← Chapters

ပင်လယ်အောက်ရှိ သူတို့၏အိမ်

Vol. 39 Ch. 542

ပင်လယ်အောက်ရှိ သူတို့၏အိမ်

Vol. 39 Ch. 542

စုမင်က တိတ်ဆိတ်နေပြီး အချိန်အတော်ကြာပြီးနောက် ဟူကျီ၏ နောက်ကျောမှ သူ့အကြည့်ကို ရွှေ့လိုက်သည်။ ထိုအချိန်မှာပင် သူ့ရင်ထဲတွင် အေးစက်မှုများ ပိုတိုးလာလေသည်။ဟူကျီအကြိမ်တစ်သန်းလောက် ခံခဲ့ရသော ဝေဒနာကို အးထိုလူများကို ပြန်ခံစားစေရမည်။

ထိုကဲ့သို့မလုပ်လျှင် သူ့ရင်ထဲက နာကျင်မှုများကို ဖြေဖျောက်နိုင်မှာ မဟုတ်ပေ။ ထိုကဲ့သို့မလုပ်လျှင် သူ့ရင်ထဲမှာ တောက်လောင်နေသည့် ဒေါသကို တွန်းလှန်နိုင်မှာ မဟုတ်ပေ။

သူ့ ဒေါသသည် ပြင်းထန်စွာ တောက်လောင်ကာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ငြိမ်သက်နေသော မျက်နှာအောက်တွင် ထိုဒေါသများ ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးကို လောင်ကျွမ်းသွားစေနိုင်သည်။

စုမင်က ငြိမ်သက်စွာ လှည့်ကြည့်လိုက်ပြီး သူ့ဆရာ၏ ဂူကို ကြည့်လိုက်သည်။ သူက နေရာတစ်ဝိုက်ကို ငေးကြည့်သော်လည်း မည်သည့်အရာမှ မရှိတော့ပေ။ ယခင်က သူ ထိုနေရာကို ရောက်ဖူးလေသည်။ယခင်က သူ့ဆရာကြီး စုဆောင်းထားသောပစ္စည်းအမြောက်အမြား ချန်ထားခဲ့တာကို သူသိလေသည်။

သို့သော် ယခု ပြောင်သလင်းခါနေလေပြီ။စုမင်က တိတ်ဆိတ်စွာနဲ့ နောက်ထပ်‌ နေရာတစ်ခုဆီ ဆင်းသွားသည်။ နောက်ဆုံးတွင် သူက ဂူကြီးတစ်ခုလုံးကို ဖြတ်လျှောက်သွားသောအခါ၊ သူ့မျက်နှာပေါ်မှ မှုန်ကုပ်ကုပ်အကြည့်များက သူ့ဒေါသနှင့် ရောယှက်ကာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဆရာကြီး၏ ဂူက ဗလာနတ္ထိဖြစ်နေသည်။ ပစ္စည်းအနည်းငယ်သာ ကျန်တော့ပြီး ကျန်ပစ္စည်းအားလုံး ပျောက်ကွယ်သွားသည်။

စုမင်က သူ့နှလုံးသားကို နာကျင်စွာ ဆုပ်ကိုင်ထားသည်။ သူက ဂူထဲမှ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားပြီး အဝေးမှ လောကကြီးကို ကြည့်ရန် အပြင်ဘက်တွင် ရပ်နေလေသည်။ မကြာသေးမီက ဟူကျီပြောခဲ့သော စကားများက သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သူဆရာ ဤနေရာတွင် မကြာခဏရပ်နေပြီးရှာမန်တို့၏ နယ် မြေကို စိတ်မချမ်းသားစွာ စိုက်ကြည့်နေသည်...

