← Chapters

တွင်းပေါက်မှ မြွေဆွဲထုတ်ခြင်း

Vol. 90 Ch. 1241

တွင်းပေါက်မှ မြွေဆွဲထုတ်ခြင်း

Vol. 90 Ch. 1241

ထိုင်းနိုင်ငံ၊ အမှောင်နတ်ဆရာကလန်။

စင်းလုအန်က တင်ပျဉ်ခွေထိုင်လျက် ဖုန်းကိုင်ထားသည်။ ထန်ရှု၏စကားများကို ကြားပြီးနောက် သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲတွင် ပြည့်လျှံလာ၏။ ထို့နောက် သူက ပြန်ပြောသည် “သူဌေး၊ ငါက အမှောင်နတ်ဆရာကလန်ရဲ့ခေါင်းဆောင်ဖြစ်ပေမယ့် မင်းနောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ၊ မင်းရဲ့ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် ငါ လက်ခံမှာပါ”

စင်းလုအန်၏ရပ်တည်ချက်နှင့်သဘောထားက ထန်ရှုအား အများကြီးကျေနပ်သွားစေသည်၊ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ထန်ဂိုဏ်းနဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ကြားမှာရှိတဲ့ရန်ငြိုးကို မင်း ကောင်းကောင်းသိမှာပါ။ ကောင်းကင်ဘုံမှော်ဆရာကလန်ကို သုတ်သင်ဖို့ ငါ ဘယ်တော့မှ လက်မလျော့ခဲ့ဘူး။ ဒါကြောင့် မင်းတို့ရဲ့အမှောင်နတ်ဆရာကလန်က မင်းတို့ရဲ့စွမ်းအားကို တည်ဆောက်ဖို့ အချိန်အလုံလောက်ရှိပြီလို့ ငါ ထင်တယ်။ အခုက မင်းတို့ကလန်အနေနဲ့ အပြင်ထွက်ပြီး လုပ်ဆောင်ဖို့ အချိန်ပဲ”

“ငါ့ကလန်ရဲ့ပင်မအဖွဲ့ဝင်တွေအားလုံးဒါမှမဟုတ်ငါတို့အားလုံး ထွက်လာမယ်ဆိုတာ မျှော်လင့်ထားလိုက်ပါ၊ သူဌေး”စင်းလုအန်က လေးနက်မှုအပြည့်နှင့် ပြောလိုက်သည် “မင်း လက်ညှိုးပဲ ထိုးလိုက်ပါ၊ ငါတို့တွေ မင်းအတွက် တိုက်ခိုက်ပေးမယ်။ အချိန်အတော်လေးယူပြီး ငါတို့ရဲ့ခွန်အားကို တည်ဆောက်ထားပြီးပြီ၊ အမှောင်နတ်ဆရာကလန်က ပြောင်းလဲသွားပြီဆိုတာ ငါ မင်းကို အာမခံတယ်။ ငါ့အဖေကတောင် ငါ့ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှာမဟုတ်ဘူး”

“မင်းတို့ရဲ့အင်အားအကုန်လုံးကို ပို့ဖို့ မလိုဘူး”ထန်ရှုက ပြန်ပြောသည် “အမှောင်နတ်ဆရာကလန်က ကျွမ်းကျင်သူတွေအားလုံးကို ခေါ်ပြီး စိုင်းဖန်ကို လာခဲ့။ အဲမှာ နေပြီး ငါ့ရဲ့အမိန့်ကို စောင့်နေကြ”

“နားလည်ပါပြီ…”စင်းလုအန်က ခေါင်းညိတ်ကာ ဖုန်းချလိုက်သည်။

များမကြာမီ သူ့ပုံရိပ်က ခေါင်းမိုပေါ်၌ ထွက်ပေါ်လာ၏။ ထို့နောက် ပုံရိပ်ငါးခုက အဝေးမှ ရွေ့လျားလာပြီး စင်းလုအန်အရှေ့၌ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။

