ဗာကန်ရောက်လာခြင်း
Vol. 90 Ch. 1243
မှတ်ဉာဏ်အနည်းငယ်ပြန်ခေါ်ပြီးနောက် ချန်ကျီကျုံးက ရိုသေလေးစားစွာ ပြောလိုက်သည် “ဟီလီယိုလုနာက တကယ်ကို ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အကြီးအကဲတစ်ယောက်ပဲ၊ ဆရာသခင်။ ငါ သူ့ရဲ့မှတ်ဉာဏ်ကို ကြည့်ပြီးပြီ၊ သူ့ခွန်အားက ကလန်တစ်ခုလုံးမှာ ထိပ်ဆုံးသုံးယောက်ထဲ ဝင်တယ်။ ဒါ့အပြင် ဒီကျွန်းကိုးကျွန်းပေါ်မှာ နဝဂံခံတပ်ကို သူ တည်ဆောက်ခဲ့တာ အတော်ကြာပြီ၊ အသုံးပြုဖို့အတွက် မကြာသေးခင်ကမှ ဒီနေရာကို သူ ပြန်လာခဲ့တာ”
“ငါ သိပြီ”ထန်ရှုက ကောင်းကင်ဘုံမှော်ဆရာကလန်အား အနည်းငယ်မြင့်မြင့်မားမားမှတ်ထားလိုက်သည်။ တကယ်တော့ ဟီလီယိုလုနာ၏ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်နိုင်သည်။ ထန်ဂိုဏ်းတွင်ပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းကို ရောက်ရှိသည့် တပည့်အနည်းငယ်သာ ရှိ၏။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ထပ်မေးလိုက်သည် “ဒီကလန်က ငါနဲ့ ပတ်သက်ပြီး အခြားဘာတွေတွေ့ထားသေးလဲ။ သူတို့မှာ ငါ့နားကလူတွေကို တိုက်ခိုက်ဖို့ အခြားအစီအစဉ်တွေ ရှိလား”
ချန်ကျီကျုံးက ခေါင်းညိတ်ကာ ပြောလိုက်၏ “မုဝမ်ရင်၊ ခန်းရှနဲ့ ထန်ယွင်ဖမ်းတို့ကို တိုက်ခိုက်ဖို့ သူတို့က လူသုံးယောက် လွှတ်ထားတယ်။ အဲဒီလူတွေကလွဲပြီး အခြားတော့ မရှိဘူး”
“တရုတ်ကို ချက်ချင်းပြန်ပြီး အဲဒီလူသုံးယောက်ကို ရှင်းလိုက်”ထန်ရှုက ချက်ချင်း အမိန့်ပေးလိုက်၏ “သူတို့ကို ဖြေရှင်းပြီးရင် ချက်ချင်း ပြန်လာ။ ကောင်းကင်ဘုံမှော်ဆရာကလန်ကို မျှားခေါ်ဖို့ ငါးစာကို ငါ ပြင်ဆင်ထားပြီးပြီ”
မှင်တက်သွားလျက် ချန်ကျီကျုံးက ကမန်းကတန်း မေးလိုက်၏ “ဘယ်လိုငါးစာလဲ၊ ဆရာသခင်”
“ကောင်းကင်ဘုံမှော်ဆရာကလန်က အမှောင်နတ်ဆရာကလန်ကို ဖယ်ရှားချင်တယ်၊ ဒါကြောင့် ငါက အမှောင်နတ်ဆရာကလန်ကို သူတို့ရဲ့ကျွမ်းကျင်သူတွေကို စိုင်းဖန်ကို စေလွှတ်ဖို့ အမိန့်ပေးခဲ့တယ်၊ နောက်ကျရင် အဲမှာ သူတို့နဲ့ ငါ တွေ့ရမယ်။ ဒါပြီးရင် အဆုံးအဖြတ်တိုက်ပွဲအတွက် နေရာအဖြစ် ပစိဖိတ်သမုဒ္ဒရာကကျွန်းတစ်ကျွန်းကို ငါ ရှာဖွေရမယ်”
ချန်ကျီကျုံး၏မျက်လုံးများက လင်းလက်သွားကာ ပြန်ပြော၏ “ဆရာသခင်၊ ဟီလီယိုလုနာရဲ့မှတ်ဉာဏ်ကနေ ကောင်းကင်ဘုံမှော်ဆရာကလန်က အမှောင်နတ်ဆရာကလန်ကို တိုက်ခိုက်ဖို့ တကယ်စီစဉ်နေတာ။ ဆရာသခင်က ဒေါ်လာသန်းတစ်ရာကို ဆုကြေးထုတ်ခဲ့တာကြောင့် မကြာသေးခင်က ကမ္ဘာကအဖွဲ့အစည်းအမျိုးမျိုးရဲ့လူသတ်သမားတွေက ဒီကလန်ကို အမဲလိုက်ခဲ့တယ်လေ။ ဒါပေမယ့် ဆုံးရှုံးမှုအတိုင်းအတာက သူတို့အတွက် အသေးအဖွဲ့ပါပဲ။ ဒီကလန်မှာ အတော်လေးနက်ရှိုင်းတဲ့အမွေအနှစ်ရှိတယ်၊ အထူးသဖြင့် ဒီကလန်ရဲ့မဟာအကြီးအကဲဆယ့်နှစ်ယောက်ပဲ၊ သူတို့အားလုံးက အခြေတည်စိတ်ဝိညာဉ်အဆင့်နဲ့ယှဉ်နိုင်တဲ့ခွန်အားတွေ ရှိတယ်”