သူ၏ဆရာက သူ့ကိုရှာရန် ရှာမန်နယ်မြေသို့သွားခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

“ဆရာ…”

စုမင် ထိုနေရာမှာ ရပ်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်သည်။ အချိန်အတော်ကြာသွားလေသည်။ သူ့ မျက်လုံးဖွင့်ကြည့်လိုက်သော် အမှတ်တရတွေပဲရှိတော့သည့် လမ်းကိုမြင်ယောင်ပြီး တောင်အောက်သို့ ဆင်းသွားလေသည်။ နောက်ဆုံးတွင် လူးလှိမ့် အော်မြည်နေသော ပင်လယ်ရေက သူ့ရှေ့တွင် ပေါ်လာသော်လည်း စုမင်က ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ပင်လယ်ထဲသို့ လျှောက်သွားကာ ရေအောက်ရှိနဝမမြောက်တောင်ထွဋ်ကို သူတွေ့လိုက်ရသည်။

ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေချိန်မှာ သူက ပင်လယ်ရေကိုဖြတ်ပြီး နဝမမြောက်တောင်ထွဋ်၏ နစ်မြုပ်နေသောလှေကားဆီသို့ လျှောက်သွားခဲ့သည်။ ထိုလှေကားက မူလက အပင်များနဲ့ ဖုံးလွှမ်းနေပြီး ထိုလှေကားပေါ်ကို လျှောက်သွားသည့်အခါ ဖုန်မှုန့်များပေါ်တက်နေသကဲ့သို့ ခံစားရမည်ဖြစ်သည်။

သို့သော် လှေကားထစ်များက မယုံနိုင်လောက်အောင် သန့်ရှင်းနေသည်ကို စုမင် တွေ့လိုက်ရသည်။ ဟူကျီက ထိုနေရာကို သန့်ရှင်းရေးလုပ်ရန် အမြဲလာခဲ့ကြောင်း ထင်ရှားလေသည်။

စုမင်၏ စိတ်ထဲရှိ အမှတ်တရများသည် မယုံနိုင်လောက်အောင် ရှင်းရှင်းလင်းလင်းဖြစ်နေလေသည်။ သူ့မျက်လုံးများတွင် အမှတ်တရားများက အစီအရင်ပေါ်လာလေသည်။ နဝမမြောက်တောင်ထွဋ်ရှိ လေပြင်းတိုက်ခတ်သံကို သူ့နားထဲမှာတောင် ကြားနေရသည်။ လှေကားထစ်မှာ စီနီယာအစ်ကိုကြီး မတ်တပ်ရပ်နေသော သူ့မျက်နှာကိုလှည့်ရင်း ပြုံးပြနေသည်ကို မြင်နေရသည်။

စုမင်၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှုက ပို၍နက်ရှိုင်းလာသည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုအလယ်တွင် သူက ဟူကျီ၏ဂူပေါက်နားမှ ဖြတ်သွားကာ သူ၏ဒုတိယစီနီယာအစ်ကို၏အိမ်သို့ရောက်ရန် ဖြည်းညှင်းစွာလျှောက်လာသည်။ သူ့အိမ်က သပ်ရပ်နေသော်လည်း ပင်လယ်ရေအောက်တွင် နစ်မြုပ်နေသည်။ သူ့ဆေးဖက်ဝင်အပင်များက အမှိုက်များသဖွယ် ဖြစ်နေတော့သည်။

ဒုတိယစီနီယာအစ်ကို၏ အပြုံး၊ သူ့ပုံရိပ်နှင့် စက်ြပေါ်ရှိ သူ့အမူအရာများက စုမင်၏ နှလုံးသားထဲမှာ ပေါ်လာလေသည်။ထိုအရာများက သူ့ကို တိတ်ဆိတ် ရပ်တန့်

သွားစေပြီး ထိုနေရာမှာ အကြာကြီး ရပ်နေခဲ့သည်...

သူ့မျက်လုံးထဲမှာ မျက်ရည်များပြည့်လျှံနေသော်လည်း ပင်လယ်နှင့် ရောထွေးပြီး မမြင်နိုင်ခဲ့ပေ။

“ဒုတိယစီနီယာ အစ်ကိုကြီး...”

