← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 90 Ch. 1239

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 90 Ch. 1239

ယခုလို သတ်ဖြတ်ခြင်းက အင်မော်တယ်ကမ္ဘာတွင် သူ ရှိစဉ်ခဲ့တုန်းက သာမန်မျှသောဖြစ်စဉ်တစ်ခုသာ ဖြစ်၏။ ဤကျွန်းက နေထိုင်သူတစ်ထောင်ကျော်ရှိပြီး ယခင်ထန်ရှုအတွက် ဤရက်စက်ကြမ်းကြုတ်သောတိုက်ပွဲက အင်မော်တယ်ကမ္ဘာလောက် မရက်စက်သေးပေ။ သူက အသက်ကို တန်ဖိုးထားသည်၊ သို့သော် သေသင့်သေထိုက်သူများ၏အသက်အား သူက ဂရုစိုက်မည်ဟု မဆိုလိုပေ။

ပင်လယ်ဓားပြများက သေချာပေါက် ထိုသို့သောအုပ်စုတစ်ခုပင်။ သူတို့က မကောင်းမှုများကိုကျူးလွန်ခဲ့ချိန်၌ အခြားသူများက သူတို့အား သတ်ဖြတ်မည်ကို ကြိုတင်ပြင်ဆင်ထားရမည်။

ထန်ရှုက ကာရင်း၏တုံ့ဆိုင်းနေသောအမူအရာကို ကြည့်ကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေအားလုံးက သတ္တိကြောင်ပြီး နှလုံးသားနူးညံ့တဲ့လူတွေဆိုတာ ငါ စတင်သံသယရှိလာပြီ။ မင်းရဲ့သနားဂရုဏာကို ဆက်ဖော်ပြနေမယ်ဆိုရင် ငါက အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို ထုတ်ပြန်ရမလားဆိုတာ ချီတုံချတုံဖြစ်နေမိပြီ။ ငါ့ရဲ့အစီအစဉ်အောင်မြင်ဖို့အတွက်ဆိုရင် မင်းရဲ့သဘောထားအရ မဖြစ်နိုင်ဘူး”

ကာရင်း၏အသားအရောင်က ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်တွင် သူမအား ဒေါသတကြီး ကြည့်နေသောသူမ၏အဖော်များအား သတိပြုမိလိုက်သည်။ သူမ၏အမူအရာက အေးစက်သွားပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မစ္စတာထန်၊ ငါတို့မြင့်မြတ်မီးလျှံအဖွဲ့က ကြေးစားစစ်တပ်တစ်ခုလိုပဲ။ ငါတို့က အလုပ်ကို လက်ခံပြီးပြီ၊ အဲဒါကို ပြီးမြောက်အောင် ငါတို့တွေ လုပ်ဆောင်မှာပါ။ ဒီရွံ့စရာကောင်းတဲ့လူတွေအသာထား၊ အပြစ်မရှိတဲ့လူတွေကို သတ်ရရင်တောင် ငါတို့က လက်မတွန့်ဘူး။ ကြင်နာမှုက တစ်ချက်တိုက်တွန်းလိုက်လို့ ငါ ပြောခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ ငါတို့မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ရည်ရွယ်ချက်က ပိုက်ဆံအတွက်ပဲ ဖြစ်တာကြောင့် နောက်ဒါမျိုးမဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်”

“ဒါ မှန်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ဆိုလိုက်သည် “မင်းက ပိုက်ဆံနောက်လိုက်နေတာဆိုရင် ကျန်တဲ့အရာတွေက ဒုတိယပဲ။ ပိုက်ဆံရဖို့အတွက် အာရုံစိုက်ပြီး မင်းတို့ကို ပိုက်ဆံမရအောင်လုပ်တဲ့ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်ပါ။ ပိုက်ဆံက အရာရာပဲ၊ လူတွေက ကံကောင်းမှုအတွက် သေရလိမ့်မယ်။ ဒါက ဒီကမ္ဘာမှာ နေထိုင်ရမယ့်နည်းလမ်းပဲ”

