← Chapters

မငိုပါနဲ့....ဟူကျီ

Vol. 39 Ch. 541

မငိုပါနဲ့....ဟူကျီ

Vol. 39 Ch. 541

ကပ်ဘေးဆိုးကြီးပြီးနောက် ဟူကျီအရက် မသောက်တော့ပေ။ နှစ်

ကြာလာသည်နှင့်အမျှ သူ အရက်မူးလျှင် ခံစားရသောဝေဒနာများကို ကြောက်၍ မသောက်ချင်တော့ပေ။ သူမူးလာလျှင် သူ့ဆရာကြီး၊ သူ့အကြီးဆုံးအစ်ကို၊ သူ့ဒုတိယအစ်ကိုနဲ့ သူ့အငယ်ဆုံးညီကို သတိရနေမည်စိုးသောကြောင့်ဖြစ်သည်။

ဤလွမ်းဆွတ်တောင့်တမှုက သူ့အတွက် ဖြူစင်ပြီး ရိုးရှင်းသော ညှဉ်းပန်းမှုဖြစ်သည်။ သူကအိပ်ရာမှ မျက်ရည်များဖြင့်နိုးထလာရမည်။ သူ့ပတ်ဝန်းကျင် အမှောင်ထုကို ကြည့်ရင်း အထီးကျန်စွာ နစ်မျောသွားအောင် ခံစားရစေမည်ဖြစ်သည်။

အတိတ်က ပျော်ရွှင်မှုများမှာ နှစ်မြုပ်ပြီး မနိုးထချင်တော့မှာကို ကြောက်သောကြောင့် ကောင်းကောင်းအိပ်ပျော်သည့်ညများက ရှားပါးလေသည်။ အကယ်၍ သူ မနိုးထနိုင်ခဲ့လျှင် နဝမမြောက်တောင်ထွဋ်က ဒုက္ခရောက်သွားနိုင်သည်။

သူ အရွယ်ရောက်လာသောကြောင့် ရေချိုးနေသောမိန်းကလေးများကို ချောင်းမကြည့်တော့ပေ။ထိုကဲ့သို့အပျော်ရှာရန်လည်း ခွန်အားမရှိတော့ပေ။... အဘယ်ကြောင့်ဆိုသော် သူ့အပြင် ဤ နေရာမှာ မည်သူမှ မရှိတော့ပေ။ တစ်ခုခုရှိလျှင် ကောင်းကင်ဘုံဂိတ်သာ ရှိတော့သည်။

သူ့မှာရှိသမျှအရာအားလုံးနှင့် သူမုန်းတီးနေသောနေရာတစ်ခုပင်ဖြစ်သည်။ ကပ်ဆိုးကြီးကျရောက်သောအခါ ကောင်းကင်ဘုံဂိတ်က အေးခဲမဟာလွင်ပြင်ကြီးကို စွန့်ခွာသွားခဲ့သည်။ တောင်ပေါ်ရှိ တပည့်များစွာကို မောင်းထုတ်ခဲ့သည်ကို သူဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူတို့မှာ အိမ်ခေါ်စရာနေရာမရှိပဲ လှည့်လည်သွားလာနေကြပြီး အသက်ရှင်နေသေးလား၊ သေလားကို မသိရတော့ပေ။

တောင်များပြိုကျမှုကို စောင့်ကြည့်ရမည်ဖြစ်ပြီး ကောင်းကင်ဘုံနယ်နမိတ်မှ လူများ ဆင်းသက်လာကာ မြေပြင်ရှိ အင်အားစုအားလုံးကို ၎င်းတို့လက်အောက်သို့ ရောက်ရှိလာစေရန် ပြုလုပ်ခဲ့သည်။ထို့နောက် ရေခဲမြစ်အရည်ပျော်သွားချိန်တွင် နဝမမြောက်တောင်ထွဋ်ကိုကြည့်ရှုရန်ဖြစ်သည်။ အစ်ကိုကြီး၏ သီးသန့်နေရာက ရေအောက်တွင် နစ်မြုပ်သွားသည့်နေ့ကို သူဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ထိုအချိန်တွင် သူ့မျက်လုံးများမှ မျက်ရည်များ ကျလာသော်လည်း နောက်သို့သာ ရွေ့လျားနိုင်ကာ သူ့ဂူဗိမာန် မရှိတော့သည့်တိုင်အောင် ဆက်လက် ဆုတ်ခွာသွားနိုင်ခဲ့သည်။ သူ့အငယ်ဆုံးညီ၏ ဂူအိမ်က ရေအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သူ ငိုပြန်သည်။

