အမြောက်စာများ
Vol. 90 Ch. 1245
သူတို့က လေ့ကျင့်သူများ၊ စွမ်းရည်အသုံးပြုသူများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူများက မထင်ထားခဲ့ပေ။ ထိုလူများက ကျင့်ကြံခြင်းစနစ်အမျိုးမျိုးရှိသည့် တိုင်းပြည်အမျိုးမျိုးနှင့်မျိုးနွယ်စုအားလုံးမှ ဖြစ်ကြသည်။
ဒါက အမှောင်နတ်ဆရာကလန်ကို သတ်ဖြတ်သုတ်သင်နေတာရော ဟုတ်သေးရဲ့လား။ အကြောင်းပြချက်မရှိဘဲ ငါတို့က သူတို့နဲ့ ဘာလို့တိုက်ခိုက်ရမှာလဲ။ ဖြစ်နိုင်တာက ဒီလူတေအားလုံးက အမှောင်နတ်ဆရာကလန်ရဲ့ပြင်ပအကူအညီတွေလား။ ဒါပေမယ့် ဒီလူတွေက ကျင့်ကြံသူတွေနဲ့မတူသလို သူတို့က တရုတ်ကအဲဒီထန်မျိုးရိုးရဲ့နောက်လိုက်တွေလဲ မဟုတ်လောက်ပါဘူး။
သို့သော် ဆယ်မိနစ်ကြာ တိုက်ခိုက်ပြီးနောက် ထိုလူအများစုက အရေအတွက်တစ်သောင်းကျော်သော်လည်း သာမန်ခွန်အားမျှသာရှိသည်ကို ကောင်းဘုံမှော်ဆရာကလန်ကျွမ်းကျင်သူများက သတိပြုမိခဲ့ကြသည်။ သူတို့ထဲတွင် အသန်မာဆုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ယှဉ်နိုင်လောက်ပြီး နှစ်ယောက်လောက်သာ အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့် ယှဉ်နိုင်သည်။ ကောင်းကင်ဘုံမှော်ဆရာကလန်နှင့် ယှဉ်လျှင် ဒါက ကွာဟချက်ချောက်နက်ပမာဖြစ်၏။
ဒီနေရာမှာ ငါတို့ရဲ့ဆန္ဓရှိသလောက် သတ်လို့ရတယ်…
ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူများက အလားတူအတွေးများဖြစ်သွားကြကာ သူတို့စွမ်းအားအလုံးစုံ ထုတ်ဖော်လိုက်ကြသည်။ မှော်အတတ်များ အဆက်မပြတ်ထုတ်ဖော်ရင်း သူတို့က မြင့်မြတ်မီးလျှံအဖွဲ့ဝင်များအား အဆက်မပြတ်သတ်ဖြတ်နေကြ၏။
“သူတို့အားလုံးကို သတ်၊ ဒေါ်လာတစ်ဆယ်ဘီလီယံက ငါတို့ဟာပဲ…”
နှစ်ဖက်ကြား ခွန်အားကွာဟချက်ကို ဗာကန်လည်း သိသည်၊ သို့သော် သူက ဂရုမစိုက်ပေ။ ပထမ၊ သူ့တွင် အရေအတွက်အသာစီးရထားသည်၊ ရန်သူထက် ဆယ်ဆပို၏။ သူတို့က လူအရေအတွက်တစ်ခု ဆုံးရှုံးလျှင်ပင် ဒေါ်လာဆယ်ဘီလီယံနှင့်အတူ ကျွမ်းကျင်သူများစွာအား စုဆောင်းနိုင်သေး၏။
ငွေက ပဓာန_ ဒါက မြင့်မြတ်မီးလျှအဖွဲ့၏တစ်ခုတည်းသောဉီးတည်ချက်ပန်းတိုင်ဖြစ်သည်။
သားရဲများက အစာအတွက် သေရသလို လူများက ငွေအတွက် သေရလိမ့်မည်။ ဆုလာဒ်ဒေါ်လာဆယ်ဘီလီယံကို ရရှိရန်အတွက် မြင့်မြတ်မီးလျှံအဖွဲ့ဝင်အားလုံးက ရန်သူနှင့်အတူ ပျောက်ကွယ်သွားရန်ပင် အတွေးရှိခဲ့သည်။ ထို့ကြောင့် သူတို့က ရန်သူများအား ပြန်ဆုတ်ရန် ဖိအားပေးခဲ့ပြီး သူတို့လူအများစုအားလည်း သတ်ဖြတ်နိုင်ခဲ့၏။