ရှုပ်ထွေးသောအကြည့်တစ်ခုက ကာရင်း၏မျက်လုံးများထဲတွင် လက်သွားပြီး သူမက ခေါင်းညိတ်လိုက်သည်။ မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရာကျော်က စိတ်အားထက်သန်စွာနှင့် ထန်ရှုအား စိုက်ကြည့်လိုက်ကြ၏။

လူမည်းကပင် ထန်ရှုအရှေ့သို့ လျှောက်လာကာ ပြောလိုက်သည် “မင်း ငါတို့နဲ့ ပူးပေါင်းဖို့ ငါ တကယ် မျှော်လင့်တယ်၊ မစ္စတာထန်။ မင်းရဲ့အိုင်ဒီယာတွေက ငါတို့အဖွဲ့အစည်းရဲ့အမြင့်ဆုံးရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ မင်းက ပူးပေါင်းချင်တယ်ဆိုရင် ငါ ဗာကန်ကို ရှင်းပြလိုက်မယ်။ မင်းကို ဒေသအုပ်ချုပ်ရေးမှူးရာထူးပေးဖို့ ငါ သူ့ကို ပြောလိုက်မယ်”

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်၏ “ငါက ပိုက်ဆံကင်းမဲ့နေတယ်လို့ မင်း ထင်တာလား”

လူမည်းက ရုတ်တရက် ကိုးရိုးကားရားဖြစ်သွား၏။ သူက ကိုယ့်ကိုယ်ကိုယ်အားတင်းလိုက်သည် “မင်းက အရမ်းချမ်းသာတယ်ဆိုတာ ငါ သိပါတယ်၊ မစ္စတာထန်။ မစ်ရှစ်တစ်ခုထုတ်ပြန်ဖို့အတွက် မင်းက ဒေါ်လာတစ်ဆယ်ဘီလီယံကိုတောင် ပေးနိုင်တယ်။ မင်းက ငါမြင်ဖူးသမျှထဲမှာ အချမ်းသာဆုံးဖောက်သည်လို့ ငါ ပြောနိုင်တယ်။ ဒါပေမယ့် ပိုက်ဆံပိုရှိမှာကို မကြိုက်နှစ်သက်တဲ့သူတစ်ယောက်မှ မရှိဘူးလို့ ငါ ထင်တယ်။ ဒေါ်လာတစ်ဆယ်ဘီလီယံယူထုတ်နိုင်တာက မင်းက ကမ္ဘာမှာ အချမ်းသာဆုံးလူလို့ မဆိုလိုဘူး။ မင်းက ပိုက်ဆံပိုရှိလာမှာ၊ ပိုချမ်းသာလာမှာကို မကြိုက်နှစ်သက်တာ ဖြစ်နိုင်လား”

ပိုက်ဆံက ပဓာနလား။ ထန်ရှုက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အထင်သေးစွာ ပြန်ပြော၏ “ပိုက်ဆံနဲ့ကြွယ်ဝမှုဆိုတာ မင်းတို့အတွက် ကြီးမားတဲ့အရာဆိုပေမယ့် ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး။ မင်းတို့က ချန်ကျီကျုံးကို မဖမ်းခင် သူ့အကြောင်းစုံစမ်းခဲ့တယ်မလား။ သူက ချမ်းသာတဲ့လူတစ်ယောက်လို့ ထင်လား”

“သူ့မှာ ပိုက်ဆံရှိပေမယ့် သူက အရမ်းချမ်းသာတယ်လို့တော့ မဟုတ်ပါဘူး”လူမည်းက ပြန်ပြော၏ “ငါတို့ရဲ့ရှာဖွေမှုအရဆိုရင် သူ့ရဲ့အဆုံးမဲ့သုစရိုက်ဆေးကုမ္ပဏီက ဒေါ်လာငါးဘီလီယံလောက်ပဲ ရှိမှာ။ ဒါက အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို ထုတ်ပြန်ဖို့ မလုံလောက်ဘူး”

