← Chapters

မှော်ဆရာဘိုးဘေး

Vol. 90 Ch. 1244

မှော်ဆရာဘိုးဘေး

Vol. 90 Ch. 1244

အမှောင်တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မိုးများက သည်းထန်စွာ ရွာသွန်းကျလာသည်။ ရံဖန်ရံခါတွင် လျှပ်စီးမိုးကြိုးများက လင်းလက်တောက်ပသွား၏။ သို့သော် သင်္ဘောတန်းတစ်ခုက လှိုင်းလေကို အံတုလျက် ရွက်လွှင့်လာနေသည်။

ဖြောက်…အုံး…

လျှပ်စီးတစ်ချက်လက်သွားသည်။ အလင်းက တစ်ခဏပေါ်လာပြီး သင်္ဘောကုန်းပတ်ပေါ်ရှိ အနက်ဝတ်လူအိုကြီးအား ထုတ်ပြလိုက်သည်။ လူကြီးက ရွှေရောင်တောင်ဝှေးတစ်ချောင်းကို ကိုင်ထားလျက် ကောင်းကင်သို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

အလင်းထွန်းညှိလိုက်သည်နှင့်အတူ သူ့မျက်လုံးများက အောက်ခြေမရှိသောအနက်ရောင်အပေါက်များပမာ အနက်ရောင်ပြောင်ပြောင်ဖြစ်လာသည်။ အနက်ရောင်အခိုးအငွေ့များက သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး အလင်းပျောက်ကွယ်သွားသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်အား အမှောင်မြူခိုးထဲ၌ အပြည့်အဝလွှမ်းခြုံသွား၏။

တောက်…တောက်…တောက်…

ကုန်းပတ်ပေါ်တွင် သားရေဘွတ်ဖိနပ်သံက အနက်ရောင်မြူနောက်မှ ထွက်ပေါ်လာသည်။၂.၂မီတာရှည်သောဧရာမလူကြီးတစ်ယောက်က သူ့လက်ထဲရှိ ဧရာမပုဆိတ်အား ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက အနက်ရောင်မြူအား ကြည့်ကာ မသဲမကွဲအသံနှင့် ပြောလိုက်၏ “မှော်ဆရာဘိုးဘေး၊ နှစ်နာရီအတွင်းမှာ အဲဒီသစ္စာဖောက်တွေ ရှိတဲ့ကျွန်းကို ငါတို့တွေ ရောက်လိမ့်မယ်လို့ အကြီးအကဲက မင်းကို တင်ပြခိုင်းလိုက်တယ်။ အဲနေရာက မဟာအကြီးအကဲဟီလီယိုလုနာရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်”

အချိန်အတော်ကြာပြီးနောက် အနက်ရောင်မြူက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အနက်ဝတ်လူအိုကြီးတစ်ယောက်၏ပုံရိပ်က ထွက်ပေါ်လာ၏။ ခံ့ညားသောအကြည့်တစ်ခုက သူ၏အသက်ရလာသောမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူ့ရာသူ ရေရွတ်လိုက်သည် “ပျက်သုဉ်းခြင်းမိုးကြိုးတွေက ကောင်းကင်ကနေ ကျလာပြီး လှိုင်းလေက ထန်လာတယ်။ အနာဂတ်ရဲ့အကြောင်းအကျိုးနိမိတ်တွေ ဘာတစ်ခုမှ ငါ မမြင်နိုင်တော့ဘူး။ တစ်ယောက်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို တားဆီးပြီး ဘာဖြစ်နေသလဲဆိုတာကို ငါ့ကို အာရုံခံလို့မရအောင် လုပ်နေတာလား”

အထင်သေးသောအကြည့်တစ်ခုက ဧရာမလူကြီး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “မှော်ဆရာဘိုးဘေး၊ မင်းက အာရုံမခံနိုင်ရင်တောင် ဘယ်နတ်ဆိုးဝိညာဉ်တွေကမှ ငါ့ပုဆိန်စွမ်းအားကို မရင်ဆိုင်နိုင်ပါဘူး။ ရန်သူတွေက နတ်ဘုရားတွေဆိုရင်တောင် ငါတို့က သန်မာနေသရွေ့ သူတို့အားလုံးကို သတ်ဖြတ်နိုင်ပါသေးတယ်”