စုမင်က လှည့်ကြည့်လိုက်သည်။ ထိုလမ်းမှာ သေသွားသော အပင်တွေ အများကြီးကို တွေ့ရသည်။ ထိုအရာအားလုံးက သူ့၏ဒုတိယစီနီယာအစ်ကိုချန်ရစ်ခဲ့သော အမှတ်အသားများပင်ဖြစ်သည်။

စုမင်က နဝမမြောက်တောင်ခြေရင်းသို့ ရောက်သောအခါ သူက အကြီးဆုံးအစ်ကိုဖြစ်သူ၏သီးသန့်နေရာ သို့ သွားခဲ့သည်။ သူ့အမှတ်တရတွေကို အခြေခံပြီး ယခု ပင်လယ်ရေထဲမှာ နစ်မြုပ်နေသောဂူကို သွားခဲ့သည်။

သူရင်းနှီးသောနေရာကို ကြည့်လိုက်သောအခါတွင် သူ့အကြီးဆုံး အစ်ကိုကြီး၏ အသံက သူ့နားထဲတွင် ကြား ယောင်လာသည်။ သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှုများ ပြင်းထန်လာနေလေသည်။

“အကြီးဆုံးစီနီယာ အစ်ကို…”

စုမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အကြီးဆုံးအစ်ကိုက နှုတ်ဆိတ်ပြီး သီးသန့် နေတတ်သူပင်ဖြစ်သည်။ သူက စကားအနည်းငယ်သာပြောသည်။ စကားပြောခြင်းကို မကြိုက်သော်လည်း သူ၏ညီအစ်ကိုများနှင့် သူ၏ဆရာကို လေးနက်စွာ ဂရုစိုက်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက် စုမင်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားလေသည်။

သူက နဝမမြောက်တောင်ထွဋ်၏ နေရာတိုင်းကို ဖြတ်လျှောက်သွားကာ သူ့အမှတ်တရများထဲမှ ကျောက်တုံးတစ်ခုစီကို ဖြတ်ကျော်သွားခဲ့သည်။ ဤနေရာ၌ အရာအားလုံးက သူ့အမှတ်တရများနှင့် အတိတ်က နွေးထွေးမှုတို့ကို သယ်ဆောင်လာခဲ့သည်။

နောက်ဆုံးတွင် သူက လွန်ခဲ့သော နှစ်များကတည်းကရှိခဲ့သော သူ၏ ဂူထဲသို့ ရောက်ခဲ့သည်။ သူက ထင်းလင်းနေသော စက်ြကို ကြည့်ပြီးနးလိုက်သည်။ ထို့နောက် သူထွက်သွားပြီးနောက် သူ့ဒုတိယအစ်ကိုကြီး စိုက်ပျိုးခဲ့သော သေနေသော အပင်များကို ကြည့်လိုက်သည်။ စုမင်က ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်လေ၏။

နက်နဲသောပင်လယ်ရှိ နဝမမြောက်‌တောင်ထွဋ်မှာ သူတစ်ယောက်တည်း ထိုင်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

သူ့မျက်လုံးထဲမှာ မှိန်ဖျော့နေသော ပင်လယ်ရေများကို မြင်လိုက်ရသော်က ယခင်က ရေခဲမြို့တော်ကို သတိရမိသွားသည်။

နဝမမြောက်တောင်ထွဋ်က ရေခဲတောင်ကြီးဖြစ်ခဲ့ပြီး ဤရေခဲတောင်၏အောက်မှာရှိနေသော တကယ့်မူရင်းတောင်ကြီးဖြစ်သည်။ ထိုတောင်ကြီးက အရည်ပျော်မှာမဟုတ်ပေ... ဘယ်တော့မှ အရည်ပျော်မှာမဟုတ်ပေ။

