← Chapters

လွယ်လွယ်ကူကူ

Vol. 3 Ch. 42

လွယ်လွယ်ကူကူ

Vol. 3 Ch. 42

ဝတ်ကောင်းစားလှ ဝတ်ထားသည့် လူငယ်လေးကို ဝေ့ဝူယင် သေချာစွာ အကဲခတ်လိုက်၏။

“ဒီကောင်လေးက တပ်မှူးပြောတဲ့ မြို့တော်အရှင်ရဲ့သား ဆိုတာလား”

သူ ထိုလူငယ်လေးကို ကြည့်ကာ သနားသလို ခံစားလိုက်ရသည်။ ထိုကလေးကား ကျိုးနင် ဟူသော မိန်းကလေး၏ အလှအောက်တွင် ကျရှုံးကာ မြို့တော်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်ဟန် ရသည်။ ထိုအကျိုးဆက်က ဝေ့ဝူယင် ဤနေရာသို့‌ ရောက်ရှိလာသည် အထိ ဖြစ်သွားစေခဲ့သည်။

ကျင့်ကြံခြင်း လောက၌ မည်သူ့ကိုမှ ယုံကြည်၍ မရချေ။ ဝေ့ဝူယင် ဆိုလျှင် သူ သေမျိုး နတ်ဘုရား အဆင့်သို့ ရောက်ရှိသည့် အကြောင်းအား ရှင်းဖူကိုပင် ပြောမပြခဲ့ချေ။ ကိုယ်ပိုင်ခွန်အားကို ဖုံးကွယ်ထားခြင်းမှာ သူ၏ အလေ့အထလိုပင် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင်... သူသည် မည်သည့် မိန်းကလေး တစ်ယောက်၏ အလှတရားတွင်မှ သတိလက်လွတ် ကျဆုံးမည့်သူ မဟုတ်ချေ။ သူ့တွင် များစွာသော လိင်ဆက်ဆံဖော်များ ရှိခဲ့သည့်တိုင် အများစုမှာ နှစ်ဦးနှစ်ဖက် အကျိုးအတွက် တစ်ညတာ ဆက်ဆံရေးမျိုး ဖြစ်သည်။ ရှင်းဖူ၊ မေ့မေ့နှင့် တိုင်လင်ဟု ခေါ်သော မိန်းကလေး သုံးယောက်သာ ထိုထက် အနည်းငယ် ပိုပေသည်။

ဝေ့ဝူယင် အတွေးများကို မောင်းထုတ်ကာ လက်ရှိအခြေအနေကို ပြန်လည် အာရုံစိုက်လိုက်၏။

“ဝှစ်...”

ဓားတစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် လူငယ်လေး၏ ခေါင်းမှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။ သူသည် ထိုတိုက်ခိုက်မှု၌ ဆေဘာဓား၏ ထက်မြက်မှု သက်သက်ကိုသာ သုံးထားရာ မည်သူမျှ သတိပြုမိလိမ့်မည် မဟုတ်ချေ။ လူငယ်လေး၏ ခန္ဓာကိုယ်နှင့် ဟင်းလင်းပြင် လက်စွပ်ကို ရှာဖွေပြီးနောက် ထုစက်ဝန်း ‌ကျောက်တုံး သဏ္ဌာန် ဝင်္ကပါ အလံကို တွေ့ရှိလိုက်ရသည်။ ထိုအလံသည် အခန်းအတွင်းရှိ ဝင်္ကပါများစွာနှင့် ချိတ်ဆက်ထားသည့် ထိန်းချုပ်ရေး ကိရိယာ တစ်ခုပင် ဖြစ်သည်။

“အဲဒီလောက် လွယ်တာလား... ဒီမြို့တော် အရှင်က သူ့သား အပေါ် ယုံကြည်တာ လွန်ကဲ မနေဘူးလား...”