အနက်ဝတ်လူက ဖြည်းဖြည်းချင်းခေါင်းလှည့်ကာ ဧရာမလူအား ခဏလေ့လာလိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်“မင်း ပြောတာမှန်တယ်။ ငါတို့က လုံလုံလောက်လောက်သန်မာသရွေ့ လှည့်ကွက်တွေက အလုပ်မလုပ်ပါဘူး။ ငါတို့က ရက်စက်နေသရွေ့ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့စစ်သည်တော်တွေက ရန်သူတွေကို ခေါင်းဖြတ်ပြီး သူတို့ကို ကောင်းကင်ဘုံဆီ ယဇ်ပူဇော်ပစ်လိမ့်မယ်”

ဧရာမလူက ပြုံးဖြဲဖြဲနှင့် ပြော၏ “ဒါပေါ့၊ မှော်ဆရာဘိုးဘေး။ ပြီးတော့ ငါတို့ကလန်ရဲ့လက်ရွေးစင်တွေအားလုံးက အခု ထွက်လာကြပြီပဲ။ ဒီလိုသေးငယ်တဲ့အမှောင်နတ်ဆရာကလန်တစ်ခုကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဘာလို့ မင်းက အချိန်နဲ့စွမ်းအင်ကို ဖြုန်းပြီး ဗေဒင်တွက်ချက်နေရတာလဲ”

အနက်ဝတ်လူအိုကြီး၏အသားအရောင်က ပြောင်းလဲသွားပြီး သူက လေးနက်စွာ ပြန်ပြော၏ “ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ငါတို့ရင်ဆိုင်နေရတဲ့ရန်သူတွေကို လစ်လျူမရှုနဲ့။ သတိမရှိ၊ ဂရုမစိုက်တဲ့သူတွေကို သေခြင်းကပဲ စောင့်မျှော်နေမယ်”

ဧရာမလူကြီးက ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည် “မင်းရဲ့စကားတွေက သဘာဝကျတယ်၊ မှော်ဆရာဘိုးဘေး။ နောက်နှစ်နာရီအတွင်းမှာ ငါတို့တွေ အမှောင်နတ်ဆရာမျိုးနွယ်သူပုန်တွေရဲ့ခေါင်းကို ဖြုတ်နိုင်လိမ့်မယ်”

ထို့နောက် အနက်ဝတ်လူအိုကြီးက ဘာမှထပ်မပြောတော့ပေ။

****

နဝဂံခံတပ်၊ ပထမကျွန်း။

သင်္ဘောအစုက ချဉ်းကပ်လာပြီး သင်္ဘောနှစ်စီးကသာ အရှိန်တင်လျက် ဆိပ်ကမ်း၌ ဆိုက်ကပ်၏။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့်ယှဉ်နိုင်သည့် ကောင်းကင်ဘုံမှော်ဆရာကလန်၏မဟာအကြီးအကဲတစ်ယောက်ဖြစ်သောဟူအေလုနာက ကောင်းကင်ဘုံမှော်ဆရာကလန်မှ ကျွမ်းကျင်သူများကို ဉီးဆောင်လျက် ကမ်းခြေသို့ ပြေးတက်လာသည်။ သူ့အကြည့်က သေနတ်များကိုင်ဆောင်သည့်လူတစ်ဖွဲ့ထံသို့ ပြောင်းသွား၏။

“မင်းတို့က နဝဂံခံတပ်ရဲ့နေထိုင်သူတွေလား”ဟူအေလုနာက ကျယ်လောင်စွာ မေးလိုက်သည်။

စက်သေနတ်ကိုင်ဆောင်ထားသည့်အဖွဲ့ခေါင်းဆောင်က ဟူအေလုနာတို့အဖွဲ့အား တစ်ချက်ကြည့်လိုက်သည်။ သူက ခဏတုံ့ဆိုင်းသွားပြီးနောက် ကျယ်လောင်စွာ ပြန်ပြော၏ “ဟုတ်တယ်၊ နဝဂံခံတပ်က ငါတို့ရဲ့အိမ်ပဲ။ မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ မင်းတို့က ဒီနေရာကို ရုတ်တရက် ရောက်လာတာလဲ”

“ငါတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ကဆိုတာ မင်းတို့ရဲ့ခေါင်းဆောင်က မင်းတို့ကို မပြောထားဘူးလား”ဟူအေလုနာက မေးမြန်းလိုက်သည် “ဒါမှမဟုတ် မင်းတို့က နဝဂံခံတပ်ရဲ့လူတွေမဟုတ်ဘဲ အမှောင်နတ်ဆရာမျိုးနွယ်သစ္စာဖောက်တွေရဲ့ဘက်ကလား”

“ကောင်းကင်ဘုံမှော်ဆရာကလန်ရောအမှောင်နတ်ဆရာကလန်ရော ငါတို့ မသိဘူး။ ဒါက ငါတို့ရဲ့ကိုယ်ပိုင်ကျွန်းပဲ၊ ခွင့်ပြုချက်မရှိဘဲ ငါတို့ရဲ့ကျွန်းကို ကျူးကျော်လာတဲ့သူဘယ်သူမဆို ငါတို့ရဲ့ရန်သူပဲ။ မြန်မြန်ထွက်သွားကြစမ်း။ ဒါက သတိပေးတာပဲ”လူကြီးက သေနတ်မြှောက်ကာ အော်ပြော၏။

ဟူအေလုနာက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးနားရှိလူထံ အမိန့်တစ်ချက်ပေးလိုက်သည်။ ထိုလူက သင်္ဘောထံ ချက်ချင်း ပြန်လှည့်သွား၏။ အခြေအနေအား မှော်ဆရာဘိုးဘေးထံ တင်ပြပြီးနောက် တစ်ဖက်အဖွဲ့၏အထောက်အထားအား စုံစမ်းရန် သူက အမိန့်ရရှိခဲ့သည်။

အကြောင်းပြန်လာပြီးနောက် ဟူအေလုနာက ထိုလူများအား ကြည့်ကာ အော်လိုက်သည် “မင်းတို့ရဲ့ခေါင်းဆောင်က ငါတို့ရဲ့လူပဲ။ မင်းတို့က ငါတို့ကို ဆန့်ကျင်ရင် ငါတို့က မင်းတို့ကို သတ်လို့ရတယ်။ မင်းတို့တွေ ငါ့ကို မယုံကြည်ရင် မင်းတို့ရဲ့ခေါင်းဆောင်ကို ဆက်သွယ်လိုက်၊ သူက မင်းတို့ကို ပြောပြလိမ့်မယ်”

“အာ…”

လူကြီးက ခဏတုံ့ဆိုင်းသွားပြီးနောက် ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ များမကြာမီ သူက ဖုန်းချကာ သတိထားသောအကြည့်နှင့် မျက်နှာလိုမျက်နှာရပြုံးလိုက်၏ “မင်းတို့က ကလန်ခေါင်းဆောင်ရဲ့မိတ်ဆွေတွေဖြစ်မယ်ဆိုတာ မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ။ ငါ…ငါ မျှော်လင့်တယ်၊ ငါတို့က အတူတူပဲဖြစ်တာကြောင့် ငါတို့ရဲ့ခေါင်းဆောင်ရှေ့မှာ ငါတို့နဲ့ပတ်သက်ပြီး စကားကောင်းတွေ ပြောပေးဖို့ ငါ မျှော်လင့်တယ်”

ဟူအေလုနာက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်လိုက်သည်။ သို့သော် တဒင်္ဂကြာပြီးနောက် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မှော်စွမ်းအားတစ်ခု ရုတ်ချည်း ထုတ်လွှတ်ကာ ထိုလူကြီးနောက်ရှိလူများအား ခေါင်းဖြတ်လိုက်သည်။ ထို့နောက် သူ၏အမှောင်မြူရစ်ပတ်ထားသောညာလက်က လူကြီး၏လည်ပင်းအား ကိုင်ကာ ခပ်ကြမ်းကြမ်း မေးလိုက်၏ “မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့က နဝဂံခံတပ်ရဲ့ဓားပြတွေ မဟုတ်ဘူး…”

ကြောက်ရွံ့မှုက လူကြီး၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားသည်။ သူက အားကောင်းသောကျွမ်းကျင်သူတစ်ယောက်ဟု ဆိုနိုင်သော်လည်း ဤလူအိုကြီးအား ပြန်တိုက်ခိုက်ရန် ခွန်အားမရှိဟု မမျှော်လင့်ထားခဲ့။ သို့သော် ဗာကန်၏အမိန့်ကို သတိရပြီးနောက် သူက စိတ်အားတင်းကာ ဓားမြှောက်တစ်လက်ထုတ်ဆွဲကိုင်လျက် ဟူအေလုနာ၏နှလုံးအား ထိုးထည့်လိုက်သည်။

