းသွားသည်။

ထိုအသဲက ၎င်းကို တုန်လှုပ်စေခဲ့သည်။ လုံးဝစိတ်မပါသော်လည်း ၎င်း၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအသွင်ဆောင်နေဆဲဖြစ်သည်။

“ကျေးဇူးပြု၍ ကျုပ်ကို စောင့်ပါအုံး... ကြည့်စးပါအုံး..ကျုပ်မှာ အမွေးအများကြီးမကျန်တော့လို့. မြန်မြန်မပျံသန်းနိုင်တော့ဘူး.. ကျုပ်ကိုဘာလို့မစောင့်နေတာလဲ... “

စုမင်က ၎င်းကို မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။ ဤကြိုးကြာနက်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်မှုအချို့ရှိနေသည်ဟု သူထင်ကောင်းထင်နိုင်သော်လည်း ထိုအချိန်တွင် နဝမမြောက်တောင်ထိပ်ဆီသို့ ပြန်လိုသောဆန္ဒက ပြင်းထန်လွန်းသောကြောင့် ထိုငှက်ကို ခေါင်းထဲသိပ်မထည့်ထားပေ။

ထို့အပြင်၊ သူနှင့် ကြိုးကြာနက်တို့ကြားတွင် ရန်ငြိုး မရှိခဲ့ပေ။ စုမင်က ထိုကြိုးကြာငှက်ကိုလည်း အခက်တွေ့အောင် မလုပ်ချင်ပေ။၎င်း ထွက်သွားချင်လျှင် သူတားမှာမဟုတ်ပေ။

စုမင်က လျစ်လျူရှုပြီး အဝေးသို့ ပျံသွားနေသည်ကို ကြိုးကြာနက်မြင်သော် မျက်လုံးများအပြူးသားဖြင့်ကျန်နေခဲ့လေသည်။ စုမင်က သူ့ကို ဂရုမစိုက်တော့ဘဲ လွှတ်ပေးမည်ဟု ခေါင်းထဲမှာ တွေးမိနေလေသည်။

‘တစ်ခုခုတော့မှားနေပြီ...’

ထိပ်ပြောင်ကြိုးကြာငှက်က ခဏမျှ ရပ်တန့်သွားပြီး ၎င်း၏တောင်ပံများကို အကြိမ်အနည်းငယ် ခတ်ပြီးနောက် ခြေသည်းများကို မြှောက်ပြီး အမွေးမပါသော ခန္ဓာကိုယ်ရှိ အစက်အပြောက်များကို ကုတ်ခြစ်လိုက်သည်။

‘သူကငါ့ကိုစမ်းသပ်နေတာပဲ.. ငါတကယ်ထွက်ပြေးရင် သူငါ့ကို သင်ခန်းစာပေးဖို့ အကြောင်းပြချက်ရှိသွားလိမ့်မယ်...အာ....မိုက်မဲ‌တဲ့ကောင်က စုမင်ပဲ.. မင်းရဲ့ထောင်ချောက်ထဲကို ငါဝင်မှာမဟုတ်ဘူး.. ဟား ဟား...မင်း ဒီနည်းနဲ့ များများလုပ်လေ ငါ လွှတ်လည်းလွတ်ဖို့ ဝေးမှာပဲ...ငါက ထက်မြတ်တဲ့ကြိုးကြာငှက်ပဲ.. မင်းရဲ့အစီအစဥ်တွေက ငါ့အပေါ်အလုပ်ဖြစ်မယ်ထင်နေတာလား...”

ထိပ်ပြောင် ကြိုးကြာငှက်သည် ချက်ချင်းပင် အတောင်ပံများကို ခတ်ကာ သူ့နောက်သို့ အလျင်အမြန် လိုက်လာခဲ့သည်။ ပျံသန်းနေစဉ်တွင် စုမင်၏ ‘အစီအစဥ်’ ထဲသို့ မကျရောက်ခြင်းကြောင့် သူ့ကိုယ်သူဟုတ်လှပြီထင်သွားစေသည်။

တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ ကျွန်းကြီးသုံးကျွန်းရှိ အလင်းလွှာအကာအကွယ်သုံးခု၏ အရောင်များက ကွဲပြားသည်။ အလယ်မှာ အနက်ရောင်ရှိပြီး မွဲခြောက်နေပုံရသည်။ အဆုံးမရှိသော အနက်ရောင် မီးခိုးအလွှာ က မြေတစ်ခုလုံးကို ဝန်းရံထားသကဲ့ပင် ဖြစ် နေလေသည်။စုမင်က ထိုနေရာနှင့် မနီးကပ်မီတွင် လူများက အေးစက်သောလေကို ပျံ့လွင့်သွားစေပြီး တုန်လှုပ်ချောက်ချားဖွယ် တည်ရှိနေမှုကို ဖြစ်ပေါ်စေသည်။

လက်ဝဲဘက်ရှိ လီသောင်းနှင့်ချီသော ကျွန်းကြီးက ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားသည်။ ထိုအလင်းတန်းက အရပ်ရပ်သို့ ပြန့်နှံ့သွားပြီး အဝေးမှ မြင်နိုင်သည်။ နောက်ဆုံးကျွန်းကြီးက အနက်ရောင်ကျွန်း၏ ညာဘက်တွင် တည်ရှိသည်။ ထိုနေရာက အပြာရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ထိုအလင်းတန်းများဖြာကျနေချိန်တွင် လောကကြီးထဲသို့ လှိုင်းဂယက်များ ပျံ့နှံ့နေသကဲ့သို့ ဖြစ်နေသည်။

စုမင်က ကောင်းကင်မြူခိုးမြို့တော် ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်သော ပင်လယ်မျက်နှာပြင်နှင့် လောကကြီးကို အဝေးမှ လှမ်းကြည့်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထားပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေ ကျွန်းကြီးသုံးကျွန်းအတွက် နေရာများကို မြေပုံပေါ်တွင် ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။

သို့သော်လည်း ကျွန်းသုံးကျွန်းကို ထာဝရပိတ်လှောင်ထားသောကြောင့် အပြင်ထွက်မည့်သူကို ရှာတွေ့ရန် ရှားပါးလှသည်။ ထို့ကြောင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ မည်သည့်အုပ်စုက ရှေးယခင်က ဤကျွန်းသုံးကျွန်းကို ပိုင်ဆိုင်ခဲ့ကြောင်းကို ဆုံးဖြတ်ရန် ခက်ခဲခဲ့သည်။

သို့သော်လည်း ကျုံးကျီက သူ့ကိုယ်ပိုင် ယူဆချက် ရှိပြီး ၎င်းတို့ကို အခြေခံ၍ မြေပုံပေါ်တွင် အမှတ်အသားများ ပြုလုပ်ခဲ့သည်။

သူ၏ ခန့်မှန်းချက်များအရ ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေသော ကျွန်းကြီးက ဘေးဥပဒ်ရောက်သောအခါတွင် ၎င်းတို့၏ မျိုးနွယ်စု၏ စွမ်းအားကို အသက်သွင်းပေးခဲ့သော အနောက်ပင်လယ်ကလန်မှ ဖြစ်သင့်သည်။

ကုန်းမြေပြိုကျသော နေရာကို ကြည့်ပြီး ရွှေကျွန်းသည် တစ်ချိန်က အနောက်ပင်လယ်ကလန် တည်ရှိရာ နေရာဖြစ်သည်။

ကျုံးကျီက အနက်ရောင်ကျွန်းနှင့် ပတ်သက်၍ မည်သည့် မှန်းဆချက်မျိုး မပြုလုပ်နိုင်ခဲ့ပေ။ သူရရှိသော သဲလွန်စအချို့ကို အခြေခံ၍ အပြာရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော ကျွန်းကို အေးခဲကောင်းကင်ကန် မှ ထိန်းချုပ်ထားကြောင်း သူသာ တွေးခေါ်နိုင်ခဲ့သည်။

စုမင်က ကျောက်စိမ်းပြားကို ကိုင်ထားရင်း ခဏတာ ငြိမ်သက်သွားသည်။ သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူက အပြာရောင် ကျွန်းဆီသို့ ဦးတည်ကာ ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်၍ နောက်ထပ် ရက်အနည်းငယ်ကြာ ဆက်လက် ပျံသန်းခဲ့သည်။