ဤအချိန်တွင် မြင့်မြတ်မီးလျှံအဖွဲ့က သူတို့၏လက်ရှိအရှိန်အဟုန်အား လက်ဉီးမှုရယူကာ အပေါ်စီးသို့ ရောက်ရှိလာကြသည်။ နှစ်ဖက်ကြားတိုက်ခိုက်မှုက သွေးရူးသွေးတန်းတိုက်ပွဲတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်။ ဤအချိန်တွင် လူ့အသက်က တန်ဖိုးမရှိတော့ပေ။
****
ပဉ္ဓမကျွန်းပေါ်တွင်။
ထန်ရှုက ဉယျာဉ်အိမ်တစ်ခုထဲတွင် တိတ်တဆိတ်ထိုင်ရင်း စတုတ္ထကျွန်းပေါ်ရှိ တိုက်ပွဲအခြေအနေဗီဒီယိုအား ကြည့်ရှုနေသည်။ စင်းလုအန်နှင့်သူ့လူများက တိုက်ပွဲထဲသို့ တန်းမဝင်ပါဘဲ အဝေးတွင်သာ ပုန်းနေသောကြောင့် သူ့အား စိတ်သက်သာရာရစေခဲ့၏။
“ကြည့်ရတာ ကောင်းကင်ဘုံမှော်ဆရာကလန်က စတုတ္ထကျွန်းပေါ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်လိမ့်မယ်”
ထန်ရှုအနောက်တွင် ရပ်နေရင်း ထန်ကွမ်းက မှတ်ချက်ပေးလိုက်သည်၊ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပုံကြွလာ၏။
ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးနှင့် ပြန်ပြော၏ “ကိစ္စတွေ မရှင်းလင်းခင် မသုံးသပ်နဲ့အုံး။ ခွဲခြမ်းစိတ်ဖြာဖို့လိုတဲ့ကိန်းရှင်တွေ ရှိသေးတယ်။ လက်ရှိတိုက်ပွဲအနေအထားမှာ မြင့်မြတ်မီးလျှံအဖွဲ့မှာ လူတစ်ထောင်ကျော်ရှိတာကြောင့် သူတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီပိုက်ဆံပဲသိတဲ့လူတစ်အုပ်က ကောင်းကင်ဘုံမှော်ဆရာကလန်ကို တကယ်ယှဉ်နိုင်မယ်လို့ မင်း ထင်တာလား”
“ဒါပေမယ့် ပုရွက်ဆိတ်တွေတောင် ဆင်တွေကို အရေအတွက်နဲ့ သတ်နိုင်တာပဲလေ၊ ဆရာအဘိုး”ထန်ကွမ်းက ငြင်းလိုက်၏ “မြင့်မြတ်မီးလျှံအဖွဲ့မှာ ကျွမ်းကျင်သူတွေ ပိုများတယ်၊ အနည်းဆုံး ကောင်းကင်ဘုံမှော်ဆရာကလန်ထက် ဆယ်ဆပိုတယ်။ ဒီလိုအရေအတွက်အသားစီးရနေမှတော့ သူတို့က ရှုံးနိမ့်ရင်တောင် ကောင်းကင်ဘုံမှော်ဆရာကလန်လဲ ပိုကောင်းမှာ မဟုတ်ဘူးမလား”
“တိုက်ခိုက်ရေးစွမ်းအားက စစ်ပွဲထဲမှာ တကယ်အရေးကြီးတယ်ဆိုပေမယ့် စစ်မြေပြင်ပေါ်မှာ အရှိန်အဟုန်ကလဲ အရေးကြီးတယ်”ထန်ရှုက ရှင်းပြလိုက်၏ “လက်ရှိအချိန်မှာ ငွေရဲ့လှုံ့ဆော်မှုကြောင့် မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေက ခွန်အားအပြည့်နဲ့ တိုက်ခိုက်နိုင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ဆုံးရှုံးမှုက ပိုဆိုးဝါးလာရင် သူတို့က ငွေကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ သူတို့လဲ ဆင်ခြင်တုံတရားရှိတဲ့လူတွေပဲ၊ လူသေရင် ငွေက ဘာမှလုပ်လို့မရဘူးဆိုတာ သူတို့ သိမှာပါ။ ဒီလိုအတွေးဖြစ်လာတာနဲ့ သူတို့ရဲ့အရှိန်အဟုန်က အကြီးအကျယ်လျော့ကျသွားလိမ့်မယ်။ အဲအခါကျရင် သေခြင်းတရားကပဲ သူတို့ကို စောင့်မျှော်နေလိမ့်မယ်”