ထိုအရာကို သူ တား၍ မရပေ။ သူက နောက်သို့သာ ဆက်လက်ရွေ့လျားနေနိုင်သည်၊ သူ၏ဒုတိယအကြီးဆုံးအစ်ကို၏အိမ်၊ အပင်များနှင့် ပန်းများသေဆုံးနေသည့်တိုင် ရေမြုပ်သွားခဲ့သည်။ နဝမ‌မြောက်တောင်ထွဋ်တစ်ခုလုံး၏ ပေတစ်ထောင်သာကျန်တော့သည်။

အထီးကျန်တောင်ကြီးမှာ အထီးကျန်နေသည့်လူတစ်ယောက် သာကျန်ခဲ့သည်။ နှစ်အတော်ကြာအောင် ရုန်းကန်ခဲ့ရပြီး ဘယ်လောက်ကြာကြာ ဆက်ပြီး ရုန်းကန်ရည် မသိခဲ့ပေ။ သို့သော် သူ အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ပေ။

ဟူကျီက သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး တောင်ပေါ်တွင် ထိုင်နေ၏။ သူက လောကကြီးကို အဝေးမှ လှမ်းကြည့်ပြီးနောက် တောက်ပနေသော ပင်လယ်ရေကို ကြည့်ကာ သူ့မျက်လုံးများမှ မျက်ရည်များ ပိုကျလာသည်။ ထိုမျက်ရည်များက သူ၏နာကျင်မှု၊ ဒေါသနှင့် လွမ်းဆွတ် တောင့်တခြင်းတို့ ပါ၀င်သည်။

အကယ်၍ ကောင်းကင်ဘုံနယ်နမိတ်၏ပိုင်စုက နဝမမြောက်တောင်ထွဋ်အတွက် အထူးခံစားချက်များကို ချုပ်နှောင်မရှိပါက၊ ပျောက်ဆုံးနေသော အငယ်ဆုံးညီလေးကို ချစ်မိပါက၊ သူက ပိုဆိုးသောဒုက္ခကို ရင်ဆိုင်ရလိမ့်မည်။

ပိုင်စုက ကောင်းကင်ဘုံနယ်နမိတ် မှာ သြဇာအာဏာနည်းနည်းပဲရှိ ကြောင်းကိုလည်း သူသိသည်။ ယခင်တုန်းက သူမအဖေက ကောင်းကင်ဘုံနယ်နမိတ်မှာ စွမ်းအားမြင့်မား‌သည်။ သို့သော် နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့ သောအရာက သူ့ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပြီး သူ့၏ စွမ်းအားနှင့် ဩဇာအာဏာများလည်း ကျဆင်းသွားခဲ့သည်။

ဟူကျီက ထိုမြင်ကွင်းကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ရေခဲမြစ်က သမုဒ္ဒရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသောအခါ အေးခဲကောင်းကင်ဂူမှ ထွက်လာသော စစ်မာရှင်းဟုခေါ်သော လူတစ်ဦးနှင့် အကြီးအကျယ် ဆက်စပ်နေသည့်အရာဖြစ်သည်။ ပိုင်စု၏အဖေတောင်မှ မမျှော်လင့်ထားသော အရာပင်ဖြစ်သည်။

စစ်မာရှင်းက ရေခဲမြစ်ထဲမှ ထွက်သွားသောအခါ မယုံနိုင်လောက်အောင် အစွမ်းထက်လာပြီး ထိုအချိန်မှစ၍ သူက ကောင်းကင်ဘုံနယ်နမိတ်အတွင်းရှိ အစွမ်းထက်သော သူရဲကောင်းများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ သူ၏တည်ရှိမှုကြောင့် နဝမတောင်ထွဋ်က ဤမျှခက်ခဲသောအခြေအနေတွင်ရှိနေသည့် အကြောင်းရင်းလည်းဖြစ်သည်။

