← Chapters

နဝမမြောက်တောင်ထွဋ်

Vol. 39 Ch. 540

နဝမမြောက်တောင်ထွဋ်

Vol. 39 Ch. 540

ကြိုးကြာငှက်က စုမင်ကိုမြင်လိုက်သည်နှင့် ခုနစ်ရောင်စုံဒေါင်းလေးပေါ်ရှိ အမွေးအားလုံးက သံချောင်းကဲ့သို့ထောင်မတ်သွားလေသည်။ ၎င်း၏ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လှုပ်နေလေသည်။ ထိုကြောက်လန့်မှုက ၎င်း၏မြင့်မြတ်သောစွမ်းရည်ကို မတည်မငြိမ်ဖြစ်စေပြီး ထိပ်ပြောင်ကြိုးကြာငှက်ပုံသဏ္ဍာန်သို့ ပြန် ပြောင်းသွားခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ အမွေးအတောင်အနည်းငယ်က ထောင်နေလေသည်။

၎င်းက စုမင်ကို စိုက်ကြည့်ရင်း မျက်လုံးများမှ မျက်ရည်အနည်းငယ် ကျလာသည်...

“ငါ… ငါ…”

ထိုအချိန်တွင် ထိပ်ပြောင် ကြိုးကြာငှက်က တောင့်တင်းကာ ကြောက်ရွံ့သွား၏။ စကားတောင် မပြောနိုင်တော့ပေ။

“မှော်အစီအရင်ကိုဖွင့်ပြီး ငါနဲ့လိုက်ခဲ့....”

စုမင်က ထိပ်ပြောင်ကြိုးကြာငှက်ကို အေးစက်စွာကြည့်ရင်း စကားစမြည်ပြောလိုက်သည်။ထို့နောက် သူက ညာလက်ကို မြှောက်ကာ ချိတ်တံဆိပ်တစ်ခုဖန်တီးခဲ့သည်။ထို့နောက် ထိပ်ပြောင်ကြိုးကြာငှက်ဆီသို့ ဖိလိုက်သည်။ ချက်ချင်းပင်၊ အနက်ရောင်အလင်းတန်းတစ်ခုက သူ့လက်ချောင်းထိပ်များမှ ပျံ့နှံ့သွားပြီး ကြိုးကြာတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်။စုမင်၏စိတ်နှင့် ချိတ်ဆက်ထားသော ချိတ်စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

မူလက သူက ကြိုးကြာငှက်ပေါ်တွင် မည်သည့်ထိန်းချုပ်မှုမျိုးမှ မထားရှိလိုပေ။အကယ်၍ ကြိုးကြာငှက်မှာ အကြံယုတ်မရှိခဲ့လျှင် စုမင်က ၎င်းအပေါ်အနှောင်အဖွဲ့ထားမနေတော့ဘဲ လွတ်လပ်ခွင့်ပေးမည်ဖြစ်သည်။

အမှန်မှာ ထိပ်ပြောင်ကြိုးကြာငှက်က လမ်းခွဲပြီး သွားလိုရာသို့သွားမည်ဆိုလျှင် စုမင်က ငြင်းဆန်မည်မဟုတ်ပေ။သို့သော် ၎င်း၏လုပ်ရပ်ကြောင့် စုမင် စိတ်မကျေမနပ်ဖြစ်သွားလေသည်။

ထိပ်ပြောင်ကြိုးကြာငှက်၏ နှလုံးက ပေါက်ထွက်မတတ် ခုန်နေလေသည်။၎င်းက ခေါင်းငုံ့ပြီး မှော်အစီအရင်ဆီသို့ အလျင်အမြန်သွားခဲ့သည်။၎င်း ပြန်ဖွင့်လိုက်သည်နှင့် စုမင်အား မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဘယ်လက်ကို မြှောက်ကာ ကြိုးကြာငှက်ကို ကိုင်လိုက်သည်။ထို့နောက် ၎င်း၏လည်ပင်းကနေဆွဲကာ မှော်အစီအရင်ထဲသို့ ဝင်လာစေသည်။