ဝေ့ဝူရင် စိတ်ထဲမှ အေးစက်စက် ရယ်မောရုံမှ လွဲ၍ မည်သည်ကိုမှ မတတ်နိုင်ခဲ့ချေ။ ထို့နောက်... ဝင်္ကပါ အလံ၏ အကူအညီနှင့် အတူ သူ အခန်းအတွင်း ချောမွေ့စွာ ဝင်ရောက်လာနိုင်ခဲ့၏။ အခန်း၏ အပူချိန်မှာ အပြင်ကထက် တစ်ရာ ဒီဂရီခန့် ပိုမို ပူလောင်လေရာ ဝေ့ဝူယင်မှာ မီးလောင်နေသည့် အခန်းတစ်ခုထဲ ရောက်နေသလို ခံစားလိုက်ရသည်။ အကယ်၍ သာမန်လူ တစ်ယောက်သာ ဤနေရာ၌ ရှိပါက ချက်ချင်းပင် သွေးများ ဆူပွက်လာလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် အခန်းအတွင်း ထိုင်နေသည့် လူကို ကြည့်လိုက်၏။ ထိုလူကား အင်ဖာနို နှလုံးသား ချော်ရည်ပူ အမတေကို သန့်စင်ရန်သာ အပြည့်အဝ အာရုံစိုက်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

“ဒီလောက် လွယ်နေပြန်တာလား... မဖြစ်နိုင်တာ...”

မြို့တော်သခင်၏ လည်မြိုကို ဆေဘာဓားဖြင့် ပွတ်ဆွဲရင်း ကောင်းကင်တာအိုအား ဝေ့ဝူယင် စမ်းသပ်ကြည့် လိုက်၏။ ချက်ချင်းပင် မြို့တော်အရှင်၏ ဦးခေါင်းမှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွာ နေရာအနှံ့ သွေးများ ပြန့်ကျဲသွားလေသည်။

ဝေ့ဝူယင်မှာ နေရာတွင်ပင် စက္ကန့်အနည်းငယ်ကြာ အံ့သြနေခဲ့မိ၏။

“တကယ်ကြီးကို လွယ်နေတာပေါ့...”

သူက ခေါင်းကို အနည်းငယ် ခါယမ်းရင်း မြို့တော်သခင်၏ ခန္ဓာကိုယ်ကို ဝိညာဥ်အာရုံဖြင့် ဆန်းစစ်ကြည့်လိုက်သည်။ ထိုအခါ မြို့တော်သခင်၏ ချီနှလုံးသားထဲ၌ ယင်ယန် စွမ်းအင်များ ရှိနေသည်ကို သူ တွေ့ရှိရ၏။

မြို့တော်သခင်ကား အမှန်တကယ်ပင် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်နေပေသည်။

သူက မြို့တော်သခင်၏ လက်စွပ်ကို ချွတ်ယူကာ အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။ မြို့တော် အရှင်၏ လက်စွပ်သည် မြို့တော် ဘဏ္ဍာတိုက်နှင့် ချိတ်ဆက်နေခြင်း မဟုတ်ပဲ သူ၏ ကိုယ်ပိုင် သိုလှောင်ခန်းနှင့်သာ ချိတ်ဆက်နေသည်။  ဝေ့ဝူယင် ထိုအထဲတွင် ရှိသမျှ ပစ္စည်း အကုန်လုံးကို သူ၏ လက်စွပ်အတွင်း ပြောင်းလဲ ထည့်သွင်းကာ ချော်ရည်ပူ အမတေကို ယူလိုက်သည်။

သူသည် ချော်ရည်ကို အမတေကို သူ၏ လက်စွပ်အတွင်း မထည့်သွင်းပဲ သုံးလွှာ လက်စွပ်၏ ပထမ အလွှာတွင်သာ သိမ်းဆည်းလိုက်၏။