ဟူကျီက လက်ပိုက် ခေါင်းငုံ့ကာ သူသာကြားနိုင်သော အသံဖြင့် တိုးတိုးတိတ်တိတ် ငို ကြွေးနေတော့သည်။

“ဆရာကြီး.. ကျွန်တော် တောင့်မခံနိုင်တော့ဘူး.. အကြီးဆုံး အစ်ကိုနဲ့ ဒုတိယအစ်ကိုက ‌အရှေ့မြေရိုင်းနယ်မြေကို သွားခဲ့တယ်... အငယ်ဆုံးညီလေးက ဘယ်မှာလဲ... မသိဘူး.. ကျုပ်တို့မှာ အိမ် မရှိတော့ဘူးလား... နဝမမြောက်တောင်ထွဋ်ရဲ့စည်းကမ်းတွေကို မှတ်မိသေးရဲ့လား...”

“နဝမမြောက်တောင်ထွဋ်မှာ အပင်တစ်ပင်ကို ထိခိုက်ပျက်စီးစေသူတွေကို သတ်ပစ်ရမယ်...”

“နဝမမြောက်တောင်ထွဋ်ရဲ့ နောက်လိုက်တစ်ဦးကိုတောင် ထိခိုက်နစ်နာစေသူတွေကို သတ်ပစ်ရမယ်...”

“နဝမမြောက်တောင်ထွဋ်ရဲ့ တပည့်တစ်ဦးကိုတောင် အန္တရာယ်ပြုခဲ့တဲ့ မျိုးနွယ်စုထဲက သူပုန်တွေအားလုံးကို သတ်ပစ်ရမယ်...”

သူပြောသည့်အတိုင်း သူ့မျက်လုံးများမှ မျက်ရည်များ ပိုကျလာပြီး သူ့နှလုံးသားကို နာကျင်စွာ ဆုပ်ကိုင်ထားသည်။

“ဒါတွေက နဝမမြောက်တောင်ထွဋ်ရဲ့စည်းမျဉ်းတွေပဲ.. ဒါပေမယ့် ငါတို့မှာ တောင်ထွဋ် မရှိတော့ဘူး..ငါတို့က အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် မှတ်ယူလို့ရတယ်....”

ဟူကျီက က ဆက်၍ငိုလေသည်။ အထီးကျန်သော တောင်ပေါ်တွင် လူတစ်ယောက်၏ ငိုသံက လေထဲတွင် ပဲ့တင်ထပ်နေ၏။

ယောက်ျားများက လွယ်လွယ်နှင့် မငိုတတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ငိုသံများက အလွန်ဆိုးဝါးသောကြောင့်ဖြစ်သည်။ထို့အပြင် ငိုသံများက အားနည်းခြင်းကို ကိုယ်စားပြုသည်။သို့သော်... သူတို့၏လမ်းဆုံးကို ရောက်သည့်အခါ သူတို့၏ ငိုသံများက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေတော့သည်။

စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသော ထိုငိုကြွေးသံများက သာယာနာ‌ပျော်ဖွယ်မရှိပေ။

ဟူကျီက နူးညံ့သိမ်မွေ့သော ရင်းနှီးသောအသံနှင့်အတူ သူ့နောက်မှ သက်ပြင်းချသံတစ်ချက်ထွက်လာသည်အထိ တိတ်တိတ်ဆိတ်ဆိတ် ငိုခဲ့သည်။

“ဟူကျီ.... မငိုနဲ့တော့...”

ထိုအသံကြားသောအခါတွင် လက်တစ်ဖက်က ဟူကျီ၏ပခုံးပေါ်သို့ ကျရောက်လာသည်။ နွေးထွေးမှုကို ကိုယ်စားပြုသော လက်က သူ့ရှေ့သို့ ရွေ့လျားလာသည်။သူ့ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ့အမှတ်တရများတွင် ကြာရှည်စွာ တည်ရှိနေသည့် မျက်နှာကို မြင်လိုက်ရသည်။

“အငယ်ဆုံး… အငယ်ဆုံးညီလေး…”