သူ့ရှေ့မှ အပြာရောင်အလင်းတန်းများက မျက်လုံးများဆီသို့ စူးစူးရဲရဲတောက်နေသည်။ သူ့ကမ္ဘာက တခဏမျှ မှုန်ဝါးသွားကာ ရှင်းသွားသောအခါတွင် စုမင်က မှော်အစီအရင်မှတစ်ဆင့် လျှောက်သွားခဲ့သည်။ ယခင်ကတောင်ပိုင်းအရုဏ်ဦးနယ်မြေပိုင်ဆိုင်သော ကောင်းကင်အောက်တွင် ရပ်နေခဲ့သည်။ သူက မြေပြင်ကို ကြည့်လိုက်သည်။ အောက်ရှိ အရာအားလုံးက ခြောက်ကပ်နေပြီး စိမ်းစိမ်းစိုစိုဖြစ်နေသောအရာများကို မတွေ့နိုင်ပေ။ ကောင်းကင်ကြီးက မှိုင်းပျနေပြီး နေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

တောင်တန်းများက ဤနေရာတွင်ရှိနေဆဲဖြစ်ပြီး လွင်ပြင်များမှာလည်း အလားတူပင်ဖြစ်သော်လည်း သက်ရှိပုံစံတစ်ခုတည်းကို မတွေ့နိုင်ပေ။ ထိုခြောက်ကပ်သောအရပ်၌ မရဏအရှိန်အဝါသာ ရနေလေ၏။

စုမင်က ထိပ်ပြောင် ကြိုးကြာငှက်၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး အေးစက်သောနှာမှုတ်ထုတ်မှုဖြင့် ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ ပျံသန်းသွားခဲ့သည်။ ကြိုးကြာငှက်က စိတ်ပျက်အားငယ်သောအကြည့်ဖြင့်၊ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။ ၎င်း၏စိတ်နှလုံး၌ ငြီးတွားမြည်တမ်းခြင်း မရှိဘဲ ပြေးလွှားနိုင်ရုံသာမက၊ ၎င်း၏ခန္ဓာကိုယ်တွင် ချိတ်တံဆိပ်တစ်ခုလည်း ထည့်ထားသည်။

‘ဟာကွာ... ငါ ဒီစမ်းသပ်မှုကို ဘာလိုမှ မမြင်နိုင်ရတာလဲ... ဒီ ကောင်က ပါးနပ်လွန်းတယ်.... ကြည့်ရသလောက်တော့ သူက အခြားသူတွေကို စမ်းသပ်လေ့ရှိတာပဲ.. မှတ်ထားရမယ်...ငါ သူ့လှည့်ကွက်တွေကို ငါထပ်မတွေးနိုင်တော့ဘူး...”

ကြိုးကြာငှက်က သူ့ကိုယ်သူ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ထိုလူ၏စမ်းသပ်မှုများကို သတိထားရန် သူ့ကိုယ်သူ ထပ်ခါတလဲလဲ သတိပေးသည်။

စုမင် ကောင်းကင်တွင် ရှေ့သို့ လျှောက်သွားသည်။ သူက ဤနေရာရှိ မြေမျက်နှာသွင်ပြင်နှင့် ရင်းနှီးပြီး ရေဝိုင်းထားသော ကျွန်းတစ်ကျွန်းရှေ့သို့ ရောက်ရန် လီရာနှင့်ချီ ပျံသန်းသွားပြီးနောက် ရပ်တန့်သွားသည်။

ကျယ်ပြောလှသော ရေပြင်က ပင်လယ်နှင့်တူသော်လည်း ၎င်း၏အရောင်မှာ အနက်ရောင်မဟုတ်ပေ။ အပြာရောင်ဖြစ်ပြီး ကျယ်ပြန့်သောဒေသကို လွှမ်းခြုံထားသည်။ မူလက ဤနေရာတွင် မည်သည့်ရေမျိုးမှ မရှိသင့်ဘဲ ရေခဲမြစ်များနှင့် ရေခဲများဖြင့် ပြည့်နေသော‌ နေရာဖြစ်ခဲ့သည်။ အေးခဲကောင်းကင်ကလန်က ဤရေခဲမြစ်ပေါ်တွင် တည်ဆောက်ထားသည်။