“လက်ရှိထန်ဂိုဏ်းကလဲ အရင်လို မဟုတ်ပါဘူး” ထန်ရှုက မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့လိုက်သည် “ကောင်းကင်ဘုံမှော်ဆရာကလန်က သူတို့ရဲ့အသိုက်ကနေ ထွက်လာဖို့ သတ္တိရှိတယ်ဆိုရင် ငါတို့က သူတို့ကို ပင်လယ်ထဲမှာပဲ ထာဝရနေအောင် လုပ်ရမှာပေါ့”
“ဒါက တကယ်ကို တစ်သက်မှာတစ်ခါပဲရမယ့်အခွင့်အရေးတစ်ခုပဲ၊ ဆရာသခင်”ချန်ကျီကျုံးက ပြုံးလိုက်၏ “ဒီနဝဂံခံတပ်က နေရာကောင်းတစ်ခုလို့ ငါ ထင်တယ်။ ငါတို့က ဟီလီယိုလုနာရဲ့နည်းလမ်းကို သုံးပြီး ကောင်းကင်ဘုံမှော်ဆရာကလန်ကို စာပို့လိုက်မယ်၊ အမှောင်နတ်ဆရာကလန်က ဒီနေရာမှာ ရှိတယ်ဆိုတာကို သူတို့ ယုံကြည်အောင် လုပ်နိုင်မယ်ဆိုရင် သူတို့ကို ဒီနေရာမှာပဲ သုတ်သင်ဖို့က ငါတို့အတွက် လွယ်ကူလိမ့်မယ်လို့ ငါ ယုံတယ်”
“ဘာနည်းလမ်းများလဲ”ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ ကမန်းကတန်းမေးလိုက်၏။
“မှော်ဆရာချိတ်ပိတ်စည်းကို အသုံးပြုတာ”ချန်ကျီကျုံးက ပြန်ဖြေ၏။
ခဏနှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ကောင်းပြီလေ။ မင်းကို တရုတ်ကို ပြန်ပို့ဖို့ လူအချို့ကို ငါ တာဝန်ပေးလိုက်မယ်။ အိတ်ဆောင်ကမ္ဘာထဲကထန်ဂိုဏ်းသားတွေကို အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်အောင် လုပ်ပြီးရင် မင်းနဲ့အတူ ရှန်းဟိုင်မှာ စုဝေးဖို့ ငါ အသိပေးလိုက်မယ်။ ရှန်းဟိုင်က ကိစ္စတွေကို ဖြေရှင်းပြီးရင် မင်း ချက်ချင်းပြန်လာရမယ်”
“ဒါဆို ငါ အခုပဲ ထွက်သွားတော့မယ်”ချန်ကျီကျုံးက ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက်။
ထန်ရှုက ကျန်ရှိသည့်ထန်ဂိုဏ်းသားများအား ခေါ်ဆောင်ကာ နဝဂံခံတပ်၏ကျန်ရှိသောကျွန်းများအား စတင်ရှင်းလင်းခဲ့သည်။ အခြားကျွန်းများပေါ်တွင် နေထိုင်သူများ၏ကိုးဆယ့်ကိုးရာခိုင်နှုန်းက သာမန်လူများဖြစ်ကြသော်လည်း ကျွန်းကိုးကျွန်းစလုံးအား အပြီးတိုင်ရှင်းလင်းပစ်ရန် လေးရက်တိတိကြာခဲ့၏။
“ဒါတွေအားလုံးကို လုပ်ပြီးတော့ ငါ့လက်ထဲမှာ သွေးနံ့တွေ ကျန်ရစ်ခဲ့တာပဲ”
ဆန်နီကျွန်းသို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက ကမ်းခြေတွင် ရပ်ကာ လက်မြှောက်ကာ ညည်းလိုက်လေ၏။