ဟူကျီက စုမင်ကို အံသြသောအမူအရာဖြင့် ကြည့်ကာ သူ့စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွားသည်။ ထိုအရာက လက်တွေ့လား သို့မဟုတ် သူ့စိတ်ကူးထဲက ပုံသဏ္ဍာန်တစ်ခုလားဆိုတာ မပြောနိုင်ပေ။ သူ့လက်ကို တုန်တုန်ယင်ယင်ဖြင့် မြှောက်လိုက်ပြီး ဖိလိုက်သည်။ သူ့ပခုံးပေါ်တင်ထားသော စုမင်၏လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်လိုက်သည် ။လက်က အိမ်မက်မဟုတ်ဘဲ တကယ်ရှိနေကြောင်း သေချာသိသောအခါ ဟူကျီက ရုတ်တရက် လှမ်းအော်လိုက်သည်။

“မင်း တကယ်ပဲ ပြန်ရောက်လာတာလား...”

“နဝမမြောက်တောင်ထွဋ်ပဲ ကျန်တော့တယ် သိရဲ့လား...အကြီးဆုံးအစ်ကိုကြီးက အရှေ့မြေရိုင်းနယ်မြေမှာရှိတဲ့ဆရာကြီးကို သွားရှာတယ်.... သူ အသက်ရှင်လား သေလားဆိုတာ မသိရသေးဘူး... ဒုတိယအစ်ကိုကလည်း စိုးရိမ်စိတ်နဲ့ အရှေ့မြေရိုင်းနယ်မြေကိုလိုက်သွားခဲ့တယ်...”

“ငါလည်း သွားချင်ပေမယ့် ခွင့်မပြုခဲ့ဘူး.. နဝမမြောက်တောင်ထွဋ်ကိုကာကွယ်ဖို့ တောင်းဆိုခဲ့တယ် ..ပြီးတော့ နဝမမြောက်တောင်ထွဋ်က ဒီနေရာမှာရှိနေသေးတယ်ဆိုတာရယ်..မင်းပြန်လာတဲ့အခါ အိမ်ရှိဖို့ရယ်ဆိုပြီး စောင့်နေပေးဖို့မှာခဲ့တာ..”

“အနှစ်နှစ်ဆယ်ရှိပြီ ..အနှစ်နှစ်ဆယ်.. မင်း ပျောက်နေတာ အနှစ်နှစ်ဆယ်ရှိပြီ... အခုမှ ပြန်လာရလား..နဝမမြောက်တောင်ထွဋ်က မင်းအိမ်ဆိုတာရော...အမှတ်ရသေးရဲ့လား... ပြီးတော့ ဆရာကြီးက သက်ပြင်းချပြီး ရှာမန်တွေရဲ့ပြည်ကို ခဏခဏ လှမ်းကြည့်တယ်...ဒါမျိုးကြည့်ရင်း သူဘယ်လောက်စိတ်ဆင်းရဲနေလဲဆိုတာညမင်းသိလား...”

“အကြီးဆုံးအစ်ကိုကြီးက သီးသန့်နေတာကနေ ထွက်လာပြီရှာမန်တွေရဲ့ပြည်ကို သွားနေတာလဲ သိပြီလား..အဲ့ဒါ မင်းကိုရှာချင်လို့ပဲ.”

“ဒါတွေကို မင်းသိပြီးပြီလား...”

“ဒုတိယအကြီးဆုံးအစ်ကိုကြီးက မင်းရဲ့နေအိမ်ကို သေချာဂရုစိုက်ပြီး ပြန်ပြုပြင်ပေးထားတယ် သိရဲ့လား... “

“မင်းရဲ့စကြ့်ပေါ်မှာ သူစိုက်ထားတဲ့ အပင်တွေ.. ဟင်းသီးဟင်းရွက်တွေက ရှိနေတုန်းပဲ.. ဒီပန်းလေးတွေက မင်းကိုကာကွယ်ပေးနိုင်ပြီး သက်တောင့်သက်သာ ကျင့်ကြံနိုင်ဖို့တဲ့ သူ ပြုံးနေရင်းနဲ့တောင် ငါ့ကိုပြောဖူးတယ်...”

“ဘာလို့လဲဆိုတော့ မင်းအဲဒီမှာထိုင်ပြီး ကျင့်ကြံရတာ ကြိုက်တာကို သူသိတယ်လေ.. ဒါတွေအကုန်လုံးကို မင်းသိရဲ့လား....”