လေးနက်မှုကင်းမဲ့လျက် ထန်ရှုက ပြန်ပြောသည် “ချန်ကျီကျုံးက ငါ့ရဲ့တပည့်ပဲ။ အတိအကျပြောရရင် အမည်ခံတပည့်တစ်ယောက်ပေါ့။ မင်းတို့ရဲ့အချက်အလက်အရ ငါ့ရဲ့ကြွယ်ဝမှုက သူ့ရဲ့အဆတစ်ရာ၊ တစ်ထရီလီယံကျော် ရှိတယ်။ အဲဒါတွေကို ငါ့ရဲ့ဒီတစ်သက်မှာ သုံးလို့ကုန်နိုင်မယ်လို့ မင်းတို့ ထင်လား”

ဂတ်…

လူမည်းက ပင့်သက်ရှိုက်လိုက်ပြီး သူတို့က ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာအကောင်းဆုံးအရာအား ကြားလိုက်ရသည့်အလား မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရာကျော်က ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ဒေါ်လာထရီလီယံချီကြွယ်ဝတာလား။

အဲဒီကြောက်စရာကောင်းတဲ့စူပါကလန်တွေကလွဲပြီး ဘယ်သူကများ ဒေါ်လာထရီလီယံချီ ရှိနိုင်မှာလဲ။ ဒီမစ္စတာထန်က တရုတ်ကပဲ၊ ဒါပေမယ့် ဒီလိုစူပါချမ်းသာတဲလူတစ်ယောက်ကို သူတို့တွေ တစ်ခါမှ မကြားဖူးပါဘူး…

“ပိုက်ဆံက ရှိဖို့ ကောင်းမွန်တဲ့အရာတစ်ခုပဲ၊ ဒါပေမယ့် ငါ့အတွက်တော့ အဲဒါက ရွှံ့ဗွက်လိုပဲ”ထန်ရှုက ဆက်ပြော၏ “ငါ ရှာဖွေတာက ခွန်အားပဲ။ မင်းတို့က အရမ်းဆင်းရဲတယ်၊ ဒါကြောင့် မင်းတို့က ကြွယ်ဝမှုနဲ့ပိုက်ဆံနောက်ကို လိုက်ကြတယ်။ ဒါပေမယ့် မင်းတို့မှာ သုံးလို့မကုန်နိုင်တဲ့ကြွယ်ဝမှုတွေ ရှိလာတဲ့အခါ မင်းတို့က ခွန်အားနဲ့ဘဝရဲ့အနှစ်သာရနောက်ကို လိုက်ရလိမ့်မယ်”

ငါတို့က ဆင်းရဲတာလား။

မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရာကျော်က ခါးသီးစွာ ပြုံးလိုက်ကြသည်။ သူတို့ထဲတွင် အသားတင်ကြွယ်ဝမှုအနည်းဆုံးသန်းအနည်းငယ်မရှိသူတွေက ရှိလို့လား။ သူတို့က စူပါချမ်းသာသူများမဟုတ်သော်လည်း လူအများစုထက်တော့ သူတို့က ပိုသာပါသေး၏။

သို့သော် ဤလူက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်နှင့် သူ့တွင် ရှိသည့် ကြွယ်ဝမှုပမာဏကို အမှတ်ရပြီးနောက် သူတို့က စိတ်ထဲ၌ ညည်းညူလိုက်သည်၊ ဤအကောင်နှင့် နှိုင်းယှဉ်လျှင် ငါတို့က တကယ်ကို အရမ်းဆင်းရဲပါတယ်လေ။

များမကြာမီ ထန်ဂိုဏ်းနှင့်မြင့်မြတ်မီးလျှံအဖွဲ့မှ ကျွမ်းကျင်သူအနည်းငယ်က သင်္ဘောပေါ်တွင် နောက်ချန်နေခဲ့ပြီး ကျန်လူများက ထန်ရှုနှင့်အတူ ဆန်နီကျွန်းပေါ်သို့ ဆင်းသက်လာခဲ့သည်။