“ခေါင်းဆောင်…”

လူအိုကြီးငါးယောက်က အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

“အစည်းအဝေးတစ်ခုလုပ်မယ်လို့ ဂိုဏ်းရဲ့အကြီးအကဲတွေကို အကြောင်းကြားလိုက်”စင်းလုအန်က နက်ရှိုင်းသောအသံနှင့် အမိန့်ထုတ်ပြန်လိုက်သည် “ငါတို့ကလန်က သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မယ်။ သူတို့လက်ရှိလုပ်ကိုင်သမျှအရာအားလုံးကို ဘေးချိတ်ထားဖို့ သူတို့ကို ပြောလိုက်ပါ”

“နားလည်ပါပြီ…”

လူအိုကြီးငါးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ စင်းလုအန်ပြောသည့်အရေးပေါ်ကိစ္စနှင့် ပတ်သက်၍ သူတို့က မသိပေ။ သိ့သော် သူတို့က စင်းလုအန်အား သစ္စာရှိသည်၊ တုံ့ဆိုင်းမနေဘဲ သူတို့က အဝေးသို့ လျင်မြန်စွာ ရွေ့လျားသွားလိုက်၏။

ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

မိနစ်အနည်းငယ်ကြာပြီးနောက် ပုံရိပ်များက အဝေးမှ ရွေ့လျားလာပြီး ကြီးမားသောခြံဝင်းထဲ၌ ရပ်နေကြသည်။ သူတို့အားလုံးက အမှောင်နတ်ဆရာကလန်၏အကြီးအကဲများဖြစ်ကြပြီး ကလန်ထဲတွင် အားအကောင်းဆုံးကျွမ်းကျင်သူအဖွဲ့ပင် ဖြစ်၏။ စင်းလုအန်မှတစ်ဆင့် ထန်ရှုထံမှ ရလာသော ကျင့်ကြံခြင်းနည်းလမ်းအပြင် ထန်ရှုနှင့် မှော်ကျောက်တုံးလဲလှယ်ရာမှ ရရှိခဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်များကြောင့် သူတို့က လွန်ခဲ့သောတစ်နှစ်ကထက် ပိုသန်မာလာသည်။ အချို့ဆိုလျှင် ခွန်အားဆယ်ဆကျော် ခုန်ပေါက်သလို တိုးတက်လာ၏။

နာရီဝက်ကြာပြီးနောက် သူ့အဖေကလွဲပြီး အမှောင်နတ်ဆရာကလန်၏အဆင့်မြင့်ပုဂ္ဂိုလ်လုံးက စင်းလုအန်အရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ အမှောင်နတ်ဆရာကလန်တွင် အကြီးအကဲစုစုပေါင်းဆယ့်လေးယောက်ရှိပြီး သူတို့၏ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့်နှင့် ညီမျှသည်။

“ခေါင်းဆောင်၊ ဂိုဏ်းရဲ့သေခြင်းရှင်ခြင်းနဲ့ ဆက်စပ်တဲ့ အရေးကြီးကိစ္စတစ်ခုရှိတယ်ဆို။ အဲဒါက အတိအကျဘာလဲ”ငွေရောင်ဆံပင်၊ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးက မေးလိုက်သည်။

ပြန်ဖြေမည့်အစား စင်းလုအန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏ “ငါ့အဖေက ဘယ်မှာလဲ”

အကြီးအကဲအချို့က အကြည့်ချင်းဖလှယ်လျက် တုံ့ဆိုင်းသွားကြ၏။ နောက်ဆုံးတွင် စင်းမန်က ပြော၏ “ခေါင်းဆောင်တံခါးပိတ်ကျင့်ကြံပြီးကတည်းက သူက ကလန်ကနေ ထွက်ခွာသွားတယ်။ အခုထိ ပြန်မရောက်လာသေးဘူး”