ယခုမူ ကပ်ဆိုးကြီးက သူတို့ခေါင်းပေါ်ကျလာပြီး တောင်ပိုင်းအရုဏ်ဦး နယ်‌မြေမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသသည်။ထို့ပြင် ရေခဲမြစ်က ကျွန်းတစ်ဝိုက်တွင် ပင်လယ်ဖြစ်လာကာ စုမင် နှင့် ရင်းနှီးသည့်အရာအားလုံးကို နစ်မြှုပ်သွား စေခဲ့သည်။

“နဝမမြောက် တောင်ထွဋ်…”

သူက သူ့အောက်ရှိ ပင်လယ်ရေကို ငုံ့ကြည့်ရင်း အသက်ရှုကြပ်ကာ ညည်းညူလိုက်သည်။ သူ့မျက်စိရှေ့မှာတော့ နဝမမြောက် တောင်ထိပ်၏ ပုံရိပ်ပေါ်လာသည်။ သူ့မျက်နှာက တဖြည်းဖြည်းနဲ့စိတ်ရှုပ်သည့်ပုံပေါ်လာသည်။ သူက နေရာတစ်ခုလုံးကို ကြည့်ရန် နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်လိုက်သည်။

ကျယ်ပြောလှသော ပင်လယ်ပြင်၏အလယ်ဗဟိုတွင် ကုန်းမြေနှင့် တောင်ငယ်တစ်ခုကိုလည်း မြင်လိုက်ရသည်။

သူမြင်လိုက်ရချိန်တွင် သူက တုန်လှုပ်လာသည်။ သူ့နှလုံးခုန်သံက တဖြည်းဖြည်းမြန်လာပြီး သူ့မျက်လုံးများက ထာဝရအလင်းရောင်များဖြင့် လင်းလက်လာသည်။ သူက ထိုတောင်ငယ်လေးဆီသို့ ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်သွားသည် သို့မဟုတ် ပို၍တိကျစွာပြောရလျှင် ပေတစ်ထောင်အောက်သာရှိသော ပင်လယ်မျက်နှာပြင်ပေါ်တွင် ပေါ်လွင်နေသော တောင်၏အပိုင်းကို လှမ်းကြည့်လိုက်သည်။

သူက ဆယ်စုနှစ်များစွာ လှည့်လည်သွားလာခဲ့သော ခြေသလုံးအိမ်တိုင်ဖြစ်သည်။

သူနှင့် နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်မှု မရှိသော မြင်ကွင်းများကို မြင်တွေ့ရပြီးနောက် အိမ်သို့ ပြန်လာရန်သာ ဖြစ်သည်။ သူ၏ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်ခြင်းနှင့်အတူ သူ့ရင်ထဲတွင် သိမ်းဆည်းထားခဲ့သော ရှုပ်ထွေးသော ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။

ပင်လယ်တွင် လေပြေလေညှင်းများတိုက်ခတ်နေလေသည်။ ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်ကျော်သွားသောအခါ ရေပေါ်တွင် လှိုင်းအလွှာများ ဖြစ်ပေါ်လာပြီး ပင်လယ်ရေက လွမ်းဆွတ်ဖွယ် အလှကို ပေးစွမ်းသည်။

လေက စုမင်၏ ခန္ဓာကိုယ်ကို တိုက်ခတ်လာကာ ဆံပင်များကို လွှင့်စေပြီး ၀တ်ရုံများပါ ဝဲပျံလာသည်။ လေညှင်းက သူ့မျက်လုံးကို ထိလိုက်သည့်အခါ တောင့်တမှုနှင့် လွမ်းဆွတ်မှုအဖြစ် ပြောင်းလဲသွားသည်။ အတိတ်က နဝမမြောက် တောင်ထွဋ်ရှိရာဆီ လျှောက်လှမ်းရန် သူ့ခြေထောက်များကို ရွှေ့လိုက်သည်။

ထိုအချိန်တွင် စုမင်၏မြင်ကွင်းရှိ အားလုံး ပျောက်ကွယ်သွားသည်။ သူ့အမြင်အာရုံထဲမှာ တစ်ခုတည်းကျန်ခဲ့တာက အမြင့်ပေတစ်ထောင်အောက်သာရှိသော တောင်ကြီးပင်ဖြစ်သည်။