လက်နက်များတပ်ဆင်ထားကာ ပစ်ခတ်ရန် အသင့်ဖြစ်နေသည့် ပင်လယ်ဓားပြဆယ်ယောက်ကျော်ကို ရင်ဆိုင်တွေ့ရသောအခါ ထန်ရှု၏အမိန့်မပါဘဲ မြင့်မြတ်မီးလျှံအဖွဲ့၏ကျွမ်းကျင်သူများက လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ သူတို့၏ဓားများက ရွေ့လျားသွားပြီး ဓားပုံရိပ်များက နေရာတိုင်းတွင် ရိုက်ခတ်သွား၏၊ ကျည်ဆံများက ပျံသန်းလာသော်လည်း သူတို့တစ်ယောက်ကိုမှ မထိခိုက်စေခဲ့ပေ။ ပင်လယ်ဓားပြဆယ်ယောက်ကျော်က ခေါင်းပြတ်သွားပြီး သူတို့၏ခန္ဓာကိုယ်များအား အပိုင်းပိုင်းဆုတ်ဖြဲလိုက်ကြ၏။

“ဒီပင်လယ်ဓားပြတွေကို မြန်နိုင်သမျှအမြန်ဆုံးသတ်ပစ်…”ထန်ရှုက ကမ်းစပ်သို့ ဆင်းသက်လာပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည် “မှတ်ထားကြ၊ အနည်းငယ်ကို အသက်ရှင်လျက် ချန်ထား၊ သူတို့ဆီကနေ ချန်ကျီကျုံးရဲ့တည်နေရာကို မေးမြန်းရမယ်”

ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်များက လျှပ်စီးအလား ရွေ့လျားကာ ကျွန်းပေါ်သို့ ပြေးသွားကြ၏၊ သေနတ်မိုးများကလည်း ကြိုဆိုလိုက်ကြသည်။ ထွက်ခွာသွားသောချီနန်က ကမန်းကတန်းပြန်ရောက်လာပြီး တင်ပြလိုက်၏ “ဂိုဏ်းချုပ်၊ ချန်ကျီကျုံးကို အမှတ်ငါးကျွန်းဖြစ်တဲ့တိမ်ကျွန်းမှာ ထိန်းသိမ်းထားတယ်။ လွန်ခဲ့တဲ့ခုနှစ်ရက်က အဲဒီကျွန်းပေါ်က လူတိုင်းကို ပင်လယ်ဓားပြခေါင်းဆောင်က မောင်းထုတ်ခဲ့တယ်လို့ ငါ ကြားတယ်”

အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် စီးဆင်းသွားကာ သူက ကျယ်လောင်စွာ အော်ပြော၏ “လူတိုင်းကို သင်္ဘောပေါ်ကို ပြန်လာဖို့ ပြောလိုက်။ ငါတို့တွေ အမှတ်ငါးကျွန်းကို ချက်ချင်း သွားရမယ်”

ငါးမိနစ်ကြာပြီးနောက် သင်္ဘောမှ ထွက်ခွာသွားသောသူများက ပြန်ရောက်လာပြီး သင်္ဘောက ရေမိုင်တစ်ရာမိုင်ကျော်တွင် ရှိသော အမှတ်ငါးကျွန်းဆီသို့ လျင်မြန်စွာ ရွက်လွှင်လာခဲ့သည်။ ချန်ကျီကျုံးအား ကယ်ဆင်ခြင်းက အချိန်လုရသည့်ပြိုင်ပွဲတစ်ခုဖြစ်သည်ကို ထန်ရှုက အပြည့်အဝသိသည်။ တစ်မိနစ်နှောင့်နှေးခြင်းက ချန်ကျီကျုံးအတွက် အန္တရာယ်ပိုများသည်ဟု ဆိုလို၏။

ကုန်းပတ်ပေါ်တွင် ရပ်နေသော ထန်ရှုက မှောင်မည်းနေသောတိမ်ကျွန်းအား မြင်နေရသည်။ သို့သော် ဤအချိန်တွင် သင်္ဘောလေးစင်းက ထိုကျွန်း၏ဉီးတည်ဘက်မှ ရွေ့လျားလာနေသည်။ ထို့နောက် သင်္ဘောဉီးပေါ်တွင် ရပ်နေသည့် ခန္ဓာကိုယ်ပေါ်တွင် လက်နက်အမျိုးမျိုးနှင့် အနက်ဝတ်လူကြီးတစ်ယောက်အား ထန်ရှုက မြင်လိုက်ရသည်။