စင်းလုအန်က နှာခေါင်းရှုံ့လိုက်သည် “ငါ ထင်တာ မှန်ရင် သူက ငါ့ရဲ့အကိုနဲ့ ပတ်သက်ပြီး စိုးရိမ်နေသေးတာပဲ။ အေးလေ၊ သူက ထွက်သွားဖို့ ရွေးချယ်မှတော့ သူ့ကို ထွက်သွားခွင့်ပြုလိုက်ပါ။ ဒါပေမယ့် အခုကစပြီး သူက အမှောင်နတ်ဆရာကလန်ရဲ့အကြီးအကဲတစ်ယောက် မဟုတ်တော့ဘူး”

“ဒါက…”

ရုတ်တရက်ပေါ်လာသောဆုံးဖြတ်ချက်ကြောင့် အကြီးအကဲဆယ့်လေးယောက်က ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သို့သော် စင်းလုအန်က ခေါင်းဆောင်နေရာကို လက်လွှဲယူပြီးနောက် အမှောင်နတ်ဆရာကလန်တွင် ဖြစ်ပေါ်ခဲ့သည့် ရုတ်တရက်ပြောင်းလဲမှုများကို အမှတ်ရပြီးနောက် သူတို့က ဆုံးဖြတ်ချက်အား နောက်ဆုံးတွင် လက်ခံလိုက်၏။

“ကောင်းပြီလေ၊ အခု ဘာဖြစ်နေသလဲဆိုတာ မင်း ငါတို့ကို ပြောပြနိုင်ပြီလား၊ ခေါင်းဆောင်”စင်းမန်က မေးလိုက်သည်။

“အဲဒါက ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ ပတ်သက်တယ်”စင်းလုအန်က ရှင်းပြ၏ “သူတို့က ငါတို့ကလန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတယ်၊ ငါ အခုပဲ ထန်ရှုကနေ သတင်းရခဲ့တာ။ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အနားယူသွားတဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ဟီလီယိုလုနာက သူနဲ့ ညှိနှိုင်းနေတယ်။ သူက ထန်ဂိုဏ်းရဲ့ကျင့်ကြံသူတွေကို ငါတို့ကလန်ကို ကူညီတာကို ရပ်တန့်စေချင်တယ်”

အမှောင်နတ်ဆရာကလန်အကြီးအကဲဆယ့်လေးယောက်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားကာ အရုပ်ဆိုးသွားကြ၏။ အချို့ဆိုလျှင် ကောင်းကင်ဘုံမှော်ဆရာကလန်အား ကျိန်ဆဲလိုက်ကြသည်။

“အဲဒီရွံ့စရာကောင်းတဲ့ကောင်းကင်ဘုံမှော်ဆရာကလန်က ငါတို့ရဲ့ဘိုးဘေးတွေကို အနိုင်ကျင့်ခဲ့ပြီး အလွန်နည်းပါးတဲ့သူတွေကပဲ အသက်ရှင်နိုင်ခဲ့တယ်။ ဒီလောက်နှစ်ပေါင်းများစွာကြာပြီးနောက်မှ ငါတို့ကလန်က နာလန်ထူခါစပဲ ရှိသေးတာ၊ ဒါပေမယ့် ဒီခွေးကောင်တွေက ငါတို့ကို ဖယ်ရှားဖို့ ရည်ရွယ်ချက်ကို ဘယ်တော့မှ လက်မလျော့ဘူးပဲ”

“ငါတို့က သူတို့ကို ဘာကြောင့်ကြောက်ရမှာလဲ။ အမှောင်နတ်ဆရာကလန်က ဘယ်သူမဆို နင်းခြေလို့ရတဲ့ အရာတစ်ခုမဟုတ်ဘူး။ ကောင်းကင်ဘုံမှော်ဆရာကလန်က ငါတို့ကို သုတ်သင်ချင်မှတော့ ငါတို့ကို သူတို့ကို အဲအတိုင်း ပြန်လုပ်ပေးရတာပေါ့”