စုမင်၏အိမ်၊ သူ၏ဒုတိယအစ်ကို၏အပင်များနှင့်ပန်းပင်များ၊ သူ့အကြီးဆုံးအစ်ကို၏သီးသန့်နေရာနှင့် ဟူကျီ၏အိမ်အပါအဝင် အများစုမှာ ပင်လယ်ရေအောက်တွင် နစ်မြုပ်နေခဲ့သည်။စုမင်မြင်နေရသောအပိုင်းကို ဤတောင်၏တောင်ထွတ်မျှသာဟု ဆိုရပေမည်။ သူအိပ်ခဲ့တဲ့နေရာ… အရာအားလုံးက ရေအောက်မှာ နစ်မြုပ်နေပြီး ပင်လယ်ရေနှင့် ဝန်းရံထားသော တောင်ထွတ်တစ်ခုတည်းသာ ထာဝရမြင့်နေခဲ့သည်။

ထိုနေရာက စုမင် ပြန်လာတာကို စောင့်နေသကဲ့သို့ပင် ဒါမှမဟုတ် တခြားသူအားလုံး ပျောက်ကွယ်သွားချိန်မှာ ဤတောင်က ဘာကြောင့် ကျန်နေသေးသနည်း။

နဝမမြောက် တောင်ထွဋ်တွင် အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက စုမင်၏ မျက်လုံးများတွင် လွမ်းဆွတ်ခြင်းများဖြင့် တိမ်မြုပ်သွားခဲ့သည်။ ထို တောင်နှင့် နီးကပ်လာသောအခါ သူ့နှလုံးသားထဲတွင် ရောထွေးနေသောခံစားချက်များ တိုးဝင်လာသည်။ အနှစ်နှစ်ဆယ်ရှိခဲ့ပြီ၊၊ကပ်ဆိုးကြီးတစ်ခုကြောင့် များစွာသောအရာများ ပြောင်းလဲသွားသည်။

သူ၏နတ်ဘုရားအာရုံဖြင့် စုမင်က သူနှင့် ရာနှင့်ချီ၍ ဝေးကွာနေသည့် နဝမမြောက် တောင်ထွဋ်၏ အစွန်အဖျားကို မြင်လိုက်ရသည်။ ထိုအချိန်တွင် မူလက ထျန်းရှဲ့ကျီနှင့် သက်ဆိုင်သော ဂူအပြင်ဘက်တွင် လူတစ်ယောက်ရပ်နေ၏။

ထိုလူတွင် အားကောင်းသည့် ကျောနှင့် ပခုံးများ ရှိပြီး သူ၏ ခန္ဓာကိုယ်က ဒေါင်ကောင်းသော်လည်း သူ့ ဆံပင်များမှာ ရှုပ်ပွနေသည်။ ဘယ်တော့မှပျောက်ကွယ်သွားမည့် တောင်ကြီးတစ်ခုကဲ့သို့ သူရပ်နေခဲ့သည်။ ထိုအချိန်တွင် သူက ရှေ့ကို လှမ်းကြည့်ရင်း လက်သီးများကို ဆုပ်ထားသည်။

သူ့ရှေ့မှာ ဟန်ဖူ ၀တ်ထားသော လူနှစ်ယောက်ရှိသည်။ ထိုလူနှစ်ယောက်က လူလတ်ပိုင်းအရွယ်ဖြစ်ပြီး တစ်ယောက်က ဖြည်းညှင်းစွာပြောနေရင်း ဤလူကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။

“မင်းငှားမဲ့ရက်က သုံးရက်အတွင်း ကုန်ဆုံးမယ်.. မင်းဒီမှာ ဆက်နေချင်ရင် ဒီတစ်ခါထက်ပိုပြီး လက်ဆောင်တွေ ထပ်ပေးရမယ်.. မင်းမလုပ်နိုင်ရင် ဒီတောင်ကြီးကို ကောင်းကင်ဘုံဂိတ်က ရှင်းပစ်လိမ့်မယ်...”