“အရှေ့က သင်္ဘော၊ ရပ်စမ်း။ မဟုတ်ရင် မင်းတို့တွေ အသတ်ခံရမယ်…”

အသံက သင်္ဘောလေးစီးမှ ထွက်ပေါ်လာသည်။

ထန်ရှုက အထင်သေးသောအကြည့်နှင့် ပြောလိုက်၏ “ငါ့အမိန့်ကို နာခံကြ။ သူတို့တွေ သတိပေးတာကို ဂရုမစိုက်ဘဲ သူတို့ဆီ ချက်ချင်းသွားပြီး သတ်ပစ်လိုက်ကြ…”

ထိုသို့ပြောပြီးနောက် သူက ချီနန်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်၊ သူတို့နှစ်ယောက်က လေထဲသို့ ပျံသန်းသွားပြီး တိမ်ကျွန်းဆီသို့ ရွေ့လျားသွားကြ၏။ ပင်လယ်ဓားပြလေးယောက်က သူတို့အား တားဆီးရန် ကြိုးစားလာသောအခါ ထန်ရှုက နတ်ဘုရားဓားကို ချက်ချင်း ထုတ်လိုက်သည်။ ဓားပုံရိပ်များက မီတာရာအနည်းငယ်ရှည်ထွက်လာပြီး ပင်လယ်ဓားပြလေးယောက်အား ထိမှန်သွားကာ သူတို့က ရှောင်တိမ်းရန်ပင် အခွင့်အရေးမရခဲ့ပေ။

“ဘာစွမ်းအားလဲ…”

ထန်ရှု၏ပြင်းထန်သောတိုက်ကွက်ကို မြင်ပြီး လူမည်းနှင့်မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရောကျော်က ချက်ချင်းပင့်သက်ရှိုက်လိုက်မိသည်။ ထန်ရှုကိုယ်တိုင်က ဒီလိုကြောက်စရာကောင်းသောစွမ်းအားရှိသော်လည်း သူတို့အား ဘာကြောင့် ငှားခဲ့သည်ကို သူတို့က နားမလည်နိုင်ပေ။

များမကြာမီ ထန်ရှုနှင့်ချီနန်က တိမ်ကျွန်းပေါ်သို့ ရောက်ရှိလာသည်။ အရှေ့တွင် ဓားများ ကိုင်လျက် ရပ်နေသော အနက်ဝတ်လူကြီးဆယ့်သုံးယောက်ကို မြင်သောအခါ သတ်ဖြတ်လိုစိတ်က သူတို့၏မျက်လုံးများထဲတွင် စီးဆင်းသွားသည်။ ထန်ရှုက နှာခေါင်းရှုံ့လိုက်၏ “အစစ်အမှန်ကျွမ်းကျင်သူတွေက ထွက်ပေါ်လာပြီပေါ့၊ ဟမ့်။ ဒါပေမယ့် မင်းတို့ရဲ့ခွန်အားလောက်နဲ့ ငါတို့ကို တားနိုင်မှာမဟုတ်ဘူး။ ချီနန်၊ သူတို့အားလုံးကို သတ်ပစ်…”

“ကောင်းပါပြီ…”

အားကောင်းသောအရှိန်အဝါတစ်ခုက ချီနန်ထံမှ ပေါက်ကွဲထွက်လာပြီး သူမက လူကြီးဆယ့်သုံးယောက်ထံ လျင်မြန်စွာ ရွေ့လျားသွား၏။ သူမ၏တိုက်ကွက်များက အလွန်အမင်းမြန်ဆန်ပြီး သူမ၏ခွန်အားက ထိုလူကြီးဆယ့်သုံးယောက်ထက် အများကြီးပိုအားကောင်းသည်။ သူတို့က သူမအား ပြန်တိုက်ခိုက်ရန် ခက်ခဲသည်ကို သိလိုက်ရသဖြင့် လူကြီးဆယ့်သုံးယောက်၏အမူအရာက ပြောင်းလဲသွား၏။