“ကောင်းကင်ဘုံမှော်ဆရာကလန်က ငါတို့ထက် ပိုသန်မာပေမယ့် ငါတို့ကလန်ရဲ့ခွန်အားကလဲ အဆက်မပြတ်တိုးတက်လာနေပါတယ်။ သူတို့က သူတို့ရဲ့အစွယ်ကို ထုတ်ပြလာမှတော့ ငါတို့က သူတို့ရဲ့အစွယ်ကို ဖြတ်၊ သူတို့ရဲ့ခွေးခြေထောက်တွေကို ရိုက်ချိုးရတာပေါ့”

“မှန်တယ်၊ ငါတို့ရဲ့ဘိုးဘေးအတွက် သူတို့ကို လက်စားပြန်ချေရမယ်…”

“သူတို့ကို သတ်ကြမယ်…”

အကြီးအကဲဆယ့်လေးယောက်၏မျက်နှာအား လေ့လာရင်း စင်းလုအန်က နှာခေါင်းရှုံ့လိုက်သည် “ငါတို့ကလန်ရဲ့လက်ရှိခွန်အားက ကောင်းကင်ဘုံမှော်ဆရာကလန်ကို ယှဉ်ပြိုင်နိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား”

“ငါတို့မလုပ်နိုင်ဘူးဆိုရင်တော့ သူတို့ကို နာကျင်စရာကောင်းတဲ့တန်ဖိုးတစ်ခုပေးချေအောင် လုပ်ရမယ်”အကြီးအကဲတစ်ယောက်က နက်ရှိုင်းသောအသံနှင့် အော်ပြောလိုက်၏။

“ခင်ဗျားတို့ရဲ့ခံစားချက်ကို ကျုပ် နားလည်ပါတယ်၊ အကြီးအကဲတို့”စင်းလုအန်က ပြော၏ “ကျုပ်က ခင်ဗျားတို့ထက်တောင် ပိုဒေါသထွက်နေတယ်ဆိုတာ ပြောချင်တယ်။ ဒါပေမယ့် ဒေါသက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ ခင်ဗျားတို့ကို ဒီနေရာကို ခေါ်လိုက်ရတဲ့အကြောင်းပြချက်က ဆုံးရှုံးမှုကို နည်းနိုင်သမျှ နည်းအောင်နဲ့ ကောင်းကင်ဘုံမှော်ဆရာကလန်ကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ ဆွေးနွေးချင်လို့ပဲ”

ရုတ်တရက် အမှောင်နတ်ဆရာကလန်၏အကြီးအကဲဆယ့်လေးယောက်က နှုတ်ဆိတ်သွားကြသည်။ သူတို့က ဒေါသထွက်ခဲ့မိသော်လည်း သူတို့ကလန်က ကောင်းကင်ဘုံမှော်ဆရာကလန်နှင့် ယှဉ်ပြိုင်ရန် မလုံလောက်သည်ကို သူတို့က ကောင်းကောင်းသိ၏။

စင်းမန်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ခေါင်းဆောင်၊ ငါတို့ကို ဒီနေရာကို ခေါ်လိုက်ပြီးဆိုမှတော့ မင်းက ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဆိုတာ သေချာတယ်။ ငါတို့ရဲ့ကလန်ဆီ လက်ရှိခွန်အားကို မင်းက ယူဆောင်လာပေးခဲ့တဲ့သူပဲ။ ဒါကြောင့် မင်းက ငါတို့ကို ဉီးဆောင်ပြီး ကောင်းကင်ဘုံမှော်ဆရာကလန်ကို ဖျက်ဆီးနိုင်မယ်လို့ ငါတို့လဲ မျှော်လင့်ပါတယ်”

“ဒါ ဟုတ်တယ်၊ ငါတို့က မင်းရဲ့အမိန့်ကို နာခံမှာပါ”

“မင်းက ငါတို့ကို အမိန့်သာ ပေးပါ၊ ခေါင်းဆောင်”