ဟူကျီက စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ စုမင်ကို မရပ်မနား အော်ဟစ်လိုက်သည်။အချိန်အတော်ကြာ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသူတစ်ဦးက သူ့မိသားစုဝင်ကို နောက်ဆုံးမြင်လိုက်ရသောအခါ ပေါက်ကွဲသွားသကဲ့သို့ပင် တရစပ်ပြောနေတော့သည်။

စုမင် က တိတ်ဆိတ်နေပြီး သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေ လေသည်။ သူက ဟူကျီကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်သံကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်သည်။ထို့နောက် ဟူကျီက သူ့အား ပွေ့ဖက်လာသည့်အထိ နားထောင်ခဲ့သည်။

“အငယ်ဆုံးညီလေး၊ မင်းကိုလွမ်းတယ်…အကြီးဆုံးအစ်ကိုကြီးလည်းမင်းကိုသတိရနေတယ်၊ ဒုတိယအစ်ကိုကလည်း ဒီလိုပဲ...ဆရာကြီးမထွက်သွားခင်မှာ အရမ်းအသက်ကြီးနေပြီ သိရဲ့လားကွ...မင်းကိုရှာဖို့သူထွက်သွားခဲ့တာ....”

“ဒါပေမဲ့ သူ မင်းကို ရှာမတွေ့ဘူး.. အငယ်ဆုံးညီလေး.. မင်း ဘယ်သွားနေတာလဲ၊ အခုမှပဲ ပြန်လာတာလဲ..”

စုမင် ကို ပွေ့ဖက်ရင်း ဟူကျီက ငိုသည်။ စကားများပြောရင်းနှင့် သူ့အသံက ပိုပျော့ပျောင်းလာပြီး နောက်ဆုံး စကားတစ်ခွန်းသာ လေထဲမှာပဲ့တင်ကျန်နေခဲ့သည်။

“အခုမှ ဘယ်လိုပြန်လာနိုင်မှာလဲ…”

“တတိယအစ်ကို.. ကျုပ် ပြန်လာပြီ...”

စုမင်က ဟူကျီကို ပွေ့ဖက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ သူ့မျက်လုံးများမှာလည်း မျက်ရည်များကျလာသည်။

ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းတွင် ဟူကျီ၏ အသံက အားနည်းလာပြီး နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး စုမင်၏ ဆန့်ကျင်ဘက်သို့ ယိမ်းယိုင်သွားသည်။ သူက စိတ်ရောကိုယ်ပါ ပင်ပန်းလွန်း ခဲ့သည်။ သူက နဝမမြောက်တောင်ထွဋ်မှာ တစ်ယောက်တည်း မအိပ်ဘဲ အရက်သောက်ကာ အထီးကျန်မှုကို တိတ်တိတ်ဆိတ်ဆိတ် ကြံ့ကြံ့ခံ ကာကွယ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် စုမင်ကိုတွေ့လိုက်ရသည်နှင့် သူ့စိတ်က သက်သာရာရသွား လေသည်။ ထိုကဲ့သို့ပင် သူက စုမင်ရင်ခွင်ထဲတွင် မျက်လုံးမှိတ်ထားလိုက်သည်။ထို့နောက် သူ၏ဟောက်သံ လေထုတွင် ကျယ်လောင်စွာ ပျံ့နှံ့လာသည် ။

သူက ဟူကျီကို သူ့ရင်ခွင်ထဲမှာ ပွေ့ထားသည်။ သူ့အစ်ကိုကြီး၏ ဟောက်သံများက မိုးခြိမ်းသံကဲ့သို့ကျယ်လောင်နေသော်လည်း ငြိုငြင်ခြင်းအလျင်းမရှိခဲ့ပေ။ ယင်းအစား သူ့နှုတ်ခမ်းများက ကွေးညွတ်သွားသည်။ ဤသည်မှာ သူ၏ စီနီယာအစ်ကိုဖြစ်သည်။ စုမင်အတွက် သူ့