ထန်ကွမ်းက ခဏစဉ်းစားလိုက်ပြီးနောက် ထန်ရှု၏သုံးသပ်ချက်က မှန်ကန်သည်ဟု ခံစားမိသည်။ သို့သော် သူက ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်၏ “ဘာလို့ ဒီမြင့်မြတ်မီးလျှံအဖွဲ့ဝင်အပေါ် ဆရာသခင်က မကျေနပ်ချက်အချို့ ရှိတယ်လို့ ငါ ခံစားမိနေရတာလဲ။ သူတို့က ဒီပူးပေါင်းဆောင်ရွက်မှုမှာ ငါတို့ရဲ့မဟာမိတ်ဆိုတာ သိသာပေမယ့် ဘာလို့ ငါတို့ကို ဝင်ရောက်တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့တာလဲ”
“ဟမ်၊ သူတို့က ချန်ကျီကျုံးကို ဖမ်းဆီးခဲ့တဲ့တရားခံတွေပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “သူတို့ယုံကြည်တာ ပိုက်ဆံပဲ။ သူတို့က ပိုက်ဆံကြောင့် ချန်ကျီကျုံးကို ဖမ်းဆီးခဲ့တယ်။ ငါကလဲ ကောင်းကင်ဘုံမှော်ဆရာကလန်ဝင်တွေကို သတ်ဖို့ သူတို့ကို ဒေါ်လာတစ်ဆယ်ဘီလီယံနဲ့ ငှားခဲ့တာပဲလေ။ ဒါက စီးပွားရေးအပေးအယူတစ်ခုဆိုမှတော့ ငါတို့အတွက် ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူအချို့ကို သတ်ဖြတ်ဖို့ ဘာလို့ ငါက သူတို့ကို အမြောက်စာအဖြစ်မခံခိုင်းရမှာလဲ”
အမြောက်စာလား။
ရှိနေသူတိုင်းက သဘောပေါက်သွားကြသည်၊ အထူးသဖြင့် လူအုပ်ကြီး၏နောက်တွင် ရပ်နေသောချန်ကျီကျုံးပင်။ သူ့ဆရာက သူ့အတွက် လက်စားချေပေးခဲ့သည်ကို အခုမှ သဘောပေါက်သည်။ ထို့ပြင် ဒါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သည့် အကွက်ချမှုတစ်ခုပင်။
အချိန်က ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နာရီဝက်က ကုန်ဆုံးသွားသည်။ ကြမ်းတမ်းသောသတ်ဖြတ်မှုက နှစ်ဖက်စလုံးအား ဆုံးရှုံးမှုများစေခဲ့သည်။ သို့သော် တိုက်ပွဲအား စောင့်ကြည်နေသောထန်ဂိုဏ်းသားများက ပါဝင်လာခဲ့ခြင်းမရှိပေ။ သူတို့၏မျက်လုံးများထဲတွင် စာနာသနားခြင်းတို့မရှိဘဲ နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာစေရန်သာ ဆုတောင်းနေကြ၏။
ရုတ်တရက် ထန်ကွမ်းက ထောက်လှမ်းရေးစခရင်တစ်ခုအား ကြည့်ကာ အော်ပြောလိုက်သည် “ဒီမြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေက ကံမကောင်းတာပဲ။ အခုမှ ကောင်းဘုံမှော်ဆရာကလန်က အစွမ်းကုန်ထုတ်လာတာ။ မင်းတို့ကောင်တွေ သူတို့ကို တစ်ချက်ကြည့်စမ်း။ သူတို့ရဲ့ကျွမ်းကျင်သူရာချီ လာနေကြပြီ၊ သူတို့က အတော်လေး…မြန်တယ်”