ထို့နောက် သူသည် တိတ်တဆိတ်ပင် ပြန်လည် ထွက်ခွာသွား၏။ သူ ဝင်လာချိန်မှ စ၍ ပြန်လည် ထွက်ခွာချိန် အထိ မည်သူမျှ သတိမထားလိုက်မိကြချေ။ မကြာခင်မှာပင် သူသည် ကျိုးနင်တို့ သုံးယောက်အနား ပြန်လည် ရောက်ရှိလာသည်။

ထိုနေရာ၌ ဟင်းလင်းပြင် လက်စွပ်များ၊ သံချပ်ကာများနှင့် လက်နက်များအား ပုံထားသည်ကို တွေ့မြင်ရ၏။ ကျိုးနင်တို့ သုံးယောက်မှာမူ ဆေးများကို အသုံးပြုကာ သူတို့၏ ဒဏ်ရာများကို ကုသနေကြသည်။ ဝေ့ဝူယင်သည် တစ်ချက် ကြည့်ရုံဖြင့်ပင် ထိုအရာများမှာ စစ်သည်များထံမှ ဆေးများ ဖြစ်ကြောင်း သိရှိလိုက်သည်။ သို့သော်လည်း ထိုသုံးယောက်မှာ မှာကြားထားသည့် အတိုင်း တသွေမသိမ်း လုပ်ထားကြရာ သူ ဘာမှ မပြောတော့ချေ။

ဖျောက်... ဖျောက်...

နောက်မှ ထွက်ပေါ်လာသော ခြေသံကြောင့် ကျိုးနင်တို့ သုံယောက် စလုံး၏ မျက်လုံးများမှာ စိုးရိမ်မှုများ၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ နောက်လှည့်ကြည့်၍ ဝေ့ဝူယင်မှန်း သိလိုက်ရသော အခါတွင်မှ သူတို့မှာ သက်ပြင်းချနိုင်တော့သည်။

မိန်းမငယ်လေးက ဆိုလိုက်၏။

“ဟိုဟာ... တောင်းပန်ပါတယ်... ကျွန်မတို့ ဒဏ်ရာအတွက် ဆေးနည်းနည်းလိုလို့ ယူသုံးမိတယ်”

ဝေ့ဝူယင်က ထိုအရာကို အမှုမထားဟန် ‌ခေါင်းခါပြလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သံချပ်ကာများ လက်နက်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင် လက်စွပ်များကိုပါ ယူဆောင်ကာ ထိုအထဲမှ ပစ္စည်းမှန်သမျှကို သူ၏ လက်စွပ်အတွင်း ပြောင်းထည့်လိုက်သည်။

အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ရာ သူ့အနေဖြင့် ကြိုးကြာငှက်ကို ရှာဖွေရန် လိုအပ်ပေသည်။ ထိုမှတစ်ဆင့် အနားယူရန် နေရာတစ်ခု ရှာဖွေကာ ကျင့်ကြံရန် သူ ဆုံးဖြတ်ထား၏။ သူ့တွင် မေ့မေ့ကို ရှာဖွေစရာ ကိစ္စ ရှိနေသေးသော်လည်း သိပ်မလောချေ။ လျှို့ဝှက် အယ်ဗန် သစ်တောသို့ မနားပဲ တိုက်ရိုက် ပျံသန်းလျှင်ပင် နှစ်ပတ်ခန့် အချိန်ကြာလိမ့်မည် ဖြစ်သည်။

ထိုအချိန်အတွင်း နေကျီးကန်းစုန်းမမှ သတ်ရန် ဆန္ဒရှိလျှင် မေ့မေ့ သေသွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ လျှို့ဝှဥ် အယ်ဗန်သစ်တောသို့ မရောက်ခင် ကိုယ့်ခွန်အားကို လုံလောက်အောင် မြှင့်တင်ရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ မေ့မေ့ကို ဂရုစိုက်သော်လည်း အရေးအကြီးဆုံး အရာက သူ၏ ကိုယ်ပိုင် လုံခြုံမှုနှင့် ခွန်အားတို့သာလျှင် ဖြစ်သည်။ ခွန်အားရှိမှ သာလျှင် လုပ်ချင်သည့် မည်သည့် အရာရာကိုမဆို အချိန်မရွေး လုပ်နိုင်ပေလိမ့်မည်။