“…”

သဘောကျစွာ ခေါင်းညိတ်လျက် စင်းလုအန်က ပြောလိုက်သည် “ဒါဆိုရင် ကလန်က မာစတာတွေအားလုံးကို ဆင့်ခေါ်လိုက်ပါ။ ကျုပ်တို့တွေ စိုင်းဖန်ကို လျှို့ဝှက်သွားရမယ်။ ပြီးတော့ ထန်ဂိုဏ်းနဲ့ကောင်းကင်ဘုံမှော်ဆရာကလန်ကြားရန်ငြိုးကို ခင်ဗျားတို့လဲ သိမှာပါ။ ဒါကြောင့် ထန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ထန်ရှုက ကောင်းကင်ဘုံမှော်ဆရာကလန်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျုပ်တို့ရဲ့ကလန်က ထန်ဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်။ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်ကခွေးကောင်တွေက သေချာပေါက်သွေးပျက်သွားရမယ်ဆိုတာ ကျုပ် အာမခံနိုင်တယ်”

“ပူးပေါင်းဆောင်ရွက်မှာလား”

သူတို့အားလုံးက ထန်ရှုနှင့်ထန်ဂိုဏ်းအကြောင်း သိသောကြောင့် အကြီးအကဲများက စိတ်အားတက်ကြွသွားသည်။ ထန်ရှုက ကောင်းကင်ဘုံမှော်ဆရာကလန်အား တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဆိုမှတော့ သူတို့အတွက် ပြဿနာတစ်ခုမဟုတ်တော့ပေ။

****

ဆန်နီကျွန်း။

စင်းလုအန်ကို ဖုန်းဆက်ပြီးနောက် ထန်ရှုက ဟီလီယိလုနာအရှေ့သို့ ပြန်ရောက်လာကာ ပြောလိုက်၏ “ဂိုဏ်းရဲ့အကြီးအကဲတွေကို ကျုပ် ဖုန်းခေါ်ပြီးပြီ၊ ခင်ဗျားရဲ့တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကျုပ် ပြောပြခဲ့တယ်။ လောလောဆယ် သူတို့က ဘာကို ဆုံးဖြတ်မလဲဆိုတာ ကျုပ် မသိဘူး။ ဖြစ်နိုင်တာက သူတို့က အခု ဆွေးနွေးနေလောက်တယ်”

ဟီလီယိုလုနာ၏အမူအရာက ပြေလျော့သွားလျက် သူက ပြုံးကာ ပြောလိုက်သည် “ကောင်းပြီလေ။ ပြဿနာမရှိပါဘူး”

ထို့နောက် ထန်ရှုက ယဇ်ပလ္လင်ဆီသို့ ခေါင်းလှည့်ကာ တင်ပျဉ်ခွေထိုင်ပြီး လျှို့ဝှက်ပညာရပ်အား ချန်ကျီကျုံးသင်ယူပြီးသည်ကိုသာ တိတ်တဆိတ် စောင့်နေတော့သည်။

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်များက ကမ်းစပ်သို့ ရွေ့လျားလာနေကြသည်။ မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရာကျော်ထဲမှ အချို့က တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့သည်။ ထန်ဂိုဏ်းသားများထဲတွင် သေသူမရှိဘဲ တစ်ယောက်သည်သာ ဒဏ်ရာအပေါ့စားရရှိခဲ့သည်။

မြင့်မြတ်မီးလျှံအဖွဲ့ဝင်များကို မြင်ပြီးနောက် ဟီလီယိုလုနာက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲ၌ လက်သွားသည်။ သူက ထန်ရှုဘက်သို့ လှည့်ကာ နှာခေါင်းရှုံ့လိုက်၏ “မင်းက စတန့်တစ်ခုကို ဆွဲထုတ်ခဲ့တာပဲ၊ ထန်ရှု။ အသွားရှိရင် အပြန်ရှိတယ်ဆိုတဲ့ မင်းတို့တိုင်းပြည်ရဲ့စကားပုံလိုပေါ့။ မင်းက ဒီပိုက်ဆံမက်တဲ့မြင့်မြတ်မီးလျှံကောင်တွေကို အသုံးပြုပြီး ငါ့ကို ပြန်တိုက်ခိုက်ခိုင်းခဲ့တာပဲ”