ထန်ရှုက ထောက်လှမ်းရေးစခရင်ပေါ်သို့ အကြည့်ပြောင်းလိုက်သည်၊ ဧရာမလူကြီးတစ်ယောက်ဉီးဆောင်လာသည့်ကောင်းကင်ဘုံမှော်ဆရာကလန်၏ကျွမ်းကျင်သူရာကျော်က စစ်မြေပြင်သို့ လျှပ်စီးအလား ပူးပေါင်းလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏အရှိန်က တကယ်ကို အလွန်မြန်သည်။ ခန့်မှန်းမှုအချို့ပြုပြီးနောက် ထိုကျွမ်းကျင်သူများထဲမှ အချို့က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများနှင့် အနည်ဆုံးယှဉ်နိုင်သည်ကို သိလိုက်ရသည်။ ရုတ်တရက် သူ့အာရုံက ပြောင်းသွားပြီး သူ့သတိက ပိုလေးနက်သွား၏။ ထိုအခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများထက် ပိုမြန်သော ပုံရိပ်နှစ်ခုရှိပြီး သူတို့က စစ်မြေပြင်သို့ ပထမဆုံးရောက်ရှိလာကြ၏။
ထို့ပြင် သူတို့၏တိုက်ကွက်တစ်ခုစီက ကြောက်စရာကောင်းသောစွမ်းအားကို သယ်ဆောင်လာပြီး ထိုပုံရိပ်နှစ်ခု၏ပူးပေါင်းတိုက်ခိုက်မှုက မြင့်မြတ်မီးလျှံကျွမ်းကျင်သူဆယ်ယောက်အား မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခဲ့သည်။
“စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၊ ဒီနှစ်ယောက်က အနည်းဆုံးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ယှဉ်နိုင်တယ်။ ဒီကောင်းကင်ဘုံမှော်ဆရာကလန်က ငါတို့ထင်ထားတာထက် ပိုနက်ရှိုင်းတဲ့အမွေအနှစ်ရှိရမယ်”လက်ရှိတွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်ထားသော ထန်ကွမ်းက ပြုံးစပ်စပ်မျက်နှာနှင့် ရေရွတ်လိုက်သည်။
ထန်ရှုက ခေါင်းညိတ်ပြကာ ထပ်လောင်းပြောလိုက်၏ “မှန်တယ်။ သူတို့က တကယ်ကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတွေပဲ။ ဒါ့အပြင် အဲဒီအနက်ဝတ်လူအိုကြီးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်နဲ့ ယှဉ်နိုင်တယ်။ ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းသွားပြီပဲ”
ထိုသို့ပြောပြီးနောက် ထန်ရှုက သူ့ဘေးနားရှိမိုအားဝူထံ အကြည့်ပြောင်းကာ နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည် “စင်းလုအန်ကို ဆက်သွယ်ပြီး အမှောင်နတ်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေနဲ့အတူ ဒီနေရာကို ချက်ချင်းပြန်လာဖို့ သူ့ကို ပြော။ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဲဒီကျွမ်းကျင်သူတစ်ရာကျော်က ပူးပေါင်းလာပြီဆိုမှတော့ စင်းလုအန်တို့အဖွဲ့ ဝင်ပါရင်တောင် အနေအထားကို သက်ရောက်လိမ့်မှာ မဟုတ်ဘူး”