“ငါတို့နှစ်ယောက်လုံးက မျိုးနွယ်တူဖြစ်ပြီး ဆရာတူတပည့်တွေဆိုတော့ ဒီလောက်ပဲအကြံပေးနိုင်မယ်.. မင်း ဒီနေရာကို လက်မလွှတ်ချင်ရင် လက်ဆောင်ပစ္စည်းတွေ ယူလာလိုက်တာ အကောင်းဆုံးပဲ” ဟု

တစ်ဖက်လူက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့တော်တော် တရားလွန်နေပြီ”

ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာတွင် ဒေါသနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ နဝမမြောက်တောင်ထွဋ်ကိုကာကွယ်ရန် နှစ်တွေ အများကြီး ရင်းနှီးခဲ့ရသည်။

ကပ်ဆိုးကြီးရောက်လာသောအခါ အေးခဲကောင်းကင်ကလန်၏ကောင်းကင်ဘုံနယ်နမိတ်က သူတို့၏မြင့်မြတ်သောစွမ်းရည်ကိုအသက်သွင်းခဲ့ပြီး ဤနေရာကို ၎င်းတို့၏ မှော်အစီအရင်ဖြင့်ကာကွယ်ပေးခဲ့သည်။သို့သော် ၎င်းတို့က ဤနေရာကို ပြင်ပလောကနှင့်လုံးဝသီးခြားဖြစ်စေခဲ့သည်။ ထို့အပြင်၊ ကောင်းကင်ဘုံနယ်နမိတ်ကြောင့် ဂိုဏ်းများအားလုံးက ၎င်းတို့ထံ လက်အောက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

အကြောင်းအမျိုးမျိုးကြောင့် မဟာအေးခဲလွင်ပြင်များကို ဖြိုချပြီး ပင်လယ်၏ နက်နဲသော နေရာတွင် နစ်မြှုပ်သွားစေခဲ့သည်။ နဝမမြောက်တောင်ထွဋ်ကို လျှို့ဝှက်ဆန်းကြယ်သော အကြောင်းပြချက်တစ်ခုခုကြောင့် ဆက်လက်နေထိုင်ခွင့်ပြုခဲ့သည်။ ထိုလူက ထျန်းရှဲ့ကျီ ဂူထဲက ပစ္စည်းဆယ်ခုကို ထုတ်ပြီး ပူဇော်သက္ကာအဖြစ် ဆက်ရမည်၊ မဟုတ်လျှင် ကောင်းကင်ဘုံဂိတ်က နဝမမြောက်တောင်ထွဋ်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

ဆရာကြီး၏ဂူထဲမှာ ထူးဆန်းသောချိတ်စည်းတစ်ခုရှိနေသည်ကို ထိုလူက သိသည်။ ဤတံဆိပ်က ပြင်ပလူအားလုံးကို မ၀င်ရောက်စေရန် တားဆီးထားပြီး မည်သူမဆို ၎င်းတို့ဝင်ရောက်ရန် ကြိုးပမ်းပါက အတွင်းရှိပစ္စည်းများအားလုံးကို ချက်ချင်းပျက်စီးသွားမည်ဖြစ်သည်။ နဝမမြောက်တောင်ထွဋ်မှ တပည့်များသာ ဂူထဲသို့ လွတ်လပ်စွာ ဝင်နိုင်သည်။

“ဆရာကြီး ချန်ထားခဲ့တဲ့ ပစ္စည်းတွေ အများစုကို ပေးပြီးသွားပြီလေ..နဝမမြောက်တောင်ထွဋ်ကို ဒီတိုင်း ထားလို့မရဘူးလား.. ငါ့အိမ်ကို ကာကွယ်ချင်တယ်..ဆရာကြီး..မရှိတော့ဘူး အကြီးဆုံး အကိုကြီးလည်း ..မရှိတော့ဘူး.. ဒုတိယအစ်ကိုလည်း..မရှိတော့ဘူး . အငယ်ဆုံး ညီလေးလည်း ပျောက်သွားပြီ... ငါတစ်ယောက်တည်းပဲ ကျန်တော့တာ ငါတစ်ယောက်ထဲပဲ…

“ကျုပ် ဒီနေရာကို အကာအကွယ် ပေးချင်တာပါ..ဒါမှ ဆရာကြီး ပြန်လာတဲ့အခါ...အကြီးဆုံးအစ်ကိုကြီးနဲ့ ဒုတိယ အစ်ကိုတို့ ပြန်လာတဲ့အခါ..သူတို့အိမ်ကို မြင်ရမှာပေါ့..”