“ဟမ်…”

ဟူအေလုနာက သူ့လက်ချောင်းများထံ စွမ်းအားများ ပိုထုတ်လိုက်ပြီး ဓားမြှောင်က သူ့အား မထိုးဖောက်ခင် ထိုလူကြီး၏လည်ပင်းအား တန်းဖြတ်လိုက်သည်၊ ထို့နောက် သူက ထိုလူကြီး၏ခန္ဓာကိုယ်အား အဝေးသို့ ကန်ထုတ်လိုက်၏။

“ကျွန်းပေါ်ကို တက်ကြ…ဒီကျွန်းက အဲဒီအမှောင်နတ်ဆရာကလန်မျိုးနွယ်တွေက သိမ်းပိုက်ထားတယ်လို့ ငါ သံသယရှိတယ်။ ဒီနေရာမှာ တွေ့သမျှ ရန်သူတွေအားလုံးကို သတ်ပစ်ကြ…”ဟူအေလုနာက တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။

ပထမကျွန်း။

ဒုတိယကျွန်း။

တတိယကျွန်း။

နာရီအနည်းငယ်အတွင်း ကျွန်းသုံးကျွန်းပေါ်ရှိ မြင့်မြတ်မီးလျှံအဖွဲ့မှမာစတာများအားလုံးက အသတ်ခံလိုက်ရသည်။

ထန်ရှုက နံပါတ်ငါးကျွန်း၏ကမ်းခြေတွင် ရပ်ကာ အဝေးမှ ရွက်လွှင့်လာနေသော သင်္ဘောအစုအား ကြည့်လိုက်သည်။ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးထဲတွင် ထိုးထွက်လာသည်၊ ထန်ဂိုဏ်း၏ကျွမ်းကျင်သူခြောက်ဆယ့်နှစ်ယောက်က သူ့ဘေးနားတွင် တန်းစီရပ်နေကြသည်။ သူတို့ကြားထဲတွင် အားအနည်းဆုံးကပင် အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်ရှိပြီး အချို့က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်ထားကြသည်။

“စင်းလုအန်၊ ဗာကန်နဲ့ကျန်တဲ့မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေက စတုတ္ထကျွန်းပေါ်မှာ ရောက်နေပြီလား”

ထန်ရှုဘေးနားတွင် ရပ်နေရင်း စင်းလုအန်က ခေါင်းညိတ်ကာ ပြောလိုက်သည် “အစကတော့ ငါ့ရဲ့အမှောင်နတ်ဆရာကလန်ကို မြင့်မြတ်မီးလျှံနဲ့အတူ စတုတ္ထကျွန်းပေါ်မှာပဲ တပ်စခန်းချဖို့ စီစဉ်ထားတာ။ ဒီဗာကန်က ဒီလောက်မောက်မာပြီး ငါတို့နဲ့ အလုပ်လုပ်ဖို့ ငြင်းပယ်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ ဒါပေမယ့် သူတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်ပြီးရင် စတုတ္ထကျွန်းကနေ ဆဌမကျွန်းကို ပြန်ဆုတ်မယ်လို့ သူက ကတိပေးခဲ့တယ်။ ဒါက သူတို့က အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို အောင်မြင်ပြီးပြီလို့ ဆိုလိုရင်တောင် ငါတိုက ကောင်းကင်ဘုံမှော်ဆရာကလန်ကို မယှဉ်ပြိုင်နိုင်တော့ရင် သူတို့က ငါတို့ကို လာအကူအညီပေးလိမ့်မယ်”

ထန်ရှုက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လျက် ပြန်ဖြေသည် “ဟမ့်၊ ကောင်းကင်ဘုံမှော်ဆရာကလန်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေမှာလား။ ဘယ်လိုတောင်ဉာဏ်ရှိတဲ့အတွေးတစ်ခုလဲ။ ဟမ်…ထန်ကွမ်းနဲ့ထန်အန်၊ မင်းတို့နှစ်ယောက်က စတုတ္ထကျွန်းကို သွားပြီး မြင့်မြတ်မီးလျှံအဖွဲ့ရဲ့အခြေအနေကို စောင့်ကြည့်နေ၊ တစ်ယောက်က အမှောင်ထဲမှာ နေပြီး အခြားတစ်ယောက်က အလင်းထဲမှာ နေ။ သူတိုက အမြောက်စာဖြစ်ချင်မှတော့ သူတို့အားလုံးကို သေခွင့်ပေးလိုက်”