“ပိတ်ထားစမ်း၊ ခွေးအိုကြီး…”လူမည်းက ဒေါသတကြီးအော်ပြောလိုက်သည်။

ထန်ရှုအား တစ်ချက်ကြည့်ပြီးနောက် ဟီလီယိုလုနာက လူမည်းထံ ချက်ချင်း ရွေ့လျားသွားသည်။ သူ့အရှိန်က အလွန်အမင်းမြန်ဆန်ပြီး မျက်စိတစ်မှတ်အတွင်း လူမည်းအရှေ့၌ ထွက်ပေါ်လာသည်။ အနက်ရောင်နဂါးအသေးစာအဖြစ်သို့ ပြောင်းလဲလိုက်ပြီးသည်နှင့် သူက လူမည်း၏ရင်ဘက်အား တိုက်ခိုက်လိုက်သည်။

ဘန်း…ခရက်…

လူမည်း၏ရင်ဘက်ရိုးများက ပြိုကျပျက်ဆီးသွားကာ သွေးတစ်ပွက်အန်လိုက်သည်၊ သူ့ခန္ဓာကိုယ်က ပြတ်ကျသွားသောစွန်တစ်ခုအလား နောက်သို့ လွင့်ထွက်သွား၏။

လူမည်းက တစ်ချက်တည်း အသတ်ခံလိုက်ရသည်။

မြင့်မြတ်မီးလျှံအဖွဲ့ဝင်နှစ်ရာကျော်က ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ထဲတွင် အသန်မာဆုံးလူက ဟီလီယိုလုနာအား ပြန်ပင်မတိုက်ခိုက်နိုင်ဘဲ ချက်ချင်းအသတ်ခံရမည်ဟု နည်းနည်းလေးတောင် မမျှော်လင့်ထားခဲ့ကြပေ။

“သူ့ကို သတ်…”

ဟီလီယိုလုနာနှင့်အနီးကပ်ဆုံးမာစတာဆယ်ယောက်က လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်၊ ဟီလီယိုလုနာက မည်မျှပင်အားကောင်းပါစေ၊ သူက လူများစွာ၏တိုက်ခိုက်မှုအား မရင်ဆိုင်နိုင်လောက်ဟု သူတို့က ယုံကြည်ထားကြသည်။

“ဟမ့်၊ ပုရွက်ဆိတ်တစ်အုပ်ပဲ…”

အထင်သေးမှုတို့က ဟီလီယိုလုနာ၏မျက်လုံးများထဲ၌ လက်သွားသည်။ သူက အနက်ရောင်ဓားတစ်လက်က သူ့လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက်သူများထံ ရုတ်ချည်း ပြေးဝင်သွား၏။

ထို့နောက် မီတာတစ်ရာရှည်သောဓားအလင်းတစ်ခုက မြင့်မြတ်မီးလျှံအဖွဲ့၏ကျွမ်းကျင်သူများထံ ခုတ်ပိုင်းချလိုက်သည်၊ သွေးမိုးရွာသွန်းလျက် သူတို့၏အလောင်းများက မြေပြင်ပေါ်၌ ပြန့်ကျဲသွားလေ၏။

ဤအချိန်တွင် ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေသော ထန်ရှုက မျက်လုံးဖွင့်ကာ အော်လိုက်၏ “မင်းတို့အားလုံး၊ ရပ်ကြစမ်း။ မင်းတို့ထဲကတစ်ယောက်ယောက်က နောက်ထပ်လှုပ်ရှားရဲရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့”

All Chapters