စုမင်က မျက်လုံးမှိတ်လိုက်သည်။ ထိုနေရာ၌ ထိုင်နေရင်း စိတ်နှလုံး အေးချမ်းလာသည်။

သို့သော်လည်း ယခုအခါတွင် သူ့ဆရာကြီး၏ ကောင်းကင်သို့ အဆက်မပြတ်ဟစ်ကြွေးသံများ ပျောက်ကွယ်သွားသည်၊ သူ့အစ်ကိုကြီး၏သီးသန့်နေရာ၌ သူ့အား မတွေ့သောကြောင့် နတ်ဘုရားအာရုံကိုဖြန့်ကြက်ထားသည်များလည်း ပျောက်ကွယ်သွားခဲ့သည်။ ဒုတိယအကြီးတန်းအစ်ကို၏ နွေးထွေးနူးညံ့သော အပြုံးလည်း ပျောက်ဆုံးနေခဲ့သည်။ များစွာသော အရာများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ဤနေရာက ... နဝမမြောက်တောင်ထွဋ်ဟု ယူဆနိုင်ပါသလား။

“ဒါက နဝမမြောက်တောငမထွဋ်ပဲ ... ဒါက တောင်ပိုင်းအရုဏ်ဦး နယ်မြေက ငါ့အိမ်ပဲ”

ဟု စုမင်က ထုတ်ဖော်ပြောလိုက်သည်။ အဆုံးမဲ့ ပင်လယ်ရေထဲတွင်တစ်ယောက်တည်း နေခဲ့ရပြီး နာကျင်‌ခံစားနေခဲ့သည် ။

သို့သော် သူ၏ထူးခြားသောတည်ရှိမှုက အထီးကျန်မှု၊ တောင့်တမှုနှင့် အောက်မေ့မှုတို့ဖြင့် တောက်ပနေသည်။

မည်သည့် အကျိုးဆက်များကို ဂရုမစိုက်ဘဲ နဝမမြောက်တောင်ထွဋ်ကို ကာကွယ်ခြင်းက မည်မျှသံယောဇဉ်ကြီးကြောင်း ‌ပေါ်လွင်စေသည်။

အတိတ်၏သဲလွန်စများကိုရှာဖွေရန် လူတစ်ဦးအား ဤအထီးကျန်ပင်လယ်၏နက်နဲသောနေရာတွင် ငြိမ်သက်စွာထိုင်စေခြင်းမှာ မည်မျှလွမ်းဆွတ်ကြေကွဲနေကြောင်း ထင်ရှား စေ၏။

“ဆရာ...ကျုပ် ပြန်ရောက်ပါပြီ... နဝမမြောက်တောင်ထွဋ်ကို ပြန်ရောက်ပြီ.. ကျုပ် အိမ်ပြန်ရောက်ပြီ”

စုမင်က ယခင်ကကဲ့သို့ စက်ြံပေါ်တွင် ထိုင်နေသည်။ အချိန်များကုန်‌ဆုံးသွားသော်လည်း သူက ထိုနေရာတွင် နေ့စဥ်ထိုင်လျက် ရှိနေလေသည်။

သုံးရက်မြောက်သောနေ့၌ စုမင်က မျက်လုံးများကိုဖွင့်ကာ ခေါင်းကို မော့လိုက်သည်။ သူ့ခေါင်းထက်ရှိ ပင်လယ်ရေမျက်နှာပြင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ကို ပျံတက်သွားသောသတ်ဖြတ်လိုစိတ်များက သူ့မျက်လုံးထဲမှာ ပေါ်လာလေသည်။

သူက မတ်တပ်ထရပ်ပြီး သူလာခဲ့သည့်လမ်းအတိုင်း ပြန်လျှောက်သွားသည်။စုမင်က တဖြည်းဖြည်း ပင်လယ်ထဲက ထွက်လာပြီး တောင်ထိပ်ကို ဦးတည်သော လှေကားထစ်ဆီသို့ တက်သွား လေသည်။ သူက တောင်ထိပ်သို့ရောက်သွားပြီး လေထဲတွင် ပျံ့လွင့်နေဆဲဖြစ်သောဟူကျီ၏ဟောက်သံများက ကြားလိုက်ရသည်။ ထိုအသံကိုကြားလိုက်ရသောအခါ အပြုံးတစ်ခုက စုမင်နှုတ်ခမ်းတွင် ပေါ်လာသည်။

“စီနီယာအစ်ကိုဟူကျီ... ကောင်းကောင်းအနားယူပါ... အစ်ကို့ဘေးနားမှာ ကျုပ်ရှိနေပါတယ်.. အရာအားလုံးကို အတူတူကိုင်တွယ်ဖြေရှင်းကြတာပေါ့..”