ထန်ရှုက စိတ်ဝိညာဉ်အာရုံအား အဆက်မပြတ်ထုတ်လွှတ်လိုက်သည်။ ကီလိုမီတာအနည်းငယ်အကွာအဝေးကို လွှမ်းခြုံပြီးနောက် သူက ကျွန်း၏အလယ်ဗဟိုဆီသို့ ပျံသန်းသွား၏။ ထို့နောက် ထူးဆန်းသောယဇ်ပလ္လင်တစ်ခုအား သူ မြင်လိုက်ရသည်၊ ခန္ဓာကိုယ်ပေါ်တွင် ဓားဆယ့်သုံးလက် ဖောက်ထွင်းဝင်လျက် ချန်ကျီကျုံးက ယဇ်ပလ္လင်ထိပ်တွင် ချိတ်ဆွဲကာ တည်ရှိနေသည်။ ယဇ်ပလ္လင်ရှေ့တွင် ထိပ်ပြောင်လူတစ်ယောက်က ဒူးထောက်နေပြီး ဆန်းကြယ်သောမန္တန်တစ်ခုအား အဆက်မပြတ်ရွတ်ဖတ်နေ၏။

ရုတ်တရက် ထိပ်ပြောင်က ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် သူက ထန်ရှုအရှေ့တွင် နဂါးနက်တစ်ကောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ထန်ရှုလျှင်ပင် အတော်လေးအံ့အားသင့်သွားရ၏။

သို့သော် နောက်အခိုက်အတန့်တွင် ထန်ရှုက အထင်သေးစွာ နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။ “ဟမ့်၊ အစစ်အမှန်နဂါးနက်တစ်ကောင်က အင်မော်တယ်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်ပြီး ငါက ပြန်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် နဂါးနက်တစ်ကောင်အဖြစ် ပြောင်းထားတဲ့ မင်းကတော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ သေလိုက်စမ်း…”

နတ်ဘုရားဓားက ရှေ့သို့ ချက်ချင်း ထိုးဖောက်သွားသည်။

ပြင်းထန်သောဓားအလင်းများက ချက်ချင်း ခုတ်ပိုင်းချလာပြီး နဂါးနက်၏ဦီးခေါင်းအား လျှပ်တစ်ပြက်အတွင်း ပိုင်းဖြတ်သွား၏။ နဂါးနက်က အော်မြည်လျက် ပျောက်ကွယ်သွားပြီး အနက်ဝတ်ထိပ်ပြောင်လူကြီးက အနောက်သို့ လွင့်စင်ကျသွား၏။

“သွေးယဇ်ပူဇော်ခြင်း- ဖိုအစီအရင်…”

ထိပ်ပြောင်က သွေးတစ်ပွက်အန်ထုတ်လိုက်သည်၊ သူက နောက်သို့ လွင့်နေရင်း သူ့လက်များက လေထဲတွင် ချိတ်ပိတ်စည်များ အဆက်မပြတ်ထုတ်ဖော်နေပြီး သူ့သွေးများက ကြက်သွေးရောင်သွေးအက္ခရာများအဖြစ် တဖြည်းဖြည်း သိပ်သည်းလာခဲ့သည်။

“ဟမ့်၊ အသေးအဖွဲ့အတတ်တစ်ခုလောက်က ဘာမှအရာရောက်မှာ မဟုတ်ဘူး…”

ထိပ်ပြောင်လူကြီးထုတ်ဖော်သောလျှို့ဝှက်ပညာရပ်၏ဆန်းကြယ်မှုအားလုံးအား ထန်ရှုက တစ်ချက်ကြည့်လိုက်ရုံနှင့် ဖြတ်မြင်နိုင်သည်။ သူ့နတ်ဘုရားဓားက ရှေ့သို့ ခုတ်ပိုင်းချလိုက်ရာ သွေးအက္ခရာဆယ်ခုက ပျောက်ကွယ်သွားခဲ့သည်။ လျှပ်တစ်ပြက်အတွင်း သူက ထိပ်ပြောင်အရှေ့ဆယ်မီတာအောက်၌ ထွက်ပေါ်လာခဲ့၏။

“စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ယှဉ်ပြိုင်နိုင်တဲ့မှော်ဆရာတစ်ယောက်လား။ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလာပြီ…”

All Chapters