“ဒါပေမယ့် ဆရာအဘိုး၊ အဲဒီကျွမ်းကျင်သူတစ်ရာ တိုက်ပွဲထဲကို ပါဝင်လာတာနဲ့ မြင့်မြတ်မီးလျှံအဖွဲ့က ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်မလား”ထန်ကွမ်းက တုံ့ဆိုင်းလျက် ပြော၏ “ဆရာအဘိုးမြင်တဲ့အတိုင်းပဲ၊ သူတို့က အခု အရှိန်အဟုန်ကို ဆုံးရှုံးနေတယ်၊ သူတို့ထဲကအများစုကတောင် စတင်ထွက်ပြေးနေကြပြီ”
“မစိုးရိမ်ပါနဲ့…”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏ “တိုက်ပွဲက ဒီလောက်အလွယ်တကူပြီးသွားလိမ့်မှာ မဟုတ်ဘူး။ တိုက်ပွဲစတင်ကတည်းက မြင့်မြတ်မီးလျှံအဖွဲ့က လူတစ်ထောင်ကျော် ဆုံးရှုံးထားတယ်ဆိုပေမယ့် ကောင်းကင်ဘုံမှော်ဆရာကလန်ကလဲ လူနှစ်ရာကျော် ဆုံးရှုံးထားပါတယ်။ မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေ ထွက်ပြေးရင်တောင် ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဖွဲ့ဝင်တွေက သူတို့နောက်ကို လိုက်ဖမ်းလိမ့်မယ်။ ဒါကြောင့် စတုတ္ထကျွန်းပေါ်ကတိုက်ပွဲက အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူး”
မျှော်လင့်ထားသလို အမှတ်လေးကျွန်းပေါ်ရှိတိုက်ပွဲက ထန်ရှု၏ခန့်မှန်းချက်အတိုင်းပင်။ မြင့်မြတ်မီးလျှံအဖွဲ့ဝင်များက ဆုတ်ခွာနေသော်လည်း သူတို့အား ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများက ဝန်းရံထားကြသည်။ နှစ်ဖက်စလုံး သုံးနာရီကျော် ထပ်မံတိုက်ခိုက်ခဲ့ကြပြီး မြင့်မြတ်မီးလျှံအဖွဲ့ဝင်လေးထောင်အောက်က ကျန်ရစ်ခဲ့ကာ ကျန်လူများက အမှတ်ငါးကျွန်းသို့ ထွက်ပြေးလာခဲ့ကြ၏။
“သူဌေး”
စင်းလုအန်က သူ့စောင့်ရှောက်သူအကြီးအကဲငါးယောက်နှင့်အတူ စောင့်ကြည့်ရေးအခန်းသို့ ရောက်လာ၏။
ထန်ရှုက သူ့ဘက်လှည့်လိုက်သည်။ စင်းလုအန်က ဒဏ်ရာတစ်ခုမှ မရရှိသည်ကို မြင်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏ “လုပ်တာ ကောင်းတယ်။ မင်းတို့ထဲကအချို့က မှော်အတတ်တွေကို အသုံးပြုခဲ့တယ်၊ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဖွဲ့ဝင်တွေက ဒါကို မကြာခင်ရှာတွေ့လိမ့်မယ်။ ကောင်းတဲ့အရာကတော့ မြင့်မြတ်မီးလျှံအဖွဲ့ကအဲဒီလူစုက ယခင်စီစဉ်ထားသလို အမှတ်ခြောက်ကျွန်းကို ထွက်မပြေးဘဲ ငါတို့ရဲ့အမှတ်ငါးကျွန်းကို ထွက်ပြေးလာတာပဲ”