“အခြားတစ်ဖက်အနေနဲ့ သွေးရနံ့က အံ့အားသင့်စရာကောင်းတဲ့ခံစားချက်တစ်ခုလို့ ငါ ထင်တယ်၊ ဂိုဏ်းချုပ်”ချီနန်က ကြားဖြတ်ပြော၏ “ငါက သာမန်လူတွေကို ကယ်ဆယ်နေတယ်လို့ ခံစားရတယ်”
ထန်ရှုက သူမအား လှည့်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏ “မင်းက ဒီလို ခံစားမိလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ ဒါ အရမ်းကောင်းတယ်။ မင်းက တိုးတက်မှုမြန်ဆန်လာတယ်၊ မင်းရဲ့စိတ်အခြေအနေလဲ အများကြီးတိုးတက်လာခဲ့တယ်။ ဒီအတိုင်းသာ ဆက်ကြိုးစားအားထုတ်မယ်ဆိုရင် မင်းရောက်ရှိလာတာနဲ့ အင်မော်တယ်ကမ္ဘာက ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး”
မျှော်လင့်တမ်းတသောအကြည့်တစ်ခုက ချီနန်၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားတော့၏။
ထို့နောက် ထန်ရှုက ထပ်မေးလိုက်၏ “ဒါနဲ့ ငါ မင်းကို တစ်ခုမမေးရသေးဘူး။ သူမကို ကူညီဖို့အတွက် ဟောင်လဲ့က မင်းကို ခေါ်ထားခဲ့တယ်မလား။ မင်းက ဘာလို့ ကျင်းမန်ကျွန်းကို ပြန်လာခဲ့တာလဲ။ မင်းက ရှန်းဟိုင်မှာ အလုပ်များနေရမှာ မဟုတ်လား”
ချီနန်က ရယ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်၊ အဲဒီလေလံပွဲကြောင့် ငါတို့ရဲ့လေလံအိမ်က ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာခဲ့တယ်။ သူတို့ရဲ့လေလံပစ္စည်းတွေကို လေလံတင်ဖို့ ကမ္ဘာတစ်ဝှမ်းကဖောက်သည်တွေက ငါတို့ရဲ့လေလံအိမ်ကို အပ်နှံခဲ့ကြတယ်။ အဲမှာ အသေးအဖွဲ့ကိစ္စတွေ အများကြီးပဲ၊ ခဏလောက် အလုပ်များတော့ ငါ ပျင်းလာရော။ ဒါကြောင့် နဂါးကိုးကောင်းကိုကျွန်းကို မပြန်ခင် ငါ အပန်းဖြေခရီးထွက်မယ်လို့ ဟောင်လဲ့ကို ပြောခဲ့တယ်၊ ပြီးရင် ခဏလောက် တံခါးပိတ်ကျင့်ကြံမယ်ပေါ့။ ဒါပေမယ့် နောက်တော့ ဒီကိစ္စနဲ့ လာကြုံရတာပဲ။ ပြောရမယ်ဆိုရင် ငါ့ကံက အတော်လေးဆိုးတာပဲ”
“မင်းက သတ်ဖြတ်ရတာကို ကြိုက်တာလား”ထန်ရှုက မေးလိုက်၏။
“သတ်ဖြတ်ရတာကို ငါ ဘယ်တော့မှ သဘောမကျဘူး၊ ဂိုဏ်းချုပ်”ချီနန်က ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါပေမယ့် သေခြင်းရှင်ခြင်းရဲ့အစွန်အဖျားမှာ ငါ့ကိုယ်ငါ လေ့ကျင်ရတာကို အမြဲတမ်း သဘောကျတယ်။ ဂိုဏ်းချုပ်ပဲ အရင်က ပြောခဲ့တယ်မလား၊ သေခြင်းရှင်ခြင်းရဲ့အစွန်အဖျားမှာ လေ့ကျင်မှပဲ တစ်စုံတစ်ယောက်က ပိုအားကောင်းနိုင်မယ်ဆိုတာလေ။ ဒါ့အပြင် ဒီလိုတိုက်ပွဲတွေက ကမ္ဘာမြေပေါ်မှာ အတော်လေးရှားတယ်။ အခုလိုငြိမ်းချမ်းတဲ့ခေတ်ကြီးမှာ ဒီလိုတိုက်ပွဲတွေကို ရင်ဆိုင်ကြုံတွေ့ဖို့က မလွယ်ကူဘူး။ ဒါပေမယ့် ချွင်းချက်တစ်ခုရှိတယ်၊ ဂိုဏ်းချုပ်နောက်ကို လိုက်ရင်ပေါ့။ ဒါကြောင့် ငါက ဂိုဏ်းချုပ်နောက်ကို အမြဲတမ်းလိုက်ချင်တာ”