အသက်တောင် ပဓာနမထားဘဲ အရာအားလုံးလုပ်ပေးမည့် အစ်ကိုပင်ဖြစ်သည်။

သူသည် အနည်းငယ်ရိုးရှင်းသော်လည်း သူက အရူးမဟုတ်ပေ။ သူ့မှာ ထူးခြားသော ဝါသနာများရှိသော်လည်း ရိုးသားသူတစ်ယောက်ပင်ဖြစ်သည်။ သူ့မှာ ကြောက်စရာကောင်းသော ဒေါသကို ပိုင်ဆိုင်ထားပေသော်လည်း သူ့အငယ်ဆုံးညီလေးရှေ့မှာမားမားမတ်မတ်ကာကွယ် ပေးမည့်သူလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်သူ အကြီးဆုံးအစ်ကိုဖြစ်ပြီး အငယ်ကို ကာကွယ်ရသည်မှာ သူ့တာဝန်ဖြစ်သည်ဟု အမြဲမှတ်ယူထားသည်။

အလားတူပင် သူ၏ဒုတိယအစ်ကိုသည်လည်း အလားတူလုပ်ဆောင်ပြီး ကာကွယ်မည်ဟု ယုံကြည်သည်။ ထိုအသိုက်အမြုံလေးက

နဝမမြောက်တောင်ထွဋ်ပင်ဖြစ်သည်။

“အစ်ကိုကြီး..ကျုပ်..ပြန်လာပြီ… အခုနဝမမြောက်တောင်ထွဋ်ကို တစ်ယောက်တည်း ကာကွယ်စရာ မလိုတော့ဘူး.. နဝမမြောက်တောင်ထွဋ်ကို လိုချင်တဲ့သူတွေ..အခုကစပြီး သူတို့အသက်ကိုဖက်နဲ့သာထုပ်ထားပေတော့...”

စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။ ထိုစိတ်မှာ ကောက်ညှင်းလမုန့်ကျွန်းမှာ ရှိစဉ်ကထက် များစွာ ပြင်းထန်ခဲ့သည်။

ထို့ပြင် စုမင်က ကောက်ညှင်းလမုန့်ကျွန်းမှာ အခြားသူများအတွက် အရာအားလုံးလုပ်ဆောင်ပေးခဲ့သည်။ယခုမူ သူ၏ဆရာကြီး၊

စီနီယာအစ်ကိုများ၊ သူ့ကိုယ်ပိုင်အိမ်အတွက် လုပ် ဆောင်ရတော့မည်။

“နဝမမြောက်တောင်ထွဋ်ရဲ့စည်းကမ်းတွေကို အားလုံးသိအောင် ငါပြောပြမယ်...”

စုမင်က အေးအေးဆေးဆေးပြောပြီး ဟူကျီကို သူတို့၏ ဆရာကြီး ဂူရှိရာသို့ ပြန်ခေါ်သွားသည်။ အစ်ကိုဖြစ်သူကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး သူ့ညာလက်ကို မြှောက်ကာ မျက်ခုံးအလယ်တည့်တည့်ကို ထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ နွေးထွေးသော ရောင်ဝါတစ်ခု ထွက်လာသည်။ ထိုရောင်ဝါက သူ့အား အာဟာရဓာတ်များ ပေးစွမ်းနိုင်သောကြောင့် နှစ်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်မှုများကို သက်သာရာရစေပါသည်။

ဟူကျီမှာ ပင်ပန်းလွန်းလှသည်။ သူ ထိုကဲ့သို့နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာကြာခဲ့ပြီ။ ထိုအချိန်တွင် အိပ်မက်များက သူ့အိပ်စက်ခြင်းကို ရောက်ရှိလာသည်နှင့်အမျှ သူ့နှုတ်ခမ်းထောင့်စွန်းသို့ မျက်ရည်များ စီးကျလာသည်။ထို့နောက် သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိလာပြီး အိပ်မက်ထဲမှာ ပျော်ရွှင်စရာ တစ်ခုခုကို ကြုံခဲ့ရသလိုပင် ဖြစ်နေတော့သည်။

စုမင်က ဟူကျီကို တိတ်တဆိတ်ကြည့်ရင်း သူ့မျက်နှာပေါ်ရှိအရေးအကြောင်းများကို ကြည့်နေလေသည်။ သူ့အမှတ်တရများတွင် ရိုးရိုးသားသား အသွင်အပြင်ဖြစ်သော ဟူကျီကို ပြန်မြင်ယောင်လေသည်။ မိန်းကလေးများကို ချောင်းကြည့်ရန် သူတို့က ဒုတိယအကြီးဆုံးအစ်ကိုကို ခေါ်သွားပြီး ကျောက်တုံး‌နောက်မှာ ပုန်းအောင်းနေလေသည်။