“အငယ်ဆုံးညီလေး ပြန်လာတဲ့အခါ တန်းတန်းမတ်မတ်လာတတ်မယ်လို့ထင်တာပဲ.. ဒါက ငါတွေးနိုင်တဲ့တစ်ခုတည်းသောအရာပဲ..ဆရာကြီးရဲ့ ပစ္စည်းတွေလည်း အများကြီးမကျန်တော့ဘူး.. မင်း ဘာလို့လုပ်ရက်ရတာလဲ...”

ထိုလူက အော်ဟစ်နေစဉ် သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ နှစ်တွေကြာအောင် ခံစားခဲ့ရသော နာကျင်မှုနှင့် ဝေဒနာကို မည်သူမှ မသိနိုင်ခဲ့ပေ။

သူကတော့ ရိုးသားသော ဟူကျီပင်ဖြစ်သည်။ သူ့မှာ တစ်မူထူးခြားသော ဝါသနာနှင့်အကျင့်စရိုက်ရှိလေသည်။ သို့သော် ထိုအချိန်မှစ၍ အနှစ်နှစ်ဆယ် ကုန်ဆုံးသွားခဲ့ပြီး သူ့မျက်နှာတွင် အရေးအကြောင်းများရှိလာသည်။သူက ထျန်းရှဲကျီ ၏အကာအကွယ်ကြောင့် နေ့တိုင်းအိပ်နိုင်သော ကလေးမဟုတ်တော့ပေ။ ယခု သူသည် နဝမမြောက်တောင်ထွဋ်ကို ကာကွယ်လိုသော ဟူကျီပင်ဖြစ်ပြီး သူ့ဆရာကြီးနှင့် သူ့အငယ်ဆုံးညီ လေးကို အိမ်ပြန်နိုင်စေခဲ့သည်။

“ဆရာကြီးအနားမှာရှိနေရင် ဒီလိုလုပ်ရဲမှာမဟုတ်ဘူး...”

“ ငါ့အကြီးဆုံးစီနီယာအစ်ကို ရှိရင်တောင် မင်းတို့ ဒါမျိုး မလုပ်ရဲတော့ဘူး.. ငါ့ရဲ့ ဒုတိယအစ်ကို မထွက်သွားခင်မှာလည်း မင်းတို့ ဒါမျိုး မစော်ကားရဲဘူး.. “

ဟူကျီက ဒေါသတကြီးဖြင့် လူနှစ်ယောက်ကို အော်ဟစ်လိုက်သည်။

“အမှန်ပဲ..အကြီးအကဲ ထျန်းရှဲကျီဒီမှာရှိနေရင် ငါတို့ ဒါမျိုး မလုပ်ရဲဘူး..ဒါပေမဲ့ သူ ပျောက်နေတာ အရမ်းကြာနေပြီ..သူ အသက်ရှင်လား သေလားဆိုတာတောင် ငါတို့ မသိရဘူးလေ”

ရပ်နေ သောလူနှစ်ယောက်ထဲက တစ်ယောက်က စကားပြောရင်း ခေါင်းခါလိုက်သည်။

“မင်းရဲ့အကြီးဆုံး စီနီယာအစ်ကို ဒါမှမဟုတ် မင်းရဲ့ဒုတိယအစ်ကို အနားမှာရှိနေရင် ဒါမျိုးမဖြစ်ဘူး.. ဒါပေမဲ့ သူတို့လည်း ပျောက်သွားတယ်လေ...”

“ပြောရရင် မင်းအရမ်းစိတ်ဆိုးနေစရာ မလိုပါဘူး.. ငါတို့က မင်းကို မျိုးနွယ်စုရဲ့ အမိန့်ကို ပြောပြဖို့ ဒီကိုလာခဲ့တာ...”