စုမင်က တောင်ပေါ်ရှိ သူ့ဆရာကြီး၏ ဂူအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ပင်လယ်လေက သူ့ဆံပင်များကို တိုက်ခတ် သွားပြီး သူ့ဝတ်ရုံများကို လေထဲမှာ ဝဲလွင့်နေလေသည်။ သူ့အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ထိပ်ပြောင်ကြိုးကြာငှက်က သူ့ဘေးတွင် ရှိနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ၎င်း၏ခန္ဓာကိုယ်တွင် တံဆိပ်ခတ်ထားခြင်းကြောင့် မထွက်ခွာသွားနိုင်တော့ပေ။ထို့ကြောင့် ၎င်း၏စိတ်နှလုံး၌ ပြင်းထန်စွာ ငြီးတွားနေခဲ့သည်။ သို့သော် စုမင်က ပင်လယ်နက်မှ ပြန်လာ၍ ဂူအပြင်ဘက်တွင် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် တုန်လှုပ်သွားသည်။

၎င်းက စုမင်၏ ခန္ဓာကိုယ်အတွင်း သတ်ဖြတ်လိုစိတ်များကို သတိပြုမိခဲ့သည်။ ထိုသတ်ဖြတ်လိုစိတ်က တောမီးကဲ့သို့ တဟုန်းဟုန်းတောက်လောက်နေ၏။ကောက်ညှင်းလမုန့်ကျွန်းတွင်ရှိစဉ်ကထက် ပိုမိုပြင်းထန်သောကြောင့် ထိပ်ပြောင် ကြိုးကြာငှက်၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။၎င်းက စုမင်နှင့် နီးကပ်စွာ မနေဝံ့ပေ။ စုမင်၏ ပတ်ပတ်လည်က အေးစက်သောလေထုကို ၎င်း၏စွမ်းရည်များမှတစ်ဆင့်မြင်ရလေသည်။‌

မြွေငယ်လေးက စုမင်၏ သိုလှောင်အိတ်ထဲမှ တွားသွားပြီး သူ့ပခုံးတစ်ဖက်တွင် နေရာယူလိုက်သည်။၎င်းက စုမင်၏သတ်ဖြတ်လိုစိတ်များကို သတိပြုမိပြီး ကောင်းကင်ကို အေးစက်စွာ စိုက်ကြည့်ရင်း တုန်လှုပ်ခြောက်ခြားနေခဲ့သည်။

အချိန်များ တဖြည်း ဖြည်း ကုန်ဆုံးလာသည်။ နှစ်နာရီအကြာတွင် နဝမမြောက်တောင်ထွဋ် ကောင်းကင်ယံ၌ တွန့်လိမ်နေသည့်ပုံရိပ်များ ရုတ်တရက်ပေါ်လာသည်။ ရှည်လျားသောအလင်းတန်းနှစ်ခုက ပျံထွက်လာပြီး နဝမမြောက်တောင်ထွဋ်ဆီသို့ တန်းတန်းမတ်မတ်ရောက်ရှိသွားသည်။

သူတို့နှစ်ယောက် အနားမကပ်ခင်မှာ အေးစက်သည့်အသံက လေထဲမှာပဲ့တင်ထပ်နေလေသည်။

“အချိန်ပြည့်သွားပြီ..လက်ဆောင်တွေထုတ်ပြီး အကြီးအကဲစစ်မာရှင်းနဲ့ တွေ့ဖို့ ကျုပ်တို့နဲ့ လိုက်လာခဲ့ပါ... ကြိမ်ဒဏ်ကိုးချက်ဒဏ်ခံပြီးတာနဲ့ မင်းရဲ့ နဝမမြောက်တောင်ထွဋ်ကို နောက်ထပ်တစ်လလောက် ကာကွယ်ထားနိုင်မှာပါ...”

စုမင်က မျက်လုံးဖွင့်ပြီး ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

All Chapters