ထန်ရှုက ရှုံ့မဲ့လျက်သာ ပြုံးလိုက်သည်။ လူများစွာက သူ့နောက်သို့ အမြဲတမ်းလိုက်ချင်ခဲ့ကြသည်။ ယခင်က မိုအားဝူ၊ ပြီးနောက် ထန်အန်း၊ ချန်ရှောင်ဟွာလည်း မကြာသေးခင်က ထိုသို့ပြောခဲ့သည်။
သူ့နောက်ကို လိုက်မယ်ဆိုရင် ဒီလိုတိုက်ပွဲတွေနဲ့ အဆက်မပြတ် ကြုံတွေ့ပြီး သေခြင်းရှင်ခြင်းအစွန်အဖျားမှာ သူတို့ကိုယ်သူတို့ အဆက်မပြတ်လေ့ကျင့်နိုင်မယ်လို့ သူတို့က တကယ်ပဲ ထင်တာလား။
အတွေးက ချန်ရှောင်ဟွာအား ရုတ်တရက် အမှတ်ရသွားကာ သူက ပြောလိုက်၏ “ချန်ရှောက်ဟွာကို ဆက်သွယ်ပြီး သူ အခုဘယ်နေရာမှာ ရှိလဲဆိုတာ မေးလိုက်ပါ။ သူက နဂါးကိုးကောင်းကျွန်းမှာ ဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိပြီးဖြစ်တဲ့ ထန်ဂိုဏ်းကကျွမ်းကျင်သူတွေကို ဒီနေရာကို ချက်ချင်းခေါ်လာဖို့ သူ့ကို ပြောလိုက်ပါ”
“နားလည်ပါပြီ။ ငါ သူ့ကို ချက်ချင်းဆက်သွယ်လိုက်ပါမယ်”ချီနန်က ပြန်ဖြေကာ အဝေးသို့ လျင်မြန်စွာ လျှောက်သွား၏။
နှစ်ရက်ကြာပြီးနောက်။
အမှောင်နတ်ဆရာကလန်ကျွမ်းကျင်သူအားလုံးက ဆန်နီကျွန်းသို့ ရောက်ရှိလာသည်။ တရုတ်သို့ သွားခဲ့သူများကလည်း ခန်းရှ၊ မုဝမ်ရင်နှင့် ထန်ယွင်ဖမ်းတို့၏အနားတစ်ဝိုက်တွင် ရစ်ဝဲနေသော ကောင်းကင်ဘုံမှော်ဆရာကလန်မှ ကျွမ်းကျင်သူများအား ရှင်းလင်းခဲ့ပြီးဖြစ်၏။ ထို့နောက် သူတို့က အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိထားသော ထန်ဂိုဏ်းသားနှစ်ဆယ်ကျော်အား စုစည်းကာ နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
မနက်စောစောတွင်။
သင်္ဘောလေးစင်းက ဆန်နီကျွန်း၏ရေပိုင်နက်တွင် ထွက်ပေါ်လာခဲ့သည်။ သင်္ဘောက ဆိုက်ကပ်လာပြီး အနက်ရောင်မျက်နှာဖုံးတပ်ထားသည့်အနက်ဝတ်လူအိုကြီးတစ်ယောက်နောက်မှ ကာရင်က လိုက်ပါလာ၏။ ထို့နောက် သူတို့က သင်္ဘောပေါ်မှ ခုန်ဆင်းကာ ထန်ရှုထံ လျှောက်လာ၏။
“မစ္စတာထန်၊ ဒါက မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ခေါင်းဆောင်ဗာကန်ပါ”ကာရင်က ထန်ရှုအား အနည်းငယ်လေးစားစွာ ကြည့်လိုက်သည်။ တကယ်တော့ ဟီလီယိုလုနာက ကြောက်စရာကောင်းသောကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်၊ သို့သော် သူက ထန်ရှု၏အကြံအစည်ကြောင့် သေဆုံးခဲ့ရသည်၊ ဤအဖြစ်အပျက်က သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းသောကြောက်ရွံ့မှုတစ်ခုအား ဖန်တီးခဲ့၏။