“ဒီမှာ ငါ ကြွားလုံးထုတ်တာတော့ မဟုတ်ပါဘူး...အငယ်ဆုံးညီလေး.. ဉာဏ်ရည်ဥာဏ်သွေးအကြောင်းပြောရင် ဒီတောင်ပေါ်မှာ ငါ့ထက် ဉာဏ်ထက်တဲ့သူရှိသေးလား...”

ယခင်တုန်းက ဟူကျီ ပြောခဲ့ဖူးသော စကားများနဲ့ ဘဝခိုက်နေသည့်အမူအရာများက စုမင်၏ ခေါင်းထဲမှာ ပေါ်လာသည်။

“မင်းကိုပြောပြမယ် အကြီးဆုံးအစ်ကိုက အမြဲတမ်း သီးသန့်နေတယ်... ငါတို့ရဲ့ ဒုတိယအစ်ကိုက စိတ်ဝင်စားစရာအကောင်းဆုံးပဲ.. တစ်စုံတစ်ယောက်က သူ့အပင်တွေကို ခိုးနေတယ်လို့ အမြဲထင်နေတာ...”

“တိတ်တိတ်နေ.. အသံမထွက်နဲ့.. ..ဒီည ငါမင်းကို သတ္တမမြောက်တောင်ထွဋ်ကို ခေါ်သွားမယ်.. ဒီနေ့ အဲဒီကောင်မလေးတွေကို သွားတွေ့မယ်..အငယ်ဆုံးညီလေး.. မင်းကို ပြောအုံးမယ်.. မင်း ဉာဏ်ကောင်းရမယ်...ငါမင်းကို ပြေးဖို့ပြောရင် မြန်မြန် ပြေးရမယ်...”

“မင်းတို့အားလုံး ငါ့ညီလေးကို အနိုင်ကျင့်ရဲတယ်ပေါ့.. “

“အငယ်ဆုံးညီလေး.. မြန်မြန်ကြည့်..ဆရာကြီး ဒီနေ့ ပန်းပွင့် ၀တ်စုံဝတ်ထားတယ်...”

စုမင်က ဟူကျီကို ကြည့်လိုက်တော့ သူ့စိတ်ထဲမှာ အမှတ်တရတွေ ပေါ်လာသည်။ ထိုအချိန်တွင် ဟူကျီက လူးလိမ့်အိပ်နေလေသည်။ သူ့ဗိုက်ပေါ်မှ အိပ်ခြင်းထက် ပိုသက်တောင့်သက်သာဖြစ်မည်ဟု သူထင်ထားသည်။စုမင်၏အကြည့်က သူ့ကျောကုန်းကို ရောက်သွားလေသည်။ သူ့နောက်ကျောဖုံးထားသော ၀တ်ရုံပေါ်က သွေးစွန်းခြောက်များကို တွေ့လိုက်ရသည်။

သူသည် ဟူကျီ အနားသို့ တိုးလိုက်ပြီး သူ့နောက်ကျောကို အုပ်ထားသော ၀တ်စုံကို မြှောက်လိုက်သည်။ ထို့နောက် ဟူကျီ၏ ကျောတွင် ဒဏ်ရာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအရာများက ဒဏ်ကြာပွတ်ဖြင့်ရိုက်ဒါဏ်ကြောင့် ကျန်ခဲ့သော ဒဏ်ရာများပင် ဖြစ်သည်။

ထိုဒါဏ်ရာအစင်းကြောင်းများက ပြွတ်သိပ်နေလေသည်။အချို့က အမာရွတ်များ ဖြစ်ပေါ်လာသော်လည်း အညိုရောင်အမာရွတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်က အားလုံးကို တွေ့လိုက်သောအခါတွင် ဂူအိမ်က ချက်ချင်း အေးစက်သွားသည်။ထို့နောက် သူ့မျက်လုံးများတွင် ဖော်မပြနိုင်လောက်အောင် အေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်လာသည်။

All Chapters