ထိပ်ပြောင်ကြိုးကြာငှက်သည် သူ့နောက်သို့ လိုက်သွား၏။ သူတို့နှစ်ဦးက ရှည်လျားသော အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးမဲ့ပင်လယ်ပြင်နှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ မရဏပင်လယ်မှ ထွက်လာမည့် ရံဖန်ရံခါ ရက်စက်ကြမ်းကြုတ်သော သားရဲများအပြင် အခြားအသက်ရှင်သောဝိညာဉ်ကို မတွေ့ခဲ့ကြပေ။

နေ့လား ညလား အရေးမကြီးပေ။ ပင်လယ်ရေ၏ဟိန်းဟောက်သံများအပြင် အခြားမည်သည့်အသံမှ များများစားစားမကြားရသောကြောင့် ထိုဒေသက ခြောက်သွေ့ဆိတ်ညံ နေလေသည်။

နောက်ဆုံးတွင် စုမင်က သူ့ရှေ့ရှိ အပြာရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သူနီးကပ်လာသည်နှင့်အမျှ အလင်းရောင်က တဖြည်းဖြည်း ပြင်းထန်လာသည်။ မကြာမီ သူ့ရှေ့တွင် မြေကွက်ကြီးတစ်ခု ပေါ်လာသည်။ အပြာရောင်အလင်းတန်းများက ကုန်းမြေတစ်ဝိုက်တွင် စီးဆင်းနေသော ရေများကဲ့သို့ ထင်ရသည်။ အလင်းမျက်နှာပြင်က အတော်လေးထူပြီး အနံပေတစ်ထောင်လောက်ရှိပုံရသည်။

အနံပေတစ်ထောင်က ပြင်ပမှအရာအားလုံးကို ဖြတ်တောက်ထားသောကြောင့် ဤကျွန်းကြီးက လောကကြီးနှင့် သီးခြားခွဲထုတ်ထားသည့်အလား ဖြစ်စေသည်။ ထိုအချိန်တွင် စုမင်က အလင်းလွှာအကာကွယ်နှင့် နီးကပ်သွားသော် ကြီးမားပြင်းထန်သော ဖိအားတစ်ခု သူ့ဆီသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်။စုမင်က ထိုနေရာတွင် ရပ်နေပြီး အလင်းလွှာကို ငေးကြည့်သော်လည်း မမြင်နိုင်ပေ။

ဤသည်မှာ အရှေ့မြေရိုင်းနယ်မြေ ကပ်ဆိုးကြီးကို တွန်းလှန်နိုင်သည့် အားကောင်းသည့် ကာကွယ်‌ ရေးအလွှာတစ်ခုဖြစ်သည်။ ပေတစ်ထောင်အထူရှိပုံရသည်၊ ၊သို့သော် ယင်းမျှသာမဟုတ်သည်မှာ သေချာပါသည်။ အလင်းဖန်သားပြင်၏ ခွန်အားနှင့် ခံနိုင်ရည်အားက စုမင် ၏ မျက်ခုံးကြားတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

သူက အလင်းလွှာထက်မှ ရပ်ကာ သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုအချိန်တွင် သူ့နောက်မှ ထိပ်ပြောင် ကြိုးကြာငှက်က အတောင်ပံများကို အမြန်ခတ်လိုက်သည်။

“မလုပ်ပါနဲ့ သခင်...ကျုပ်တို့ ဒီနေရာကို ဝင်ဖို့ နည်းလမ်းတစ်ခုရှိတယ်..ကျုပ် ကတိပေးတယ်..အဲဒါက သေချာပေါက် အလုပ်ဖြစ်မှာပါ.. အတွင်းကလူတွေက ကျုပ်တို့ကို သတိမပြုမိပါဘူး.. ဒီလို ကိစ္စမျိုးက ကျုပ်အတွက် လွယ်ကူလွန်းပါတယ်”

ထိပ်ပြောင်ကြိုးကြာငှက်က စုမင်၏ဘေးနားတွင် မှုန်ကုပ်ကုပ်ပြောသည်။ ၎င်းကို လှမ်းကြည့်သောအခါ ထိပ်ပြောင်သော ကြိုးကြာငှက်သည် ချက်ချင်းပင် ၎င်း၏ရင်ဘတ်ကို ဖောက်ထွက်ကာ ရင်ဘတ်ကို နှုတ်သီးဖြင့် အကြိမ်ပေါင်းများစွာ ပါးရိုက်ခဲ့သည်။

“သခင်..ကျုပ်ကို စောင့်ကြည့်နေ...”