ထန်ရှုက အနက်ဝတ်ဗာကန်အား လေ့လာလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည် “မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ခေါင်းဆောင်ကို တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မစ္စတာဗာကန်က ရောက်လာပြီး ငါ့ရဲ့ကော်မရှင်ကို လက်ခံခဲ့တယ်ဆိုမှတော့ ငါက လိုရင်းပဲ ပြောတော့မယ်”
“ဖောက်သည်က ပေးနိုင်သရွေ့ ငါတို့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က ဘယ်လိုမစ်ရှင်ကိုမဆို လက်ခံတယ်”ဗာကန်က အတော်လေးအက်ကွဲသောလေသံနှင့် ပြန်ပြော၏ “အဆင့်ကိုးမြင့်မြတ်မီးလျှံအမိန့်ကို ထုတ်ပြန်ပြီးတော့ ဘယ်လိုမစ်ရှင်မျိုးကို မင်းက ငါတို့ကို လုပ်ခိုင်းစေချင်တယ်ဆိုတာ သိလို့ရမလား”
“ကောင်းကင်ဘုံမှော်ဆရာကလန်ကို ငါ ဖျက်ဆီးချင်တယ်”ထန်ရှုက ပြော၏ “ငါနဲ့ဒီကလန်ကြားမှာရှိတဲ့ရန်ငြိုးကို မြင့်မြတ်မီးလျှံအဖွဲ့က သိပြီးဖြစ်မယ်ဆိုတာ ငါ သေချာတယ်”
“ငါတို့ရဲ့အဖွဲ့ဝင်တွေအားလုံးကို စေလွှတ်ရင်တောင် မြင့်မြတ်မီးလျှံအဖွဲ့အတွက် ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဖွဲ့ဝင်တွေအားလုံးကို အပြီးတိုင်သုတ်သင်ဖို့က ခက်ခဲမယ်ဆိုတာ ငါ မင်းကို အရင်ပြောပါရစေ။ ဒါ့အပြင် ငါတို့က ဒီကလန်ကို ပြင်းထန်တဲ့ထိုးနှက်မှုတွေ ဖြစ်စေခဲ့ရင်တောင် မြင့်မြတ်မီးလျှံက ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားရလိမ့်မယ်”
“ကျုပ် ဘာဆိုလိုတာလဲဆိုတာ ခင်ဗျား နားမလည်ဘူးပဲ။ ကျုပ်က ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ ရန်ငြိုးရှိတယ်၊ ဒါကြောင့် ခင်ဗျားတို့တစ်ဖွဲ့တည်းပဲ သူတို့ကို ရင်ဆိုင်ရမှာ မဟုတ်ဘူး။ အမှောင်နတ်ဆရာကလန်က ကျုပ်ရဲ့မဟာမိတ်ပဲ၊ ကျုပ်လက်အောက်မှာလဲ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ အဲအချိန်ကျရင် ကောင်းကင်ဘုံမှော်ဆရာကလန်ကို ရှင်းပစ်ဖို့ အဖွဲ့သုံးဖွဲ့လုံးက ပူပေါင်းအလုပ်လိမ့်မယ်”
“ဒါဆို ပြဿနာမရှိဘူး”ခဏစဉ်းစားပြီးနောက် ဗာကန်က တစ်ချက်တွေးလိုက်သည်။
“ဒါနဲ့ မြင့်မြတ်မီးလျှံရဲ့ကျွမ်းကျင်သူတွေက သင်္ဘောလေးစီးပေါ်ကလူတွေလောက်ပဲ မဟုတ်ဘူးမလား။ ခင်ဗျားတို့မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိမှာပါ”ထန်ရှုက မေးလိုက်သည် “ကျန်တဲ့လူတွေ ဘယ်အချိန်ရောက်လာမလဲဆိုတာ ကျုပ် မေးလို့ရမလား”
“သုံးရက်အတွင်း သူတို့တွေ ရောက်လာလိမ့်မယ်”ဗာကန်က ပြော၏ “မင်းရဲ့စကားအရဆိုရင် မစ္စထန်မှာ တိုက်ပွဲအတွက် အစီအစဉ်တစ်ခုရှိပြီလို့ ငါ ထင်တယ်”