စင်းလုအန်က မှင်တက်သွားပြီးနောက် အလွန်အံ့အားသင့်သွား၏ “သူတို့က ငါတို့ရဲ့နေရာကို ထွက်ပြေးလာရင် ကောင်းကင်ဘုံမှော်ဆရာကလန်ကို သတိပေးလိုက်သလို မဖြစ်သွားဘူးလား”
“ငါတော့ အဲလိုမထင်ဘူး”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ကလန်ရဲ့အမွေအနှစ်က ပိုကြီးမားလေလေ၊ သူတို့က ပိုသွေးနားထင်ရောက်လေလေပဲ။ ကောင်းကင်ဘုံမှော်ဆရာကလန်က ဒီလောက်များတဲ့လူတွေကို ဆုံးရှုံးထားတာ၊ သူတို့က ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး။ ကောင်းကောင်ဘုံမှော်ဆရာကလန်က ဒီနေရာကို သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ထန်ရှုက ထရပ်ကာ နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်၏ “အဲဒီမြင့်မြတ်မီးလျှံအဖွဲ့ဝင်တစ်သိုက်ကို ကြိုဖို့ ကမ်းစပ်ကို သွားလိုက်။ သူတို့တွေ ကျွန်းပေါ် ရောက်လာတာနဲ့ ငါတို့နဲ့အတူ ခံစစ်မှာ နေရာချထားလိုက်။ သူတို့ရဲ့အမြောက်စာအခန်းကဏ္ဍက ပြီးသွားပြီဆိုပေမယ့် သူတို့က တိုက်ပွဲမှာ ပါဝင်ရအုံးမယ်”
“အမ်၊ မင်းက ဒါတွေအားလုံးကို အစောကတည်းက စီစဉ်ထားခဲ့တာ မဟုတ်လား၊ ဂိုဏ်းချုပ်”ချီနန်က ရုတ်တရက် မေးလိုက်၏။
“လူတစ်ယောက်ရဲ့ဉီးနှောက်က မြင်နိုင်ပေမယ့် ပြောလို့မရဘူးဆိုတာ မင်း သိပါတယ်”ထန်ရှုက ပြုံးကာ ပြန်ပြော၏။
ချီနန်သာမက စောင့်ကြည့်ရေးအခန်းထဲရှိ ထန်ဂိုဏ်းသားအားလုံးက သဘောပေါက်ရန် တစ်ခဏသာ ကြာသည်။ တစ်ယောက်ယောက်က အမှတ်ခြောက်ကျွန်းကို သွားချင်လျှင်ပင် သူတို့က အမှတ်ငါးကျွန်းအား အရင်ဆုံးဖြတ်ကျော်ရပေလိမ့်မည်ကို သူတို့က နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ ထို့ပြင် သူတို့က အမှတ်ခြောက်ကျွန်းကို ရောက်သွားသည်နှင့် ရန်သူက ထိုနေရာကို လိုက်လာမည့်စိုးရိမ်စရာကိစ္စရှိသေးသည်။ ထို့ကြောင့် အမှတ်ငါးကျွန်းကို တန်းလာကာ ထန်ရှုတို့နှင့် ပူးပေါင်းခြင်းက ပိုကောင်းပေလိမ့်မည်။
အကြံအစည်နှင့်အကွက်ချရာ၌ တစ်ယောက်မှ ဂိုဏ်းချုပ်အား မယှဉ်နိုင်ပေ။
ဤအချိန်တွင် တူညီသောအတွေးက ထန်ရှုနှင့်ထန်ဂိုဏ်းသားများထဲတွင် ပြည့်နှက်သွား၏။ သို့သော် မြင့်မြတ်မီးလျှံအဖွဲ့ဝင်များက သူတို့နေရာသို့ မကြာခင် ပြေးလာမည်ကို အမှတ်ရပြီးနောက် သူတို့က အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်ကာ အခြားသူများအတွက် တိုက်ပွဲအတွက် အချိန်မရွေ့အသင့်ပြင်ထားရန် အသိပေးလိုက်၏။