၎င်းက စကားပြောနေရင်း သူ့မှာရှိသမျှအရာစွမ်းအားလုံးနဲ့ အလင်းလွှာအကာကွယ်ဆီသို့ ချက်ချင်း ပြေးသွားသည်။ထို့နောက် သူ့လက်သည်းကို မြှောက်လိုက်ပြီး မျက်နှာပြင်ကို ဖိလိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ပျောက်ကွယ်သွားသည်။ များမကြာမီတွင် ၎င်းက မှော်အစီအရင်နှင့် ပေါင်းစပ်တော့မည်ကဲ့သို့ အပြာရောင်အလင်းတန်းများဖြင့် တဖြည်းဖြည်း တောက်ပလာတော့သည်။

စုမင်က ငှက်ကို အာရုံစူးစိုက်ပြီး အံ့သြသွားသည် ။ ထိပ်ပြောင်ကြိုးကြာငှက်မှာ ထိုကဲ့သို့ စွမ်းရည်မျိုး ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေခဲ့ပေ။ထို့ပြင် သူ ဆက်ကြည့်နေသည့်အချိန်မှာ သူ့မျက်နှာမှာ ထူးဆန်းသော အမူအရာ ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော်၊ ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏ခန္ဓာကိုယ်အနှံ့ အပြာရောင်အလင်းတန်းများ စတင်ထွန်းလင်းလာသည်။ ၎င်း၏အသွင်အပြင်က တဖြည်းဖြည်းပြောင်းလဲသွားကာ လူပုံစံဖြစ်လာသည်။ ထို့နောက် အဘိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

အဘိုးအိုက မှော်အစီအရင် အပြင်ဘက်တွင် ရပ်နေပြီး၊ မရဏအရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ ထိုသေခြင်းအရှိန်အဝါက သူ့ကို ဝိုင်းရံထားသောကြောင့် သူ့ကို မယုံနိုင်လောက်အောင် ထူးဆန်းနေစေသည်။

မျက်စိမှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါတွင် ရှေးခေတ်နှင့် ထုံထိုင်းခြင်း၏ အရိပ်အမြွက်ကို သူ့မျက်လုံးများတွင် မြင်နိုင်သည်။ စုမင်က လူအသွင်ဆောင်နေသည့် ထိပ်ပြောင်ကြိုးကြာငှက်ကို မြင်သောအခါ သူ့နှလုံးသား တုန်လှုပ်သွားသည်။ ထိုအကြည့်များက သူ့အား ဖော်မပြနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။

သို့သော်၊ နောက်တခဏတွင် ထိုခံစားချက်က ပျောက်ကွယ်သွားသည်၊ အကြောင်းမှာ ဂုဏ်သိက္ခာကြီးမားသော ကြိုးကြာငှက်ဖြစ်သည့် အဖိုးအိုက ၎င်း၏အမူအရာကို လျင်မြန်စွာပြောင်းလဲကာ မြှောက်ပင့်သည့်အကြည့်ဖြင့် စုမင်ကို ကြည့်ခဲ့သည်။ သူ၏ဘဝခိုက်နေသောပုံစံက ယခင်ပုံပြောင်းထားသောလေးနက်သည့်ပုံစံကို ဖျက်စီးပစ်ခဲ့သည်။ စုမင်က ရှုံ့မဲ့ရယ်မောရင်း ခေါင်းကို ခါလိုက်သည် ။

“မှော်တံခါးလေး.. ငါဘယ်သူလဲဆိုတာ သိလားကွ.. ငါက မင်းကို ဒီမှာဖန်တီးခဲ့တာ.. အခု ငါ့ကို ဖွင့်ကြည့်ပေးစမ်း...”