ထိုအကြောင်း တွေးနေရင်း နှလုံးသားက အနည်းငယ် ဆာလောင်လာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ တပ်မက်မှု တစ်ခုနှင့် အတူ သူက ကျိုးနင်တို့ သုံးယောက်ကို လှမ်းကြည့်လိုက်၏။ စုံတွဲ ကျင့်ကြံခြင်းသည် အကျိုးအမြတ်များကို ပေးစွမ်းနိုင်ကာ ခွန်အားကို တိုးမြှင့်ပေးနိုင်သည်။ အနားယူရန် နေရာတစ်ခု ရှာဖွေပြီးသည်နှင့် ထိုယားယံမှုကို ခြစ်ထုတ်ပစ်ရန် သူဆန္ဒရှိပေသည်။

သူက ကျိုးနင် ထံသို့ လမ်းလျှောက်သွားလိုက်ရင်း နွေးထွေးစွာ ပြုံးပြလိုက်၏။

...

အင်ဖာနို တောင်တန်း အနားရှိ ဂူတစ်ခုထဲ၌...

ပြင်းပြသော အသက်ရှူသံများနှင့် ညီးညူသံများမှာ ပဲ့တင်ထပ်ကာ ပျံ့နှံ့နေ၏။ ၎င်းတို့မှာ တစ်ခါတစ်ရံ နိမ့်ဆင်းသွားကာ တစ်ခါတစ်ရံ အထွတ်အထိပ်အထိ မြင့်တက်လာသည်။ “အ...” ၊ “ဘုရားရေ...” စသည့် အာမေဋိတ်သံများကိုပင် တစ်ချက်ချက် ကြားရ၏။ ထိုအသံများကား တစ်နာရီခန့် ကြာသည်အထိ အဆက်မပြတ်ပင် ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ဂူ၏ အပြင်ဘက်တွင်မူ မီးဖို တစ်ခု ရှိ၏။ ကြိုးကြာဖြူ တစ်ကောင်သည် ထိုအနီး၌ လဲလျောင်းရင်း အနားယူနေသည်။ သူကား ဂူအတွင်းမှ လာသည့် အသံများကို လုံးဝ စိတ်ဝင်စားပုံ မရချေ။ တစ်ချိန်တည်း၌ မျက်နှာများ ရှက်ရွံ့ နီရဲနေသည့် နှစ်ယောက်မှာ မီးဖိုထဲသို့ ထင်းခြောက်များကို အဆက်မပြတ်ထည့်ရင်း ထိုင်နေခဲ့၏။

ကျောက်စိမ်းကြာပန်းဂိုဏ်းမှ လူငယ်နှစ်ယောက်၏ အမည်မှာ တိုင်ချူးရွှယ်နှင့် ကျန်းမူ ဟူ၍ အသီးသီး ဖြစ်ကြသည်။ သူတို့သည် ဂိုဏ်း၏ အဓိက တပည့်များ ဖြစ်ကြကာ အကြီးအကဲများနှင့် အတူတူ ခရီးထွက် လာခဲ့ကြခြင်း ဖြစ်သည်။ ပထမ၌ သူတို့ အုပ်စုတွင် အကြီးအကဲ သုံးယောက် အပါအဝင် စုစုပေါင်း ခြောက်ယောက် ပါရှိခဲ့သည်။ လမ်းခရီး၌ ဂိုဏ်းတွင်း အကွဲအပြဲများကြောင့် လူစုကွဲကာ ကျန်းမူနှင့် တိုင်ချူးရွှယ်တို့မှာ ကျိုးနင်နောက် လိုက်လာခဲ့ခြင်း ဖြစ်သည်။