“ငါလဲ အဲကို သွားမယ်”စင်းလုအန်က ကြားဖြတ်ပြောလိုက်သည် “ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ရည်ရွယ်ချက်က ငါ့ရဲ့အမှောင်နတ်ဆရာကလန်ကို သတ်ဖြတ်ဖို့ပဲ။ စတုတ္ထကျွန်းပေါ်မှာ ငါတို့ကလန်ဝင်တွေ တစ်ယောက်မှ မရှိရင် ဒါက ထောင်ချောက်တစ်ခုဆိုတာ သူတို့တွေ သဘောပေါက်သွားလိမ့်မယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ခေါင်းညိတ်လိုက်သည် “မင်းပြောတာ မှန်တယ်။ ဒီကိစ္စမှာ မင်းလဲ အဲနေရာကို လူကိုယ်တိုင် သွားရမယ်။သူတို့နဲ့အတူ မပါဝင်ဖို့ကို မှတ်ထားပါ။ တိုက်ပွဲက နောက်ဆုံးအဆင့်ကို ရောက်လာတော့မှ မင်းကိုယ်မင်း ထွက်ပြပြီးရင် ချက်ချင်းပြန်ဆုတ်လာခဲ့။ ဒီနေရာမှာ မင်းတို့ကို ငါ စောင့်နေမယ်”

စင်းလုအန်က ခေါင်းညိတ်ကာ ပြုံးလိုက်သည် “ကောင်းပါပြီ၊ ပိုက်ကွန်ကို ပိတ်ဖို့ ဒီနေရာမှာပဲ စောင့်နေပါ၊ သူဌေး”

စတုတ္ထကျွန်းတွင်။

သင်္ဘောများက ကမ်းစပ်တွင် ရပ်လိုက်ပြီး လူများစွာက ကျွန်းပေါ်သို့ လျင်မြန်စွာ တက်လာကြသည်။ မိနစ်လေးဆယ်ကျော်အတွင်း ကောင်းကင်ဘုံမှော်ဆရာကလန်မှ ကျွမ်းကျင်သူတစ်ထောင်ကျော်က ကျွန်းပေါ်သို့ ရောက်ရှိလာ၏။

“သတ်ကြ…”

သက်တံ့နှင့်တူသောဓားမော့အလင်းတစ်ခုက အဝေးရှိတောအုပ်မှ ခွဲဖြာထွက်လာသည်။ တောအုပ်အစွန်းသို့ရောက်ရှိကာစ ကောင်းကင်ဘုံမှော်ဆရာကလန်မှ ကျွမ်းကျင်သူဒါဇင်ကျော်က ရှောင်တိမ်းရန် အချိန်မရှိဘဲ တစ်ရာမီတာရှည်သောဓားမော့အလင်းက သူတို့အား တိုက်ရိုက်သတ်ဖြတ်လိုက်၏။

နောက်အခိုက်အတန့်တွင် မြင့်မြတ်မီးလျှံအဖွဲ့၏ကျွမ်းကျင်သူများက တောအုပ်မှ ပြေးထွက်လာခဲ့ကြသည်။

“ရန်သူတွေ လာပြီ…သူတို့အားလုံးကို သတ်ကြ…”

ဟူအေလုနာက ကောင်းကင်ဘုံမှော်ဆရာကလန်လူအုပ်ထဲမှ ထွက်လာပြီး ပြင်းထန်အားကောင်းသောဓားမော့ခုတ်ချက်အား ရှောင်တိမ်းကာ ပြေးလာသောဗာကန်၏အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။

“မင်းတို့က အမှောင်နတ်ဆရာကလန်က မဟုတ်ဘူး၊ မင်းတို့က ဘယ်သူလဲ”

ဟူအေလုနာက မီးလျှံရစ်ပတ်ထားသည့်ဗာကန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော် ဗာကန်၏တိုက်ခိုက်မှုကို လက်ခံပြီးနောက် ဟူအေလုနာက လွင့်ထွက်သွားပြီး လေထဲတွင် သွေးရနံတစ်ခု ချန်ထားခဲ့သည်။

All Chapters