ထိပ်ပြောင်ကြိုးကြာငှက်က တသိမ့်သိမ့်တုန်ခါရင်း ညာခြေသည်းကို ဆန့်ထုတ်လိုက်သည်။ ယခု အဘိုးအို၏ ညာဖက်လက်က မှော်အစီအရင်ဆီသို့ ဦးတည်သွားခဲ့သည်။ ချက်ချင်းပင်၊စုမင်က အသံတစ်ချက်မှမထုတ်ဘဲ အက်ကွဲကြောင်းကို ဖွင့်လိုက်လေသည်။ ထိုအက်ကွဲမှုသည် မှော်အစီအရင်၏ အတွင်းပိုင်းများအထိ ပျံ့နှံ့သွားပြီး အတွင်းတွင် ကာကွယ်ထားသော ကုန်းမြေကို ထင်ရှားစေသည်။

စုမင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ ထိပ်ပြောင်ကြိုးကြာငှက်က ၎င်း၏ကြီးမားသော အသွင်ပြောင်းစွမ်းအားများဖြင့် မှော်အစီအရင်နှင့် တစ်သားတည်းဖြစ်လာကြောင်း ပြောနိုင်သည်၊၊ ထို့နောက်တွင် အမည်မသိနည်းလမ်းအချို့ကို ရှာဖွေခဲ့သည်။ ယခင်က မှော်အစီအရင်ကို ဖန်တီးခဲ့သူဖြစ်နိုင်သူမှာ အဘိုးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤနည်းလမ်းဖြင့်၊ ၎င်းက မှော်အစီအရင်ကို လှည့်စားခဲ့ပြီး ၎င်းတို့အတွက် လမ်းဖွင့်ပေးခဲ့သည်။

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူသည် ထိပ်ပြောင်သော ကြိုးကြာငှက်၏ အသွင်ကူးပြောင်းမှုမှ ထွက်ရှိသော အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ အလင်းလွှာအကာကွယ် ပွင့်သွားသည့် လမ်းကြောင်းပေါ်တွင် ပျောက်ကွယ်သွားပြီး ပေတစ်ထောင်အကွာမှ မှော်အစီအရင်ဖုံးကွယ်ထားသောကုန်းမြေများတွင် ပေါ်လာသည်။

သူထွက်သွားသောအခါ ထိပ်ပြောင်သောကြိုးကြာငှက်က မျက်လုံးများကို မှိတ်လိုက်သည် မှော်အစီအရင် ပေါ်ရှိအက်ကွဲကြောင်းက ချက်ချင်းပိတ်သွားသည်။ စုမင်က အတွင်းထဲသို့ ချက်ချင်းဝင်သွားသော် ၎င်းတို့နှစ်ဦးက မှော်အစီအရင်တံတိုင်းကြီးခြားသွားကာ ကွဲကွာသွားသည်ဟု ဆိုလိုသည်။

“ဟားဟား... မင်းငါ့ကို ရန်စ မင်းငါ့ကိုစမ်းသပ်ရဲတယ်ပေါ့... နောက်ဆုံးတော့ မင်းငါ့ထောင်ချောက်ထဲကို ကျသွားတယ်..အခုမှစပြီး အဲ့ဒီ့မှော်အစီအရင်ထဲမှာ ပိတ်မိနေပါစေ.. လွတ်လွတ်လပ်လပ် ဘဝကို ဖြတ်သန်းမယ်....”

ထိပ်ပြောင်ကြိုးကြာငှက်က မိုက်မဲစွာ ရယ်မောပြီး ၎င်း၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်ခြင်းဖြင့် ခုနစ်ရောင်ရှိသော ဒေါင်းလေးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ရှင်းနေသည်မှာ၊ ၎င်းက ဤထူးခြားသောအသွင်အပြင်ကို နှစ်သက်ပြီး သူ့အလိုလို ကျေနပ်နေချိန်တွင် ၎င်း၏အတောင်ပံများကိုခတ်လိုက်မိသည်။ သို့ပေမယ့် ထွက်ခွာခါနီးမှာ...

“တကယ်လား..”

ထိပ်ပြောင်ကြိုးကြာငှက်၏ နားရွက်နားမှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ၎င်းကို ခေတ္တ ထိတ်လန့်သွားကာ ကျောပါချမ်းသွားစေသည်။ ချက်ချင်းပင် ၎င်းက ခေါင်းကို နောက်ပြန်လှည့်ပြီး စုမင် ပျောက်ကွယ်သွားခဲ့သော မှော်အစီအရင်နားကို ကြည့်လိုက်သည်။ထိုစဉ် အနီးအနားမှာရပ်နေသောသူ့ကို စုမင်က အေးစက်စွာ ကြည့် နေသည်ကို တွေ့လိုက်ရသည် ။

All Chapters