“ဟို... အကြီးအကဲကျိုး အဲဒီလို လုပ်နေတာ ကောင်းပါ့မလား... သူ... သူက လက်ထပ်ပြီးသားလေ”

ကျန်းမူက ရှက်ရွံ့နေသော မျက်နှာထားဖြင့် ဂူဘက်သို့ လှမ်းကြည့်ရင်း ဆိုလိုက်၏။

“တိုးတိုးနေ...”

တိုင်ချူရွှယ်က ဒေါသတကြီးဖြင့် သူ့အား အော်ငေါက်လိုက်သည်။ ကျိုးနင် အတော်လေး ဒဏ်ရာရနေကြောင်း သူမ သိရှိထားသည်။ လှံ၏ ထိုးစိုက်မှုတွင် သွေးကြောများနှင့် ကြွက်သားများပင် ပျက်စီးသွားခဲ့သည်။ အကယ်၍ သာမန်အတိုင်း ပြန်လည် ကောင်းလျှင်ပင် သူမ ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

ထိုကဲ့သို့ ဒဏ်ရာမျိုးအား ကုသနိုင်သည့် ဆေးဝါး ရှားပါးလှသည်။ အကယ်၍ သေမျိုး တန်ခိုးရှင် အဆင့် တစ်ယောက်က အမတေနှင့် အသက်အင်အား ဆုံးရှုံးခံ ကုသပေးလျှင်မူ ကောင်းလာနိုင်သည်။ သို့သော်လည်း လက်ထပ်ပြီးသား၊ မူလယင် ဆုံးရှုံးထားပြီးသား မိန်းကလေး တစ်ယောက်ကို မည်သူက ထိုကဲ့သို့ ကုသပေးမည်နည်း။

ထို့အပြင် ကျိုးနင်၏ ခင်ပွန်းမှာလည်း သူမထက်ပင် အားနည်းလှသည်။ သူ့အနေဖြင့် မည်သို့မျှ လုပ်ပေးနိုင်မည် မဟုတ်ချေ။

ထိုကဲ့သို့သော အခြေအနေတွင်...

ငွေရောင်မျက်လုံးနှင့် ချောမောခန့်ညားသော လူငယ်လေးမှာ သူမထံသို့ ချည်းကပ်ကာ ဒဏ်ရာများကို ကုသပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ ကျိုးနင်မှာ တုန့်ဆိုင်းမှုပင် မရှိပင် သူ၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။ သူမ၏ လက်ရှိအခြေအနေဖြင့် မည်ကဲ့သို့ ငြင်းဆိုနိုင်မည်နည်း။

အကယ်၍ သူမသာ ဒဏ်ရာကြောင့် ကျင့်ကြံခြင်း အဆင့် လျော့ကျသွားပါက ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူမ၏ အဆင့်အတန်းမှာ လျော့ကျသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ သူမ၏ မိသားစုနှင့် မျိုးနွယ်၊ မိတ်ဆွေများ အပေါ် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများ ရောက်ရှိလာပေလိမ့်မည်။

ကျန်းမူ အနေဖြင့် တစ်ခါတစ်ရံ ဦးနှောက်ကို အသုံးပြုတတ်ရန် လိုအပ်သည်။ အကယ်၍ သူသာ စဥ်းစားတတ်ပါက သူ၏ ကိုယ်ပိုင် အကြီးအကဲမှာ လမ်းခရီး၌ သူ့အား သစ္စာဖောက်ကာ ထားသွားလိမ့်မည် မဟုတ်ချေ။

မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက်... ဝေ့ဝူယင်မှာ အလိုဆန္ဒ ပြည့်ဝသွားသည့် မျက်နှာထားဖြင့် ထွက်လာခဲ့၏။ သူ၏ နှလုံးသားရှိ ယားယံမှုကား အတော်လေး ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ယခု သူလုပ်ရမည့် အရာက အင်ဖာနို တောင်တန်းမှ မထွက်ခွာခင် ကျင့်ကြံခြင်းအတွက် အစီအစဥ်များ ရေးဆွဲရန် ဖြစ်ပေသည်။

သူက ဝပ်နေသည့် ကြိုးကြာငှက် နံဘေးသို့ ရောက်လာကာ ခေါင်းအား အနည်းငယ် ပွတ်သပ် ပေးလိုက်၏။

“ကောင်းကောင်း အနားယူထား... ဗိုက်ဆာရင်လည်း ကိုယ့်ဘာသာ ထွက်ပြီး အမဲလိုက်စားလိုက်”

ပုံမှန်အားဖြင့် တုလင်သည် သူမ (ကြိုးကြာငှက်) အတွက် အစားအစာများ ပြင်ဆင်ပေးလေ့ ရှိသည်။ သို့သော်လည်း ယခု ခရီးစဥ်က လတ်တလော ထထွက်လာခြင်း ဖြစ်ရာ သူမ အနေဖြင့် ကိုယ့်သာသာ ရှာဖွေ စားသောက်ရတော့မည် ဖြစ်သည်။ ဝေ့ဝူယင် ထိုအတွက် စိတ်ပူခြင်း မရှိချေ။ သူမ၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် သားကောင်တစ်ကောင် ရှာဖွေရန်မှာ ပုရွက်ဆိတ်ဖမ်းသည်ထက် ပိုမို လွယ်ကူလိမ့်မည် ဖြစ်သည်။

ထို့နောက်... ဝေ့ဝူယင်က ကျောက်စိမ်းကြာပန်းဂိုဏ်းမှ တပည့်နှစ်ယောက်ကို ကြည့်ကာ ပြုံးပြလိုက်၏။ အကယ်၍ သူ့အစား နေသွေးနီနီဂိုဏ်းမှ အခြား သေမျိုးနတ်ဘုရား တစ်ယောက်နှင့်သာ ဆုံခဲ့ပါက သူတို့၏ ကံကြမ္မာများမှာ ပို၍ပင် ဆိုးရွားသွားနိုင်သည်။ သူနှင့် ဆုံရသည်က သူတို့အတွက် ကံကောင်းလှသည်။

ထို့နောက်တွင် သူက အနားရှိ အခြားဂူတစ်လုံးဆီသို့ ဦးတည်လိုက်၏။ သူသည် ထိုတစ်ခုကို သူ၏ ကိုယ်ပိုင်နေရာ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ စောစောက သူအိပ်ခဲသည့် ဂူမှာ ကျိုးနင်၏ ဂူ ဖြစ်ပေသည်။

ဝေ့ဝူယင် ဂူထဲဝင်သွားပြီး မိနစ်အနည်းငယ် အကြာ၌ ကျိုးနင်မှာ ဂူထဲမှ ထွက်လာခဲ့သည်။ သူမ၏ အသားအရည်မှာ ယခင်ကထက် အနည်းငယ် ပို၍ စိုပြည်နေ၏။ ဝေ့ဝူယင်နှင့် အတူ စုံတွဲ ကျင့်ကြံပြီးနောက် သူမ အကျိုးအမြတ်အချို့ကို ရရှိခဲ့၏။ သူ့တွင် သိပ်သည်းကာ သန့်စင်သော ယင်ယန် စွမ်းအင်များနှင့် အသက်အင်အားတို့ကို ပိုင်ဆိုင်ထားပေသည်။ သူမ၏ ပုံစံသည် ပင်ပန်းနွမ်းနယ်နေသည့်တိုင် တစ်ချိန်တည်း၌ ခွန်အားများဖြင့် ပြည့်ဝနေပေသည်။

***

All Chapters