ဟု အခြားသူတစ်ဦးက အေးစက်စွာပြောသည်။

“နဝမမြောက်တောင်ထွဋ်ကို အေးခဲကောင်းကင်ကလန်က ပိုင်ဆိုင်ပြီး အေးခဲကောင်းကင်ကလန်ကို ကောင်းကင်ဘုံနယ်နမိတ်က ပိုင်ဆိုင်တယ်လေ.. ငါတို့ ဒီတောင်ကြီးကိုသာ ပြန်သိမ်းချင်ရင် မင်းကိုတွန်းအားပေးစရာတောင်မလိုဘူး..

နောက်သုံးရက်ကြာရင် လာပြီးတော့ လက်ဆောင်တွေကို ပြန်ယူမယ်.. မင်း အဲဒါတွေကို ထုတ်မပေးနိုင်ရင်. မျိုးနွယ်စုကို သတင်းပို့ရမှာပဲ..”

လူနှစ်ယောက် စကားပြောပြီးသည်နှင့် ဟူကျီသည် အေးစက်သော အကြည့်များဖြင့် ပြည့်နှက်နေသော အကြည့်ကို ရှုံ့ချသရော်လှောင်ပြောင်သည့် အရိပ်အမြွက်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့သည် ရှည်လျားသော အဝိုင်းများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူတို့ပတ်ဝန်းကျင်က လေတွေက ပုံပျက်ပန်းပျက်နဲ့ ပျက်ပြယ်သွားသလိုပဲ။

ဟူကျီက မြေပြင်ပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။သူက ဒေါသတကြီးထိုင်ချလိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ နောက်ဆုံးမှာတော့ သူ့အကြည့်များက မြေပြင်ပေါ်ရောက်သွားပြီး နဝမမြောက်တောင်ထွဋ်မှာ ဝမ်းနည်းတကြီး ငိုပါတော့သည်။

“နဝမမြောက်တောင်ထွဋ်ကို ကာကွယ်ချင်တယ်... ပျောက်ကွယ်မသွားစေချင်ဘူး...အတိတ်က နွေးထွေးမှုကို ရှာချင်တယ်..မင်းတို့အားလုံးအတွက် ငါတို့အိမ်ကို မပျက်မစီးဘဲထားချင်တယ်... ဆရာကြီး ဘယ်ရောက်နေတာလဲ... နဝမမြောက်တောင်ထွဋ်က ဒီလိုအခြေအနေရောက်နေပြီဆိုတာ သိရဲ့လား...”

“ တောင်ပိုင်းအရုဏ်ဦးနယ်မြေအတွက် အရှေ့မြေရိုင်းနယ် မြေကို မင်းသွားခဲ့တယ်၊ ဒါပေမဲ့ ငါတို့ရဲ့ နဝမမြောက်တောင်ထွဋ်ကြီးကျဆုံးတော့မယ်ဆိုတာ သိရဲ့လား..ကျုပ် တောင့်ခံမထားနိုင်တော့ဘူး...”

“အကြီးဆုံးအစ်ကို၊ မင်းဘယ်မှာလဲ.....ဒုတိယအစ်ကို၊ မင်းဘာလို့ထွက်သွားတာလဲ..မင်းဒီမှာနေပြီးတော့ ငါတို့အိမ်ကိုငါနဲ့အတူတူကာကွယ်ပေးလေ...”

“အငယ်ဆုံးညီလေး မင်းသေလားရှင်လား… အနှစ်နှစ်ဆယ်ရှိပြီ… နဝမမြောက်တောင်ထွဋ်ကို မှတ်မိသေးရဲ့လား.. ငါတို့ဆရာကြီး၊ ငါတို့အကြီးဆုံးအစ်ကို၊ ငါတို့ရဲ့ဒုတိယအစ်ကို... မင်းမှတ်မိသေးရဲ့လား.. မင်း ငါ့ကို‌ရော မှတ်မိသေးရဲ့လားကွာ…”

ဟူကျီ၏ပါးပြင်ပေါ်မှ မျက်ရည်များစီးကျလာကာ ဝမ်းနည်းပက်လက် ငို ကြွေးနေလေသည်။

လူတစ်ဦးက ထိုကဲ့သို့ ငိုကြွေးနေသောအခါတွင် မြင်သူတိုင်း စိတ်နှလုံး တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။

All Chapters